📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ဂျပန်လှိုဏ်ဂူကုန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြင်းအထန် ထိုးစစ်ဆင်နေ

—

by

in

အင်းတော်မြို့ရှိ စစ်တပ်၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော ဂျပန်လှိုဏ်ဂူကုန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြင်းအထန် ထိုးစစ်ဆင်နေ၍ ၆ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက်ခုခံနေ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော ဂျပန်လှိုဏ်ဂူကုန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြင်းအထန် ထိုးစစ်ဆင်နေ၍ ၆ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက်ခုခံနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်ပြီး အင်းတော်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော ဂျပန်လှိုဏ်ဂူကုန်းရှိ စခန်း ၂ ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ထိုစခန်းကုန်းရှိ ကာကင်းတချို့ကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော်လည်း အကြမ်းဖက် စစ်တပ်က လေကြောင်း လေကြောင်း၊ လက်နက်ကြီးများဖြင့် ဆက်တိုက် ခုခံ တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်ကလည်း ဂျပန်လှိုဏ်ဂူကုန်းရှိ စခန်း ၂ ခုကို လေယာဉ်ဖြင့် လက်နက်ခဲယမ်းများ၊ ရိက္ခာများ ကျဲချပို့ဆောင်နေကြောင်း၊ ယင်း စခန်း ၂ ခုသည် တောင်ကြောတစ်ခုတည်းပေါ်တွင် တည်ရှိပြီး စစ်တပ်က လက်နက်ကြီးများဖြင့် အခိုင်အမာ တပ်စွဲထားသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်ရန် ခက်ခဲနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်ခွေးတွေကတော့ တောက်လျောက်ပဲ လေကြောင်း အသုံးပြုခုခံနေတာ တိုက်ပွဲစဖြစ်တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့တည်းက အခုချိန်ထိ တောက်လျောက် လေကြောင်းနဲ့ ပစ်တာတွေရှိတယ်။ စခန်းကုန်းက စစ်ခွေးတွေ ရိက္ခာပြတ်တောက်တဲ့ အတွက်ကြောင့် ၂ ကြိမ်ရှိပြီး ဇန်နဝါရီလ ၂၉ ရက်နေ့ ည ၇ နာရီကနေ ၉ နာရီထိ လေယာဉ် Y-8 နဲ့ အထုပ် ၈၀ လောက် ရိက္ခာထုပ်တွေ ကျဲချပေးတာရှိတယ်။ အဲအထုပ်တွေက ကိုယ်ဘက်ကလည်းရသလို စစ်ခွေးဘက်ကလည်း ရတာတွေရှိတယ်။ ဇန်နဝါရီလ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာပဲ ခဲယမ်းထုပ်တွေလာချတယ်။ ၁၀ ထုပ်လောက်ရှိတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ စစ်တပ်ကုန်း (ဂျပန်လှိုဏ်ဂူကုန်း)နှင့် ဘုရားကုန်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ကလည်း KIA ဦးဆောင်သော တော်လှန်ရေး တပ်ဖွဲ့များ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများ ခေတ္တခဏ ရပ်နားသွားပြီးနောက် ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်ကာ ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

အင်းတော်မြို့ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့မှစ၍ တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် အင်းတော်မြို့ရဲစခန်း၊ ထွေ/အုပ်ရုံး၊ နဘားလမ်းဆုံနှင့် နဘားရွာဘုန်းကြီးကျောင်းရှိ စစ်စခန်းများကို KIA ပူးပေါင်းတပ်က တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း၊ အင်းတော် ရဲစခန်းနှင့်ထွေအုပ်ရုံးမှ ဆုတ်ခွာသွားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှာ အင်းတော်မြို့ရှိ ဒေသအခေါ် ဂျပန်လှိုဏ်ဂူတွင် တပ်မ ၇၇ ၏ ရှေ့တန်းဌာနချုပ်အဖြစ် ခံစစ် ပြင်ဆင်ခဲ့ကြောင်း၊ ထို့ပြင် ဂျပန်လှိုဏ်ဂူနှင့်မြေမျက်နှာသွင်ပြင် တစ်ဆက်တည်း ရှိနေပြီး မီတာ ၉၀၀ ကျော်သာ ကွာဝေးသည့် အင်းတော် မြို့မဘုန်းကြီးကျောင်းတွင်ပါ ခံစစ်အခိုင်အမာ တပ်စွဲ ပြင်ဆင်ထားကြောင်း သိရှိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်