ဇန်နဝါရီလ အတွင်း ဗိုလ်မှူး ၁ ဦးအပါအဝင် တပ်သားနှင့်ရဲ ၁၃၆ ဦး အလင်းဝင်

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများနှင့် ပကဖများထံ ဇန်နဝါရီလ အတွင်း ဗိုလ်မှူး ၁ ဦးအပါအဝင် တပ်သားနှင့်ရဲ ၁၃၆ ဦး အလင်းဝင်

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများနှင့် ပကဖများထံ ဇန်နဝါရီလ အတွင်း ဗိုလ်မှူး ၁ ဦးအပါအဝင် တပ်သားနှင့်ရဲ ၁၃၆ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင် အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများနှင့် ပကဖများကို ဆက်သွယ်ကာ တပ်သားနှင့်ရဲ ၁၃၆ ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အလင်းဝင်ရောက်လာသူများထဲတွင် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ခိုလှုံ လာသူ ၈၃ ဦး ရှိပြီး လက်နက်ယူဆောင်လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလအတွင်း လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ဝင်ရောက်လာသူများ ယူဆောင်လာသည့် လက်နက်မျိုးစုံ ၈၃ လက်နှင့် ခဲယမ်း မီးကျောက်များ ရရှိခဲ့ပြီး အကြမ်းဖက် စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲအစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေး နှိုးဆော်ထားသည်။

ဓာတ်ပုံ- ဇန်နဝါရီလ ၇ ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ လဂွန်းပျို စစ်စခန်းမှ အလင်းဝင်ရောက်ခဲ့သော စစ်ကောင်စီ တပ်သား ၁၆ ဦး


Comments

Leave a Reply

Your email address will not be published. Required fields are marked *