Category: News

  • IMEI နံပါတ်ကနေတဆင့် တော်လှန်ရေးရဲဘော်များကို စစ်တပ်ကခြေရာခံ ဖမ်းဆီးနေ

    IMEI နံပါတ်ကနေတဆင့် တော်လှန်ရေးရဲဘော်များကို စစ်တပ်ကခြေရာခံ ဖမ်းဆီးနေ

    အာဏာသိမ်းစစ်တပ်က ဖုန်းအတုများ ကာကွယ်ရန်နဲ့ ဖုန်းပျောက်ဆုံး/ခိုးခံရပါက အသုံးမပြုနိုင်ရန်ဆိုတဲ့ အကြောင်းပြချက်ဖြင့် မိုဘိုင်းဖုန်းများရဲ့ IMEI နံပါတ်များကို မှတ်ပုံတင်ရန် ဒီကနေ့ ထုတ်သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ကြေညာလာပါတယ်။

    AAMIJ ရဲ့ စုံစမ်းသိရှိထားတဲ့ အချက်အလတ်များအရ ၎င်းတို့ဟာ ဖုန်းလုံခြုံရေးအတွက် မဟုတ်ဘဲ တော်လှန်ရေးအင်အားစုများကို စနစ်တကျခြေရာခံ ဖမ်းဆီးရန် ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ခိုင်လုံတဲ့ သက်သေအထောက်အထားများနဲ့တကွ သိရှိရပါတယ်။

    IMEIကို မှတ်ပုံတင်လိုက်ခြင်းဟာ စစ်တပ်က ၄င်တို့ဖမ်းချင်တဲ့သူတွေကို အချိန်မရွေး နေရာအတိကျနဲ့ ဖမ်းဆီးနိုင်သလို ဖမ်းဆီခံထားရဖူးသူတွေလဲရှိခဲ့တာကို AAMIJက အချိန်အတော်ကြာ စုံစမ်းသိရှိခဲ့ပါတယ်။

    🔴IMEI နံပါတ်ဆိုတာဘာလဲ?

    IMEI( International Mobile Equipment Identity)ဆိုသည်မှာ ဖုန်းတစ်လုံးချင်းစီအတွက် သီးသန့်သတ်မှတ်ထားတဲ့ ဂဏန်း ၁၅ လုံးပါ “ကိုယ်ပိုင်မှတ်ပုံတင်နံပါတ်” ဖြစ်ပါတယ်။ လူတစ်ယောက်မှာ မှတ်ပုံတင်နံပါတ်တစ်ခုစီ ရှိသကဲ့သို့ ဖုန်းတိုင်းမှာလည်း မတူညီတဲ့ IMEI နံပါတ်များ ရှိကြပါတယ်။ ကိုယ်ဝယ်မယ့်ဖုန်းဟာ original ဟုတ်မဟုတ် IMEI နဲ့ စစ်နိုင်ပါတယ်။

    🔴 IMEI ကနေတဆင့် စစ်တပ်က မည်သို့ထိန်းချုပ် ဖမ်းဆီးနိုင်သလဲ?

    🟡 ခြေရာခံခြင်း –

    အင်တာနက်မလိုဘဲ IMEIနံပါတ်ကနေတဆင့် စစ်တပ်က မိုဘိုင်းဖုန်းသုံးစွဲသူတွေကို ခြေရာခံနိုင်ပါတယ်။ မိုဘုန်းဖုန်းကို ဖွင့်လိုက်တာနဲ့ ဆင်းကဒ်မလို၊အင်တာနက်မလိုပဲ မိုဘိုင်းဖုန်းရဲ့ တည်နေရာကို အတိကျရှာဖွေနိုင်ပါတယ်။ IMEI နံပါတ်ဟာ ဖုန်းရဲ့ ကိုယ်ပိုင်မှတ်ပုံတင်နံပတ် ဖြစ်တဲ့အတွက် ဖုန်းထဲကို ဘယ် SIM ကတ်ပဲထည့်ထည့်၊ အဲ့ဒီဖုန်းက ဖုန်းတာဝါတိုင် (Cell Tower) တစ်ခုခုနဲ့ ချိတ်ဆက်လိုက်တာနဲ့ Operatorဆီမှာ မှတ်တမ်းဝင်သွားပါတယ်။

    🟡 ဖုန်းကိုသုံးစွဲလိုမရအောင်ပြုလုပ်နိုင်ခြင်း –

    IMEIနံပါတ်ကို ဖုန်းအော်ပရေတာထံမှာ စစ်တပ်က Blacklist ထည့်သွင်းလိုက်ပါက အဆိုပါ မိုဘိုင်းဖုန်းဟာ မည်သည်ဖုန်းဆင်းကဒ်မှ ထည့်သွင်း အသုံးပြု၍ မရနိုင်ခြင်း နဲ့ အင်တာနက်ချိတ်ဆက် အသုံမပြုနိုင်ခြင်း စတာတို့ကို စစ်တပ်က ပြုလုပ်နိုင်ပါတယ်။

    🟡 စောင့်ကြည့်ခံရခြင်း –

    IMEI မှတစ်ဆင့် ဖုန်းအဝင်အထွက်နဲ့ SMS စာတိုပေးပို့မှုအားလုံးကို စစ်တပ်က ကြားဖြတ်နားထောင်ခြင်း၊ စောင့်ကြည့်ခြင်းများ ပြုလုပ်နိုင်ပါတယ်။

    🟡 မိုဘိုင်းဖုန်းသုံစွဲသူကို အတိကျဖော်ထုတ်နိုင်ခြင်း –

    ဒီအချက်ဟာလဲ အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ IMEIကနေတဆင့် မိုဘိုင်းဖုန်းသုံးစွဲသူဟာ ဘယ်သူဖြစ်တယ်ဆိုတာကို စစ်တပ်က သိနိုင်ပြီး ၄င်းတို့အနေနဲ့ လူဖမ်းဆီးရာမှာ အတိကျဖမ်းဆီးနိုင်ပါတယ်။

    🔴 IMEIကနေတဆင့် ဖမ်းဆီးခံရသူများရှိနေခြင်း

    IMEIကနေတဆင် စစ်တပ်က တော်လှန်ရေးလူငယ်တွေကို ဖမ်းဆီးတာဟာ လွန်ခဲ့တဲ့တစ်နှစ်ကျော် ၂၀၂၄ခုနှစ်ထဲက စစ်တပ်က ရန်ကုန်မြို့မှာ စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

    ဖြစ်စဉ် (၁)

    ၂၀၂၄ နှစ်ကုန်ပိုင်းမှာ ရန်ကုန်မြို့လယ်ရှိ DownTown မြို့နယ်တစ်ခုမှာ နေထိုင်တဲ့ တော်လှန်ရေးလူငယ်တစ်ဦးကို ည ၁၀ နာရီဝန်းကျင်မှာ စစ်တပ်က ၎င်းရှိရာ တိုက်ခန်းအထိ တိကျစွာ လာရောက်ဖမ်းဆီးသွားခဲ့ပါတယ်။ ၎င်းတို့ဟာ IMEI ခြေရာခံစနစ်ကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးလူငယ်ရဲ့ နီးစပ်သူထံမှ သိရပါတယ် ။လုံခြုံရေးအရ မြို့နယ် အတိကျကို မဖော်ပြခြင်း ဖြစ်ပါတယ်။

    ဖြစ်စဉ် (၂)

    နောက်ထပ်လူငယ်တစ်ဦးကိုလဲ IMEIကနေတဆင့် ခြေရာခံဖမ်းဆီးဖို့ စစ်တပ်က ကြိုးစားခဲ့တာကြောင့် အဆိုပါလူငယ်ဟာ မိုဘိုင်းဖုန်းကို ပိတ်ထားခဲ့ပြီး ရှောင်တိမ်းခဲ့ရပါတယ်။

    ၎င်းရဲ့ဖုန်းကို AAMIJ သတင်းထောက်တစ်ဦးထံ သက်သေအဖြစ် ပေးအပ်ခဲ့ပြီး အဆိုပါ လူငယ်မှာ လွတ်မြောက်သွားခဲ့ပါတယ်။

    🔴 IMEI အချက်အလက်များကို မည်သို့ ရရှိသလဲ?

    ၂၀၂၄ ခုနှစ်အတွင်းကပင် ရန်ကုန်ရှိ ဖုန်းအရောင်းဆိုင်ကြီးများ၌ ဖုန်းဝယ်ယူသူတိုင်းရဲ့ မှတ်ပုံတင်နဲ့ အချက်အလက်များကို စုဆောင်းရန် စစ်တပ်က လျှို့ဝှက်ညွှန်ကြားခဲ့ပါတယ်။ ဒါ့ကြောင့် ဖုန်းဆိုင်များရှိ အချက်အလက်အများစုမှာ စစ်တပ်လက်ထဲသို့ ရောက်ရှိပြီးသား ဖြစ်နေပါတယ်။

    🔴 IMEIရဲ့ တိကျမှု

    စစ်တပ်အတွက် IMEIနဲ့ ဖမ်းဆီးတာဟာ GPS, Sim Card ကနေတဆင့်ခြေရာခံခြင်းတို့ထက်ကို ပိုမိုတိကျစွာ ဖမ်းဆီးနိုင်ပါတယ်။ မိုဘိုင်းဖုန်းကို ဖွင့်လိုက်တာနဲ့ IMEIကနေ တဆင့် တည်​နေရာကို အတိကျသိနိုင်တာကြောင့် ဖြစ်ပါတယ်။

    🔴 ဘယ်သူက အဆိုပါနည်းပညာကို ထောက်ပံ့ပေးသလဲ?

    ထိုကဲသို့ တိကျစွာခြေရာခံနိုင်တဲ့ နည်းပညာများကို အစောပိုင်းမှာ အစ္စရေးနိုင်ငံမှ ရရှိခဲ့သော်လည်း နောက်ပိုင်းမှာ တရုတ်နိုင်ငံအခြေစိုက် Huawei ကုမ္ပဏီကဲ့သို့သော နည်းပညာကုမ္ပဏီများက ဆက်လက်ပံ့ပိုးပေးနေကြောင်း စုံစမ်းသိရှိရပါတယ်။

    🚨 အထူးသတိပေးချက်

    တော်လှန်ရေးအင်အားစုများအနေဖြင့် ဖုန်းဝယ်ယူရာမှာလည်းကောင်း၊ အသုံးပြုရာမှာလည်းကောင်း မိမိတို့ရဲ့ IMEI

    နံပါတ်နဲ့ ကိုယ်ရေးအချက်အလက်များ လုံခြုံမှုရှိစေရန် အထူးဂရုပြုကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။

    စကစရဲ့ ဆက်သွယ်ရေး ထောင်ချောက်

    စကစက ပြည်သူတွေ ကိုင်ထားတဲ့ ဖုန်းနဲ့ ဆက်သွယ်ရေး ပစ္စည်းတွေရဲ့ IMEI ကုတ်တွေကို မှတ်ပုံတင်စေတဲ့ CEIR (Central Equipment Identity Register) ဆိုတဲ့စနစ်ကို စတင်ပြုလုပ် နေပါပြီ။

    CEIR ဆိုတာ နိုင်ငံတကာမှာ ဖုန်းခိုးခံရမှုတွေနဲ့ မှောင်ခိုသွင်းတာတွေကို တားဆီးဖို့ သုံးလေ့ရှိပေမယ့် နိုင်ငံရေး မတည်ငြိမ်တဲ့ အခြေအနေ တွေမှာတော့ ဒါဟာ ပြည်သူကို စောင့်ကြည့် ထိန်းချုပ်တဲ့ လက်နက်တစ်ခု အဖြစ် အလွယ်တကူ ပြောင်းလဲသွားနိုင်ပါတယ်။

    အခွန်ကောက်ခံခြင်းက ဟန်ပြ ရည်ရွယ်ချက်သာ ဖြစ်ပြီး နောက်ကွယ်က အဓိက ရည်ရွယ်ချက်ကတော့ အလုံးစုံ ဆက်သွယ်ရေး ထိန်းချုပ်မှု (Total Telecommunication Control) ရယူဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ SIM Card တွေကို မှတ်ပုံတင်နဲ့ ဝယ်ယူရတဲ့ စနစ်ကို ကျင့်သုံးနေတာ ကြာပါပြီ။ ယခု IMEI ကိုပါ မဖြစ်မနေ မှတ်ပုံတင်ခိုင်းခြင်း အားဖြင့် ပိုင်ရှင်၊ ဆင်းကတ်နံပါတ်နဲ့ ဖုန်း သုံးခုလုံးကို တစ်ဆက်တည်း ချိတ်ဆက်မိသွားစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

    IMEI ကို ပိုင်ရှင်အမည်နဲ့ တွဲသိရင် ဆက်သွယ်ရေးကွန်ရက်ကို ထိန်းချုပ်ထားသူက လုပ်နိုင်တာတွေ အများကြီး ရှိပါတယ်။ လူတစ်ယောက်ကို မသုံးစေချင်ရင် သူ့ရဲ့ ဆင်းကတ်ကို ပိတ်ရုံတင်မကဘဲ၊ သူသုံးနေတဲ့ ဖုန်း (IMEI) ကိုပါ မြန်မာနိုင်ငံက ဘယ်ကွန်ရက်ကိုမှ ချိတ်ဆက်လို့ မရအောင် Block လုပ်ပစ်နိုင်ပါတယ်။ ဆင်းကတ် အသစ်လဲတပ်လည်း သုံးလို့ရတော့မှာ မဟုတ်ပါဘူး။

    ဒီထက်ပိုပြီး ကြောက်စရာ ကောင်းတာကတော့ ဖုန်းတစ်လုံးကို ဖွင့်လိုက်တာနဲ့ ဆင်းကတ် ထည့်ထားသည်ဖြစ်စေ၊ မထည့်ထားသည်ဖြစ်စေ အနီးဆုံး ဆက်သွယ်ရေး တာဝါတိုင်တွေကို လှမ်းချိတ်ပါတယ်။ စကစက ပစ်မှတ်ထားတဲ့ IMEI နံပါတ်ကို သိရင်၊ အဲဒီဖုန်း ဘယ်မြို့၊ ဘယ်ရပ်ကွက်က တာဝါတိုင်နားမှာ ရှိနေလဲဆိုတာ အချိန်နဲ့တပြေးညီ ခြေရာခံနိုင်ပါတယ်။ ပစ်မှတ်ထားသူရဲ့ ဖုန်းထဲကို ဘယ်ဆင်းကတ်တွေ ဝင်ထွက်သွားလဲဆိုတာ သိနိုင်တဲ့အတွက် သူ့ရဲ့ အဆက်အသွယ် ကွန်ရက်ကို ပုံဖော်နိုင်ပါတယ်။

    ဒါဟာ တော်လှန်ရေး အင်အားစုတွေအတွက် ကြီးမားတဲ့ ဒစ်ဂျစ်တယ် လုံခြုံရေး ခြိမ်းခြောက်မှုတစ်ခုပါ။ ဒီစနစ်ကို ရင်ဆိုင်ဖို့ တော်လှန်ရေးအင်အားစုတွေ အနေနဲ့ Digital Operational Security (OpSec) ကို အဆင့်မြှင့်တင်ရပါမယ်။ စစ်ဆင်ရေးနဲ့ လုံခြုံရေး အရေးကြီးတဲ့ ကိစ္စတွေအတွက် ပြည်တွင်း မိုဘိုင်းကွန်ရက်တွေကို အသုံးပြုခြင်းမှ တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။ Starlink လို ဂြိုလ်တု အင်တာနက်တွေ၊ Wi-Fi ကွန်ရက်တွေကို ပိုမို အားထားသင့်ပါတယ်။

    ဖုန်းကို airplane mode ထားပြီး Signal လို End-to-End Encrypt ဖြစ်တဲ့ App တွေ Wi-Fi နဲ့ သုံးရင် IMEI ကို ပြည်တွင်းတာဝါတိုင်တွေက မသိနိုင်ပါဘူး။ ပြည်သူတွေ အနေနဲ့ သာမန် အပြင်သွား၊ သတင်းဖတ် တဲ့ဖုန်းနဲ့ တော်လှန်ရေးကိစ္စ သီးသန့်လုပ်တဲ့ ဖုန်း (Black Phone) ကို တတ်နိုင်သမျှ ခွဲထားရပါမယ်။ Black Phone တွေမှာ ပြည်တွင်း ဆင်းကတ် လုံးဝ (လုံးဝ) မထည့်သင့်ပါဘူး။ Airplane Mode အမြဲဖွင့်ထားပြီး Wi-Fi နဲ့သာ သုံးသင့်ပါတယ်။

    End-to-End Encryption (E2EE) ပါတဲ့ Signal သို့မဟုတ် Telegram လို App တွေဟာ သင်ပို့လိုက်တဲ့ စာသား၊ ဓာတ်ပုံ၊ ဖုန်းပြောဆိုမှု အကြောင်းအရာတွေကိုသာ ကြားဖြတ် မဖတ်နိုင်အောင် အပြည့်အဝ ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ သင့်ဖုန်းရဲ့ တည်နေရာနဲ့ ချိတ်ဆက်မှု မှတ်တမ်း (Metadata) ကိုတော့ မကာကွယ်ပေးနိုင်ပါဘူး။ ဒါကြောင့် တော်လှန်ရေး အတွက် သုံးမယ့် ဖုန်းဟာ IMEI မှတ်ပုံ မတင်ထားသင့် သလို ပြည်တွင်း ဆင်းကတ်တွေလည်း မထည့်သင့်ဘဲ Wi Fi သက်သက်နဲ့သာ အသုံးပြုရမှာ ဖြစ်ပါတယ်။

    ဒါပေမယ့် IMEI ကို သိရုံသက်သက်နဲ့တော့ ဖုန်းတစ်လုံးကို တိုက်ရိုက် Hack လို့ (ဖုန်းထဲက အချက်အလက်တွေကို ဝင်ရောက်ခိုးယူလို့) မရပါဘူး။ ဒါဟာ လူအများစု စိုးရိမ်လေ့ ရှိပေမယ့် နည်းပညာအရတော့ လွဲမှားနေတဲ့ အယူအဆ တစ်ခုပါ။ သင့်ရဲ့ IMEI ကို သိထားရင် ဆက်သွယ်ရေး တာဝါတိုင်တွေ ကနေတစ်ဆင့် သင့်တည်နေရာကို ခြေရာခံတာ၊ ဖုန်းလိုင်း ဖြတ်တောက်တာတွေပဲ လုပ်လို့ ရပါလိမ့်မယ်။

  • “ဖုန်းသုံးနေတဲ့ မြန်မာပြည်သူတွေ အားလုံး သတိထားဖို့နဲ့ သိထားဖို့ ကြေညာချက်အသစ်ပါ”

    “ဖုန်းသုံးနေတဲ့ မြန်မာပြည်သူတွေ အားလုံး သတိထားဖို့နဲ့ သိထားဖို့ ကြေညာချက်အသစ်ပါ”

    သင့်ဖုန်းက အခွန်မဆောင်ဘဲ တရားမဝင် တင်သွင်းထားတဲ့ ဖုန်း ဖြစ်နေရင် (သို့မဟုတ်) ဖုန်းရဲ့ IMEI နံပါတ်က CEIR စနစ်မှာ မှတ်ပုံမတင်ထားရင် လာမယ့်ဧပြီလ ၁ ရက်နေ့ကစပြီး ဖုန်းလိုင်း ဖြတ်တောက်ခံရနိုင်ပါတယ်။

    ဒါကြောင့် အရေးကြီးတဲ့အချက်တွေကို နားလည်လွယ် အောင် အတိုချုပ် ရှင်းပြပေးလိုက်ပါတယ်။

    အခွန်ဆောင်ပြီးသား ဖုန်းတွေကော?

    ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့မတိုင်ခင်ကတည်းက သုံးနေတဲ့ ဖုန်းတွေအားလုံးဟာ အခွန်ဆောင်ဖို့ မလိုဘဲ၊ CEIR စနစ်မှာ အလိုအလျောက် မှတ်ပုံတင်ပြီးသား ဖြစ်သွားမှာပါ။

    ဒါပေမဲ့ ဒီအချက်ကို မမေ့ပါနဲ့

    သင်လက်ရှိ သုံးနေတဲ့ဖုန်းက အခွန်မဆောင်ရဘဲ တရား ဝင် ဆက်သုံးနိုင်ဖို့အတွက် ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့မတိုင်ခင် (MPT၊ ATOM၊ U9၊ Mytel) စတဲ့ SIM Card တခုခု ထည့်ပြီး ဖုန်းခေါ်ဆိုတာ (သို့မဟုတ်) ဖုန်းဖွင့်ထားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒါမှသာ CEIR စနစ်မှာ သင့်ဖုန်းရဲ့ IMEI က အလိုအလျောက် မှတ်ပုံတင် ပြီးသား ဖြစ်မှာပါ။

    ဧပြီလ ၁ ရက်နေ့နောက်ပိုင်းကစပြီး ဘာဖြစ်မှာလဲ?

    ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့ကစပြီး၊ CEIR စနစ်မှာ မှတ်ပုံမတင်ထားတဲ့ ဖုန်းတွေနဲ့ SIM Card အသစ်တွေကို စတင်ချိတ်ဆက်ရင်၊ အဲဒီဖုန်းတွေကို (၃၀) ရက်အထိပဲ ယာယီသုံးခွင့်ပေးမှာပါ။

    အဲဒီ ရက် (၃၀) အတွင်းမှာ သတ်မှတ်ထားတဲ့ အခွန်နဲ့ ဒဏ်ကြေးတွေကို ဝဘ်ဆိုက် (သို့မဟုတ်) နီးစပ်ရာ အခွန်/အကောက်ခွန် ရုံးတွေမှာ ပေးဆောင်မှသာ ဖုန်းလိုင်းကို ဆက်သုံးနိုင်မှာပါ။ အခွန်မဆောင်ရင် ဖုန်းလိုင်း ဖြတ် တောက်ခံရပါမယ်။

    သင်လက်ရှိသုံးနေတဲ့ဖုန်းကို လာမယ့်မတ်လ (၃၁) ရက်နေ့မတိုင်ခင် SIM Card ထည့်ပြီး သေချာဖွင့်သုံးထားဖို့ မမေ့ပါနဲ့!

    သင့်သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကိုလည်း ဖုန်းလိုင်းမပြတ်တောက်ရအောင် ဒီအချက်ကို Share ပေးပြီး သတိပေးလိုက်ပါဦး!

    ကိုယ့်ဖုန်းကိုယ်စစ်ကြည့်လို့ ရပါတယ်၊ ဆိုင်ကြီးတွေက ဝယ်ထားလဲစစ် ကြည့်ဦးနော် … 🤗🤗

    မိမိဖုန်းရဲ့ IMEI Number ကို Copy ယူပြီး၊www.ceir.gov.mm မှာ Check IMEI status ထဲဝင်ပီး ကိုယ့် IMEI Number ကို စစ်လိုက်တဲ့အခါ။

    ပုံထဲကလို အချက် ၃ ချက်မှာ အမှန်ခြစ်ဖြစ်နေရင် ရပါပြီခင်ဗျ။

    ◾️ IMEI Status မှာ Correct

    ◾️ Tax Payment Status မှာ Paid

    ◾️ Device Blocking Status မှာ Allowed လို့ ပေါ်တယ်ဆိုရင် ရပါပြီခင်ဗျ။

    Dual SIMs တွေ၊ eSIM Support တွေကတော့ အကုန်လုံး SIM ထည့်ပြီး Activated လုပ်ထားပေးဖို့ လိုအပ်ပါမယ်နော်။

    မတ်လ ၃၁ နောက်ပိုင်း ပြီး စကန်းဖုန်း ဝယ်မယ်ဆိုရင် ပိုပြီး သတိထားရပါမယ်။

    အသစ်ပါကင်က ဘယ်ချိန်ဝယ်ဝယ် အဆင်ပြေနေမှာ ဖြစ်ပြီး Second ဝယ်မှသာ တိုင်ပတ်မှာပါ။

    မတ်လ ၃၁ အရှေ့ပိုင်း ဝယ်ထားတဲ့ မည်သည့်ဖုန်းမဆို မြန်မာပြည် (Sim card) ထည့်သုံးဖူးရင် ဘာမှမဖြစ်ပါဘူး စိတ်မပူရပါဘူး။ သုံးနေကျ ဖုန်းတွေက အရမ်းစိတ်ပူစရာ မရှိပါဘူးနော်။

    မိမိဖုန်းဟန်းဆက် အခွန်ဆောင်ပြီးဖြစ်မဖြစ် ဒီလိုစ.စ်ပါ

    1. မိမိဖုန်းရဲ့ IMEI ကို သိရှိဖို့ *#06# ကိုဖုန်းခေါ်ပါ.

    2. IMEI နံပါတ် သိပြီဆိုရင် https/ceir.gov.mm/ ကို ဝင်ပါ.

    3. Check status ကို နှိပ်ပါ.

    4. Enter IMEI ဆိုတဲ့နေရာမှာ မိမိရဲ့ IMEI နံပါတ်ဖြည့်ပြီး I’m not a robot နှိပ်ပြီး ခဏစောင့်ပါ.

    5. I’m not a robot ကနေ Verified ပြပြီး check status ဆိုတာလေး အပြာရောင်ဖြစ်သွားရင် အဆိုပါ check status ကို နှိပ်လိုက်ပါ.

    6. Check IMEI status ဆိုတဲ့ ခေါင်းစဥ်အောက်မှာ IMEI status မှာ Correct , Tax payment status မှာ Paid , Device blocking status မှာ Allowed ပြပြီး ၃နေရာလုံး အမှန်ခြစ်ပြနေရင်တော့ ဒီဟန်းဆက်က အခွန်ဆော.င်ပြီးဖြစ်လို့ အဆင်ပြေပြေ သုံးလို့ရပြီပဲ ဖြစ်ပါတယ်.

    — တချို့ဆင်းကတ်ထည့်မသုံးတာကြာပြီဖြစ်တဲ့ ဟန်းဆက်တွေ ဆင်းကတ် ၂ကတ်သုံး ဟန်းဆက်တွေမှာ တစ်ကတ်ပဲသုံးနေရင်း အခုမှ အသစ်တစ်ကတ် သုံးဖို့ထည့်မယ့်သူတွေအနေနဲ့ ဆင်းကတ်ထည့်အပြီး စ.စ်ရင် Paid မပြတတ်တာမျိုးလည်း ရှိနိုင်ပါတယ်. ဒီလိုဖြစ်ရင် ဖုန်းအထွက် တကောလ်လောက် ခေါ်ကြည့်ပြီးမှ ပြန်စ.စ်ကြည့်ပါ. အဲဒီအခါကျ Paid ပြတာမျိုး တွေ့ရပြီး အဆင်ပြေသွားပါလိမ့်မယ်.

    —နောက်တစ်ခု ဖြစ်တဲ့ Pay tax ကတော့ ဧပြီလမှ ဟန်းဆက် အသစ် နိုင်ငံခြားကနေ ဝ.ယ်လာသူတွေ တင်သွင်:လာသူတွေအတွက်ပါ အခွန်အတွက်က ဟန်းဆက်တန်ဖိုးရဲ့ ၃၅ ရာခိုင်နှုန်း လို့လည်း လက်ရှိ ပြောထားကြတာတွေ့ရပါတယ်. ဥပမာ ကျပ်သိန်း ၆၀ ဝန်းကျင် ဖုန်းတစ်လုံးဆိုရင် အခွန်အပါ ကျပ်သိန်း ၈၀ နီးပါးအထိ ရှိသွားနိုင်တယ်လို့ ဆိုထားကြပါတယ်.

    645677017 1518159076981741 7817257518180737820

    645677017 1518159076981741 7817257518180737822

    645677017 1518159076981741 7817257518180737823

    645677017 1518159076981741 7817257518180737825

    645677017 1518159076981741 7817257518180737826

    645677017 1518159076981741 7817257518180737827

    645677017 1518159076981741 7817257518180737828

    645677017 1518159076981741 7817257518180737829

  • 📱 အခွန်မဆောင်ထားတဲ့ ဖုန်းများ အသုံးပြုခွင့် ပိတ်သိမ်းတော့မည်

    📱 အခွန်မဆောင်ထားတဲ့ ဖုန်းများ အသုံးပြုခွင့် ပိတ်သိမ်းတော့မည်

    ​လာမယ့် ၂၀၂၆၊ ဧပြီလ ၁ ရက် မှစတင်ပြီး အခွန်မဆောင်ထားတဲ့ ဖုန်းတွေကို ဆက်သွယ်ရေးကွန်ရက် အသုံးပြုခွင့် ပိတ်ပင်သွားမှာ ဖြစ်ပါတယ်။ လက်ရှိအသုံးပြုနေတဲ့ ဖုန်းတွေနဲ့ပတ်သက်ပြီး သိထားရမယ့် အချက်တွေကို အောက်မှာ စုစည်းပေးထားပါတယ် 👇

    ✅ လက်ရှိအသုံးပြုနေသူများအတွက်

    ကိုယ်အသုံးပြုနေတဲ့ ဖုန်းထဲမှာ ပြည်တွင်းအော်ပရေတာတွေဖြစ်တဲ့ MPT, ATOM, Mytel, Ooredoo (သို့) u9 ဆင်းကတ်တစ်ခုခုကို ထည့်သွင်းအသုံးပြုနေရုံနဲ့ အလိုအလျောက် မှတ်ပုံတင်ပြီးသား ဖြစ်သွားမှာပါ။ ဒါကြောင့် လက်ရှိသုံးနေတဲ့သူတွေကတော့ စိုးရိမ်စရာမရှိပါဘူး။

    ⚠️ အသုံးမပြုသေးဘဲ သိမ်းထားတဲ့ဖုန်းများရှိရင်

    သင့်ဆီမှာ ဆင်းကတ်မထည့်ရသေးဘဲ ဝယ်ထားတဲ့ ဖုန်းအသစ် ဒါမှမဟုတ် သိမ်းထားတဲ့ ဖုန်းရှိနေတယ်ဆိုရင် မတ်လ ၃၁ ရက် နောက်ဆုံးထားပြီး ဆင်းကတ်တစ်ခုခု ထည့်သုံးထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ အခွန်အခမဲ့ကာလအတွင်း အလိုအလျောက် မှတ်ပုံတင်ပြီးသား ဖြစ်မှာပါ။

    🚫 ဧပြီလ ၁ ရက်နေ့ နောက်ပိုင်း ဖြစ်လာနိုင်သည်များ

    မတ်လ ၃၁ ရက်အထိ ဆင်းကတ်ထည့်ပြီး မှတ်ပုံတင်မထားတဲ့ ဖုန်းတွေဟာ ဧပြီ ၁ ရက်မှာ အသုံးပြုလို့ ရတော့မှာ မဟုတ်ပါဘူး။

    အသုံးပြုခွင့် ပြန်ရဖို့အတွက် သတ်မှတ်ထားတဲ့ အခွန်နဲ့ ဒဏ်ကြေး တွေကို ပေးဆောင်ပြီးမှသာ ပြန်သုံးလို့ရပါမယ်။

    ပြည်ပကနေ ကိုယ်တိုင်ဝယ်လာတဲ့ ဟန်းဆက်တွေဆိုရင်လည်း ရက်ပေါင်း ၃၀ အတွင်း အခွန်ဆောင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

    🌐 အသေးစိတ် သိလိုပါက

    အသေးစိတ် အချက်အလက်တွေကို www.ceir.gov.mm မှာ ကြည့်ရှုနိုင်သလို၊ အောက်ပါ Call Center နံပါတ်တွေကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ် –

    📞 ၁၇၇၇ သို့မဟုတ် ၁၇၅၅

    အကြံပြုချက်: ကိုယ့်မှာရှိတဲ့ ဟန်းဆက်တွေကို အခွန်နဲ့ ဒဏ်ကြေးမဆောင်ရအောင် မတ်လ ၃၁ ရက်မတိုင်ခင် ဆင်းကတ်လေးတွေ ထည့်သုံးထားကြဖို့ မမေ့နဲ့နော်။

    648343744 806131689190808 5680900442813304293 N

  • လူပုဂ္ဂိုလ် ၃၀၃ ဦးအား ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များ ချီးမြှင့်

    လူပုဂ္ဂိုလ် ၃၀၃ ဦးအား ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များ ချီးမြှင့်

    နိုင်ငံတော်ယာယီသမ္မတက အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တည်ဆောက်ရာမှာ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် စွမ်းစွမ်းတမံ ဆောင်ရွက်ကြတဲ့ လူပုဂ္ဂိုလ် ၃၀၃ဦးကို ဂုဏ်ထူးဆောင်ဘွဲ့နဲ့ ဂုဏ်ထူးဆောင်တံဆိပ်တွေ ချီးမြှင့်လိုက်တယ်လို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက မတ်လ၂ရက်မှာ အမိန့်ထုတ်ပြန်ပါတယ်။

    အဲဒီလိုချီးမြှင့်ရာမှာ သရေစည်သူဘွဲ့ကို အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးတွေဖြစ်ကြတဲ့ ဦးတင်အောင်စန်း၊ ဦးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးမောင်မောင်အုန်း၊ ဦးမင်းနောင်၊ Jeng Phangနော်တောင်၊ ဦးမျိုးသန့်တို့ကို ချီးမြှင့်လိုက်တာဖြစ်ပါတယ်။

    စည်သူဘွဲ့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးနဲ့ ပြည်ထောင်စုဝန်ကြီးတွေဖြစ်ကြတဲ့ ဦးကိုကိုလှိုင်၊ ဒေါက်တာသီတာဦး၊ ဦးတင်ဦးလွင်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်း၊ ဦးမြင့်ကြိုင်၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်းတို့ကို ချီးမြှင့်လိုက်တာပါ။

    သီရိပျံချီဘွဲ့ကို ပြည်ထောင်စုဝန်ကြီးတွေဖြစ်ကြတဲ့ ဦးအောင်ကျော်ဟိုး၊ ဦးချစ်ဆွေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၁၇ဦးနဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီအဖွဲ့ဝင် ဦးခင်မောင်ကျော်တို့ကို ချီးမြှင့်တာဖြစ်ပါတယ်။

    ဆက်လက်ပြီး ဇေယျကျော်ထင်ဘွဲ့ကို ၅ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ကို ၁၆ဦး၊ သိပ္ပကျော်စွာဘွဲ့ကို၂ဦး ချီးမြှင့်ပြီး အဆိုတော် ဦးသန်းမြတ်စိုး၊ ဦးကေတုဝင်းထွဋ်နဲ့ သရုပ်ဆောင်ခန့်စည်သူတို့ကို အင်္လကာကျော်စွာဘွဲ့ ချီးမြှင့်ပါတယ်။

    ဂုဏ်ထူးဆောင်တံဆိပ်တွေချီးမြှင့်ရာမှာ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ကို ၂ဦး၊ ရဲဗလတံဆိပ်ကို ၂၇ဦး၊ ရဲသူရိန်တံဆိပ်ကို ၂ဦး၊ ရဲကျော်စွာတံဆိပ်ကို၃ဦး၊ ရဲကျော်သူတံဆိပ်ကို ၁ဦး၊ စီမံထူးချွန်တံဆိပ်(ပထမအဆင့်)ကို ၉ဦး၊ စီမံထူးချွန်တံဆိပ်(ဒုတိယအဆင့်)၁၃ဦး၊ စီမံထူးချွန်တံဆိပ်(တတိယအဆင့်)ကို ၁၁၅ဦး ချီးမြှင့်ပါတယ်။

    အနုပညာရှင်တွေဖြစ်ကြတဲ့ နေဝင်း၊ အေးချမ်းမောင်၊ မေမြင့်မိုရ်၊ ခြူးလေးတို့အပါအဝင် ၈ဦးကို လူမှုထူးချွန်တံဆိပ်(ပထမအဆင့်)၊ အနုပညာရှင်တွေဖြစ်ကြတဲ့ ငှက်ပျောကြော်၊ သွက်လက်၊ စူပါလင်း၊ ပြည်တွင်းသတင်းဌာနတွေက သတင်းမီဒီယာသမားတွေအပါအဝင် ၁၁ဦးကို လူမှုထူးချွန်တံဆိပ်(ဒုတိယအဆင့်)၊ အနုပညာရှင်တွေဖြစ်ကြတဲ့ မနော၊ J Fire၊ မေသက်ထားဆွေ၊ ဗီဗာဟိန်း၊ စိုးသီဟ၊ နက္ခတ်၊ နေထူးနိုင်၊ ဗညားရဲရင့်၊ ဇော်ဝင်းနိုင်(မန်း)၊ ဆင်မ၊ ခင်လှိုင်၊ ဝိုင်းလမင်းအောင်၊ မေ့ချစ်သက်တို့အပါအဝင် ၁၉ဦးကို လူမှုထူးချွန်တံဆိပ်(တတိယအဆင့်) ပေးအပ်ချီးမြှင့်ပါတယ်။

    ဒါ့အပြင် လယ်ယာစီးပွားထူးချွန်တံဆိပ်(တတိယအဆင့်)ကို ၁၂ဦး၊ စက်မှုစီးပွားထူးချွန်တံဆိပ်(တတိယအဆင့်)ကို ၁ဦး၊ ဝန်ဆောင်စီးပွားထူးချွန်တံဆိပ်(ပထမအဆင့်)ကို ၁ဦး၊ ဝန်ဆောင်စီးပွားထူးချွန်တံဆိပ်(တတိယအဆင့်)ကို ၃ဦး၊ ဝိဇ္ဇာပညာထူးချွန်တံဆိပ်(ပထမအဆင့်)ကို ၁ဦး၊ နည်းပညာဆိုင်ရာထူးချွန်တံဆိပ်(ဒုတိယအဆင့်)ကို ၁ဦး၊ နည်းပညာဆိုင်ရာထူးချွန်တံဆိပ်(တတိယအဆင့်)ကို ၂ဦး ချီးမြှင့်ပါတယ်။

    အနုပညာရှင်တွေဖြစ်ကြတဲ့ ရဲအောင်၊ မြင့်မြတ်၊ အောင်ခိုင်၊ မင်းဇော်၊ ဇော်ဦးတို့ကို အနုပညာထူးချွန်တံဆိပ်(ပထမအဆင့်)၊ Lဆိုင်းဇီ၊ နီနီခင်ဇော်၊ စိုးစန္ဒာထွန်း၊ ထူးအယ်လ်လင်းတို့ကို အနုပညာထူးချွန်တံဆိပ်(ဒုတိယအဆင့်) ချီးမြှင့်ခဲ့ပြီး ဦးမျိုးဌေး(ဝင်းနွယ်-သစ်တော)ကို စာပေပညာထူးချွန်တံဆိပ်(တတိယအဆင့်) ချီးမြှင့်လိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

    စစ်ကော်မရှင်က စစ်လော်ဘီ ၈ ဦးကို ဒုတိယအဆင့် လူမှုထူးချွန်တံဆိပ် ပေးအပ်

    စစ်ကော်မရှင်က တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အနေနဲ့ စစ်လော်ဘီ ၈ ဦးကို ဒုတိယအဆင့် လူမှုထူးချွန်တံဆိပ်တွေ ပေးအပ်လိုက်တယ်လို့ ဒီနေ့ မတ်လ ၂ ရက်မှာ ကြေညာလိုက်ပါတယ်။

    ဒီတံဆိပ်ပေးအပ်မှုကို တောင်သူလယ်သမားနေ့နဲ့ တပြိုင်တည်း ကျင်းပခဲ့တာဖြစ်ပြီး စစ်လော်ဘီ ၈ ဦးအပါအဝင် စစ်ကော်မရှင်လက်အောက်ခံ ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ စုစုပေါင်း ၂၀၀ ကျော်ကို တစ်ပြိုင်တည်း ပေးအပ်ခဲ့တာဖြစ်ပါတယ်။

    ဒုတိယအဆင့် လူမှုထူးချွန်တံဆိပ် ရရှိခဲ့တဲ့ စစ်လော်ဘီ ၈ ဦးမှာ

    အွန်လိုင်းဝဏ္ဏ၊ နောင်တော်လေး၊ ကျော်စိုးဦး၊ အောင်ကျော်မိုး၊ ထူးမောင်မောင်၊ ခက်နှင်းဆု၊ သဇင်ဦး နဲ့ အောင်မင်းတို့ ပါဝင်ပါတယ်။

    ဒါအပြင် လူမှုထူးချွန်တံဆိပ် ပထမအဆင့်မှာတော့ သရုပ်ဆောင် ရဲအောင်၊ အောင်ခိုင်၊ ဇော်ဦး၊ မြင့်မြတ် နဲ့ တေးရေးပညာရှင် မင်းဇော်တို့ကို ပေးအပ်ခဲ့ပါတယ်။

    ဒုတိယအဆင့် လူမှုထူးချွန်တံဆိပ်ကိုတော့ အဆိုတော် L ဆိုင်းဇီ၊ နီနီခင်ဇော်၊ စိုးစန္ဒာထွန်း နဲ့ ထူးအယ်လင်းတို့လည်း ရရှိခဲ့ကြပြီး တတိယအဆင့်အနေနဲ့ အဆိုတော် မနော၊ J Fire၊ မေသက်ထားဆွေ၊ ဗီဗာဟိန်း၊ စိုးသီဟ၊ ဇော်ဝင်းနိုင် (မန်း)၊ ဆင်မ၊ ခင်လှိုင် နဲ့ နေထူးနိုင်တို့ ပါဝင်လာခဲ့ပါတယ်။

    အလားတူ အလင်္ကာကျော်စွာဘွဲ့ကိုတော့ အဆိုပညာရှင် ဦးသန်းမြတ်စိုး၊ ဦးကေတုဝင်းထွဋ် နဲ့ သရုပ်ဆောင် ခန့်စည်သူတို့ ရရှိခဲ့တာကိုလည်း တွေ့ရပါတယ်။

    ဒီလို စစ်လော်ဘီတွေနဲ့ စစ်ကော်မရှင်နဲ့ နီးစပ်သူတွေကို တံဆိပ်တွေ ပေးအပ်တာဟာ လူထုအပေါ် စစ်ရေးဖိနှိပ်မှုတွေ ဆက်လက်လုပ်ဆောင်နေတဲ့ အချိန်နဲ့ တပြိုင်တည်း ဖြစ်ပေါ်လာတာကြောင့် လူမှုကွန်ရက်ပေါ်မှာ ဝေဖန်သုံးသပ်မှုတွေ ထပ်မံ ထွက်ပေါ်နေပါတယ်။

    အဲ့လို ပြတ်ပြတ်သားသား ဘော မ ရဲတာကို ကြိုက်တာ။

    ဘွိုင်းကော့ဆိုတာကို သောက်ဖက်မလုပ်ကြတဲ့နောက် အဲ့လိုတွေ ရှေ့ဆက်လည်းမြင်ကြရဦးမှာ စိတ်ချ။

    အားပေးတဲ့သူတွေရှိနေသရွေ့ ဒါမျိုးတွေက ထီမထင်လုပ်နေကြဦးမှာ။

    😊😊😊😊😊

    ကိုယ်ကတော့ သူ့မဆဲချင်ဘူး။ ဒါ သူ့ရွေးချယ်မှုပဲ။

    သူ့အားပေးတဲ့ သူတွေကိုပဲ ဆဲချင်တာ။ အားပေးသူရှိလို့ ဒါမျိုးထိ ဖြစ်လာတာ။

    သောက်မှတ်ရှိတယ်ဆိုတာ သောက်ရှက်ရှိတာလို့ ခံယူတဲ့သူတွေပဲ ကျန်ခဲ့မယ့်ခရီးလမ်းကြမ်း။ ။

    645452440 34059710276976929 8021879244552539597 N

    646372246 34059738856974071 3965100322901011504 N

    646369999 34059738883640735 8848428251680907933 N

    646364345 34059749490306341 6159578495696800905 N

  • မှော်ဘီတွင် ဇနီးဖြစ်သူအား ခေါင်းဖြတ်သတ်ခဲ့သည့် အမျိုးသားကို သေဒဏ်ချမှတ်

    မှော်ဘီတွင် ဇနီးဖြစ်သူအား ခေါင်းဖြတ်သတ်ခဲ့သည့် အမျိုးသားကို သေဒဏ်ချမှတ်

    ဇန်နဝါရီလအတွင်းက ဖြစ်ပွားခဲ့သည့် ဇနီးဖြစ်သူကို ခေါင်းဖြတ်သတ်ခဲ့သည့် အမျိုးသားအား ယနေ့တွင် မှော်ဘီတရားရုံးက သေဒဏ်ချမှတ်လိုက်ကြောင်း တရားရေးအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

    အဆိုပါ လူသတ်မှုဖြစ်စဉ် ဖြစ်ပွားပြီး တစ်လကျော်အကြာတွင် ကျူးလွန်သူအမျိုးသားအား ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁) ဖြင့် သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

    “သေဒဏ်ချလိုက်ပါတယ်။ ၃၀၂(၁) နဲ့ပါ။ ခုနကပဲ အမိန့်ချပါတယ်” ဟု မှော်ဘီတရားရုံးနှင့် နီးစပ်သည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက အတည်ပြုပြောကြားသည်။

    ဇန်နဝါရီ ၂၄ ရက်တွင် မှော်ဘီမြို့နယ်၊ ပေတရာမြောက်ပိုင်းရပ်ကွက်တွင် အသက်သုံးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးသည် အမျိုးသမီးတစ်ဦး၏ ခေါင်းပြတ်ကို ကိုင်ကာ လျှောက်သွားနေခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

    ရဲတပ်ဖွဲ့၏ စစ်ဆေးမှုအရ အဆိုပါအမျိုးသားသည် ဇနီးဖြစ်သူနှင့် နေအိမ်တွင် စကားများရန်ဖြစ်ရာမှ ဇနီးအား သတ်ဖြတ်ကာ ခေါင်းဖြတ်၍ အထက်ပါအတိုင်း လမ်းပေါ်လျှောက်သွားနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ယင်းနောက်တွင် အဆိုပါ လူသတ်မှုကျူးလွန်သူအမျိုးသားသည် ကားတစ်စီးကို ဓားထောက်ကာ ခေါင်းပြတ်ကိုင်ဆောင်၍ ထွက်သွားခဲ့ရာ မှော်ဘီတိုးဂိတ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

    အဆိုပါဖြစ်စဉ်အား မှော်ဘီတရားရုံးက စစ်ဆေးခဲ့ပြီးနောက် မတ် ၄ ရက်တွင် သေဒဏ်ချမှတ်လိုက်ခြင်းလည်း ဖြစ်သည်။