Category: News

  • ငုတ်တုတ် မေ့နေတဲ့ Ebike အရောင်းစင်တာတွေ လက်မလည်အောင် ရောင်းနေရ

    ငုတ်တုတ် မေ့နေတဲ့ Ebike အရောင်းစင်တာတွေ လက်မလည်အောင် ရောင်းနေရ

    စက်သုံးဆီ ခြိုးခြံချွေတာ သုံးစွဲဖို့နဲ့ မော်တော်ယာဥ် မောင်းနှင်ခွင့် ကန့်သတ်ပြီး EV အမျိုးစား ယာဥ်တွေကိုသာ နေ့စဥ်မောင်းချခွင့်ပြုပြီးတဲ့နောက် အရင်က ငုတ်တုတ်မေ့နေတဲ့ EV ဆိုင်ကယ် လောက ဟာဆိုရင် အခု မတ်လမှာ ပြန်လည် ခေါင်းထောင်နေပြီ ဖြစ်ပါတယ်။

    မန္တလေးမြို့ဟာ ဆိုရင် ဆိုင်ကယ်ကို အဓိကထားသုံးစွဲကြတဲ့ မြို့တမြို့ ဖြစ်တာကြောင့် စက်သုံးဆီ အသုံးပြုပြီး မောင်နှင်ရတဲ့ ဆိုင်ကယ်တွေ ကားတွေ ဟာဆိုရင် ဆက်သုံးဆီ ပြတ်လပ်တော့မယ် ဆိုတဲ့ ကောလဟလတွေ ထွက်ပေါ်လာပြီးတဲ့နောက် မတ်လ ၃ ရက်နေ့က စပြီး စက်သုံးဆီ ရောင်းချပေးနေတဲ့ ဆိုင်တွေမှာ အချိန်အတော်ကြာတန်းစီနေရပြီး လမ်းပိတ်တဲ့အထိဖြစ်နေပါတယ်။

    အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကလည်း မတ်လ ၃ ရက်နေ့မှာ စက်သုံးဆီကို ခြိုးခြံချွေတာသုံးစွဲဖို့အတွက် သတင်းထုတ်ပြန်ပြီးတဲ့နောက် မန္တလေးမြို့က EBike ရောင်းချနေတဲ့ ဆိုင်တချို့ အရောင်းပြတ်သွားပြီးနောက် show room တွေ ပိတ်ထားရတဲ့အခြေအနေထိ ရောက်နေသလို ကျန်ရှိနေသေးတဲ့ဆိုင်တွေမှာလည်း အလုအယက်လာရောက်ဝယ်ယူသူတွေ ရှိနေပါတယ်။

    ” ကျနော်တို့ Show room ကို ဒီကနေ့ မနက် EV သုံးဘီး ၁၇ စီးရောက်တယ်၊ ရောက်ရောက်ခြင်းပဲ ကုန်သွားပါပြီ၊ လိုချင်သေးရင် နောက် ဆယ်ရက်လောက်နေရင် ရမယ် ဘွတ်ကင်တင်ထားခဲ့ရပါမယ်” လို့ EV မော်တော်ယာဥ်တွေ ရောင်းချနေတဲ့ Showroom တခု အရောင်းတာဝန်ခံကပြောပါတယ်။

    လက်ရှိမှာတော့ Ebike တစီးကို အနည်းဆုံး ၁၆ သိန်းက စပြီး အများဆုံး သိန်း ၈၀ ဝန်းကျင်မှာရှိနေပြီး တချို့ ဆိုင်တွေမှာ ပစ္စည်းပြတ်တဲ့အထိ ရောင်းချနေရပါတယ်။

    Ebike ဝယ်ယူမယ့် သူတဦးကလည်း ” ကျနော်တို့ ဒီနေ့ ကလေးကျောင်း ကြို/ ပို့ နေ့တိုင်းသုံးနိုင်အောင် Ebike တစီးရချင်တာနဲ့ မန္တလေးမြို့မှာ ပတ်ရှာတာ လိုချင်တာက မရ ဆိုင်တွေမှာ လည်း အရောင်းပြတ်နေပြီ၊ ကုမ္မဏီ တွေကို သွားတော့လည်း ပိတ်ထားတယ်၊ ဖုန်းဆက်တော့လည်း မရ Voice message ပဲ ပို့ခိုင်းနေတာ တမြို့လုံးမှာ EV ဝယ်ဖို့ မလွယ်တော့ဘူး ” လို့ ပြောပါတယ်။

    EV ဝယ်ယူသူတွေမှာ ပစ္စည်းပြတ်လပ်မှုတွေကြောင့် အခက်အခဲရှိနေသလို စက်သုံးဆီ အသုံးပြုသူတွေ အတွက်လည်း စက်သုံးဆီ ရရှိဖို့ အခက်အခဲတွေ ဖြစ်နေတာတွေ့ရပါတယ်။

  • လူမှုကူညီရေးအသင်းအဖွဲ့တွေ မတည်ငွေအဖြစ် ဘဏ်မှာ သိန်း ၅၀၀ မှ ၁၀၀၀ ကျပ်အထိ အမြဲတမ်းထားရှိဖို့ သတ်မှတ်ညွှန်ကြား

    လူမှုကူညီရေးအသင်းအဖွဲ့တွေ မတည်ငွေအဖြစ် ဘဏ်မှာ သိန်း ၅၀၀ မှ ၁၀၀၀ ကျပ်အထိ အမြဲတမ်းထားရှိဖို့ သတ်မှတ်ညွှန်ကြား

    ပြည်တွင်းက လူမှုကူညီရေးအသင်းအဖွဲ့တွေအနေနဲ့ ပြည်နယ်နဲ့ တိုင်း မှတ်ပုံတင်မတည်ငွေအဖြစ် သိန်း ၅၀၀ ကျပ် ၊ ပြည်ထောင်စုအဆင့် အသင်းအဖွဲ့တွေက မတည်ငွေအဖြစ် သိန်း ၁၀၀၀ ကျပ် ဘဏ်စာရင်းမှာ အမြဲတမ်းထားရှိဖို့ တာဝန်ရှိသူတွေက တရားဝင် ညွှန်ကြား သတ်မှတ်လိုက်တယ်လို့ အသင်းအဖွဲ့တွေဆီက စုံစမ်းသိရှိရပါတယ်။

    ” ဘဏ်စာရင်းပြရမယ်။ အနည်းဆုံး သိန်း ၅၀၀ ပြရမယ်ပြောတယ်။ အခုမှစာ တရားဝင်ထုတ်လာတာပေါ့။အရင်က အဲလိုမရှိဘူး ။ အသင်းရဲ့ ငွေစာရင်းအဝင်အထွက် ၊ လုပ်ဆောင်ချက်တွေ အစီအရင်ခံစာတင်ရမယ်။ စာထဲမှာအရတော့ ပြီးခဲ့တဲ့လကမှ အစည်းဝေးဆုံးဖြတ်ချက်နဲ့ထုတ်တာလို့ပါတယ်။ သိန်း ၅၀၀ မပြနိုင်ရင် အသင်းဖျက်သိမ်းရမှာလား မေးထားတာတော့ ပြန်ဖြေကြားတာမရှိသေးဘူး ။ ” လို့ ကရင်ပြည်နယ်ထဲက လူမှုကူညီရေး အသင်းတာဝန်ရှိသူက ပြောပါတယ်။

    တကယ်လို့ ဘဏ်စာရင်းမှာ သိန်း ၅၀၀ ကျပ်ကိုသာ ထည့်သွင်းထားနိုင်ခြင်းမရှိလို့ အသင်းဖျက်သိမ်းရမယ်ဆိုပါက ဖျက်သိမ်းရမယ့် လူမှုကူညီရေး အသင်းအများအပြားရှိနိုင်တဲ့အတွက် အကူအညီလိုအပ်တဲ့ ပြည်သူတွေ ဒုက္ခရောက်နိုင်တယ်လို့ သိရပါတယ်။

    ” သိန်း ၅၀၀ မပြနိုင်လို့ အသင်းဖျက်သိမ်းရရင် မလွယ်ဘူး ။ ပြည်သူတွေအတွက် အများကြီး ဆုံးရှုံးနစ်နာနိုင်တယ်။ အခုလက်ရှိတောင် ကိုယ်ထူကိုယ်ထနဲ့သွားနေရတာ။ ကျွန်တော်တို့အသင်းဆိုလည်း မပြနိုင်ဘူး ။ မပြနိုင်လို့ ရပ်ဆိုရင် ရပ်လိုက်ရမှာပဲ ။ ဘဏ်ထဲငွေရောက်သွားရင်လည်း ထုတ်ဖို့က ခက်တယ်။ အဆင်မပြေဘူး ။နောက်ပြီး ကျွန်တော်တို့လည်း အဲဒီလောက်ပမာဏကို သုံးပြီးမလုပ်နိုင်သေးဘူး ။ ခုတောင်မှ လုံးလည်ချာလည်လိုက်နေတာ ။ကိုယ်လုပ်နေတဲ့ စီးပွားရေးအမြတ်အစွန်းလေးတွေနဲ့ ပြန်ပြီး ဖာထေးလုပ် စိုက်နေရတာ ။ ပိုငွေမရှိဘူး ။လူတိုင်းကလည်း စီးပွားရေးကျပ်တည်းနေတော့ အလှူရှင်ဆိုတာလည်း အရင်လိုပေါပေါများများမရှိဘူး ။” လို့ သူကပြောပါတယ်။

    လူမှုကူညီရေး အသင်းအဖွဲ့တွေ မတည်ငွေထားရမယ့် ငွေပမာကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလကပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ တရားဝင်သတ်မှတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ် ။

    မတည်ငွေ ပမာဏဟာ ဘဏ်စာရင်းမှာ အမြဲတမ်းရှိရမယ့် အနည်းဆုံး လက်ကျန်ငွေပမာဏဖြစ်တဲ့အတွက် မတည်ငွေကနေ ထုတ်ယူသုံးစွဲခွင့်မရှိကြောင်း ၊ ယင်းပမာဏအတိုင်းထားရှိမှုရှိ/မရှိကိုလည်း ပြက္ခဒိန်နှစ်အတိုင်း ၃ လတကြိမ်စိစစ်ကြပ်မတ်သွားမှာ ဖြစ်တယ်လို့သိရပါတယ် ။

    ” အဲဒီ မတည်ငွေက ထုတ်ယူသုံးစွဲခွင့်မရှိဘူး ။ အဲဒါကအခုပြဿနာဖြစ်နေတယ်။ ၅၀၀ ဆိုရင် အဲဒါက အချိန်ပြည့် ရှိနေရမယ်။ တိုးချင်တိုးလို့ရမယ် ၊ ထုတ်ယူသုံးစွဲခွင့်မရှိဆိုတော့ နည်းနည်းတော့ ဂွကျတာပေါ့။ အခုက အချိန်ပြည့် ဘဏ်စာရင်းထဲမှာ ရှိနေရမှာ ဖြစ်သွားတယ်။ အဲဒီတော့ ရပ်တဲ့အသင်းတွေ ရပ်သွားလိမ့်မယ်။ကျန်တဲ့အသင်းတွေကျန်လိမ့်မယ်။ကြိုးစားပြီး လုပ်တဲ့အသင်းတွေလုပ်လိမ့်မယ်။ တော်တော်များများတော့ ရပ်သွားနိုင်တယ် ။ ခုတော့ အရေးယူမယ်ဘာညာ မပြောသေးပေမယ့် လုပ်ပါဆိုတာ ထွက်လာပြီလေ ။ ” လို့ နေပြည်တော် အခြေစိုက် လူမှုကူညီရေးအဖွဲ့တာဝန်ရှိသူ တယောက်က ပြောပါတယ်။

    လက်ရှိထွက်ထားတဲ့ အစည်းဝေးဆုံးဖြတ်အရ သက်ဆိုင်ရာ အသင်းအဖွဲ့တွေဟာ လုပ်ငန်းဆောင်ရွက်တဲ့ ဒေသရှိ မြို့နယ်အုပ်ချုပ်ရေးမှူးထံကို ၃ လတကြိမ် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာတင်ပြတဲ့အခါ Bank Statement အပါအဝင် ဆောင်ရွက်ချက် မှတ်တမ်းဓါတ်ပုံတွေ ကိုပါ ထည့်သွင်းတင်ပြခြင်း ၊ တင်ပြချက် မိတ္တူကို သက်ဆိုင်ရာမှတ်ပုံတင်ရေးအဖွဲ့ နဲ့ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်နဲ့ ဆက်စပ်တဲ့ အစိုးရဌာနအဖွဲ့အစည်းတွေကိုလည်း ပေးပို့တင်ပြရမှာ ဖြစ်တယ်လို့သိရပါတယ် ။

    အစိုးရမဟုတ်တဲ့ နိုင်ငံတကာအသင်းအဖွဲ့တွေကတော့ မတည်ငွေအဖြစ် ကျပ်သိန်း ၃၀၀၀ ကို သက်ဆိုင်ရာအသင်းအဖွဲ့ရဲ့ ဘဏ်စာရင်းမှာ အမြဲတမ်းထားရှိရမှာ ဖြစ်တယ်လို့ သိရပါတယ် ။

    ဓာတ်ပုံ – လှုမှုကူညီရေးအသင်း

  • အီရန်ဒုံးကျည်များ တဲလ်အဗစ်သို့ တိုက်ရိုက်ကျရောက်၊ မြို့လယ်တွင် ပေါက်ကွဲမှုကြီးများ ဖြစ်ပွား

    အီရန်ဒုံးကျည်များ တဲလ်အဗစ်သို့ တိုက်ရိုက်ကျရောက်၊ မြို့လယ်တွင် ပေါက်ကွဲမှုကြီးများ ဖြစ်ပွား

    အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က အစ္စရေးနိုင်ငံ၏ စီးပွားရေးအချက်အခြာဖြစ်သော တဲလ်အဗစ်မြို့အား ဒုံးကျည်အမြောက်အမြားဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မြို့လယ်ရှိ အဆောက်အအုံအချို့ ထိမှန်ပေါက်ကွဲခဲ့ကြောင်း လတ်တလော ထွက်ပေါ်လာသည့် ဗီဒီယိုမှတ်တမ်းများအရ သိရသည်။

    Mm News.xyz 2026 03 04 121228

    ဟီဘရူးသတင်းရင်းမြစ်များနှင့် ဂျာနယ်လစ်များမှ ရရှိထားသော သီးသန့်ရုပ်သံဖိုင်တွင် အီရန်၏ ဒုံးကျည်များ တဲလ်အဗစ်ကောင်းကင်ယံသို့ ရောက်ရှိလာပြီးနောက် လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ဖြတ်ကျော်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်ပေါက်ကွဲသွားသည့် မြင်ကွင်းများကို မြင်တွေ့ရသည်။

    Mm News.xyz 2026 03 04 121237

    ဤတိုက်ခိုက်မှုသည် အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းလုပ်ဆောင်နေသော “Operation Epic Fury” စစ်ဆင်ရေးကို အီရန်က တုံ့ပြန်သည့် “၁၀ ကြိမ်မြောက် ဒုံးကျည်လှိုင်း” ဖြစ်သည်ဟု IRGC က ကြေညာထားသည်။

    ထိခိုက်ပျက်စီးမှုနှင့် လက်ရှိအခြေအနေ

    Mm News.xyz 2026 03 04 121245

    ဒေသတွင်းသတင်းများအရ တဲလ်အဗစ်ရှိ လူနေအဆောက်အအုံတစ်ခုပေါ်သို့ ဒုံးကျည်တိုက်ရိုက်ကျရောက်ခဲ့မှုကြောင့် အနည်းဆုံး လူ ၁ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    အစ္စရေး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (MDA) က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေပြီး မြို့အနှံ့တွင် လေကြောင်းရန်သတိပေးဥဩသံများ ဆက်တိုက်ထွက်ပေါ်နေဆဲဖြစ်သည်။

  • စက်သုံးဆီချွေတာရေး စုံရက်နှင့်မရက် ခွဲ၍ ကားများ မောင်းနှင်ရန် စစ်တပ်က အမိန့်ထုတ်မှု ရူးကြောင်ကြောင် လုပ်ရပ်

    စက်သုံးဆီချွေတာရေး စုံရက်နှင့်မရက် ခွဲ၍ ကားများ မောင်းနှင်ရန် စစ်တပ်က အမိန့်ထုတ်မှု ရူးကြောင်ကြောင် လုပ်ရပ်

    စက်သုံးဆီချွေတာရေး စုံရက်နှင့်မရက် ခွဲ၍ ကားများ မောင်းနှင်ရန် စစ်တပ်က အမိန့်ထုတ်မှု ရူးကြောင်ကြောင် လုပ်ရပ်အဖြစ် ဝေဖန်၊ တစ်နိုင်ငံလုံး စက်သုံးဆီများ တန်းစီ အလုအယက်ပြန်ဝယ်နေရပြီ

    စစ်တပ်၏ ကန့်သတ်ချက်အမိန့်တွင် EV ကားများကို ဖယ်ထုတ်ထား၍ အောင်ပြည့်စုံနှင့်ခင်သီရိသက်မွန်တို့ တင်သွင်းသော EV ကားများ ရောင်းအားတက်စေရန် လုပ်ဆောင်မှုဟု သုံးသပ်

    646404385 1290386619855608 6213794183282370748 N

    အကြမ်းဖက်စစ်တပ်က စက်သုံးဆီချွေတာရေး စုံရက်နှင့်မရက် ခွဲ၍ ယာဉ်များမောင်းနှင်ရန် အမိန့်ထုတ်မှုအပေါ် ရူးကြောင်ကြောင် အမိန့် အဖြစ် ဝေဖန်လိုက်ပြီး ယမန်နေ့ညပိုင်းမှစတင်၍ တစ်နိုင်ငံလုံး စက်သုံးဆီများ တန်းစီ အလုအယက်ပြန်ဝယ်နေရကြောင်း ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများမှ ပြည်သူများက ပြောဆိုသည်။

    ယမန်နေ့ မတ်လ ၃ ရက်နေ့ ညပိုင်း အကြမ်းဖက် စစ်တပ်က စက်ဆုံးဆီ ချွေတာရန် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များကို ကားနံပါတ်ပြားအလိုက် “စုံ” ရက်နှင့် “မ” ရက်ခွဲ၍ မတ်လ ၇ ရက်နေ့မှ စတင်မောင်း နှင်ရမည်ဟု အမိန့်ထုတ်ပြန်ခဲ့သည်။

    လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေး ပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့်သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်း တစ်လျှောက်တွင် အတားအဆီး၊ အဟန့်အတားပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အထက်ပါအခြေအနေများကြောင့် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ၂ဝ၂၆ ခုနှစ်၊ မတ်လ ၇ ရက်မှစတင်၍ ပုဂ္ဂလိကယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များနှင့် သယ်ယူ ပို့ဆောင်ရေးယာဉ်များသည် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မောင်းနှင်အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။

    ထို့ကြောင့် လစဉ် “စုံ” ရက်များတွင် စုံနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ- 2A/- 4A/—-စသည် ဖြင့်)၊ “မ” ရက်များတွင် မနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ-1A/—3A/—- စသည်ဖြင့်) စသည့် ပုဂ္ဂလိကပိုင်ယာဉ်များသာ မောင်းနှင်အသုံးပြုရမည်ဖြစ်ပြီး EV မော်တော်ယာဉ် ၊ EV မော်တော် ဆိုင်ကယ်များ နေ့စဉ်မောင်းနှင်နိုင်ကြောင်း ထုတ်ပြန်ချက် အမိန့်တွင် ဖော်ပြထားသည်။

    646087902 26270302582586537 4448767858456707668 N

    အထက်ပါစည်းကမ်းသတ်မှတ်ချက်များသည် ထပ်မံ၍ တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိသည့်အချိန်အထိ အတည်ဖြစ်ကြောင်းနှင့် အဆိုပါစည်းကမ်းသတ်မှတ်ချက်များအား ဖောက်ဖျက် ကျူးလွန်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

    ယမန်နေ့ညပိုင်း အဆိုပါ အမိန့် ထွက်လာပြီးနောက် ညတွင်းချင်း နိုင်ငံတစ်ဝန်း ဆီဆိုင်များ ဆီတန်းစီနေသော ကားတန်းရှည်ကြီးများ ပြန်လည် ထွက်ပေါ်လာပြီး ယနေ့ နံနက် ၅ နာရီဝန်းကျင်မှစတင်၍ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် မြို့ကြီးများအားလုံးတွင် စက်သုံးဆီများကို ပြန်လည်တန်းစီဝယ်ယူနေရကြောင်း သိရှိရသည်။

    မော်တော်ယာဉ်များကို နံပါတ်ပြားအလိုက် စုံရက်၊ မရက်ခွဲ၍ မောင်းနှင်ရမည်ဆိုသော အမိန့်မှာ ရူးကြောင် ကြောင် အမိန့်တစ်ရပ်ဖြစ်ကြောင်း UMFCCI မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

    “ခရီးထွက်မယ့်သူတွေ၊ ကလေးကျောင်းကြိုပို့တာတွေ၊ ဆေးရုံကို အရေးပေါ် သွားပြရမယ့်သူတွေ ဒါတွေကို ကားနံပါတ်အလိုက် စုံနံပါတ်ဆိုရင် စုံရက် ၊ မနံပါတ်ဆိုရင် မရက် ထွက်ရမယ်ဆိုတာက အင်မတန်မှကို ရူးကြောင်ကြောင် နိုင်တယ်။ ဆီဆိုင်တွေကနေ စုံရက်မှာ စုံနံပါတ်ကားကိုပဲ ဆီရောင်းပေးမယ်။ မရက်မှာ မနံပါတ်ကားကိုပဲ ဆီရောင်းပေးမယ်ဆိုရင်လည်း ရတာပဲ။ ပြည်သူတွေရဲ့ ကားတွေကိုတော့ အဲဒီလို ကန့်သတ်တာ အဓိပ္ပာယ်မရှိဘူး” ဟု UMFCCI မှ စီးပွားရေးလုပ်ငန်းရှင်က ပြောဆိုသည်။

    646675713 1290086113218992 59359468386925413 N

    အများပြည်သူများအကြားတွင် ယမန်နေ့ စစ်တပ်က ထုတ်ပြန်သော အမိန့်ကြောင့် ကားနံပါတ်အလိုက် စုံရက်၊ မရက် လမ်းပေါ်တွင်သာ မောင်းရမည်ဟု သတ်မှတ်ခြင်းအပေါ် အပြင်းအထန် ဝေဖန်နေကြသည်။

    “ဒီကားတွေက ကနညမှာလည်း အခွန်ဆောင်ထားတယ်။ နှစ်အလိုက်လည်း အခွန်ပေးရတယ်။ တစ်အိမ်ထောင်မှာ ကား ၁ စီးရှိဖို့တောင် မနည်းကြိုးစားရုန်းကန်ထားရတာ။ အလုပ်လုပ်ဖို့အတွက် ဒီကားကိုပဲ အားကိုးသွားလာရတာ။ Public Transportation ကလည်း ကောင်းမွန်အောင် လုပ်ထားတာမဟုတ်ဘဲ အခုလို ကန့်သတ်တာက လူထုကို ညှဉ်းပန်းနှိပ်စက်မှုပဲလို့” ဟု မရမ်းကုန်းမြို့နယ်မှ စတိုးဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

    ကိုယ်ပိုင် Toyota Fielder 7H- နံပါတ်ကားဖြင့် သီလဝါဆိပ်ကမ်းတွင် အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းများ နေ့စဉ် အမြဲ သွားရောက် လုပ်ကိုင်နေရသော အကောက်ခွန်ရှင်းလင်းရေး အေးဂျင့်တစ်ဦးကမူ စစ်တပ်၏ ထုတ်ပြန်သော အမိန့်ကြောင့် အလုပ်ထိခိုက်မည့် အလားအလာရှိနေသည်ဟုဆိုသည်။

    “ကျနော့်အိမ်က အင်းစိန်မှာ သီလဝါအထိ သွားပြီး အကောက်ခွန် ကိစ္စစာရွက်စာတမ်းနဲ့ File တွေ Run ရတယ်။ အကောက်ခွန်ရုံးက မြို့ထဲမှာ အဲဒီကနေ သီလဝါကိုသွားပြီး အကောက်ခွန်ရှင်းလင်းရေးတွေလုပ်ရတာ။ သူတို့ပြောသလို ကျနော့်ကား 7H ဆိုတော့ မ ရက်ပဲ ထွက်လို့ရတယ်။ စုံရက်ကျရင် ကားငှားသွားရမယ့် ကိန်း။ ကားငှားသွားရင် အင်းစိန်ကနေ မြို့ထဲ၊ မြို့ထဲကနေ သီလဝါကို ကားငှားစရိတ်က အသွားအပြန်ဆိုရင် ၅ သောင်းနဲ့ ၁ သိန်းအကြား ကျမှာ။ စုံရက်ဆိုရင် အလုပ်ရပ်ထားရမယ့် အခြေ အနေဖြစ်နေတယ်” ဟု ပြောဆိုသည်။

    စစ်တပ်က စုံရက်၊ မရက် ခွဲ၍ လမ်းပေါ်တက်ရန် အမိန့်ထုတ်ထားပြီး အမိန့်မလိုက်နာလျှင် အရေးယူမည်ဟု ကြေညာထားသော်လည်း မည်သို့ မည်ပုံ အရေးယူမည်ကို ထည့်သွင်းမရေးထားသဖြင့် ပြည်သူများအကြား စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရှိရသည်။

    646675713 1290086113218992 59359468386925413 N

    “စုံရက်မှာ မကားနံပါတ်တွေ လမ်းပေါ်တက်ရင် ထောင်ချမှာလား၊ ဒဏ်ငွေပဲလား။ ဘယ်လို အရေးယူမှာလဲ မပါဘူး။ ကိုယ့်ကားကိုယ် ပိုက်ဆံရှိလို့ စီးတာတောင် စီးခွင့်မရဘူး” ဟု အကောက်ခွန်ရှင်းလင်းရေးအေးဂျင့်က ဆက်လက်ပြောဆိုသည်။

    မန္တလေးမှ ပြည်သူတစ်ဦးကလည်း စစ်တပ်၏ အမိန့်က မော်တော်ကား၊ မော်တော်ဆိုင်ကယ်များအပြင် သုံးဘီးများကိုပါ ကန့်သတ်ထားရာ မန္တလေးမှ ပြည်သူများအနေဖြင့်လည်း သွားလာရေး အခက်အခဲများဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုသည်။

    စစ်တပ်၏ အမိန့်တွင် EV လျှပ်စစ်ကားမှန်သမျှကို ကန့်သတ်ချက် မထားဘဲ နေ့စဉ် မောင်းနှင်နိုင်သည်ဟု ရေးသားထားရာ မင်းအောင်လှိုင်၏ သားအောင်ပြည့်စုံနှင့်သမီးခင်သီရိသက်မွန်တို့ တင်သွင်းနေသော EV ကားများကို ဝယ်လိုအား တက်စေရန် လုပ်ဆောင်မှု အဖြစ် UMFCCI မှ စီးပွားရေးသမားက သုံးသပ်ပြောဆိုသည်။

    “သူ့သားနဲ့ သူ့သမီးက EV ကားတွေ သွင်းနေတာ။ အဲဒါကို ရောင်းအားကောင်းအောင် လုပ်တာထင်တယ်။ EV တင်သွင်းရောင်းနေသူတွေ ဂွင်ဖြစ်သွားတာပေါ့” ဟု MFCCI မှ စီးပွားရေးသမားက ဝေဖန် ပြောဆိုသည်။

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်က ၎င်း၏ လုပ်ဖော်ကိုင်ဖက်များဖြစ်သော နိုင်ဖြိုးကျော်၊ ဝေယံမင်းမောင်တို့နှင့်အတူ NPK Motor Co Ltd ကုမ္ပဏီထူထောင်ပြီး မြန်မာနိုင်ငံတွင်းသို့ လျှပ်စစ်ကားများနှင့် MG Myanmar၊ Leapmotor Myanmar အမျိုးစား လျှပ်စစ်ကားများကို တိုးမြှင့်တင်သွင်းနေကြောင်း သိရှိရသည်။

    ထို့ပြင် မင်းအောင်လှိုင်သမီး ကုမ္ပဏီက မြန်မာနိုင်ငံတစ်ဝန်း လျှပ်စစ်ကားများအတွက် ဓာတ်အားသွင်း သည့် EV Charging Station များလုပ်ပိုင်ခွင့်ရရှိခဲ့ကြောင်း၊ အလားတူ မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက EV ကားတင်သွင်းမှုအဖြစ် တရုတ်BYD ကုမ္ပဏီမှ ကားများကို ပြည်တွင်းကုမ္ပဏီခွဲများစွာ တည် ထောင်၍ တင်သွင်းနေကြောင်း သိရှိရသည်။

    “စုံ” ရက်မှာ “စုံ” နံပါတ်ကား၊ “မ”ရက်မှာ “မ” နံပါတ်ကားပဲ အပြင်ထွက်ရမယ်တဲ့။ တဖက်က အတော်ရယ်နေရပေမယ့် စက်သုံးဆီ လက်ကျန်နည်းနေတာကိုလဲ ထည့်တွက် ရမယ်ထင်တယ်။

    လက်ရှိတိုင်းပြည်အခြေအနေနဲ့က ဆီအများကြီး မလှောင်ထားနိုင်လောက်ဘူး။

    ထိုင်းနဲ့ ဂျပန်လို နိုင်ငံကြီးတွေတောင် ၂ လစာပဲ ကျန်တာ။

    အိန္ဒိယဆို ၂၅ ရက်စာပဲ ကျန်တော့တယ်။

    ဒီတော့ မြန်မာမှာ ဘယ်လောက်ကျန်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။

    မြန်မာရဲ့ ၉၄% က အရှေ့အလယ်ပိုင်းက တင်သွင်းတာပါ။ စကစက သူတို့သုံးဖို့လဲ ထားရဦးမှာဆိုတော့ အားလုံးလဲ သတိနဲ့ သုံးမှရတော့မယ်။ ဒါပေမယ့်လဲ အာရှတိုက် တတိုက်လုံးဖြစ်တာဆိုတော့လဲ ပျော်ပျော်ကြီးပေါ့။

    ဒါတောင် World War မဟုတ်သေးဘူး။ Middle East War ပဲ ရှိသေးတာ။ Globalization ခေတ်ဆိုတော့ အကုန် ခံကြရတာပဲ။ ကမ္ဘာ့အဆင့် စစ်ပွဲတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေပေါ့။

    Nay Thway

  • စက်သုံးဆီ ချွေတာရန် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များကို ကားနံပါတ်ပြားအလိုက် “စုံ” ရက်နှင့် “မ” ရက်ခွဲ၍ မောင်းနှင်ရမည်

    စက်သုံးဆီ ချွေတာရန် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များကို ကားနံပါတ်ပြားအလိုက် “စုံ” ရက်နှင့် “မ” ရက်ခွဲ၍ မောင်းနှင်ရမည်

    စစ်တပ်က စက်သုံးဆီ ချွေတာရန် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များကို ကားနံပါတ်ပြားအလိုက် “စုံ” ရက်နှင့် “မ” ရက်ခွဲ၍ မောင်းနှင်ရမည်ဟု အမိန့်ထုတ်

    အကြမ်းဖက် စစ်တပ်က စက်ဆုံးဆီ ချွေတာရန် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များကို ကားနံပါတ်ပြားအလိုက် “စုံ” ရက်နှင့် “မ” ရက်ခွဲ၍ မောင်းနှင်ရမည်ဟု အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက အမိန့်ထုတ်လိုက်ကြောင်း စစ်တပ်ပိုင် မီဒီယာက ယနေ့ ညပိုင်းတွင် ထုတ်ပြန်လိုက်သည်။

    လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေး ပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့်သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်း တစ်လျှောက်တွင် အတားအဆီး၊ အဟန့်အတားပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အထက်ပါအခြေအနေများကြောင့် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ၂ဝ၂၆ ခုနှစ်၊ မတ်လ ၇ ရက်မှစတင်၍ ပုဂ္ဂလိကယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များနှင့် သယ်ယူ ပို့ဆောင်ရေးယာဉ်များသည် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မောင်းနှင်အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။

    ထို့ကြောင့် လစဉ် “စုံ” ရက်များတွင် စုံနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ- 2A/- 4A/—-စသည်ဖြင့်)၊ “မ” ရက်များတွင် မနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ-1A/—3A/—- စသည်ဖြင့်) စသည့် ပုဂ္ဂလိကပိုင်ယာဉ်များသာ မောင်းနှင်အသုံးပြုရမည်ဖြစ်ပြီး EV မော်တော်ယာဉ် ၊ EV မော်တော်ဆိုင်ကယ်များ နေ့စဉ်မောင်းနှင်နိုင်ကြောင်း ထုတ်ပြန်ချက် အမိန့်တွင် ဖော်ပြထားသည်။

    နေ့စဉ် အများပြည်သူသယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်များ၊ အငှားယာဉ်များ (Taxi)၊ စက်သုံးဆီသယ်ယူပို့ဆောင်သည့်ယာဉ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်များ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်များ၊ လူနာတင်ယာဉ်/နိဗ္ဗာန်ယာဉ်များနှင့် စည်ပင်အမှိုက်သိမ်း ယာဉ်များ အသုံးပြုနိုင်ကြောင်း၊ စက်သုံးဆီ လုပ်ငန်းရှင်များသာမက အများပြည်သူအနေဖြင့် စက်သုံးဆီများ ဝယ်ယူ စုဆောင်းခြင်းနှင့် ဈေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းများ လုံးဝမပြုလုပ်ရန်လည်း ပါရှိသည်။

    အထက်ပါစည်းကမ်းသတ်မှတ်ချက်များသည် ထပ်မံ၍ တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိသည့်အချိန်အထိ အတည်ဖြစ်ကြောင်းနှင့် အဆိုပါစည်းကမ်းသတ်မှတ်ချက်များအား ဖောက်ဖျက် ကျူးလွန်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

    စုံနေ့၊ မနေ့ တွက်ချက်ရမယ်ဆိုတာမျိုးက ဆီကိစ္စနဲ့ သားဆက်ခြားကိစ္စ ရောများ နေကြလားမသိဘူး။

    ဒီကောင်တွေရဲ့ ဖအေမအေတွေလည်း သားဆက်ခြားခဲ့ကြသင့်တာ။

    ပန်ဆယ်လို

    ဆီပြတ်တော့မှာမို့ ကျန်တဲ့သူတွေက ကားဒုက္ခ ဆီဒုက္ခအပေါ် စိုးရိမ်နေတဲ့ အချိန်။

    မြန်မာပြည်က အောက်တန်းစား တချို့ကတော့ သူတို့ ဝယ်ဥ ထားတဲ့ EV အစုတ်တွေ ရောင်းရမှာမို့ ပို့စ်လှိုင်လှိုင်် တင်ပြီးပျော်နေတာ မြင်မကောင်းဘူး။

    တကယ်တမ်းက အဲ့လို သူများဒုက္ခရောက်မှ စီးပွါးရှာလို့ကောင်းတယ် ထင်တဲ့ကောင်တွေ​ရော သူတို့ သွင်းလာတဲ့ ပစ္စည်းတွေကိုပါ အသိုင်းအဝိုင်းကနေ ကျဉ် ထားရမှာ။

    “Once အောက်တန်းစား Always အောက်တန်းစား”

    Yan Naung