Category: News

  • ခါမေနီသေဆုံးကြောင်း အီရန်နိုင်ငံပိုင် မီဒီယာအတည်ပြု

    ခါမေနီသေဆုံးကြောင်း အီရန်နိုင်ငံပိုင် မီဒီယာအတည်ပြု

    အကြီးကျယ်ဆုံးထိုးစစ်ဆင်မည်ဟု ကြေညာ

    အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန်ဘာသာရေးခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီ ဟာ ရုံးခန်းမှာ တာဝန်ထမ်းဆောင်နေစဉ် သေဆုံးသွားပြီလို့ အီရန်နိုင်ငံပိုင် မီဒီယာက တရားဝင် အတည်ပြု ထုတ်ပြန်ပါတယ်။

    Mm News.xyz 2026 03 01 103345

    ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုမှာ ခါမေနီရဲ့ သမီး၊ သမက်နဲ့ မြေးဖြစ်သူတို့ပါ အတူသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ခါမေနီ ပုန်းအောင်းနေတယ်ဆိုတဲ့ သတင်းတွေဟာ ရန်သူတွေရဲ့ စိတ်ဓာတ်စစ်ဆင်ရေးသာဖြစ်တယ်လို့ အီရန်သတင်းဌာနက တုံ့ပြန်ထားပါတယ်။ တီဟီရန်မြို့က သူ့ရဲ့ ရုံးခန်းအဆောက်အအုံ ပျက်စီးသွားတာကိုလည်း ဂြိုဟ်တုပုံရိပ်တွေကတဆင့် အတည်ပြုတွေ့ရှိရပါတယ်။

    အီရန်တော်လှန်ရေးအစောင့်တပ် IRGC က အိမ်နီးချင်းနိုင်ငံတွေမှာ အခြေစိုက်ထားတဲ့ အမေရိကန်စခန်း ၁၄ ခုကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး တပ်ဖွဲ့ဝင်အယောက် ၂၀၀ ထက်မနည်း သေဆုံး ဒဏ်ရာရခဲ့တယ်လို့ အီရန် နိုင်ငံပိုင် မီဒီယာနဲ့ တက်စ်နင်မ် သတင်းဌာန တို့က ကြေညာခဲ့ပါတယ်။

    Mm News.xyz 2026 03 01 103359

    ဒီတိုက်ခိုက်မှုတွေအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က အီရန်သမိုင်းတစ်လျှောက် အပြင်းထန်ဆုံးထိုးစစ်ကို မကြာမီ စတင်တော့မယ်လို့ ကြေညာထားပါတယ်။ ဒေသတွင်းမှာ သိမ်းပိုက်ခံထားရတဲ့ နယ်မြေတွေနဲ့ အမေရိကန် အကြမ်းဖက်စခန်းတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ IRGC က သတိပေးထားပါတယ်။​

    Mm News.xyz 2026 03 01 103421

    သေဆုံးသွားတဲ့ အီရန်အဓိက ခေါင်းဆောင်များ

    ၁။ အယာတိုလာအလီခါမေနီ – ဘာသာရေးခေါင်းဆောင်

    ၂။ ဗိုလ်ချုပ်ကြီး မိုဟာမက်ပက်ပေါ – အီရန်လက်နက်ကိုင်အဖွဲ့ IRGC ရဲ့ ကာကွယ်ရေးဦးစီးချုပ် Commander in Chief

    ၃။ ဗိုလ်မှူးချုပ်အဇစ်နာဇီယာဇာဒက် – ကာကွယ်ရေးဝန်ကြီး

    ၄။ အလီရှန်ကာနီ – ခါမေနီရဲ့ ကာကွယ်ရေးဆိုင်ရာအကြံပေး

    ၅။ မိုဟာမက်ရှာရာဇီ – ခိုမေနီရဲ့ စစ်ရေးဗျူဟာ အကြီးအကဲ

    ၆။ ဆာလက်အဆာဒီ – ထောက်လှမ်းရေးအကြီးအကဲ

    ၇။ ဆာအစ်အအစ်ဇာဒီ – ပါလက်စတိုင်း Quds တပ်ဖွဲ့အကြီးအကဲ

    Mm News.xyz 2026 03 01 103411

    ပုံစာ – အီရန်ခေါင်းဆောင် ခါမေနီ သေဆုံးကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက ကြေညာအပြီး Tehran မြို့ Enghelab Square ရင်ပြင်မြင်ကွင်း။

    Photos – Majid Asgaripour/WANA (West Asia News Agency) via REUTERS

  • ပုလဲမြို့နယ်၌ တိုက်ပွဲဖြစ်

    ပုလဲမြို့နယ်၌ တိုက်ပွဲဖြစ်

    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မုံသွင်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

    ဖေဖော်ဝါရီ ၂၈ ရက် မနက် ၁၁ နာရီလောက်ကစပြီး မုံသွင်ရွာရဲ့အနောက်တောင်ဘက် ဒေသအခေါ် ဘုရားကုန်းအနီးမှာ တိုက်ပွဲဖြစ်ပွားနေတာပါ။

    မုံသွင်ရွာက စစ်ရှောင်တယောက်က “တိုက်ပွဲကြာချိန်က တနာရီလောက်တော့ ကြာလိမ့်မယ်။ နှစ်ဖက် အထိခိုက်ကတော့ ဘာမှမသိရသေးဘူး။ အဲဒီလို တိုက်ပွဲဖြစ်နေချိန် မုံသွင်ရွာထဲမှာ နောက်ချန်နေတဲ့ စစ်သားတွေက ထွန်စက်တစီးကိုလည်း မီးရှို့တာတွေလုပ်တယ်” လို့ ပြောပါတယ်။

    မုံသွင်ရွာဟာ အိမ်ခြေ ‌‌‌‌‌‌‌‌၇၀၀ လောက်ရှိပြီး ပုလဲမြို့ရဲ့ မြောက်ဘက် ၆ မိုင်လောက် ကွာဝေးပါတယ်။

    စစ်ကောင်စီ စစ်ကြောင်းဟာ BNRA ခေါင်းဆောင် ဗိုလ်နဂါး စစ်တပ်ဆီ လက်နက်ချအညံ့ခံပြီး ဖေဖော်ဝါရီ ၁၉ ရက်ကစလို့ ပုလဲမြို့နယ်အတွင်း အင်အား ၂၅၀‌ ကျော်နဲ့ စစ်ကြောင်းထိုးတာ ဖြစ်ပါတယ်။

    မြေပြင်စစ်ရေးသတင်းရင်းမြစ်တယောက်က “စစ်ကြောင်းက ချင်ပြစ်ရွာကနေ မုံသွင်ရွာကို ကူးလာတာ။ အခုဖြစ်တာက စစ်ကြောင်းရဲ့ ရှေ့ပြေးအဖွဲ့နဲ့ဖြစ်တာ။ ချင်ပြစ်ရွာထဲမှာလည်း နောက်ချန်အဖွဲ့ကျန်ခဲ့သေးတယ်။ ကိုယ့်ဘက်က ဒရုန်းနဲ့ ရှေ့ပြေးစစ်ကြောင်းကို တိုက်ခိုက်တာ။ အဲဒီလို တိုက်ခိုက်ပြီး မြေပြင် အပြန်အလှန်တိုက်ပွဲ ဖြစ်တာ။ နှစ်ဖက်အထိခိုက်က‌တော့ ဘာမှပြောလို့မရသေးဘူး။ သူတို့ဘက်က အထိနာလို့ ညနေ ၅ နာရီမှာ ဂျက်ဖိုက်တာ ၂ စင်းနဲ့ ဗုံးသီး ၃ လုံးထက်မနည်း ပတ်ကြဲချသွားတယ်။ ကျန်တာက‌တော့ နှစ်ဖက်စစ်ရေး တင်းမာနေဆဲလို့ ပြောလို့ရမယ်” လို့ ပြောပါတယ်။

    အခုလို တိုက်ပွဲဖြစ်ပွားနေတာကြောင့် မုံသွင်ရွာက ဒေသခံပြည်သူတွေ အပါအဝင် အနီးအနားဝန်းကျင်က ဒေသခံတွေလည်း ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြရပါတယ်။

  • နိုင်ငံရေးစင်မြင့်ပေါ်က ခွေးကျ, ကျခဲ့ရသူ သက်သက်ခိုင်ရဲ့နိဂုံး

    နိုင်ငံရေးစင်မြင့်ပေါ်က ခွေးကျ, ကျခဲ့ရသူ သက်သက်ခိုင်ရဲ့နိဂုံး

    တိုက်ဆိုင်မှုလော၊ ပစ်မှတ်ထားမှုလော – ဒေါ်သက်သက်ခိုင်၏ နိုင်ငံရေးနိဂုံးကို ဆန်းစစ်ခြင်း

    စစ်ဗိုလ်ချုပ်များ စနစ်တကျ ပြင်ဆင်ထားသော ၂၀၂၅ ရွေးကောက်ပွဲ ကစားကွင်းထဲ ဝင်ရောက်သွားသည့် ဒေါ်သက်သက်ခိုင်၏ ကံကြမ္မာသည် သူမျှော်လင့်မထားသည့် နိဂုံးပိုင်းသို့ ဦးတည်နေသည်ဟု ဆိုနိုင်သည်။

    ၂၀၂၀ ရွေးကောက်ပွဲတွင် တစ်န်ိုင်ငံလုံးအတိုင်းအတာအားဖြင့် ပါတီပေါင်း ၉၀ ကျော် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည်။ စစ်တပ် ကျင်းပခဲ့သော ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲတွင် ပါတီအရေအတွက် ၅၇ ပါတီရှိသော်လည်း တစ်နိုင်ငံလုံး ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့်ပါတီမှာ စုစုပေါင်း ခြောက်ပါတီသာရှိခဲ့ပြီး ထိုပါတီများထဲတွင် ဒေါ်သက်သက်ခိုင်​၏ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) အပါအဝင်ဖြစ်သည်။

    ထူးခြားမှုအဖြစ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မတိုင်မီ ဩဂုတ်လ ၁၄ ရက်နေ့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံထားသော ပါတီ ၃၀ ကျော်သည် ၂၀၂၅ ခုနှစ် အတုအယောင် ရွေးကောက်ပွဲတွင် အများစု ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

    ဤကဲ့သို့ ပါတီအရေအတွက် သိသိသာသာ လျော့နည်းသွားခြင်း နှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယှဉ်ပြိုင်နိုင်သည့် ပါတီခြောက်ခုသာ ကျန်ရှိတော့ခြင်းသည် စစ်ကောင်စီက ၎င်းတို့အလိုကျ ပုံဖော်ထားသည့် နိုင်ငံရေး ကစားကွင်းသစ် တစ်ခုပင် ဖြစ်သည်။

    ထိုအထဲတွင် အသက် ၅၉ နှစ်အရွယ် ဒေါ်သက်သက်ခိုင်၏ PPP ပါတီသည် လူထုထောက်ခံမှုထက် စစ်ကောင်စီ၏ အကာအကွယ်ကိုယူ၍ ရွေးကောက်ပွဲ လမ်းကြောင်းမှတဆင့် အာဏာခွဲဝေမှုကို ရယူရန် ကြိုးပမ်းလာခဲ့သည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမတိုင်မီတွင် စစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့မှုသည် တိုက်ဆိုင်မှုမဟုတ်ဘဲ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာမည့် နိုင်ငံရေး အခင်းအကျင်းအတွက် ကြိုတင်ပြင်ဆင်မှုတစ်ခုဖြစ်ကြောင်း ဖြစ်စဉ်များက သက်သေပြလျက်ရှိသည်။

    လာရာ သမိုင်း

    ပြည်သူ့ရှေ့ဆောင်ပါတီသည် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ထူထောင်ခဲ့သော ပါတီဖြစ်သည်။

    NLD ပါတီမှ လာကြသော ထိုစဉ်က ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာသက်သက်ခိုင်သည် ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းလွှတ်တော်တွင် ထင်ရှားသော ဒုဗိုလ်မှူးကြီးဟောင်း ဦးကျော်ဇေယျသည် ဒုတိယဥက္ကဋ္ဌ တာဝန်များ ယူကြသည်။ ပါတီ၏ လူသိအများဆုံးသော ခေါင်းဆောင်များလည်း ဖြစ်သည်။

    ပါတီတည်ထောင်ရာတွင် ‘စီးပွားရေး အခြေခံသော နိုင်ငံရေးလမ်းစဉ်’ (Economy-based Politics) ကို အဓိက ဆောင်ပုဒ်အဖြစ် အသုံးပြုခဲ့သည်။ ဒေါ်သက်သက်ခိုင်သည် NLD အစိုးရလက်ထက်တွင် ပါတီ၏ စီးပွားရေး စီမံခန့်ခွဲမှုပုံစံကို လူသိရှင်ကြား ဝေဖန်ခဲ့ရာမှ အစပြု၍ ပါတီတွင်း သဘောထားကွဲလွဲမှုများ ပြင်းထန်လာခဲ့ပြီးနောက် ၎င်း၏ကိုယ်ပိုင်လမ်းစဉ်ကို ဖောက်ထွက်ခဲ့ခြင်းဖြစ်သည်။

    ပါတီဦးဆောင်တည်ထောင်သူ ၁၉ ဦးတွင် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ကြသည်ဟု ပါတီမိတ်ဆက်ပွဲ ပြောဆိုမှုအရသိရပြီး ဦးသိန်းစိန်အစိုးရ လက်ထက် စီးပွားရေးအကြံပေးများဖြစ်ကြသော ဒေါက်တာမြင့်ဦး၊ ဒေါက်တာဇော်ဦးတို့သည် ပါတီ​၏ စီးပွားရေးနှင့် မူဝါဒဆိုင်ရာ အကြံပေးများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

    ထိုထဲတွင် ဗဟုဇော်ဦးဟု နိုင်ငံရေးအသိုင်းအဝိုင်းတွင် လူသိများသော ဒေါက်တာဇော်ဦးသည် လက်ရှိ အာဏာသိမ်းကာလ စစ်တပ်​၏ စီးပွားရေးအကြံပေး ဆက်လုပ်ရုံသာမက ၂၀၂၅ ခုနှစ်တွင် မင်းအောင်လှိုင် ဦးစီးဖွဲ့ခဲ့သော မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) အဖွဲ့တွင်လည်း ဒါရိုက်တာတစ်ဦးအဖြစ် ဆက်လက်ပါဝင်လျက်ရှိသည်။

    ထိုမျှသာမက ၂၀၂၅ ခုနစ် မေလ ၄ ရက်နေ့တွင် စစ်ကောင်စီလက်အောက် ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်အဖြစ်လည်း ခန့်အပ်ခံရပြီး စစ်တပ်အလိုကျ အသုံးတော်ခံသောသူ တစ်ဦးလည်းဖြစ်သည်။

    PPP သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်လည်း ကိုယ်စားလှယ် တစ်နေရာမျှ အရွေးမခံရပဲ ရှုံးနိမ့်ခဲ့သည်။

    PPP ပါတီသည် NLD ခွဲထွက် ဒေါ်သက်သက်ခိုင်နှင့် စီးပွားရေးသမားများ စုဖွဲ့မှုဖြစ်သလို ပါတီ၏ အကြံပေးပုဂ္ဂိုလ်များနှင့် ခေါင်းဆောင်အချို့သည် အစိုးရအဆက်ဆက်၏ ယန္တရားအတွင်း အကျိုးအမြတ် ရယူခဲ့ဖူးသူများဖြစ်နေသည်။ ထို့ကြောင့် PPP ကို ‘တတိယအင်အားစု’ ဖြစ်လာနိုင်သည်ဟု ယူဆခဲ့ကြရာမှ အာဏာရှိသူတို့နှင့် အဆင်ပြေအောင် ညှိနှိုင်းသူများအဖြစ် ပြည်သူတို့က ရှုမြင်လာကြသည်။

    ထိုပါတီ​၏ လာရာလမ်းကို ခြုံငြုံ သုံးသပ်ရလျှင် အရပ်သားပညာရှင်များ နှင့် စီးပွားရေးပညာရှင်များ စုဖွဲ့ထားသည့် ပါတီသစ်တစ်ခုဟု ထင်မှတ်ရသော်လည်း၊ လက်တွေ့တွင်မူ စစ်အာဏာရှင်ယန္တရားနှင့် အကျိုးစီးပွားချင်း ဆက်နွှယ်နေသူတို့၏ စုရပ်တစ်ခုသာ ဖြစ်လာသည်။

    ဒေါ်သက်သက်ခိုင်​၏ နိုင်ငံရေး အဆင့်ဆင့် သေဆုံးပုံ

    ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဒေါ်သက်သက်ခိုင်သည် စစ်ကောင်စီ ဖွဲ့စည်းသော စစ်အစိုးရအဖွဲ့အတွင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဖြစ်လာသည်။

    အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် NLD မှ ခွဲထွက်လာသော PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်အား အစိုးရအဖွဲ့အတွင်းသို့ ထည့်သွင်းခြင်းဖြင့် ယင်းတို့ ဆက်ဆံရေးကို ပိုမိုနီးကပ်စေခဲ့သည်။

    ထိုသို့ ဝန်ကြီးနေရာ ရယူခြင်းကြောင့် ပြည်သူတို့​၏ ဝေဖန်မှုဒဏ်အကြီးအကျယ်ခံရပြီး နိုင်ငံရေးလောကတွင်လည်း ဒေါ်သက်သက်ခိုင်​၏ နိုင်ငံရေးသိက္ခာ ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။

    ဒေါ်သက်သက်ခိုင်၏ ဤလုပ်ရပ်သည် ကိုယ့်ကိုယ်ကိုယ် ဒီမိုကရေစီဘက်တော်သားအဖြစ် ဟန်ဆောင်ခဲ့သော မျက်နှာဖုံးကို ခွာချလိုက်ခြင်းပင် ဖြစ်သည်။

    NLD ပါတီမှ ထွက်ခွာလာပြီးနောက် ပြည်သူအတွက်ရွေးချယ်စရာ တစ်ခုအဖြစ် ရပ်တည်မည်ဟုဆိုပြီး အရပ်သားနိုင်ငံရေးသမား၊ တတိယအင်အားစုဆိုသည့် စကားလုံးကို အကာအကွယ်ယူပြီး ပြည်သူ့ဆန္ဒကို နင်းချေခဲ့၊ စစ်အာဏာရှင်အစိုးရအဖွဲ့တွင် ဝန်ကြီးနေရာ ရယူခဲ့ခြင်းသည် ၎င်း၏ နိုင်ငံရေးအမြော်အမြင် ကင်းမဲ့မှုကို သာမက၊ အကျိုးစီးပွားအတွက် မည်သည့်မူဝါဒကိုမဆို ရောင်းချဝံ့သည့် အခွင့်အရေးသမား စစ်စစ်ဖြစ်ကြောင်း သက်သေပြလိုက်ခြင်းဖြစ်သည်။

    စစ်ကောင်စီသည် ၂၀၂၃ ခုနှစ် ဩဂုတ်လ ကာလုံအစည်းအဝေးပြီးနောက် ဒေါ်သက်သက်ခိုင်ကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးအဖြစ်သို့ပြောင်းလဲခန့်အပ်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် စစ်အုပ်စုက ၎င်းအား ထုတ်ပယ်ခဲ့သည်။ ယင်းနောက် စစ်တပ်က ကျင်းပမည့် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန်ဟုဆိုကာ ပါတီသို့ပြန်လည်ရောက်ရှိလာခဲ့သည်။

    ထို့အပြင် လူထုအပေါ် ထားရှိသည့် သဘောထားကို သူ၏ အင်တာဗျူးများတွင် အထင်အရှား တွေ့မြင်နိုင်သည်။ နိုင်ငံရေးဆိုသည်မှာ ဖြစ်နိုင်သည်ကို လုပ်ခြင်းဖြစ်သည်ဟု သဘောဆောင်သော ဆင်ခြေကို အသုံးချကာ ပြည်သူတို့၏ အသက်၊ သွေး၊ ချွေးများဖြင့် ရင်းနှီးထားသည့် ဒီမိုကရေစီ တောင်းဆိုချက်များကို မျက်ကွယ်ပြုခဲ့သည်။

    ဤကဲ့သို့ ဝန်ကြီးရာထူးကို စွန့်လွှတ်ရအပြီး ပါတီသို့ ပြန်လည်ခြေဦးလှည့်လာခြင်းသည် ပြည်သူ့အကျိုးကို ရှေးရှု၍ မဟုတ်ဘဲ၊ စစ်ကောင်စီက ခင်းကျင်းပေးထားသည့် ဟန်ပြ ရွေးကောက်ပွဲ ဇာတ်ခုံပေါ်တွင် နောက်ထပ် အာဏာခွဲတမ်း တစ်ခုကို မျှော်လင့်နေခြင်းသာ ဖြစ်သည်။

    မည်သို့ပင်ဆ်ိုစေ အာဏာသိမ်းစစ်အုပ်စုသည် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲမတ်ိုင်ခင် အောက်တိုဘာလထဲကပင် ဒေါ်သက်သက်ခိုင်ကို စီးပွားရေးလုပ်ငန်းတစ်ခုအတွက် ဘဏ်ချေးငွေ ပြန်မဆပ်ဘဲ အကြွေးတင်နေခြင်းသည် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈ (ဃ) ပါ ပြဋ္ဌာန်းချက်နှင့် ငြိစွန်းသည်ဟုဆိုကာ ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ခဲ့သည်။

    သူကလည်း စစ်တပ်ကို ရွေးကောက်ပွဲတွင် ဒိုင်လူကြီးလုပ်သည့်အပြင် စစ်ဗိုလ်ချုပ်များက ကြံ့ခိုင်ရေးပါတီအမတ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်နေကြသည်ဟု ဒီဇင်ဘာလတွင် ထောက်ပြခဲ့သည်။

    နောက်တစ်လတွင် အာဏာသိမ်းစစ်အုပ်စုက ဒေါ်သက်သက်ခိုင်ကို ခေတ္တထိန်းသိမ်းလိုက်သည်။ အကြောင်းပြချက်မှာ ဒေါ်သက်သက်ခိုင်သည် ရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်မရဘဲ သံတမန်အချို့နှင့်တွေ့ဆုံခဲ့ခြင်းကြောင့် ဖြစ်သည်ဟုဆိုသည်။ ထိုဖြစ်ရပ်ကြောင့် ၎င်းဦးဆောင်နေသည့် ပါတီကို ဖျက်သိမ်းနိုင်သော ပုဒ်မဖြင့်အရေးယူမည်ဟု အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီလ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

    နိုင်ငံရေးတွင်တိုက်ဆိုင်မှုမရှိဆိုသည့် စကားအတိုင်း စစ်အစိုးရယန္တရားတွင် ဝန်ကြီးအဖြစ် အသုံးတော်ခံခဲ့သော ဒေါ်သက်သက်ခိုင်ကို ထိုသို့နှိပ်ကွပ်ခြင်းသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ကိုမလိုတော့ပြီဟူသော သဘော သက်ရောက်ခဲ့သည်။

    ထိုနှိပ်ကွပ်မှုအပြီးတွင် ပါတီတွင်း ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ပေါ်ပေါက်လာသည်။

    ပါတီ၏ ဖေဖော်ဝါရီလ ၁၈ ရက်နေ့နှင့် နောက်ပိုင်း သတင်းထုတ်ပြန်ချက်များတွင် ဒေါ်သက်သက်ခိုင်၏ တာဝန်ကို လူစွမ်းအားအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ ဂုဏ်ထူးဆောင် နာယက စသဖြင့်ဖော်ပြခဲ့သည်။ အသက် ၅၅ နှစ်အရွယ် ဒုဥက္ကဋ္ဌဦးစောဟန်အေးက သူ့နေရာတွင် ရောက်လာသည်။

    ပါတီတည်ထောင်သူဖြစ်ပြီး ဒုဥက္ကဋ္ဌ (၁)၊ ယာယီဥက္ကဋ္ဌ စသည့် တာဝန်များယူခဲ့သူ အသက် ၇၇ နှစ်အရွယ် စစ်အရာရှိဟောင်း ဦးမြင့်မောင်ထွန်းအား အဆိုပါ ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်ပိုင်း ပြန်လည်ပြင်ဆင် ဖွဲ့စည်းမှုတွင် မတွေ့ရတော့ပေ။

    ဒေါ်သက်သက်ခိုင်နေရာတွင် အစားထိုးမည်ဆိုပါက ဦးမြင့်မောင်ထွန်းကို ရွေးချယ်ရမည်ဟု နားလည်ရသည်။ သို့သော်လည်း ဒုဥက္ကဋ္ဌ (၂) ဖြစ်သော ဦးစောဟန်အေးသည် ဦးမြင့်မောင်ထွန်းကို ကျော်လွန်၍ ပါတီဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ဒုဥက္ကဋ္ဌ (၂) နေရာတွင် ယခင် တွဲဖက် အထွေထွေအတွင်းရေးမှူးဖြစ်သော ဦးတင်မောင်ညီ ရောက်လာသည်။ ဒုဥက္ကဋ္ဌ (၁) ဦးမြင့်မောင်ထွန်း​၏ နေရာ လစ်လပ်လျက်ရှိနေသည်။

    ဒေါ်သက်သက်ခိုင်ကို ခေါ်ယူစစ်ဆေးခြင်း၊ အရေးယူမည်ဟု ကြေညာခံထားရခြင်း၊ ပါတီဥက္ကဋ္ဌနေရာမှ ဖယ်ပေးလိုက်ခြင်းစသည့် ဖြစ်ရပ်များကို သုံးသပ်ကြည့်လျှင် စစ်တပ်က ဒေါ်သက်သက်ခိုင်ကို နိုင်ငံရေးစင်မြင့်ပေါ်မှ ဖယ်ရှားလိုက်သည့်အသွင်ဆောင်လျက်ရှိသည်။

    ဤဖြစ်စဉ်တစ်ခုလုံးကို ခြုံငုံကြည့်လျှင် ဒေါ်သက်သက်ခိုင်၏ နိုင်ငံရေးဇာတ်လမ်းသည် စစ်အာဏာရှင်တို့၏ ထုံးစံအတိုင်း၊ ‘အသုံးချပြီးလျှင် စွန့်ပစ်ခြင်း’ ဆိုသည့် နိယာမအတိုင်းပင် အဆုံးသတ်သွားခဲ့ရပြီဖြစ်သည်။ ဘဏ်အကြွေးကိစ္စကို အကြောင်းပြကာ ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခြင်း၊ ရွေးကောက်ပွဲ ဝေဖန်မှုအပြီးတွင် ခေတ္တဖမ်းဆီးထိန်းသိမ်းခြင်း၊ ပါတီထိပ်ပိုင်းရာထူးများ ရုတ်တရက် ပြန်လည်ပြင်ဆင်လိုက်ခြင်းတို့သည် တိုက်ဆိုင်မှုများ မဟုတ်ကြပေ။

    စစ်ဗိုလ်ချုပ်ကြီးများအတွက် နိုင်ငံရေးအရ အသုံးဝင်စဉ်က သူ့ကို ဝန်ကြီးရာထူးဖြင့် မြှောက်စားခဲ့သော်လည်း၊ တရားဝင်မှု (Legitimacy) ရလိုသည့် မင်းအောင်လှိုင်သည် အတုအယောင်ရွေးကောက်ပွဲပြုလုပ်အပြီး အသုံးမတည့်တော့သည့်အခါတွင်မူ နိုင်ငံရေးဇာတ်ခုံပေါ်၌ ရှိမနေစေရန် အပြစ်ရှာ မောင်းထုတ်လိုက်ခြင်း ဖြစ်သည်။

    နောက်ဆုံးတွင် ဒေါ်သက်သက်ခိုင်သည် ပြည်သူ့ဘက်၌လည်း ရပ်တည်နိုင်ခြင်းမရှိ၊ အာဏာရှင်၏ ယုံကြည်မှု ကိုလည်း ဆက်လက်မထိန်းသိမ်းနိုင်ဘဲ နိုင်ငံရေးလောက၏ ဖယ်ကြဉ်ခြင်းခံရသူ အဖြစ်သာ သမိုင်းတွင် နာမည်ပျက်ကျန်ရစ်တော့မည် ဖြစ်ပေသည်။

  • လားရှိုးကုန်စုံဆိုင်က သိန်း ၁,၀၀၀ နဲ့ ပြန်.ပေးဆွဲခံရသည့် အမျိုးသမီးကိစ္စ နောက်ဆက်တွဲ – တရားခံတွေက အိမ်နီးချင်းတွေ ဖြစ်နေ!

    လားရှိုးကုန်စုံဆိုင်က သိန်း ၁,၀၀၀ နဲ့ ပြန်.ပေးဆွဲခံရသည့် အမျိုးသမီးကိစ္စ နောက်ဆက်တွဲ – တရားခံတွေက အိမ်နီးချင်းတွေ ဖြစ်နေ!

    ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက် (၅) နယ်မြေ (၁၉)၊ နမ့်ကျန်လမ်းနှင့် လမ်းသွယ်(၂)လမ်း ထောင့် ရှိ ကုန်စုံဆိုင်တစ်ခုတွင် အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ချိန်ရွယ်ပြန်ပေးဆွဲသွားသည့် ကျူးလွန်သူများအနက် (၃) ဦးကို ဖမ်းဆီးရမိပြီး ပြန်ပေးဆွဲခံရသူမှာလည်း ဘေးကင်းစွာ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီ (၂၄) ရက်၊ ညနေ (၄) နာရီ (၄၀) မိနစ်ခန့်က Mask တပ်ထားသည့် အမျိုးသား (၄) ဦးသည် CROWN Athalatte (အဖြူရောင်) ယာဉ်ဖြင့် အဆိုပါ နမ့်ကျန်လမ်းရှိ “ကျိန်တက်” ကုန်စုံဆိုင်သို့ ရောက်ရှိလာခဲ့ပြီး ၎င်းတို့အနက် (၃) ဦးသည် ဆိုင်အတွင်းဝင်ရောက်ကာ အသက် (၂၂) နှစ်အရွယ် အမျိုးသမီးတစ်ဦး ကို သေနတ်ဖြင့် ချိန်ရွယ်ကာ ကားပေါ်သို့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သဖြင့် တာဝန်ရှိသူများက လိုအပ်သည့် စုံစမ်း စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်၊ ညနေ (၅) နာရီတွင် အဆိုပါ အမျိုးသမီးအား ကယ်ဆည်နိုင်ခဲ့ကြောင်း သိရသည်။

    အလားတူ ကျူးလွန်သူများကို စုံစမ်းစစ်ဆေးမှုများဆောင်ရွက်ရာ ယနေ့ (ဖေဖော်ဝါရီ ၂၆ ရက်) ၊ နံနက် (၉) နာရီ တွင် လားရှိုးမြို့ရပ်ကွက် (၁၂) ရှိ နေအိမ်တစ်လုံး၌ လောင်အေး (ခ) လောက်အဲကို လည်းကောင်း၊ နံနက် (၁၁) နာရီတွင် လားရှိုးလမ်းမကြီးနှင့် ဟက်ကာကျေးရွာသွား လမ်းဆုံ၌ ဇေယျာအောင်ကို လည်းကောင်း၊ နေ့လည် (၁၂) နာရီ (၄၅) မိနစ်တွင် စိမ်းလဲ့ညိုတည်းခိုခန်း၌ ခိုအောင်းနေသည့် တူးဂျာ ကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

    ဖြစ်စဉ်တွင် ယာဉ်မောင်းအဖြစ် ပါဝင်ခဲ့သူ အဖွဲ့ခေါင်းဆောင် ရာဂျေး (ခ) ဝမ်တားဖုံ သည် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် Glock အမျိုးအစား စတီးရောင် ပစ္စတို တစ်လက်၊ လိုင်စင်မဲ့ Crown (အဖြူရောင်) ကားတို့နှင့်အတူ သိန္နီမြို့သို့ တိမ်းရှောင်သွားကြောင်းသိရသည့်အတွက် ၎င်းအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေပြီး လက်ရှိ တွင် ဖမ်းဆီးရမိထားသည့် ကျူလွန်သူများကိုလည်း လားရှိုးမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ငွေကြေးအမြောက်အမြား တောင်းခံကာ ဖမ်းဆီးခေါ်ဆောင်သွားခံရသည့် အမျိုးသမီးငယ်တစ်ဦး မနေ့က (ဖေဖော်ဝါရီ ၂၇ ရက်) မှာ ဘေးကင်းစွာ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ပါတယ်။

    ထူးခြားချက်မှာ အဆိုပါ အမျိုးသမီးကို ဖမ်းဆီးခေါ်ဆောင်သွားသူ အမျိုးသား (၃) ဦးလုံးကိုလည်း ထိုနေ့ နေ့လယ်ပိုင်းမှာတင် သက်ဆိုင်ရာက ပြန်လည်ဖမ်းဆီးရမိခဲ့တာပါ။ အဆိုပါ ကျူးလွန်သူတွေဟာ အခြားသူတွေမဟုတ်ဘဲ နစ်နာသူအမျိုးသမီးနဲ့ တစ်ရပ်ကွက်တည်းနေထိုင်သူတွေဖြစ်ပြီး လုပ်ငန်းသဘောအရလည်း အတွင်းသိအချင်းချင်းတွေ ဖြစ်နေကြတာပါ။

    ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်က ရပ်ကွက် (၅) ရှိ ကုန်စုံဆိုင်တစ်ခုထဲကို အမျိုးသား (၃) ဦး ဝင်ရောက်လာပြီး အသက် (၂၀) ကျော်အရွယ် အမျိုးသမီးကို အတင်းအဓမ္မ ဖမ်း.ဆီး.ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

    ကျူးလွန်သူတွေက အဆိုပါအမျိုးသမီးကို ပြန်လွှတ်ပေးဖို့အတွက် ငွေကျပ် သိန်း ၁,၀၀၀ အထိ တောင်းခံခဲ့တယ်လို့ သိရပါတယ်။

    တရားခံများ၏ အခြေအနေ: ကျူးလွန်သူတွေဟာ တစ်လမ်းတည်းနေ အိမ်နီးချင်းတွေဖြစ်ပြီး Tရုတ်အမျိုးသားအချင်းချင်း အတွင်းသိတွေဖြစ်ကာ အလုပ်အတူတူ လုပ်ဖူးသူတွေလည်း ဖြစ်ကြပါတယ်။

    အခုလို အိမ်နီးချင်းအချင်းချင်းတောင် ယုံကြည်ရခက်တဲ့ အခြေအနေမျိုးမှာ မိမိတို့ရဲ့ လုံခြုံရေးကို အထူးဂရုစိုက်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

  • အမေရိကန်နှင့်အစ္စရေး၏ တိုက်ခိုက်မှုအတွင်း အီရန်ခေါင်းဆောင် ခါမေနီ သေဆုံးသွားပြီဟု အီရန်အစိုးရက တရားဝင် ကြေညာ

    အမေရိကန်နှင့်အစ္စရေး၏ တိုက်ခိုက်မှုအတွင်း အီရန်ခေါင်းဆောင် ခါမေနီ သေဆုံးသွားပြီဟု အီရန်အစိုးရက တရားဝင် ကြေညာ

    အမေရိကန်နှင့် အစ္စရေးတို့၏ အပြင်းအထန် လေကြောင်းတိုက်ခိုက်မှုများအတွင်း အီရန်နိုင်ငံ၏ အာဏာရှင် ဘာသာရေး ခေါင်းဆောင် အယာတိုလာ အလီခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် မီဒီယာများက ယနေ့တွင် တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်။

    645334111 1287875306773406 1036371377509884831 N

    ယမန်နေ့ အီရန်နိုင်ငံ၊ တဟီရန်မြို့ရှိ နေအိမ်ဝင်းအတွင်း ရှိနေစဉ် တိုက်ခိုက်ခံခဲ့ရ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    အီရန်သတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ ခါမေနီ၏ နေအိမ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သော အဆိုပါ ဗုံးကျဲမှုအတွင်း ခါမေနီ၏ သမီး၊ သားမက် နှင့် မြေးဖြစ်သူ တို့ပါ အတူတကွ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

    အဆိုပါတိုက်ခိုက်မှုသည် အီရန်၏ ထိပ်သီးခေါင်းဆောင်ပိုင်းကို အဓိကပစ်မှတ်ထားသည့် “Operation Epic Fury” (အမေရိကန်) နှင့် “Operation Shield of Judah” (အစ္စရေး) စစ်ဆင်ရေးတို့၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

    643661430 1287952763432327 8309896910193688520 N

    အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ခါမေနီသေဆုံးမှုကို အတည်ပြုခဲ့ပြီး၊ ခါမေနီကို “သမိုင်းတွင် အဆိုးဝါးဆုံးပုဂ္ဂိုလ်တစ်ဦး” အဖြစ် ရည်ညွှန်းပြောဆိုခဲ့သည်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကလည်း ခါမေနီသေဆုံးမှုသည် အီရန်ပြည်သူများအတွက် ၎င်းတို့နိုင်ငံကို ပြန်လည်ရယူရန် အကြီးမားဆုံးသော အခွင့် အရေးဖြစ်ကြောင်း ပြောကြားခဲ့သည်။

    644897615 1288047203422883 1633398137428256135 N

    အီရန်နိုင်ငံတစ်ဝန်းတွင် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများ ဆက် လက်ဖြစ်ပွားနေဆဲဖြစ်ပြီး၊ အီရန်ဘက်ကလည်း ဒေသတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ဒုံးကျည်များဖြင့် ပြန်လည်လက်တုံ့ပြန်လျက်ရှိသည်။

    အီရန်ခေါင်းဆောင် ခါမေနီနှင့်အတူ အီရန်ကာကွယ်ရေးဝန်ကြီး၊ စစ်တပ်အကြီးအကဲများစွာ သေဆုံးသွားပြီဟု အစ္စရေးက အမည်စာရင်းများနှင့်တကွ ထုတ်ပြန်ကြေညာ

    641642679 1287952923432311 2527883656103579960 N

    အီရန်ခေါင်းဆောင် ခါမေနီနှင့်အတူ အီရန်ကာကွယ်ရေးဝန်ကြီး၊ စစ်ဘက်ခေါင်းဆောင်များ သေဆုံးသွားပြီဟု အစ္စရေးက အမည်စာရင်းများနှင့်တကွ ထုတ်ပြန်ကြေညာလိုက်သည်။

    ယနေ့နံနက်ပိုင်း အီရန်နိုင်ငံအတွင်း ပြုလုပ်ခဲ့သော “Lion’s Roar” စစ် ဆင်ရေးအတွင်း အီရန်အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေနီ (Ayatollah Ali Khamenei)နှင့်အတူ အီရန်ခေါင်း ဆောင်၏ လုံခြုံရေးဆိုင်ရာ အကြံပေးအရာရှိ အလီ ရှမ်ခါနီ ၊ အီရန်နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီး အဇစ် နာဆီရာဇာဒေး (Aziz Nasirzadeh)၊ အီရန် စစ်ဘက်ရေးရာရုံး အကြီးအကဲ မိုဟာမက် ရှီရာဇီ (Mohammad Shirazi)၊ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ အဆင့်မြင့်တပ်မှူးကြီး မိုဟာမက် ပတ်ခ်ပွား (Mohammad Pakpour)၊ အီရန်စစ်တပ်၏ ထိပ်တန်းထောက်လှမ်းရေးအရာရှိကြီး ဆာလေ အာဆာဒီ (Saleh Asadi) တို့ပါဝင်ကြောင်း သိရှိရသည်။

    အစ္စရေးစစ်ဘက် ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ အီရန် စစ်ဘက်အရာရှိကြီးများက တီဟီရန်မြို့တော်အတွင်းရှိ အဆောက်အအုံနှစ်ခု၌ အဆင့်မြင့်အစည်း အဝေး ပြုလုပ်နေစဉ် တိကျသော လေကြောင်းတိုက်ခိုက်မှု (Precision Strike) ဖြင့် ချေမှုန်းခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

    သို့သော်လည်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ချီကမူ “ခေါင်း ဆောင်ကြီး ခါမေနီသည် အသက်ရှင်လျက်ရှိနေသေးသည်” ဟု အစောပိုင်းတွင် မရေရာစွာ ပြောကြားခဲ့ပြီး၊ အီရန်အစိုးရဘက်မှလည်း ယခုဖော်ပြပါ အရာရှိကြီးများ သေဆုံးမှုစာရင်းနှင့် ပတ်သက်၍ ယခုအချိန်အထိ တရားဝင် အတည်ပြုထုတ်ပြန်ခြင်း မရှိသေးပေ။

    Mm News.xyz 2026 03 01 082130

    644719892 1287952960098974 694582613153855753 N

    644630207 1287952816765655 5466696635118361241 N

    643377577 1287952863432317 7957786848758119512 N

    641642679 1287952923432311 2527883656103579960 N

    အီရန်ခေါင်းဆောင် ခါမေနီ အပါအဝင် အီရန်ခေါင်းဆောင်များ သေဆုံးသွားပြီဟု အမေရိကန် သမ္မတထရမ့် ပြောကြား

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အမြင့်ဆုံးခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီသည် စနေနေ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့ပြီဆိုသည့် သတင်းများမှာ “မှန်ကန်သည်” ဟု မိမိယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

    NBC သတင်းဌာနနှင့် ပြုလုပ်ခဲ့သော တိုတောင်းသည့် ဖုန်းအင်တာဗျူးတစ်ခုတွင် သမ္မတထရန့်က ခါမေနီသေဆုံးမှုသတင်းနှင့် ပတ်သက်၍ “အဲဒီသတင်းဟာ မှန်ကန်တဲ့သတင်းဖြစ်တယ်လို့ ကျနော်တို့ ခံစားရပါတယ်” ဟု ဖြေကြားခဲ့သည်။

    ၎င်း၏ ပြောကြားချက်အရ အီရန်၏ ထိပ်သီးခေါင်းဆောင်ပိုင်း အမြောက်အမြားသည်လည်း အဆိုပါတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြောင်း သိရသည်။

    “သမိုင်းမှာ အယုတ်မာဆုံးဆိုတဲ့ လူတွေထဲက တစ်ယောက်ဖြစ်တဲ့ ခါမေနီကတော့ သေသွားပါပြီ။ ဒါဟာ အီရန်ပြည်သူတွေအတွက်တင် မဟုတ်ဘူး၊ ခါမေနီကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့၊ ကိုယ်လက်အင်္ဂါတွေ ပျက်စီးခဲ့ရတဲ့ ကျနော်တို့ရဲ့ မွန်မြတ်လှတဲ့ အမေရိကန်နိုင်ငံသားတွေရော၊ ကမ္ဘာတစ်ဝန်းက နိုင်ငံအများအပြားမှာရှိတဲ့ ပြည်သူတွေအားလုံးအတွက်ပါ တရားမျှတမှု ရရှိလိုက်တာပဲ ဖြစ်ပါတယ်” ဟု အမေရိကန်သမ္မတ ဒေါ်နယ် ဂျေ ထရမ့်က လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။

    ထို့ပြင် အီရန်နိုင်ငံ၏ အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်လေ့ရှိသည့် အဆင့်မြင့်အရာရှိကြီး အတော်များများမှာလည်း ယခုအခါ မရှိတော့ကြောင်း (Gone) အမေရိကန်သမ္မတက ဖြည့်စွက်ပြောကြားခဲ့သည်။

    လက်ရှိ အခြေအနေမှာ အီရန်အစိုးရ၏ အုပ်ချုပ်ရေးယန္တရား ကြီးမားစွာ ထိခိုက်သွားခြင်းကို ရည်ညွှန်းခြင်း ဖြစ်ကြောင်း သိရှိရသည်။

    အစ္စရေးစစ်တပ်ကလည်း ယနေ့နံနက်ပိုင်း အီရန်နိုင်ငံအတွင်း ပြုလုပ်ခဲ့သော လေကြောင်းစစ်ဆင်ရေးအတွင်း အီရန်၏ အဓိကစစ်ဘက်ခေါင်းဆောင်များဖြစ်သည့် ကာကွယ်ရေးဝန်ကြီးနှင့် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ အဆင့်မြင့်တပ်မှူးကြီးတို့ကို သတ်ဖြတ်နိုင်ခဲ့ကြောင်း တရားဝင် ထုတ်ပြန်ကြေညာသည်။

    အီရန်၏ အမြင့်ဆုံးခေါင်းဆောင်သစ် မည်သူဖြစ်လာနိုင်သနည်းဟူသော မေးခွန်းနှင့် ပတ်သက်၍မူ သမ္မတထရမ့်က “ကျနော်လည်း မသိပါဘူး။ ဒါပေမဲ့ တစ်ချိန်ချိန်မှာတော့ သူတို့ဘက်က ကျနော်ဆီ ဖုန်းဆက်ပြီး ဘယ်သူ့ကို ခေါင်းဆောင်အဖြစ် သဘောကျသလဲဆိုတာ လာမေးကြပါလိမ့်မယ်” ဟု ပြောဆိုသည်။