Category: News

  • အမေရိကန်နှင့်အစ္စရေး၏ တိုက်ခိုက်မှုအတွင်း အီရန်ခေါင်းဆောင် ခါမေနီ သေဆုံးသွားပြီဟု အီရန်အစိုးရက တရားဝင် ကြေညာ

    အမေရိကန်နှင့်အစ္စရေး၏ တိုက်ခိုက်မှုအတွင်း အီရန်ခေါင်းဆောင် ခါမေနီ သေဆုံးသွားပြီဟု အီရန်အစိုးရက တရားဝင် ကြေညာ

    အမေရိကန်နှင့် အစ္စရေးတို့၏ အပြင်းအထန် လေကြောင်းတိုက်ခိုက်မှုများအတွင်း အီရန်နိုင်ငံ၏ အာဏာရှင် ဘာသာရေး ခေါင်းဆောင် အယာတိုလာ အလီခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် မီဒီယာများက ယနေ့တွင် တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်။

    645334111 1287875306773406 1036371377509884831 N

    ယမန်နေ့ အီရန်နိုင်ငံ၊ တဟီရန်မြို့ရှိ နေအိမ်ဝင်းအတွင်း ရှိနေစဉ် တိုက်ခိုက်ခံခဲ့ရ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    အီရန်သတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ ခါမေနီ၏ နေအိမ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သော အဆိုပါ ဗုံးကျဲမှုအတွင်း ခါမေနီ၏ သမီး၊ သားမက် နှင့် မြေးဖြစ်သူ တို့ပါ အတူတကွ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

    အဆိုပါတိုက်ခိုက်မှုသည် အီရန်၏ ထိပ်သီးခေါင်းဆောင်ပိုင်းကို အဓိကပစ်မှတ်ထားသည့် “Operation Epic Fury” (အမေရိကန်) နှင့် “Operation Shield of Judah” (အစ္စရေး) စစ်ဆင်ရေးတို့၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

    643661430 1287952763432327 8309896910193688520 N

    အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ခါမေနီသေဆုံးမှုကို အတည်ပြုခဲ့ပြီး၊ ခါမေနီကို “သမိုင်းတွင် အဆိုးဝါးဆုံးပုဂ္ဂိုလ်တစ်ဦး” အဖြစ် ရည်ညွှန်းပြောဆိုခဲ့သည်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကလည်း ခါမေနီသေဆုံးမှုသည် အီရန်ပြည်သူများအတွက် ၎င်းတို့နိုင်ငံကို ပြန်လည်ရယူရန် အကြီးမားဆုံးသော အခွင့် အရေးဖြစ်ကြောင်း ပြောကြားခဲ့သည်။

    644897615 1288047203422883 1633398137428256135 N

    အီရန်နိုင်ငံတစ်ဝန်းတွင် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများ ဆက် လက်ဖြစ်ပွားနေဆဲဖြစ်ပြီး၊ အီရန်ဘက်ကလည်း ဒေသတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ဒုံးကျည်များဖြင့် ပြန်လည်လက်တုံ့ပြန်လျက်ရှိသည်။

    အီရန်ခေါင်းဆောင် ခါမေနီနှင့်အတူ အီရန်ကာကွယ်ရေးဝန်ကြီး၊ စစ်တပ်အကြီးအကဲများစွာ သေဆုံးသွားပြီဟု အစ္စရေးက အမည်စာရင်းများနှင့်တကွ ထုတ်ပြန်ကြေညာ

    641642679 1287952923432311 2527883656103579960 N

    အီရန်ခေါင်းဆောင် ခါမေနီနှင့်အတူ အီရန်ကာကွယ်ရေးဝန်ကြီး၊ စစ်ဘက်ခေါင်းဆောင်များ သေဆုံးသွားပြီဟု အစ္စရေးက အမည်စာရင်းများနှင့်တကွ ထုတ်ပြန်ကြေညာလိုက်သည်။

    ယနေ့နံနက်ပိုင်း အီရန်နိုင်ငံအတွင်း ပြုလုပ်ခဲ့သော “Lion’s Roar” စစ် ဆင်ရေးအတွင်း အီရန်အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေနီ (Ayatollah Ali Khamenei)နှင့်အတူ အီရန်ခေါင်း ဆောင်၏ လုံခြုံရေးဆိုင်ရာ အကြံပေးအရာရှိ အလီ ရှမ်ခါနီ ၊ အီရန်နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီး အဇစ် နာဆီရာဇာဒေး (Aziz Nasirzadeh)၊ အီရန် စစ်ဘက်ရေးရာရုံး အကြီးအကဲ မိုဟာမက် ရှီရာဇီ (Mohammad Shirazi)၊ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ အဆင့်မြင့်တပ်မှူးကြီး မိုဟာမက် ပတ်ခ်ပွား (Mohammad Pakpour)၊ အီရန်စစ်တပ်၏ ထိပ်တန်းထောက်လှမ်းရေးအရာရှိကြီး ဆာလေ အာဆာဒီ (Saleh Asadi) တို့ပါဝင်ကြောင်း သိရှိရသည်။

    အစ္စရေးစစ်ဘက် ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ အီရန် စစ်ဘက်အရာရှိကြီးများက တီဟီရန်မြို့တော်အတွင်းရှိ အဆောက်အအုံနှစ်ခု၌ အဆင့်မြင့်အစည်း အဝေး ပြုလုပ်နေစဉ် တိကျသော လေကြောင်းတိုက်ခိုက်မှု (Precision Strike) ဖြင့် ချေမှုန်းခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

    သို့သော်လည်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ချီကမူ “ခေါင်း ဆောင်ကြီး ခါမေနီသည် အသက်ရှင်လျက်ရှိနေသေးသည်” ဟု အစောပိုင်းတွင် မရေရာစွာ ပြောကြားခဲ့ပြီး၊ အီရန်အစိုးရဘက်မှလည်း ယခုဖော်ပြပါ အရာရှိကြီးများ သေဆုံးမှုစာရင်းနှင့် ပတ်သက်၍ ယခုအချိန်အထိ တရားဝင် အတည်ပြုထုတ်ပြန်ခြင်း မရှိသေးပေ။

    Mm News.xyz 2026 03 01 082130

    644719892 1287952960098974 694582613153855753 N

    644630207 1287952816765655 5466696635118361241 N

    643377577 1287952863432317 7957786848758119512 N

    641642679 1287952923432311 2527883656103579960 N

    အီရန်ခေါင်းဆောင် ခါမေနီ အပါအဝင် အီရန်ခေါင်းဆောင်များ သေဆုံးသွားပြီဟု အမေရိကန် သမ္မတထရမ့် ပြောကြား

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အမြင့်ဆုံးခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီသည် စနေနေ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့ပြီဆိုသည့် သတင်းများမှာ “မှန်ကန်သည်” ဟု မိမိယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

    NBC သတင်းဌာနနှင့် ပြုလုပ်ခဲ့သော တိုတောင်းသည့် ဖုန်းအင်တာဗျူးတစ်ခုတွင် သမ္မတထရန့်က ခါမေနီသေဆုံးမှုသတင်းနှင့် ပတ်သက်၍ “အဲဒီသတင်းဟာ မှန်ကန်တဲ့သတင်းဖြစ်တယ်လို့ ကျနော်တို့ ခံစားရပါတယ်” ဟု ဖြေကြားခဲ့သည်။

    ၎င်း၏ ပြောကြားချက်အရ အီရန်၏ ထိပ်သီးခေါင်းဆောင်ပိုင်း အမြောက်အမြားသည်လည်း အဆိုပါတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြောင်း သိရသည်။

    “သမိုင်းမှာ အယုတ်မာဆုံးဆိုတဲ့ လူတွေထဲက တစ်ယောက်ဖြစ်တဲ့ ခါမေနီကတော့ သေသွားပါပြီ။ ဒါဟာ အီရန်ပြည်သူတွေအတွက်တင် မဟုတ်ဘူး၊ ခါမေနီကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့၊ ကိုယ်လက်အင်္ဂါတွေ ပျက်စီးခဲ့ရတဲ့ ကျနော်တို့ရဲ့ မွန်မြတ်လှတဲ့ အမေရိကန်နိုင်ငံသားတွေရော၊ ကမ္ဘာတစ်ဝန်းက နိုင်ငံအများအပြားမှာရှိတဲ့ ပြည်သူတွေအားလုံးအတွက်ပါ တရားမျှတမှု ရရှိလိုက်တာပဲ ဖြစ်ပါတယ်” ဟု အမေရိကန်သမ္မတ ဒေါ်နယ် ဂျေ ထရမ့်က လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။

    ထို့ပြင် အီရန်နိုင်ငံ၏ အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်လေ့ရှိသည့် အဆင့်မြင့်အရာရှိကြီး အတော်များများမှာလည်း ယခုအခါ မရှိတော့ကြောင်း (Gone) အမေရိကန်သမ္မတက ဖြည့်စွက်ပြောကြားခဲ့သည်။

    လက်ရှိ အခြေအနေမှာ အီရန်အစိုးရ၏ အုပ်ချုပ်ရေးယန္တရား ကြီးမားစွာ ထိခိုက်သွားခြင်းကို ရည်ညွှန်းခြင်း ဖြစ်ကြောင်း သိရှိရသည်။

    အစ္စရေးစစ်တပ်ကလည်း ယနေ့နံနက်ပိုင်း အီရန်နိုင်ငံအတွင်း ပြုလုပ်ခဲ့သော လေကြောင်းစစ်ဆင်ရေးအတွင်း အီရန်၏ အဓိကစစ်ဘက်ခေါင်းဆောင်များဖြစ်သည့် ကာကွယ်ရေးဝန်ကြီးနှင့် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ အဆင့်မြင့်တပ်မှူးကြီးတို့ကို သတ်ဖြတ်နိုင်ခဲ့ကြောင်း တရားဝင် ထုတ်ပြန်ကြေညာသည်။

    အီရန်၏ အမြင့်ဆုံးခေါင်းဆောင်သစ် မည်သူဖြစ်လာနိုင်သနည်းဟူသော မေးခွန်းနှင့် ပတ်သက်၍မူ သမ္မတထရမ့်က “ကျနော်လည်း မသိပါဘူး။ ဒါပေမဲ့ တစ်ချိန်ချိန်မှာတော့ သူတို့ဘက်က ကျနော်ဆီ ဖုန်းဆက်ပြီး ဘယ်သူ့ကို ခေါင်းဆောင်အဖြစ် သဘောကျသလဲဆိုတာ လာမေးကြပါလိမ့်မယ်” ဟု ပြောဆိုသည်။

  • အရိုင်းအစိုင်းများ ဝိုင်းရံသော ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟု V V Chen ပြောဆို

    အရိုင်းအစိုင်းများ ဝိုင်းရံသော ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟု V V Chen ပြောဆို

    လိင်ပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး အသားပေး ပြောဆိုသူ ဘလော့ဂါ ဗီဗီချန်းသည် ဒေါ်အောင်ဆန်းစုကြည် ၏ နောက်လိုက်များသည် အရိုင်းအစိုင်းများဟု သူ၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေးသားလိုက်သည်။

    ဘလော့ဂါ အဖြစ် လူသိများပြီး အာဏာသိမ်း စစ်ကောင်စီ ပြုလုပ်သော ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာကနေ ရှုံးနိမ့်ခဲ့သည် ဗီဗီချမ်း (ခေါ်) နန်းဆုသဇင်အောင်သည် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မတ် ၃၁ ရက်နေ့က ယင်းကဲ့သို့ ရေးသားခဲ့ခြင်း ဖြစ်သည်။

    ဗီဗီချမ်း၏ ဖေ့ဘွတ်ခ်စာမျက်နှာတွင် “မေစုရဲ့ နောက်လိုက်တွေဟာ အရိုင်းအစိုင်းတွေ အများစုဖြစ်ပါတယ်။ ဒါကြောင့် အရိုင်းအစိုင်းတွေ ဝန်းရံတဲ့ ခေါင်းဆောင် မေစု ဖြစ်ပါတယ်။ ဒါဟာ အမှန်တရားဖြစ်ပါတယ်။ ဒါ့ကြောင့် အနာဂတ်မှာ အရိုင်းအစိုင်းကင်းစင်တဲ့ လူမှုဝန်းကျင်ကို ထိန်းကျောင်းတည်ဆောက်နိုင်တဲ့ လူသားတစ်ယောက် ဖြစ်ရလိုပါတယ်” ဟု ရေးသားထားသည်။

    ဘလော့ဂါ ဗီဗီချန်းသည် ဦးကိုကိုကြီး ဦးဆောင်သော ပြည်သူ့ပါတီ PP ကနေ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး ပါတီ PDP သို့ ပြောင်းလဲသွားပြီး ရွေးကောက်ပွဲဝင်ပြိုင်ရာတွင် အပြတ်အသတ် ရှုံးနိမ့်ခဲ့သူ တစ်ဦး ဖြစ်သည်။

    ဗီဗီချန်းသည် လိင်ပိုင်းဆိုင်ရာ အသိပညာပေး ရုပ်သံများ မျှဝေရင်း နာမည်ရလာပြီး လူသိများလာသူတစ်ဦး ဖြစ်သလို မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည်၏ ပုံစံကို လိုက်တုပြီး မဲဆွယ်စည်းရုံးမှုကြောင့် ပြင်းပြင်းထန်ထန် ဝေဖန် ခံခဲ့ရသူ ဖြစ်သည်။

  • အီရန်အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးပြီဟု အမေရိကန်သမ္မတ ထရမ့် ပြော ၊ ရုပ်အလောင်းကို အပျက်အစီးများ အကြားတွင် ရှာဖွေတွေ့ရှိဟု အစ္စရေးဆို

    အီရန်အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးပြီဟု အမေရိကန်သမ္မတ ထရမ့် ပြော ၊ ရုပ်အလောင်းကို အပျက်အစီးများ အကြားတွင် ရှာဖွေတွေ့ရှိဟု အစ္စရေးဆို

    အီရန်အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးပြီဟု အမေရိကန်သမ္မတ ထရမ့် ပြော ၊ ရုပ်အလောင်းကို အပျက်အစီးများ အကြားတွင် ရှာဖွေတွေ့ရှိဟု အစ္စရေးဆို

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အမြင့်ဆုံးခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီသည် စနေနေ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့ပြီဆိုသည့် သတင်းများမှာ “မှန်ကန်သည်” ဟု မိမိယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

    NBC သတင်းဌာနနှင့် ပြုလုပ်ခဲ့သော တိုတောင်းသည့် ဖုန်းအင်တာဗျူးတစ်ခုတွင် သမ္မတထရန့်က ခါမေနီသေဆုံးမှုသတင်းနှင့် ပတ်သက်၍ “အဲဒီသတင်းဟာ မှန်ကန်တဲ့သတင်းဖြစ်တယ်လို့ ကျနော်တို့ ခံစားရပါတယ်” ဟု ဖြေကြားခဲ့သည်။

    ၎င်း၏ ပြောကြားချက်အရ အီရန်၏ ထိပ်သီးခေါင်းဆောင်ပိုင်း အမြောက် အမြားသည်လည်း အဆိုပါတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြောင်း သိရသည်။

    “သမိုင်းမှာ အယုတ်မာဆုံးဆိုတဲ့ လူတွေထဲက တစ်ယောက်ဖြစ်တဲ့ ခါမေနီကတော့ သေသွားပါပြီ။ ဒါဟာ အီရန်ပြည်သူတွေအတွက်တင် မဟုတ်ဘူး၊ ခါမေနီကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့၊ ကိုယ်လက်အင်္ဂါတွေ ပျက်စီးခဲ့ရတဲ့ ကျနော်တို့ရဲ့ မွန်မြတ်လှတဲ့ အမေရိကန်နိုင်ငံသားတွေရော၊ ကမ္ဘာတစ်ဝန်းက နိုင်ငံအများအပြားမှာရှိတဲ့ ပြည်သူတွေအားလုံးအတွက်ပါ တရားမျှတမှု ရရှိလိုက်တာပဲ ဖြစ်ပါတယ်” ဟု အမေရိကန်သမ္မတ ဒေါ်နယ် ဂျေ ထရမ့်က လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။

    ထို့ပြင် အီရန်နိုင်ငံ၏ အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်လေ့ရှိသည့် အဆင့်မြင့်အရာရှိကြီး အတော်များများမှာလည်း ယခုအခါ မရှိတော့ကြောင်း (Gone) အမေရိကန်သမ္မတက ဖြည့်စွက်ပြောကြားခဲ့သည်။

    645334111 1287875306773406 1036371377509884831 N

    လက်ရှိ အခြေအနေမှာ အီရန်အစိုးရ၏ အုပ်ချုပ်ရေးယန္တရား ကြီးမားစွာ ထိခိုက်သွားခြင်းကို ရည်ညွှန်းခြင်း ဖြစ်ကြောင်း သိရှိရသည်။

    အစ္စရေးစစ်တပ်ကလည်း ယနေ့နံနက်ပိုင်း အီရန်နိုင်ငံအတွင်း ပြုလုပ်ခဲ့သော လေကြောင်းစစ်ဆင်ရေးအတွင်း အီရန်၏ အဓိကစစ်ဘက်ခေါင်းဆောင်များဖြစ်သည့် ကာကွယ်ရေးဝန်ကြီးနှင့် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ အဆင့်မြင့်တပ်မှူးကြီးတို့ကို သတ်ဖြတ်နိုင်ခဲ့ကြောင်း တရားဝင် ထုတ်ပြန်ကြေညာသည်။

    အီရန်၏ အမြင့်ဆုံးခေါင်းဆောင်သစ် မည်သူဖြစ်လာနိုင်သနည်းဟူသော မေးခွန်းနှင့် ပတ်သက်၍မူ သမ္မတထရမ့်က “ကျနော်လည်း မသိပါဘူး။ ဒါပေမဲ့ တစ်ချိန်ချိန်မှာတော့ သူတို့ဘက်က ကျနော်ဆီ ဖုန်းဆက်ပြီး ဘယ်သူ့ကို ခေါင်းဆောင်အဖြစ် သဘောကျသလဲဆိုတာ လာမေးကြပါလိမ့်မယ်” ဟု ပြောဆိုသည်။

    အီရန်နိုင်ငံ၏ အမြင့်ဆုံးဘာသာရေးခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီသည် ယနေ့နံနက်ပိုင်းက အီရန်နိုင်ငံအတွင်း အစ္စရေး၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း အစ္စရေးအရာရှိများကလည်း ရိုက်တာသတင်းဌာနနှင့် The Times of Israel သို့ အတည်ပြုပြောကြားသည်။

    အစ္စရေး၏ တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ရှာဖွေကယ်ဆယ်ရေးများ ပြုလုပ် ရာတွင် ခါမေနီ၏ ရုပ်အလောင်းကို ဗုံးဒဏ်ကြောင့် ပျက်စီးသွားသော အဆောက်အအုံအပျက်အစီးများကြားတွင် မကြာသေးမီကမှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

    အဆိုပါတိုက်ခိုက်မှုသည် တီဟီရန်မြို့တော်အတွင်းရှိ ခါမေနီ၏ ရုံးခန်းနှင့် နေအိမ် ဝင်းအနီးတစ်ဝိုက်ကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

    အသက် ၈၆ နှစ်အရွယ်ရှိ ခါမေနီ၏ သေဆုံးမှုသည် အီရန်နိုင်ငံအတွက်သာမက တစ်ဒေသလုံးရှိ အီရန်လိုလားသော လက်နက်ကိုင်အဖွဲ့များအတွက်ပါ ကြီးမား သော ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်ကြောင်း သတင်းများက ဆိုသည်။

    အီရန်အစိုးရဘက်မှမူ ယခုအချိန်အထိ ၎င်းတို့ခေါင်းဆောင်ကြီး ကွယ်လွန်မှုနှင့် ပတ်သက်၍ တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးသော်လည်း တီဟီရန်မြို့တစ်ဝန်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အလုံးအရင်းဖြင့် ချထားကြောင်း သိရသည်။

    အီရန်အမြင့်ဆုံးဘာသာရေးခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီ (Ayatollah Ali Khamenei) သည် လက်ရှိတွင် အသက်ရှင်လျက် ရှိ၊ မရှိကို အီရန်အစိုးရတာဝန်ရှိသူများက အသေအချာ အတည်ပြုပြောကြားရန် ငြင်းဆန်နေသည်။

    အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် မကြာမီအချိန်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ချီ (Abbas Araghchi) က ခါမေနီ၏ အခြေအနေနှင့် ပတ်သက်၍ မေးမြန်းရာတွင် “ကျနော်တို့သိသလောက်တော့ ခေါင်းဆောင်ကြီးဟာ အသက်ရှင်လျက် ရှိနေပါသေးတယ်” ဟုသာ မရေမရာ ဖြေကြားခဲ့သည်။

    အဆိုပါ ပြောကြားချက်သည် အီရန် ခေါင်းဆောင်ကြီး ခါမေနီ အမှန်တကယ် ဘေးကင်းခြင်း ရှိ၊ မရှိအပေါ် သံသယများ ပိုမိုမြင့်တက်စေခဲ့သည်။

    တိုက်ခိုက်မှုများ စတင်ချိန်တွင် ခါမေနီအား လုံခြုံစိတ်ချရသော နေရာတစ်ခုသို့ အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ကြောင်း အီရန်အရာရှိအချို့က အစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

    ထို့ပြင် တိုက်ခိုက်မှုဖြစ်ပွားပြီး နာရီပိုင်းအကြာတွင် ခါမေနီအနေဖြင့် နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာများက ကြေညာခဲ့သော်လည်း အမှန်တကယ်တွင်မူ မည်သည့်မိန့်ခွန်းမျှ ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။

    မူလက နိုင်ငံတော်သို့ ပြောကြားရန် စီစဉ်ထားသည့် မိန့်ခွန်းပြောကြားမှု အစီအစဉ် ပျက်ပြယ်သွားခြင်း၊ အဆင့်မြင့်အရာရှိများ၏ မရေရာသော တုံ့ပြန်မှုများကြောင့် အစ္စရေးဘက်က ခါမေနီသေဆုံးပြီဟု ပြောကြားနေသည့် သတင်းများမှာ ပိုမိုခိုင်လုံလာနိုင်သည်ဟု ယူဆရပါသည်။

    အကယ်၍ ခါမေနီ အမှန်တကယ် သေဆုံးသွားခဲ့ပါက အီရန်နိုင်ငံ၏ အာဏာလွှဲပြောင်းမှု အကျပ် အတည်းနှင့်အတူ အရှေ့အလယ်ပိုင်းဒေသ၏ စစ်ရေးအခြေအနေမှာ ခန့်မှန်းရခက်ခဲသည့် အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်ကြောင်း စစ်ရေးလေ့လာသူများက သတိပေးနေကြသည်။

  • ညောင်ဦးမှာ စစ်ကော်မရှင်ကားကိုကြားဖြတ်တိုက်ခိုက်၊ ၄ ဦးသေဆုံး

    ညောင်ဦးမှာ စစ်ကော်မရှင်ကားကိုကြားဖြတ်တိုက်ခိုက်၊ ၄ ဦးသေဆုံး

    ကားပျက်စီးပြီး လက်နက်နဲ့ကျည်တွေကို PDF သိမ်းဆည်း

    မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ဝါးခင်းကြီးကျေးရွာအနီး ညောင်ဦး-ကျောက်ပန်းတောင်းလမ်းပိုင်းမှာ စစ်ကော်မရှင်ကားပစ်ခံရပြီး ၄ ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းခဲ့တယ်လို့ Pakokku Special Task Force သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

    ဖေဖော်ဝါရီ ၂၇ ရက်မနက် ၇ နာရီခွဲမှာ ညောင်ဦးဘက်ကနေ ကျောက်ပန်းတောင်းဘက်ကို ခမရ ၄၁၅ က အင်အား ၅ ဦးလိုက်ပါလာတဲ့ စစ်ကား ၁ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

    Mm News.xyz 2026 02 28 210431

    “ပစ်ခတ်မှုက မိနစ် ၂၀ လောက်ဖြစ်တယ်။ ပစ်ခတ်မှုဖြစ်ပြီးတော့ ၁ ယောက်ကတော့လွတ်သွားတယ်။ ရဲဘော်တွေကတော့ အထိအခိုက်မရှိဘူး။ ကားကတော့စုတ်ပြတ်သတ်သွားတယ်။ လမ်းဘေးကွင်းပြင်ထဲ ထိုးကျသွားတာ။ ကားပေါ်မှာသေတာ ၂ ယောက်။ ခေါင်းခန်းထဲမှာ ၁ ယောက်၊ အပြင်မှာ ကျပြီးတော့ ညောင်ပင်နားသေတာ ၁ ယောက်ရယ် ကွင်းပြင်ထဲမှာသေတာ ၁ ယောက်”လို့ Pakokku Special Task Force သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော်မှိုင်းက ပြောပါတယ်။

    ပစ်ခတ်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့ပြီး ကားပေါ်က MA 3 သေနတ် ၂ လတ်၊ ကာဘိုင် ၂ လက် နဲ့ ကျည်တွေသိမ်းဆည်းခဲ့ကာ ကားကိုတော့ ပြန်အသုံးပြုလို့မရတော့တာကြောင့် အလောင်းတွေနဲ့အတူ ပစ်ထားခဲ့တယ်လို့ သိရပါတယ်။

    643887867 902370359433306 2516111903330418291 N

    ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကော်မရှင်အဖွဲ့တွေရောက်လာပြီး အနီးဝန်းကျင်ကိုပစ်ခတ်ပြီး အလောင်းတွေကို ကောက်သွားတယ်လို့ဆိုပါတယ်။

    အဆိုပါပစ်ခတ်မှုကိုတော့ Pakokku Special Task Force (ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ)၊ Bagan Nyaung Oo Special Task Force အဖွဲ့နဲ့ မကွေးတိုင်းပကဖ အမှတ် ၄ အထူး လှုပ်ရှားစစ်ကြောင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

    ဇန်နဝါရီ ၃ ရက်ကလည်း ညောင်ဦးမြို့နယ်၊ လက်ဝဲကျေးရွာနဲ့ မကျည်းတန်းကျေးရွာကြားမှာ စစ်ကော်မရှင်စစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရပြီး ၇ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

  • အစ္စရေး တိုက်ခိုက်မှုကြောင့် အီရန်က ကျောင်းသူ ၅၀ ဦး ထက်မနည်း သေဆုံးဟု ဆို

    အစ္စရေး တိုက်ခိုက်မှုကြောင့် အီရန်က ကျောင်းသူ ၅၀ ဦး ထက်မနည်း သေဆုံးဟု ဆို

    အီရန်နိုင်ငံတောင်ပိုင်း မီနက်မြို့ရှိ မိန်းကလေးကျောင်းကို အစ္စရေးက တိုက်ခိုက်မှုကြောင့် ကျောင်းသားလူ ၅၀ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ကြောင်း အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြသည်။

    642754656 1407489114723844 4454290905957920945 N

    အီရန်နိုင်ငံတောင်ပိုင်း Minab မြို့မှာရှိသော မိန်းကလေးမူလတန်းကျောင်းကို အစ္စရေးနှင့် အမေရိကန် တပ်များက တိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၅၀ ဦးအထိ ရှိလာပြီး လူပေါင်း ၆၀ခန့် ဒဏ်ရာရရှိခဲ့ကြောင်း အီရန်နိုင်ငံပိုင် IRNA သတင်းအေဂျင်စီ က ဖော်ပြသည်။

    643758467 1407489111390511 4854075460779254248 N

    အဆိုပါ သတင်းဌာနများ၏ ဖော်ပြချက် အရ တိုက်ခိုက်ခံရချိန်တွင် ကျောင်းသူ ၁၇၀ ခန့် စာသင်ကြားနေကြောင်း သိရသည်။

    ယင်းကျောင်းသည် မိန်းကလေးငယ်များကို သီးခြားသန့်သင်ကြားနေသော မူလတန်းကျောင်းတစ်ကျောင်း ဖြစ်ပြီး ဗုံးကြဲခံရမှုကြောင့်ဒဏ်ရာရှိသူများကို ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

    643776339 1407489124723843 6883090182340313775 N

    အစ္စရေး တိုက်ခိုက်မှုကြောင့် အီရန်ကာကွယ်ရေးဦးစီးချုပ် သေဆုံး

    642818950 938275551928501 4042475874346341125 N

    အီရန်စစ်တပ်ရဲ့ ကာကွယ်ရေး ဦးစီးချုပ်ဖြစ်သူ အမီယာ ဟာတာမီ ဟာ ဖေဖော်ဝါရီ ၂၈ ရက်က အစ္စရေး တိုက်ခိုက် မှုအတွင်း သေဆုံးသွားကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

    အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်နိုင်ငံအပေါ် ပူးပေါင်းစစ်ဆင်ရေးတွေ အရှိန်အဟုန်ပြင်းစွာ ဆင်နွှဲ နေစဉ် အတွင်း အီရန်စစ်တပ်အတွက် အလွန်ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခုထပ်မံ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါ တယ်။

    644456072 938275555261834 6757837724802850409 N

    ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ အမီးယာ ဟာတာမီ လုပ်ကြံ သတ်ဖြတ် ခံလိုက်ရပြီဖြစ်ကြောင်း အစ္စရေးနဲ့ နိုင်ငံ တကာသတင်းဌာနတွေမှာလည်း အရေးပေါ် သတင်းဖော်ပြခဲ့ကြပါတယ်။

    ထွက်ပေါ်လာတဲ့ မှတ်တမ်းတွေအရ တီဟီရန် မြို့တော်ရှိ လူနေရပ်ကွက် လမ်းမတစ်ခုပေါ်မှာ သွားလာနေတဲ့ သူ့ရဲ့ ယာဉ်တန်းကို အစ္စရေး လေတပ် (IAF) က ဒရုန်း ဒါမှမဟုတ် တိကျတဲ့ ဒုံးကျည်တွေသုံးပြီး ပစ်မှတ်ထား တိုက် ခိုက်ခဲ့တာ ဖြစ်ပါတယ်။