Category: News

  • အစ္စရေး တိုက်ခိုက်မှုကြောင့် အီရန်က ကျောင်းသူ ၅၀ ဦး ထက်မနည်း သေဆုံးဟု ဆို

    အစ္စရေး တိုက်ခိုက်မှုကြောင့် အီရန်က ကျောင်းသူ ၅၀ ဦး ထက်မနည်း သေဆုံးဟု ဆို

    အီရန်နိုင်ငံတောင်ပိုင်း မီနက်မြို့ရှိ မိန်းကလေးကျောင်းကို အစ္စရေးက တိုက်ခိုက်မှုကြောင့် ကျောင်းသားလူ ၅၀ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ကြောင်း အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြသည်။

    642754656 1407489114723844 4454290905957920945 N

    အီရန်နိုင်ငံတောင်ပိုင်း Minab မြို့မှာရှိသော မိန်းကလေးမူလတန်းကျောင်းကို အစ္စရေးနှင့် အမေရိကန် တပ်များက တိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၅၀ ဦးအထိ ရှိလာပြီး လူပေါင်း ၆၀ခန့် ဒဏ်ရာရရှိခဲ့ကြောင်း အီရန်နိုင်ငံပိုင် IRNA သတင်းအေဂျင်စီ က ဖော်ပြသည်။

    643758467 1407489111390511 4854075460779254248 N

    အဆိုပါ သတင်းဌာနများ၏ ဖော်ပြချက် အရ တိုက်ခိုက်ခံရချိန်တွင် ကျောင်းသူ ၁၇၀ ခန့် စာသင်ကြားနေကြောင်း သိရသည်။

    ယင်းကျောင်းသည် မိန်းကလေးငယ်များကို သီးခြားသန့်သင်ကြားနေသော မူလတန်းကျောင်းတစ်ကျောင်း ဖြစ်ပြီး ဗုံးကြဲခံရမှုကြောင့်ဒဏ်ရာရှိသူများကို ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

    643776339 1407489124723843 6883090182340313775 N

    အစ္စရေး တိုက်ခိုက်မှုကြောင့် အီရန်ကာကွယ်ရေးဦးစီးချုပ် သေဆုံး

    642818950 938275551928501 4042475874346341125 N

    အီရန်စစ်တပ်ရဲ့ ကာကွယ်ရေး ဦးစီးချုပ်ဖြစ်သူ အမီယာ ဟာတာမီ ဟာ ဖေဖော်ဝါရီ ၂၈ ရက်က အစ္စရေး တိုက်ခိုက် မှုအတွင်း သေဆုံးသွားကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

    အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်နိုင်ငံအပေါ် ပူးပေါင်းစစ်ဆင်ရေးတွေ အရှိန်အဟုန်ပြင်းစွာ ဆင်နွှဲ နေစဉ် အတွင်း အီရန်စစ်တပ်အတွက် အလွန်ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခုထပ်မံ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါ တယ်။

    644456072 938275555261834 6757837724802850409 N

    ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ အမီးယာ ဟာတာမီ လုပ်ကြံ သတ်ဖြတ် ခံလိုက်ရပြီဖြစ်ကြောင်း အစ္စရေးနဲ့ နိုင်ငံ တကာသတင်းဌာနတွေမှာလည်း အရေးပေါ် သတင်းဖော်ပြခဲ့ကြပါတယ်။

    ထွက်ပေါ်လာတဲ့ မှတ်တမ်းတွေအရ တီဟီရန် မြို့တော်ရှိ လူနေရပ်ကွက် လမ်းမတစ်ခုပေါ်မှာ သွားလာနေတဲ့ သူ့ရဲ့ ယာဉ်တန်းကို အစ္စရေး လေတပ် (IAF) က ဒရုန်း ဒါမှမဟုတ် တိကျတဲ့ ဒုံးကျည်တွေသုံးပြီး ပစ်မှတ်ထား တိုက် ခိုက်ခဲ့တာ ဖြစ်ပါတယ်။

  • စကားများရန်ဖြစ်ကြရာမှအလုပ်ရှင်အားသတ်လိုက်မိသောအလုပ်သမား

    စကားများရန်ဖြစ်ကြရာမှအလုပ်ရှင်အားသတ်လိုက်မိသောအလုပ်သမား

    အမှုဖြစ်စဥ်မှာ ၇..၁..၂၀၂၆ရက်နံနက်ပိုင်းအချိန်က

    ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့မရဲစခန်းတွင် ဒုရဲအုပ် တာဝန်ထမ်းဆောင်နေစဥ် မောင်သန်းထိုက်အောင်(၂၁)နှစ်၊ စျေးရောင်း၊ သဂ်ဟလမ်း၊ စျေးကြီးရပ်ကွက် လှည်းကူးမြို့နယ်နေသူ ရောက်ရှိလာကာ

    ၎င်းသည် ၆.၁.၂ဝ၂၆ ရက်နေ့ ည(၁၉:၀၀)အချိန်ခန့် နေအိမ်တွင်ရှိနေစဉ် ကျွန်းကလေးကျေးရွာအနောက်ပိုင်း ကစ်ကေမစ်ရှင်ဗလီရှေ့ရှိ ၎င်း၏ဇနီးဖြစ်သူ မသီရိကလျာထွန်း၊ (၂၃)နှစ်၊ မှီခို၊ သင်္ဂဟလမ်း၊ ဈေးကြီးရပ်ကွက်၊ လှည်းကူးမြို့နယ်နေသူ၏ ဖခင်ဖြစ်သူ ဦးစိုးထွန်းဦး(၅၀)နှစ်၊ ပုလင်းအခွံရောင်းဝယ်ရေး ကုန်သည်လမ်း၊ ဈေးကြီးရပ်ကွက်၊ လှည်းကူး မြို့နေသူသည်

    ၎င်း၏ အလုပ်သမားဖြစ်သူ ရဲထွန်းမင်း(၂၆)နှစ်၊ ကျတမ်း၊ ၈/၁မြို့မရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ လှည်းကူးမြို့နေသူနှင့် ပုလင်းအခွံများအတွင်းထည့်သည့်ကိစ္စဖြင့်ပတ်သက်၍ တစ်ယောက်တစ်ခွန်းစကားများကြရာမှ

    ရဲထွန်းမင်းသည်ဦးစိုးထွန်းဦးအား ဓါတ်ဆီဖြင့်ပက်၍ မီးရှို့လိုက်သဖြင့်

    ခန္ဓာကိုယ်တွင် မီးလောင်ဒဏ်ရာ များရရှိခဲ့ပြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံးကြီးသို့ရောက်ရှိနေကြောင်း၊

    ဒေါ်ခင်စန္ဒာလွင်၊(၅၃)နှစ်၊ မှီခို၊ ကုန်သည်လမ်း၊ ဈေးကြီးရပ်ကွက်၊ လှည်းကူးမြို့နေသူမှ ဖုန်းဆက်အကြောင်းကြားခဲ့သဖြင့်

    သန်းထိုက်အောင်က ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုခဲ့ရာ ယောက္ခထီးဖြစ်သူ ဦးစိုးထွန်းဦးတွင် ယာနဖူးအရေပြားလန်၊

    လည်ပင်းအရေပြားလန်၊ ဂျိုင်းအောက်အရေပြားလန်၊ရင်ဘက်အရေပြားလန်၊

    ဝမ်းဗိုက်အရေပြားလန်၊ ဝဲ/ယာလက်ဖျံအရေးပြားလန်၊ ဝဲ/ယာခြေသလုံးအရေပြားလန်၊

    ဝဲ/ယာဒူးခေါင်းအရေပြားလန်၊ ဝဲ/ယာ ခြေဖမိုးအရေပြားလန်၊ ဝဲ/ယာပေါင်ခြံကြားအရေပြားလန်၊

    ဆီးခုံအရေပြားလန် ဒဏ်ရာများရရှိခဲ့ပြီး အတွင်းလူနာ(စိုးရိမ်ရ)ဖြင့် တတ်ရောက်ကုသလျက်ရှိကြောင်းတွေ့ရှိခဲ့သဖြင့်

    ဦးစိုးထွန်းဦးအား ဓါတ်ဆီဖြင့်ပက်ပြီး မီးဖြင့် အပြင်းထန်ဒဏ်ရာများရရှိအောင်ပြုလုပ်ခဲ့သူ ရဲထွန်းမင်း အား

    ဥပဒေအရအရေးယူပေးပါရန်ရဲစခန်း၌အမှုဖွင့်လှစ်ရာရဲစခန်း(ပ)၂/၂၀၂၆ပုဒ်မ၃၂၆အရအမှုရေးဖွင့်ခဲ့ကြောင်းသိရသည်။

    အမှုစစ်နှင့်တပ်ဖွဲ့ဝင်တို့ကအမှုနှင့်ပတ်သက်၍ တရားလိုစစ်ဆေးခြင်း၊ရဲဆေးစာပေးပို့ခြင်း၊ အခင်းဖြစ်ရပ်စစ်ဆေးခြင်း၊ မြေပုံကြမ်းရေးဆွဲခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊ သက်သေများစစ်ဆေးခြင်း၊ပြစ်မှုကျူးလွန်သူကိုစုံစမ်းခြင်း၊

    သက်သေခံပစ္စည်းများအား ရှာဖွေခြင်းတို့ ဆောင်ရွက်လျက်ရှိပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိစေရေးစုံစမ်းဆောင်ရွက်နေစဥ်

    ဆေးရုံ၌ ဆေးကုသမှုခံယူနေသူ ဦးစိုးထွန်းဦးမှာ ရရှိထားသောဒဏ်ရာဖြင့်

    ၉..၁..၂၀၂၆ ရက်တွင်သေဆုံးသွားသောကြောင့် မူလရေးဖွင့်ထားသော ပုဒ်မ ၃၂၆ မှ ၃၀၂ သို့ပြောင်းလည်းရေးဖွင့်ကာ အမှုစစ် ဒုရဲမှုး သန့်ဇင် က ဆက်လက်စစ်ဆေးဆောင်ရွက်ခဲ့ရာမှ

    ပြစ်မှုကျူးလွန်သူသည် မော်လမြိုင်မြို့သို့ တိမ်းရှောင်ရောက်ရှိနေကြောင်း သိရသောကြောင့် မော်လမြိုင်မြို့မရဲစခန်းနှင့်ချိတ်ဆက်စုံစမ်းရာမှ ပြစ်မှုကျူးလွန်သူ ရဲထွန်းမင်းကို မော်လမြိုင်မြို့တွင် ဖမ်းဆီးရမိခဲ့ပြီး လှည်းကူး မြို့မရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်းသိရသည်။

    အမှုစစ်ကဖမ်းဆီးရမိသူ ရဲထွန်းမင်းကို အမှုနှင့်စစ်မေးခဲ့ရာပေါ်ပေါက်ချက်အရ ရဲထွန်းမင်းက ၎င်းသည်သေဆုံးသူ ဦးစိုးထွန်းဦးထံတွင် တစ်နေ့လျှင် နှစ်သောင်းကျပ်နှင့် အလုပ် လုပ်ကိုင်ခဲ့ရာ ဦးစိုးထွန်းဦးက တစ်နေ့လျှင် တစ်သောင်းကျပ်ထဲပေးခဲ့သည်ဟုသိရကာ

    ကျန်တစ်သောင်းကျပ်ကို ဦးစိုးထွန်းဦးက ၎င်းစုဆောင်းပေးထားမည်ဟုဆိုကာ မပေးဘဲ၁ချန်ထားကြောင်း၊

    ထိုအချိန်အထိ ဦးစိုးထွန်းဦးထံတွင် ကျူးလွန်သူ ရဲထွန်းမင်း၏ စုဆောင်းထားငွေ (၁၅၀,၀၀၀)ကျပ်အထိရှိနေကြောင်း၊

    အခင်းမဖြစ်မှီရက်ပိုင်းက ရဲထွန်းမင်းက ငွေကြေးအခက်အခဲရှိသဖြင့် ၎င်း၏စုဆောင်းထားငွေ(၁၅၀,၀၀၀)ထဲကငွေ(၅၀,၀၀၀)ခန့်တောင်းခဲ့ရာ ဦးစိုးထွန်းဦးက မပေးဘဲနေခဲ့ကြောင်း၊

    ၎င်းနောက် ငွေလိုအပ်သဖြင့် ဦးစိုးထွန်းဦး၏ဇနီးဖြစ်သူထံတောင်းခဲ့သော်လည်း မရခဲ့ကြောင်း၊

    ဦးစိုးထွန်းဦး၏သမီးဖြစ်သူထံတောင်းခဲ့ရာတွင်လည်း “ပါပါးမော်လမြိုင်သွားနေလို့ မော်လမြိုင်ကပြန်လာမှလာရောက်တောင်းယူရန်”ပြောဆိုခဲ့ကြောင်း၊

    ဦးစိုးထွန်းဦး မော်လမြိုင်ပြန်ရောက်လာစဥ် တောင်းခဲ့ရာ အမျိုးမျိုးအကြောင်းပြခဲ့ကြောင်း၊

    “အလုပ်အကိုင်မကောင်းလို့ စိတ်ညစ်နေတာ မင်းကလာတောင်းနေတယ်၊ မင်းကိုဖမ်းချုပ်ခိုင်းလိုက်ရမလား” ဟုဆိုကာထိုးကြိတ်ခဲ့သဖြင့် စိတ်ဆိုးဒေါသထွက်ပြီး အခင်းဖြစ်ပွားသည့် ၆ ရက်က ဓာတ်ဆီဝယ်ပြီး ဖူဂျီဘူးနှင့်ထည့်ကာ အုတ်တံတိုင်းကျော်တက်ပြီး ဦးစိုးထွန်းဦး အရက်သောက်ပြီးမူးနေချိန် အနောက်ကနေ ဓာတ်ဆီလောင်းချပြီး မီးရှို့ကာထွက်ပြေးခဲ့ကြောင်းသိရသည်။

    ရဲထွန်းမင်းကထွက်ပြေးစဥ် ငွေကြေးအခက်ခဲ့အရ ဦးစိုးထွန်းဦး၏ ဟန်းဖုန်းကိုယူသွားခဲ့ပြီး အသိဖြစ်သူထံရောင်းချရန်သွားရာ Password မသိသောကြောင့် ဖွင့်မရလို့ ဝယ်သူက တစ်နေရာရာကခိုးယူလာသည်ထင်ပြီး မဝယ်ရဲတာနှင့် ဂျီပီအက်ကြောင့်မိမှာစိုးသဖြင့် ဖုန်းဓာတ်ခဲထုတ်လိုက်ရာမှ ဖုန်းကပိတ်သွားသဖြင့် ရန်ကုန်မြို့သို့တိမ်းရှောင်ကာ ဘူတာကြီးတွင်တစ်ညတာအိပ်ဆက်ခဲ့ပြီး ဦးလေးဖြစ်သူထံက လမ်းစရိတ်တောင်းခံပြီး မီးရထားနှင့်မော်လမြိုင်မြို့သို့တိမ်းရှောင်ခဲ့ကြောင်း၊

    လှည်းကူး မြို့မစခန်းမှုးက မော်လမြိုင်ရဲတပ်ဖွဲ့နှင့်ချိတ်ဆက်ဆောင်ရွက်မှုကြောင့် အဖမ်းခံရကြောင်းနှင့် သက်သေခံပစ္စည်းဖုန်းကို ရဲတပ်ဖွဲ့ကသိမ်းဆည်းကာ အသေးစိပ်စစ်ဆေးပြီး ဥပဒေအကြံပြုချက်နှင့်အညီ ပုဒ်မ ၃၀၂/၃၉၂ အရ ထပ်မံရေးဖွင့်ကာ တရားစွဲဆိုတင်ပို့ခဲ့ကြောင်းသိရသည်။

    စိုးမြင့်(လှည်းကူး)

  • ကိုဖိုးချစ် ပြောပါပြီ

    ကိုဖိုးချစ် ပြောပါပြီ

    ပထမအကြိမ်ခံဝန်လက်မှတ်ထိုးခဲ့ပြီး၊ လူရွှင်တော်အဖွဲ့က နောက်တစ်ခါလက်မှတ်ထိုးရင် ဖ+င်ထဲထိုးထည့်လိုက်မယ်လို့ ပြောခဲ့တာပါ၊

    ကျွန်တော်တို့နောက်တစ်ခါလက်မှတ်ထိုးခိုင်းရင် ဘယ်လိုခေါ်ပြောရမှာလဲ ။

    ဝန်ခံကတိပထမဆုံးထိုးတော့ ..အဆင်မပြေလို့ ပြန် ေရး ပေးပါဆိုတော့လက်မှတ်ထိုးခိုင်းတဲ့အဖွဲ့အစည်းက ..သူတို့စိတ်ကြိုက်အကုန်ထပ်ပြင်ပေးခဲ့ရပါတယ်။

    သဘင်ဆိုတာ ဆင်ဆာမရှိပါဘူး၊ ထိန်းရလည်းအရမ်းခက်တယ် ။

    ကျွန်တော်လူရွှင်တော် ရွှေခေါတို့ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက မသန်စွမ်းကိစ္စအတွက် ရွှေမင်းသားဖောင်ဒေးရှင်းကို ကျွန်တော် တောင်းပန်ခဲ့ရပြီးပြီလေ၊

    641178857 1252036067108010 6697035949692877987 N

    နောက်မဖြစ်စေရဘူးပြောပြီး တခါမှ မကခဲ့တော့ဘူး၊

    အခုသူတောင်လုပ်သေးတာပဲ ပြန်ယှဉ်ပြနေတာအဲဒီတုန်းက ဟာပါ၊

    အခုလည်း အသနားခံစာတင်ရင်အဆင်ပြေသွားမှာပါပြောခဲ့တာပါ၊

    သူတို့ကို တိုင်တဲ့လူရှိလို့လုပ်ရတာ၊

    ဒါကို ကျွန်တော်လည်း attention ရှာဖို့လည်းမတွေးသလို၊ ကိုယ့်ဘာသာပဲကြိတ်ပြီးဖြေရှင်းပေးခဲ့တာပါ။

    ဇာတ်ကခဲ့တာလည်း အခုဆို ငွေရတု ၂၅ နှစ်တိုင်ခဲ့ပါပြီ. ၊ ဒါကို အကြောင်းပြပြီးအလေးထားရမယ့်ကိစ္စတွေပါလားဆိုတဲ့အသိလေးရရင်အမြတ်ထွက်ပါပြီ။

    “သဘင်အစည်းအရုံးလို့ပြောလိုက်ရင် ဖိုးချစ်ဆိုပြီးကျွန်တော့်ကိုမြင်ကြတယ်။

    ကျွန်တော့်ဇာတ်ဖျော်ဖြေ တင်ဆက်မှုတွေမှာ စည်းမျဉ်းစည်းကမ်းဥပဒေနဲ့ မညီဘူးဆိုရင် အရေးယူလို့ရပါတယ်။

    အဆင်သင့်ပါပဲ။ သဘင်အစည်းအရုံးက လှောင်စရာပြောင်စရာမဟုတ်ပါဘူး”

    ဆိုတဲ့ မြန်မာနိုင်ငံသဘင်အစည်းအရုံး ဥက္ကဋ္ဌ ဖိုးချစ်…

    ကိုကြီးဖိုးချစ်ကို တမျိုးမမြင်ကြပါနဲ့🙏🙏🙏

    ပွဲကခွင့်ပိတ်မယ်ဆိုတာလည်း ကိုကြီးထုတ်တာမဟုတ်ဘူးနော်.အခြားအဖွဲ့စည်းက ထုတ်ပြန်လို့သာ ပြောရတာဘဲရှိတယ်..သူ့ခင်ဗျာ ဆရာကောင်းပိီပီ သဘင်လောကသားတွေဆို အိတ်စိုက်ပြီးကူညီခဲ့တယ်..ကိုအောင်ဇမ္ဗူ ပြန်ကခွင့်ရအောင် ဌာနဆိုင်ရာအသီးသီးကို အသနားခံစာ တင်ပြီး ကူညီပြောပေးနေသူပါ…ကိုကြီးဖိုးချစ် စိတ်ဓာတ်လည်း သိပြီးသားဖြစ်ပါတယ်နော်🥰🥰

  • သိမ်ထဲက အမှုက မပြီးသေးဘူး လာပြန်ပြီ

    သိမ်ထဲက အမှုက မပြီးသေးဘူး လာပြန်ပြီ

    ❗မအေးပုတို့၊ ရေပျော်ငါးတို့၊ အနတ္တတို့လို လူမုန်းလည်းမခံနိုင်ဘူး။ ဘုန်းကြီးမုန်းတာလည်းမခံနိုင်ဘူး❗❗❗

    ”သူတို့လို ဘာသာခြား၊ မိစ္ဆာဒိဋ္ဌိ ဗုဒ္ဓဘာသာကို အကွက်ကျကျတိုက်ခိုက်နေသူတွေ၊ အတွင်းသူလျှိုဒလန်တွေ”လို့ ခေါင်းစဥ်တပ်ပီးလည်း အပြောမခံနိုင်ဘူး။

    သူတို့လို အားယားနေတဲ့သူလည်း မဟုတ်ဘူး။

    မမြင်ချင်ကျော်သွားလိုက်ပေါ့။ ဟုတ်တယ်မလား😏

    ဒါတွေပြောနေလို့ ကိုယ်ဘဲငရဲရမှာ

    ကတုံးလည်းမတုံးနိုင်ဘူး။ သင်္ကန်းလည်းမဝတ်နိုင်ဘူး။ မိန်းမမယူ၊ ရည်းစားမထားဘဲလည်းမနေနိုင်ဘူး။

    Mm News.xyz 2026 02 28 172056

    ကျုပ်တို့ကလူတွေ

    သွားပီးဝေဖန်ရင်ကဲ့ရဲ့ရင် ကိုယ်ဘဲငရဲရမှာ၊ ငရဲကျမှာ။

    သူ့အပြစ်ကနေ ကိုယ့်အပြစ်ဖြစ်မှာမလား❓

    မင်းဘယ်လောက်တတ်လည်း လာမေးရင်လည်း ကိုယ်တတ်တဲ့ဘွဲ့တွေက လူတွေရတဲ့ဘွဲ့တွေ။ ဒါမို့မယှဥ်နိုင်ဘူး။

    ”ပုထုစဥ်ဝိနည်းနဲ့မညီတဲ့ရဟန်းကို အရိယာဂုဏ်ကိုအာရုံပြုပီးလှူဒါန်းရင်အကျိုးများတယ်”🙏🙏🙏

    ”ပါရာဇိကမကျဖို့အဓိက”ကျန်တာအာပါတ်ဖြေလို့ရတယ်

    ”သာသနာမှာပျော်ဖို့အဓိက၊ ဒါကိုမျက်ကွယ်ပြုသင့်ရင်ပြုရမယ်”

    ဒါမျိုးတရားတွေဘဲ အဓိကထားနာယူတယ်

    🙏ငရဲကြီးမှာလည်းကြောက်တယ်။

    ”သာသနာဖျက်၊ အတွင်းဒလန် သူလျှို၊ မိစ္ဆာဒိဋ္ဌိ လို့လည်း”ခေါင်းစဥ်တပ်မခံနိုင်ဘူး။🙏

    Mm News.xyz 2026 02 28 173008

    ပုဒ်မ၆၆(ဃ)တို့၊ သာသနာတော်ညှိးနွမ်းစေမှုတို့နဲ့လည်း တရားစွဲဆိုတာမခံနိုင်ဘူး။

    အရိယာဖြစ်အောင်ကျင့်ကြံသွားရင် အပြစ်ကလွတ်ပီး ကိုယ်ကဝစီကံအပြစ်တွေကျန်ခဲ့မှာ၊ ငရဲကျမှာ ဒါမို့ဘာမှမပြောဘူး။

    ကိုယ့်အမကိုယ့်ညီမ၊ ကိုယ့်ချစ်သူမိန်းမ

    နဲ့ဖြစ်တာမှမဟုတ်တာ😏 မင်းနဲ့ဘာဆိုင်လည်းမေးလာရင်

    ကိုယ်နဲ့ဘာဆိုင်လို့လည်း?အနေသာကြီး။ အလကားနေ ကိုယ်ကမနာလိုစိတ်တွေမွေးပီး ပြစ်မှားပြောဆိုမိရင်ကိုယ်ဘဲအကုသိုလ်ရမှာ

    ဒါမို့အကောင်းမြင်စိတ်ဘဲမွေးတယ်။

    …ဘုရားသာသနာနဲ့ကြုံခိုက်မလား❓

    ရခဲလှတဲ့လူ့ဘဝမှာ အရိယာဂုဏ်ကိုအာရုံပြုပီး ဝိနည်းနဲ့မညီလည်းလှူဒါန်းရင်အကျိုးများတယ်မလား❓

    ကိုယ်က ဘာသာရေးနဲ့ပတ်သက်လာရင် နလပိန်းတုန်းသာသာဆိုတော့ ဘာမှမပြောရဲပေါင်။

    Mm News.xyz 2026 02 28 172046

    ခေတ်သစ်ဒေဝဒတ်တော့အဖြစ်မခံဘူး။….

    Videoတွေပုံတွေလာပို့လို့ တင်လို့မရလို့တင်ပေးတာဘဲရှိတယ်။

    တင်ခိုင်းတဲ့သူကိုပြောချင်တာက…. မိန်းမနဲ့ Sex Chatနေတာ ဘုန်းကြီးတဲ့…သေချာကြည့်တော့ နာမည်မှာ…ကိုကြီးတဲ့

    (သင်္ကန်းဝတ်ပီးကတုံးနဲ့ Sex Chat တဲ့ Video ထဲကလူကို

    ဘုန်းကြီးဆိုပီးပြောတာ​နော်၊ ကံကြီးထိုက်တော့မယ်)

    အဲဒီမှာတင် တင်ခိုင်းတဲ့သူကော တင်ပေးတဲ့သူကော ငရဲကျမယ့်ကိန်း😏😏☹

    (Video ပို့တဲ့သူကလည်းသူ့အမလားညီမလား❓မိန်းမလားမသိ၊ ငါ့လာလူမိုက်ဌားပီးgpထဲတင်ပေးပါခဏခဏတောင်းဆို)

    ဒါကြီးက

    AI ပါ ကျုပ်ကဝိနည်းနဲ့ညီပီး သာသနာပြုနေတဲ့ဘုန်းကြီးပါ၊ ရုပ်ချင်းဆင်တာပါ နာမည်တူလူမရှားပါ…..

    ဆိုပီးလာဖြေရှင်းလို့ရတယ်။ ခုနေတုန်းတရားထစွဲရင်ဖြေရှင်းရဦးမှာ။

    သိမ်ထဲကအမှုကမပီးသေးဘူး။

    ဝိနည်းတတ်တဲ့သူမေးတာ Sex Chat တဲ့ သိက္ခာပုဒ်ဆိုတာ အတိအကျမပါဘူးတဲ့။

    ပုံတင်ပီးတွဲရိုက်တာလည်း မောင်နှမလိုစိတ်မျိုးနဲ့ဆို အပြစ်ကင်းတယ်မလား?

    ကာမဆက်ဆံမိရင်တောင် သာယာစိတ်မဖြစ်ဘူး။

    အိပ်နေတုန်းအမျိုးသမီးဘက်က စဆက်ဆံတာ မသိလိုက်ဘူးဆိုရင် အပြစ်မရှိဘူးမလား❓

    ခုနေတုန်း တရားကျင့်ပီး ရဟန္တာဖြစ်သွားရင် ငါအရင်မြေမြိုခံရမှာ၊

    gp တစ်ခုလုံးကံကြီးထိုက်မှာ ကျနော်တော့ကြောက်တယ်။

    Credit: Captain Nyan

  • CDM များကို ‘သစ္စာမဲ့ နိုင်ငံ့ဝန်ထမ်း’ဟု ဒုစစ်ခေါင်းဆောင်ပြော

    CDM များကို ‘သစ္စာမဲ့ နိုင်ငံ့ဝန်ထမ်း’ဟု ဒုစစ်ခေါင်းဆောင်ပြော

    စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဆောင်ရွက်ခဲ့ကြသူများကို “သစ္စာမဲ့သည့် နိုင်ငံ့ဝန်ထမ်း”ဟု အာဏာသိမ်း စစ်ကော်မရှင်၏ ဒုတိယ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

    ရှမ်းပြည်နယ်ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်စောက်၊ကလော၊ ဟဲဟိုးနှင့် အောင်ပန်းမြို့များရှိ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် ဖေဖော်ဝါရီ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် တွေ့ဆုံရာ၌ ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ယနေ့ (ဖေဖော်ဝါရီ ၂၈ ရက်) ထုတ် စစ်ကော်မရှင်ထိန်းချုပ် သတင်းစာများတွင် ဖော်ပြသည်။

    CDM ဝန်ထမ်းများကို နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲပြားစွာသိမြင်မှုမရှိဟု ဒုစစ်ခေါင်းဆောင်က အပြစ်တင်ပြီး စစ်ကော်မရှင်လက်အောက် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများကိုမူ သစ္စာရှိ နိုင်ငံ့ဝန်ထမ်းကောင်းများဟု သူက ပြောသည်။

    ထို့ပြင် အာဏာသိမ်းပြီးနောက် နိုင်ငံရေးအရ ဖြစ်ပေါ်လာသည့် ပဋိပက္ခများနှင့် COVID – 19 ကပ်ရော ဂါအပါအဝင် သဘာဝဘေးကြုံတွေ့ရမှု အကျပ်အတည်းများကြားမှ လက်ရှိအခြေအနေအထိ နိုင်ငံကို တည်ဆောက်ခဲ့ရကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ခြင်းမှာ သစ္စာရှိနိုင်ငံ့ ဝန်ထမ်းများကြောင့်ဖြစ် ကြောင်းလည်း ဆိုသည်။

    အာဏာသိမ်းကာလအတွင်း စစ်ကော်မရှင်အနေဖြင့် ၎င်းတို့ကို ဆန့်ကျင်သည့် CDM ဝန်ထမ်းများကို အမည်ပျက် (Blacklists) စာရင်းသွင်းပြီး ပြည်ပထွက်ခွာခွင့်ပိတ်ပင်ခြင်း၊ CDM ဝန်ထမ်းများကို ဖမ်းဆီးခြင်း၊ CDM ဆရာဝန်များကို အလုပ်မခန့်ရန်အတွက် အလုပ်ခန့်သည့် ပုဂ္ဂလိကဆေးရုံများကို အရေးယူခြင်းတို့အပါအဝင် ဖိနှိပ်မှုများလည်း ဆောင်ရွက်ထားသည်။

    ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်နေ့တွင်မူ ဌာနမှ ကင်းကွာနေသည့် ဝန်ထမ်းများအနေဖြင့် ပြန်လည်သတင်းပို့ဆက်သွယ်ရန်နှင့် ဆက်သွယ်လာသူများကို အမည်ပျက်စာရင်းမှ ဖြေလျှော့ပေးလျက်ရှိကြောင်းလည်း ထုတ်ပြန်ခဲ့သေးသည်။

    ပြန်ကြားရေးဝန်ကြီးဌာနမှ CDM ဝန်ထမ်းတဦးကမူ စစ်ကော်မရှင်အနေဖြင့် မည်သို့ပင် ပြောနေစေကာမူ ဂရုမစိုက်ကြောင်းနှင့် ၎င်းအနေဖြင့် အဆုံးထိရပ်တည်သွားမည်ဖြစ်ကြောင်း ဆိုသည်။

    “သူတို့ စကားတွေက ယုံကြည်စရာမရှိဘူး။ ဒါလည်း တနိုင်ငံလုံးမဟုတ်ဘူး ကမ္ဘာကလည်း သိတာပါပဲ။ သူတို့ လုပ်ရပ်နဲ့ သူတို့ပြောစကားတွေက တခြားစီပဲဆိုတော့ သူတို့ ဘာတွေ ပြောနေ ပြောနေ ကိုယ်တွေကတော့ အဆုံးထိပဲ ရပ်တည်မယ့်လူတွေပေါ့။ ဒါကတော့ CDM တိုင်း အဲ့ဒီလိုပဲနေမှာပါ။ သူတို့ ဘာပြောပြော ဂရုမစိုက်ကြတော့ဘူး ခုချိန်မှာတော့လေ”ဟု ဆိုသည်။

    စစ်တပ်က အာဏာသိမ်းပြီးနောက် ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍတို့မှ ဝန်ထမ်းများအပါအဝင် နိုင်ငံ့ဝန်ထမ်းများ သိန်းနှင့်ချီပြီး အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)တွင် ပါဝင်ခဲ့ကြခြင်းဖြစ်သည်။

    ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က CDM လှုပ်ရှားမှုတွင် ပါဝင်သူများကို နိုင်ငံ့ဝန်ထမ်းသူရဲကောင်းများဟု သတ်မှတ်ထားပြီး CDM လှုပ်ရှားမှုများထဲမှ ပြည်သူ့ဘက်တော် သားများ၏ ကိုယ်ကျိုးစွန့်အနစ်နာခံမှုများသည် ကြီးမားသည့် ကဏ္ဍတွင် ပါဝင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ယာယီသမ္မတ ဒူဝါလရှီးလကလည်း ၂၀၂၅ ခုနှစ်ထဲတွင် ပြောဆိုထားသည်။