Category: News

  • ဆင်စီး ဘွဲ့ယူတဲ့ ကိစ္စကြောင့် ရန်ကုန် အနောက်ပိုင်း တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ အိပ်ယာမှ လန့်နိုး လာခဲ့ပါပြီ။

    ဆင်စီး ဘွဲ့ယူတဲ့ ကိစ္စကြောင့် ရန်ကုန် အနောက်ပိုင်း တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ အိပ်ယာမှ လန့်နိုး လာခဲ့ပါပြီ။

    ဆင်စီး မြင်းရံ ခေတ်သစ်ဘွဲ့ယူပုံစံ

    အရင် ဇိမ်ခံကားနဲ့ ဘွဲ့နှင်းသဘင် တက်လေ့ရှိရာက အခုအခါ အလှဆင်ထားတဲ့ မြင်းရထား (မြင်းလှည်း)၊ နွားနှစ်ကောင်ကတဲ့ လှည်းယာဉ်ကြော့၊ ရှေးခေတ် မင်းညီမင်းသားတွေလို စီးတော်မြင်းကို ကိုယ်တိုင်နှင်ပြီး ဂုဏ်ယူစွာနဲ့ တက္ကသိုလ်က ဘွဲ့ထူးဂုဏ်ထူးရယူသူတွေ ရှိလာသလို စည်တော်ရွမ်းကာ မင်္ဂလာဆင်တော်နဲ့ မိသားစု တခမ်းတနား ဘိသိက်သွန်းပြီး စီတန်းလှည့်လည် ဘွဲ့ယူသူအပြင် တမူထူးခြားစွာနဲ့ ငွေသားကို ပန်းကုံးသဖွယ် ဝတ်ဆင်ပြီး ဘွဲ့ယူကြသူတွေကို ဒီနေ့ခေတ် လူမှုကွန်ရက်စာမျက်နှာမှာ ပိုမိုတွေ့မြင်လာရပါတယ်။

    တက္ကသိုလ်ဝန်းထဲကို ယာဥ်ဝင်ခွင့် လက်မှတ်ပါတဲ့ ယာဥ်ပဲ ဝင်ခွင့်ရှိပြီး ဆင်၊ မြင်း၊ နွားလှည်းများ ဝင်ခွင့်မရှိလို့ ကန့်သတ်လိုက်ပါပြီ။

    ဘွဲ့နှင်းသဘင် ကျင်းပရာမှာလည်း ခန်းမ အတွင်းအပြင်ကို ကန်ထရိုက် ယူထားတဲ့ အဖွဲ့ကပဲ ကင်မရာ ရို၊က်ကူးခွင့်ရှိပြီး ပြင်ပ ကင်မရာတွေ လုံးဝ မယူလာဖို့ အမိန့်ထုတ်လိုက်ပါပြီ။

    ဒါကလည်း ရိုးရာ မပျက်ပါပဲ။

    လစာ တသိန်းရှစ်သောင်းတန်ပဲ ရမယ့် ဘွဲ့ကို မထော်မနန်း ပုံစံတွေ ပြုလုပ်ပြီး ယူခဲ့တာကြောင့် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ကို အထက်လူကြီးဆိုတဲ့ လူတွေက ခေါ်ယူ ကြိမ်းမောင်း ခဲ့တယ်လို့ သိရပါတယ်။

    Mm News.xyz 2026 02 28 153002

    Mm News.xyz 2026 02 28 153014

    Mm News.xyz 2026 02 28 153025

    Mm News.xyz 2026 02 28 153035

    Mm News.xyz 2026 02 28 153112

  • အီရန်စစ်သား၊ ရဲတွေ လက်နက်ချဖို့နဲ့ လက်နက်ချရင် အသက်ချမ်းသာပေးမယ်လို့ အမေရိကန်သမ္မတထရမ့်ပြော၊ အီရန်ပြည်သူတွေ နေအိမ်မှာနေဖို့နဲ့ အီရန်မှာ အုပ်ချုပ်သူအပြောင်းအလဲလုပ်မယ်လို့ ကတိပေး

    အီရန်စစ်သား၊ ရဲတွေ လက်နက်ချဖို့နဲ့ လက်နက်ချရင် အသက်ချမ်းသာပေးမယ်လို့ အမေရိကန်သမ္မတထရမ့်ပြော၊ အီရန်ပြည်သူတွေ နေအိမ်မှာနေဖို့နဲ့ အီရန်မှာ အုပ်ချုပ်သူအပြောင်းအလဲလုပ်မယ်လို့ ကတိပေး

    အီရန်စစ်သား၊ ရဲတွေ လက်နက်ချဖို့နဲ့ လက်နက်ချရင် အသက်ချမ်းသာပေးမယ်လို့ အမေရိကန်သမ္မတထရမ့်က အီရန်ကို စစ်ကြေညာတဲ့ မိန့်ခွန်းမှာ ပြောဆိုလိုက်ပါတယ်။

    လူမှုကွန်ရက်ကတစ်ဆင့် ထုတ်ပြန်လိုက်တဲ့ အမေရိကန်သမ္မတရဲ့ မိန့်ခွန်းမှာ အမေရိကန်ပြည်သူတွေကို ကာကွယ်ဖို့နဲ့ အီရန်အစိုးရထံမှ ကျရောက်လာတော့မည့် အန္တရာယ်တွေကို ဖယ်ရှားဖို့အတွက်” တိုက်ခိုက်တာဖြစ်ကြောင်း၊ အီရန်ကို နူကလီးယား လက်နက်ပိုင်ဆိုင်ခွင့် မပေးနိုင်ဘူးလို့ သမ္မတ ထရမ့် ကပြောဆိုသွားပါတယ်။

    အမေရိကန်သမ္မတ ထရမ့်က အီရန်စစ်သားတွေ၊ ရဲတွေအနေနဲ့ လက်နက်ချကြဖို့နဲ့ လက်နက်မချရင်တော့ သေဖို့ပဲ ရှိလိမ့်မယ်လို့ ဆိုပါတယ်။

    အီရန်ပြည်သူတွေကိုတော့ နေအိမ်ထဲမှာ နေကြဖို့နဲ့ နေရာအနှံ့ကို ဗုံးတွေကျဲမှာ ဖြစ်ကြောင်း၊ အပြင်ထွက်ရင် အန္တရာယ်များမှာဖြစ်ကြောင်း အမေရိကန်သမ္မတ ထရမ့်က ပြောဆိုပါတယ်။

    အမေရိကန်အနေနဲ့ အီရန်မှာ အုပ်ချုပ်သူ အပြောင်းအလဲ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အမေရိကန် သမ္မတ ထရမ့်က ပြောဆိုသွားပါတယ်။

    “ငါတို့ တိုက်ခိုက်လို့ ပြီးသွားပြီဆိုရင် မင်းတို့အစိုးရကို မင်းတို့ဘာသာ ပြန်သိမ်း ပိုက်ကြတော့၊ ဒါဟာ မင်းတို့အတွက် ရခဲတဲ့ အခွင့်အရေးပဲ။ အရင်အမေရိကန်သမ္မတတွေ မလုပ်ပေးခဲ့တဲ့ အကူအညီကို ငါက အခုလက်တွေ့ လုပ်ပေးနေတာဖြစ်လို့ မင်းတို့ရဲ့ ကံကြမ္မာကို မင်းတို့ဘာသာ ဖန်တီးကြတော့”လို့ အမေရိကန်သမ္မတ ထရမ့်က ပြောဆိုသွားပါတယ်။

    အမေရိကန်က အီရန်ကိုစစ်ဆင်ပြီလို့ ထရမ့်ပြော

    အမေရိကန်က အီရန်ကို ကြီးမားတဲ့စစ်ဆင်ရေးစတင်လိုက်ပြီး အီရန်ရဲ့ ဒုံးကျည်ထုတ်လုပ်ရေး လုပ်ငန်းစုကြီးတစ်ခုလုံးကို မြေလှန်ပစ်မယ်လို့ သမ္မတထရမ့်ကပြောပါတယ်။

    အစ္စရေးက အီရန်ကိုဒီကနေ့မနက်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တီဟီရန်မြို့လယ်မှာ ပေါက်ကွဲသံ တွေကြားခဲ့ရတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပြီး အရေးပေါ်သတိပေးသံတွေ ထွက်ပေါ်ခဲ့ပါတယ်။

    တီဟီရန်မြို့လယ်က အရေးကြီးနေရာတချို့ကို ဒုံးကျည်အမြောက်အမြား ကျရောက်ထိမှန်ခဲ့တယ်လို့ ဖားစ် (Fars) သတင်းအေဂျင်စီက ဖော်ပြပါတယ်။

    အစ္စရေးရဲ့ ဒီတိုက်ခိုက်မှုဟာ အီရန် နျူကလီးယားအစီအစဉ်ကို ထိန်းချုပ်ဖို့နဲ့ စစ်ပွဲကို ရှောင်လွှဲဖို့ အမေရိကန်နဲ့ အီရန်အကြား သံတမန်ရေးအရ ကြိုးပမ်းနေတဲ့ကာလအတွင်း ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

    သမ္မတထရမ့်ဟာ ၂၀၀၃ ခုနှစ်က အမေရိကန်ဦးဆောင်တဲ့ အီရတ်ကျူးကျော်စစ်နောက်ပိုင်း အရှေ့အလယ်ပိုင်းမှာ အကြီးဆုံးစစ်အင်အား ဖြည့်တင်းခဲ့တာဖြစ်ပါတယ်။

    အစ္စရေးကာကွယ်ရေးဝန်ကြီးကတ်ဇ် ကတော့ “ကြိုတင်ကာကွယ်တဲ့ တိုက်ခိုက်မှု” လို့ပြောပြီး “အစ္စရေးနိုင်ငံအပေါ် ကျရောက်နေတဲ့ ခြိမ်းခြောက်မှုတွေကို ဖယ်ရှားဖို့” လို့ ပြောပါတယ်။

    ပြီးခဲ့တဲ့ ဇွန်လကလည်း အစ္စရေးက အီရန်ကို တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ပြီး ၁၂ ရက်ကြာစစ်ပွဲ ဖြစ်ပွားခဲ့ဖူးပါတယ်။

    အဲဒီတုန်းက အမေရိကန်က အစ္စရေးနဲ့ ပူးပေါင်းပြီး အီရန် နျူကလီးယားအဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

  • စစ်တွေနှင့် တမိုင်ဝန်းကျင် တိုက်ပွဲရောက်လာ

    စစ်တွေနှင့် တမိုင်ဝန်းကျင် တိုက်ပွဲရောက်လာ

    ရခိုင်ပြည်နယ် မြို့တော်စစ်တွေကို အာရက္ခတပ်တော် (AA)က တိုက်ခိုက်နေရာ ယခုအခါ မြို့နှင့် တမိုင်ကျော် အကွာ ကျေးတောရွာအနီး တိုက်ပွဲများဖြစ်နေပြီး အပြန်အလှန်ပစ်ခတ်မှုများက တပတ်ခန့်ဆက်တိုက်ဖြစ်နေကြောင်း သိရသည်။

    တိုက်ပွဲများက စစ်တွေမြို့ပေါ်နှင့် ဆတ်ရိုးကျချောင်းခြားသည့် ကျေးတောရွာအပြင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ စစ်တွေ)၊ ရွှေမင်းဂံ (ချောင်းနွယ်) ရေတပ်စခန်းတို့နှင့် နှစ်မိုင်ခန့် ဝေးသည့် တောကန်၊ ကံ့ကော်ကျွန်း၊ ဇော်မတတ်ရွာ ဝန်းကျင်တို့၌ ဖြစ်ပွားနေခြင်း ဖြစ်သည်။

    “အရင်က တောကန်နဲ့ ရွှေမင်းဂံဘက်မှာပဲ တိုက်ပွဲဖြစ်တာ။ အခု ကျေးတောဘက်ကပါ ကြားလာရတယ်။ နှစ်ရက်သုံးရက် ရှိပြီ၊ လက်နက်ငယ်သံတွေရော ကြားတယ်။ အာရက္ခတပ်တော်က ရေထဲကနေ လာပြီး စစ်တပ်စခန်းကို လာတိုက်တာလို့ ပြောကြတယ်” ဟု စစ်တွေမြို့ထဲ နေထိုင်သော စစ်ရေးနှင့်နီးစပ်သည့် ဒေသခံတဦးက ပြောသည်။

    ဖေဖေါ်ဝါရီ ၂၃ရက်မှစ၍ ကျေးတောရွာအနီး တိုက်ပွဲများဖြစ်နေခြင်းဖြစ်ပြီး ဒကစ၊ ကျားမသောက် တပ်ရင်းတို့နှင့်အနီးဆုံးရှိ တောကန်ရွာအပြင် ရွှေမင်းဂံရေတပ်စခန်းနှင့်အနီးဆုံးရှိ ကံ့ကော်ကျွန်း၊ ဇော်မတတ် ရွာဝန်းကျင်တို့၌ပါ တိုက်ပွဲရက် ဆက် ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

    “နေ့တိုင်းရှိတယ်။ ကာကင်းတွေကို ကိုယ့်ဘက်က ရထားတာရှိတယ်မလား။ အဲဒါ စကစက ထပ်တိုးလာလို့ တိုက်ပွဲဖြစ်ကြ တာ။ ကိုယ့်ဘက်ကတော့ အသာရတယ်။ ဒီကောင်တွေ ထပ်တိုးလာလို့မရဘူး။ ချောင်းနွယ်ရေတပ်ကိုလည်း လက်နက်ကြီးနဲ့ ချနေတော့ တိုးလာလို့မရဘူး” ဟု AA နှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။

    အာရက္ခတပ်တော် (AA)က ဒကစဌာနချုပ်၊ စစ်တပ်တပ်ရင်းများနှင့် ရွှေမင်းဂံရေတပ်၊ ပွိုင့်ကမ်းခြေရေတပ်စခန်းတို့ကို လက်နက်ကြီးများနှင့် ပစ်ခတ်သလို စစ်တပ်ဘက်မှလည်း AA တပ်ဖွဲ့ဝင်များရှိနိုင်သည်ဟု ယူဆရသည့်နေရာများနှင့် ပုဏ္ဏားကျွန်း မြို့နယ်အတွင်းရှိ အရပ်သားလူနေကျေးရွာများဆီ ပြန်လည်ပစ်ခတ်ကြောင်း ဆိုကြသည်။

    “အသံတွေတော့ နေ့တိုင်းကြားနေရတာပဲ။ ဘယ်ဘက်ကနေ ပစ်လို့ပစ်မှန်းမသိဘူး။ လက်နက်ငယ်သံရော၊ လက်နက်ကြီးသံရောပဲ။ ညဘက်တွေဆို ပိုကြားရတယ်။ မနေ့ညကဆို တညလုံးပဲ” ဟု စစ်တွေမြို့ ပြည်တော်သာ ရပ်ကွက်နေ အမျိုးသမီးတဦးက ပြောသည်။

    ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထားသော AA သည် ပြည်နယ်မြောက်ပိုင်းရှိ စစ်ကော်မရှင်၏ တခုတည်းကျန်သည့် မြို့တော်စစ်တွေကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ကတည်းက စတင်တိုက်ခိုက်ခဲ့ပြီး ယခု ၂၀၂၆ နှစ်ဆန်းပိုင်းတွင် မြေပြင်ထိုးစစ်များ ဆက်တိုက်လုပ်လာခဲ့ခြင်း ဖြစ်သည်။

    AA သည် ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်က တောကန်နှင့် ကံ့ကော်ကျွန်းရွာအနီးမှ အင်အားရာကျော်ရှိသည့် စစ်တပ်အခိုင်အမာစခန်းတချို့ကို သိမ်းခဲ့သည်။

    စစ်တွေမြို့နယ်နှင့် ချောင်းတခုသာခြားသည့် ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်းတွင် အခိုင်အမာနေရာယူထားသော AA သည် ၂၀၂၆ ဇန်နဝါရီလဆန်းမှစ၍ စစ်တွေမြို့နယ်ဘက်ကမ်းရှိ စစ်တပ်ကာကင်းများကို အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်နေခဲ့ရာ ဖေဖော်ဝါရီလဆန်းပိုင်း၌ ခေတ္တငြိမ်နေခဲ့သော်လည်း ယခုအခါ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်း ဖြစ်သည်။

    AA သည် စစ်တွေ၊ ကျောက်ဖြူ အပါအဝင် စစ်မျက်နှာ ၆ ခုဖွင့်ပြီး တိုက်ခိုက်နေရာ စစ်တပ်က စစ်တွေ စစ်မျက်နှာကို ကြည်းတပ် အင်အား ၂,၀၀၀ ခန့်၊ ရေတပ်အင်အား ၁၀၀၀ခန့်အပြင် စစ်သင်္ဘော ၁၀ စီးခန့်၊ ရဲ၊ မွတ်စလင် ပျူစောထီး၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ပြည်သူ့စစ်များဖြင့် ရင်ဆိုင်ထားရသည်။

    စစ်တွေမြို့ မြောက်ဘက်ခြမ်း ပုဏ္ဏားကျွန်းမြို့နယ်အစပ်ရှိ ရှေ့တန်းကာကင်းစခန်းများ အသိမ်းခံရပြီး AA ထိုးစစ် မြို့နားထိ ရောက်လာချိန် စစ်တပ်သည် မြို့အနောက်ဘက်နှင့် တောင်ဘက်ပင်လယ်ပြင်တွင် စစ်သင်္ဘောအများအပြားချကာ ကင်း လှည့်နေပြီး မြို့ပတ်လည် ချောင်းကမ်းစပ်၊ မြစ်ကမ်းစပ်တို့၌လည်း မြေမြှုပ်မိုင်းများ ထောင်ထားကြောင်း သိရသည်။

    ထို့ပြင် မြို့တွင်းနေထိုင်သူများကိုလည်း နေ့စဉ်ပုံမှန် လူစာရင်းဝင်စစ်ခြင်း၊ မသင်္ကာလျှင် ဖမ်းဆီးခြင်းတို့ရှိနေပြီး ယင်း လုပ်ငန်းများတွင် ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ALP တပ်ဖွဲ့ဝင်များ ပါဝင်နေကြောင်း သိရသည်။

    စစ်တွေမြို့တွင် စစ်ကော်မရှင် ပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ထားပြီး ဒေသစစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်ရှိသလို အမ်းမှ တပ် ဆုတ်လာရသည့် လက်ကျန်တပ်သားများနှင့်စုဖွဲ့ကာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလည်း ဖွဲ့စည်းထားကာ ရေတပ်ဌာန ချုပ်၊ လက်ရုံးတပ်များ အပါအဝင် အခြေစိုက်တပ်ရင်း ၁၀ ခုကျော် ရှိသည်။

    စစ်တွေအပြင် လက်ကျန်သုံးမြို့ထဲမှ တမြို့ဖြစ်သည့် ကျောက်ဖြူမြို့နယ်တွင်လည်း တိုက်ပွဲပြင်းထန်နေပြီး ယခင်ကဲ့သို့ AA အနေဖြင့် ခံစစ်သဘောမျိုးမဟုတ်ဘဲ ထိုးစစ်အသွင်ပြောင်းလာပြီး ကျောက်ဖြူမြို့ အနီးဝန်းကျင်ထိ ထိုးဖောက်ကာ မြို့ထဲ တပ်ရင်းများဆီ ဦးတည်လာသည်ကို တွေ့ရကြောင်း စစ်ရေးနီးစပ်သူများနှင့် ဒေသခံများက ပြောသည်။

    လက်ရှိတွင် ကျောက်ဖြူမြို့နယ် အမှတ်(၃၂)ရဲတပ်ရင်း၊ မြို့အနီးဝန်းကျင် အခြေစိုက်တပ်ရင်းများနှင့် ဓညဝတီရေတပ် ဌာနချုပ် အနီးဝန်းကျင်တို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကော်မရှင်ထိန်းချုပ်ဆဲ မာန်အောင်မြို့နယ်၌မူ နှစ်ဖက်ပစ်ခတ်မှု မတွေ့ရသေးပေ။

  • မန်းသံပုရာကန်ရေနံချက်စက်ရုံနဲ့ ကပစ ၂ ကို တိုက်ခိုက်ခဲ့တယ်လို့ NUG အထူးတပ်ဖွဲ့ပြော

    မန်းသံပုရာကန်ရေနံချက်စက်ရုံနဲ့ ကပစ ၂ ကို တိုက်ခိုက်ခဲ့တယ်လို့ NUG အထူးတပ်ဖွဲ့ပြော

    မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်ထဲက မန်းသံပုရာကန်‌ရေနံချက်စက်ရုံနဲ့ အမှတ် ၂ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)တို့ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအောက်က အကြမ်းဖက်တိုက်ဖျက်ရေးအထူးတပ်ဖွဲ့ (SOS) ကနေ သတင်းထုတ်လာပါတယ်။

    ဒီတိုက်ခိုက်မှုကြောင့် မန်းသံပုရာကန် ရေနံချက်စက်ရုံထဲ ၁၀၇ မမ ၃ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ရေနံချက်စက်ရုံထဲက ဝန်ထမ်းလိုင်းခန်းနဲ့ စက်ရုံပတ်ဝန်းကျင်မှာ ထိမှန်မှုတွေရှိခဲ့တယ်လို့ SOS က ပြောပါတယ်။

    အလားတူ ကပစ ၂ ဝင်းထဲကိုလည်း ၁၀၇ မမ ၁ လုံးကျ‌ရောက်ပေါက်ကွဲပြီး ပျက်စီးမှုတွေရှိခဲ့တယ်လို့ တယ်လို့ SOS ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    ရေနံချက်စက်ရုံနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးကတော့ ရေနံချက်စက်ရုံဝင်းတဝိုက်ကနေ ပေါက်ကွဲသံတချို့ကြားခဲ့ရပေမယ့် ရေနံချက်ကန်တွေကတော့ ထိခိုက်မှုမရှိဘူးလို့ ပြောပါတယ်။

    “တစ်ကန်ထိရင် မီးကကူးမှာပဲ၊ အခုကတော့ မီးလောင်တာ မတွေ့ရဘူး” လို့ သူကဆိုပါတယ်။

    Mm News.xyz 2026 02 28 142834

    ကပစ ၂ စက်ရုံထဲ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့တယ်ဆိုတဲ့အခြေအနေတွေနဲ့ပတ်သက်လို့တော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

    တစ်ဖက်မှာလည်း ပြီးခဲ့တဲ့ လပိုင်းကတည်းက မန်းသံပုရာကန် ရေနံချက်စက်ရုံနဲ့ ကပစ ၂ အနီးမှာရှိတဲ့ရွာတွေကို စစ်တပ်က တက်လိုက်၊ ဆုတ်လိုက်နဲ့ စစ်ကြောင်းထိုးနေတာလို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

    SOS အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးကတော့ စစ်ဆင်ရေးအတွက် “မြေပြင်မှာ ကွင်းစဆင်းကတည်းက အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးနေတာ ၂လလောက်ရှိပြီ’ လို့ ဆိုပါတယ်။

    စစ်ကော်မရှင်ကတော့ ရေနံချက်စက်ရုံနဲ့ ကပစ ၂ တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့လယ်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။

    ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်နေတဲ့ ရုပ်သံကိုလည်း SOS က ထုတ်ပြန်ပါတယ်။

  • စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်တွင် ဆက်ကြေးကောက်နေသော စစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုရှိနိုင်

    စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်တွင် ဆက်ကြေးကောက်နေသော စစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုရှိနိုင်

    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်တွင် ဆက်ကြေးကောက်နေသော အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း လင်းယုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    642224247 1287368906824046 5355866627522974023 N

    ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညနေ ၄ နာရီ ၁၈ မိနစ်ခန့်အချိန် စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်တွင် ပြည်သူများထံမှ အတင်း အဓမ္မ ဆက်ကြေး ကောက်ခံနေသော အင်အား ၅၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က ၄၀ မမ ဗုံးများ၊ ဒရုန်း ဗုံးသီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ၊ ထိုတိုက်ခိုက်မှုအတွင်း ၄၀ မမ ဗုံးများက စစ်တပ် ဘန်ကာအနီး ကျရောက် ပေါက်ကွဲခဲ့ပြီး ဒရုန်းဗုံးများသည်လည်း ရွှေတောင်ရုံးဝင်းအတွင်း ကျရောက်ပေါက်ကွဲကာ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရှိရသည်။

    “စစ်ခွေးသေစာရင်းကတော့ မသိရသေးဘူး။ စစ်ခွေးတွေ ထိခိုက်သေဆုံးမှုရှိနိုင်တယ်။ ပြည်သူတွေလည်းအားတင်းထားကြဖို့ရယ်။ ပေါ်တာတွေလည်း တ အား ဆွဲနေလို့ မလိုအပ်ဘဲ လမ်းပေါ်မထွက်ကြဖို့နဲ့ ပြည်သူကို နှိပ်စက်နေတဲ့ မည်သည့်အဖွဲ့အစည်းကိုမဆို အချိန်မရွေး တိုက်ခိုက်သွားမယ် ဆိုတဲ့အ ကြောင်းလေး ပြောချင်ပါတယ် “ဟု လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူကပြောဆိုသည်။

    Mm News.xyz 2026 02 28 135032

    အဆိုပါ ကံတလူ စစ်ဆေးရေးဂိတ်ကို ဇန်နဝါရီလ ၁၅ ရက်နေ့တွင် လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ကာ ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့ပြီး အချိန်အတန်ကြာ ပြည်သူလူထုအပေါ်တွင် ငွေကြေးကောက်ခံနိုင်ခြင်းမရှိဘဲ ရပ်တန့်သွားခဲ့ကြောင်း သိရှိရသည်။

    သို့ရာတွင် လက်ရှိချိန်တွင် ပြည်သူများအပေါ် အဓမ္မ ဆက်ကြေးကောက်ခံမှုများ ထပ်မံ လုပ်ဆောင်နေ၍ တိုက်ခိုက်ခြင်းဖြစ်ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က အသိပေး ပြောဆိုထားသည်။