လက်ယက်စခန်းကုန်း(ပွိုင့် ၁၂၈ စခန်း)အား တိုက်ခိုက်သိမ်းပိုက်သည့်တိုက်ပွဲတွင် ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးစစ်ကြောင်းလည်း ပါဝင်
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်းရှိ လက်ယက်စခန်းကုန်း(ပွိုင့် ၁၂၈ စခန်း)အား ဧပြီလ (၄) ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဧပြီလ (၇) ရက်နေ့ နံနက် (၀၅:၀၀) နာရီ အချိန်တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ လက်ယက်စခန်းသိမ်းတိုက်ပွဲတွင် ရန်သူသေဆုံးအလောင်း (၈) လောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ (၃၀) ဦးတို့ရှိခဲ့သည်။
စခန်းသိမ်းတိုက်ပွဲပြီးနောက် တပ်ကူပေးရန်ရောက်ရှိလာသော ရန်သူ့တပ်ကူစစ်ကြောင်းများနှင့် စခန်းစွန့်ခွါထွက်ပြေးသော ရန်သူများအား လိုက်လံချေမှုန်းခဲ့ရာ ရန်သူသေဆုံး (၁၄) ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ (၁၉) ဦးရှိခဲ့ပြီး MA1 ၃ လက်၊ MA11 ၄ လက်၊ MA4 ၁ လက်၊ ၅.၅၆ (ကပစ) ကျည် ၇၉၆ တောင့်၊ စက်လက်ကျည် ၆၀၀ တောင့်၊ RPG ဗုံးသီး ၈ လုံး၊ RPG ပို့ယမ်း ၆ တောင့်၊ ၆၀ မမ ၁ လက်၊ ၆၀ မမ ဗုံးသီး ၅ လုံး၊ ၄၀ မမ ဗုံးသီး ၂ လုံး၊ အီနာဂါ ၁ လုံး၊ နင်းမိုင်း ၁၅ လုံး၊ ရှေ့ထွက်မိုင်း ၆ လုံး၊ လက်ပစ်ဗုံး ၅ လုံး၊ ကပ်သီး ၅ ခု၊ မီးကြိုးခွေ ၁ ခွေ၊ MA11 ကျည်ဘောက် ၇ ဘောက်၊ ကျည်ကာဦးထုပ် ၇ လုံး၊ ကျည်ကာ ၅ စုံ၊ လွယ်အိတ် ၁၀ လုံး၊ ဆေးအိတ် ၁ လုံး၊ Jammer အကြီး ၂ လုံး၊ မီးစက် ၂ လုံးနှင့် အင်ဗာတာ ၁ လုံး တို့သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ရန်ကုန်တိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ အမှတ် (၅၁၀၁) တပ်ရင်း၊ အမှတ် (၅၁၀၂) တပ်ရင်းနှင့် အမှတ် (၅၁၀၃) တပ်ရင်းတို့ပါဝင်ခဲ့ပြီး အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၆) ကွပ်ကဲမှုအောက်ရှိ တပ်ရင်းများ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ ပဲခူးတိုင်းပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ SOG ဒရုန်းတပ်ဖွဲ့နှင့် KNLA တပ်ရင်း (၇)၊ တပ်ခွဲ (၁) တို့မှ ပူးပေါင်း၍တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
လက်ယက်စခန်းကုန်း(ပွိုင့် ၁၂၈ စခန်း)အား အောင်မြင်စွာ သိမ်းပိုက်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်လွှင့်တင်နိုင်ခဲ့သည့် ပုံရိပ်များကို အများပြည်သူသိစေရန် ထုတ်ပြန်ကြေညာအပ်ပါသည်။







ရန်ကုန် ပကဖ


Leave a Reply