Category: News
-

မိုးကုတ်နှင့် မိုးမိတ်မြို့များသို့ TNLA က စစ်ကော်မရှင်တပ်များကို ခေါ်သွင်းမည်
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကော်မရှင်တို့အကြား အပစ်ရပ် ညှိနှိုင်းချက်များ ရယူပြီးနောက် မိုးကုတ်နှင့် မိုးမိတ်မြို့များမှ TNLA တပ်များ ထွက်ခွာပေးရမည်ဖြစ်ကာ စစ်ကော်မရှင်တပ်များ ဝင်ရောက်လာမည်ဖြစ်သည်။ စစ်ကော်မရှင်တပ်များသည် မိုးမိတ်နှင့် မိုးကုတ်သို့ ဝင်ရောက်ရာတွင် တအာင်းတပ်များကိုယ်တိုင် ခေါ်သွင်းပေးမည့် အခြေအနေ နှင့် ဝင်ရောက်မည်ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူများ ထံမှ သိရသည်။ “မြို့ခံလူငယ်တွေနဲ့ အမျိုးသမီး အမျိုးသားတွေကို ခေါ်ပြီးတော့ စရဖ (စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့) တွေက ခေါ်ရိုက်တယ်။ မင်းတို့လား ငါတို့ဝင်လာတာကို မင်းတို့ကသံပုံးတီး တာလားဆိုပြီး ခေါ်ပြီး ရိုက်နှက်တာတွေရှိတယ်။ မိုးကုတ်အရှေ့ဘက်မှာ စရဖတွေ ရောက်နေပြီ”ဟု မိုးကုတ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။ နိုဝင်ဘာလကုန်တွင် တအာင်းတပ်များ မြို့နှစ်မြို့မှ အပြီးဖယ်ပေးမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ပြီးနောက် စစ်ကော်မရှင်ကို…
-
ကျောက်ဖြူတိုက်ပွဲတွင် စစ်ကော်မရှင်တပ် များစွာအထိနာနေ
AA ဘက်အသာစီးရနေဟုဆို ရခိုင်ပြည်နယ်၊ ကျောက်ဖြူတိုက်ပွဲတွင် စစ်ကော်မရှင်တပ်ဖွဲ့ များစွာအထိနာနေပြီး အာရက္ခတပ်တော် (AA)ဘက် အသာစီးရနေသည်ဟု စစ်ရေးသတင်းအရင်းမြစ်များ၏အဆိုအရ သိရသည်။ လတ်တလော မင်းပြင်ကျေးရွာတွင် တိုက်ပွဲများဖြစ်ပွားနေပြီး အခိုင်အမာမြေပုံညွှန်းပစ်မှတ်ယူထားသည့် နေရာများသို့ စစ်ကော်မရှင်တပ်သားများ အရောက် AA က တိုက်ကွက်ဖော် တိုက်ခိုက်ခြင်း၊ စစ်မြူစစ်ဆွယ်ပြီး တိုက်ခိုက်နေခြင်းကြောင့် စစ်ကော်မရှင်ဘက်က အထိနာမှုများပြားနေကြောင်း ဒေသတွင်းစစ်ရေးသတင်းအရင်းမြစ်က ပြောသည်။ “AA ကဆုတ်သွားပြီး အထင်နဲ့တက်လာတဲ့ စစ်ကောင်စီတပ်(စစ်ကော်မရှင်တပ်)တွေကို AA က ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း စုစည်းထားတဲ့စစ်ကောင်စီအင်အားကို ထွက်လာအောင် AA က စစ်မြူပြီး သတ်ကွင်းထဲတက်လာတဲ့ စစ်ကောင်စီတပ်သားတွေ အပစ်ခံရလို့ အတုံးအရုံးသေကြတယ်၊ ပြီးတော့ ဒီစစ်ကောင်စီတပ်တွေက နောက်ချန်တပ်နဲ့ ပြန်မပေါင်းနိုင်ဘဲ အသေအလဲခံနေရပါတယ်” ဟု ၎င်းကပြောသည်။ လက်ရှိ မင်းပြင်ကျေးရွာအနီးဝန်းကျင် တိုက်ပွဲများပြင်းထန်နေရာ စစ်ကော်မရှင်တပ်ဘက်က…
-

The Beldham
The Beldham (2025) Psychology Horror ကိုမှ ခြောက်ခြားဖွယ် ဖြစ်အောင် ရိုက်ပြထားနိုင်တဲ့ ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားက Horror ဆိုတာထက် ကလေးမွေးပြီးစ ဖြစ်လေ့ရှိတဲ့ မိခင်စိတ်ကျရောဂါနဲ့အတူ စိတ်ကျန်းမာရေးဆိုတာက ပစ်ထားရမယ့်အရာ မဟုတ်ဘဲ ဝိုင်းဝန်းကူညီစောင့်ရှောက်မှု ပေးရင် ပြန်ပြီး ကောင်းမွန်လာနိုင်တဲ့အရာဆိုတာ မီးမောင်းထိုးပြထားတဲ့ ဇာတ်ကားလေးတစ်ကားလို့ ပြောရပါမယ်။ ဇာတ်လမ်းအကျဉ်းကတော့ … ဟာပါဆိုတဲ့ အမျိုးသမီးငယ်လေးဟာ စင်ဂယ်မားသား တစ်ယောက်ဖြစ်ပြီးတော့ ကလေးမွေးပြီးနောက်ပိုင်း သူမရဲ့ မိခင်ဖြစ်သူ နေအိမ်ကို ပြင်ဆင်ရောင်းချဖို့အတွက် သူ့ရဲ့၆လအရွယ် သမီးလေးနဲ့အတူ ကူညီပေးဖို့ ရောက်လာခဲ့ပါတယ်။ အဲဒီအိမ်မှာ သူမတစ်ယောက်တည်း အသံတွေ ကြားရတာတွေ ဖြစ်လာပြီးတော့ ကျီးကန်းငှက်တွေကလည်း အိမ်ထဲမှာ ရှိနေပြန်ပါတယ်။ ဒီအခါမှာ ကလေးငယ်တွေရဲ့ ဝိဉာဉ်ကို ဖမ်းယူစားသုံးတတ်တဲ့ ဘယ်လ်ဒမ်ငှက်စုန်းနတ်ဆိုးဟာ…
-

မြန်မာ့အရေးကို မဟာဗျူဟာအသစ်ဖြင့် အမေရိကန် ချဉ်းကပ်မည်
အာဆီယံလမ်းကြောင်းထက် ပိုထိရောက်မယ့် မဟာဗျူဟာသစ်နဲ့ မြန်မာ့အရေးကို ချဉ်းကပ်ဖို့ အမေရိကန် အောက်လွှတ်တော် မြန်မာ့အရေးကြားနာပွဲ တက်ရောက်သူ အားလုံးက သဘောတူခဲ့ကြပါတယ်။ “ထွက်ပေါက်မရှိတဲ့ မဟာဗျူဟာ- မြန်မာနိုင်ငံရဲ့ အဆုံးမရှိတဲ့ အကျပ်အတည်းနဲ့ အမေရိကန်ရဲ့ ကန့်သတ်ထားတဲ့ ရွေးချယ်ခွင့်များ” ကြားနာပွဲကို ဒေသစံတော်ချိန် နိုဝင်ဘာ ၁၉ ရက်က အမေရိကန်အောက်လွှတ်တော်မှာ ပြုလုပ်ခဲ့တာပါ။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ခိုင်မာတဲ့ အချက်အလက်နဲ့ နည်းလမ်းတွေ ရနိုင်မယ့် ကျွမ်းကျင် ပညာရှင်တွေရဲ့ သက်သေခံ ထွက်ဆိုချက်တွေကို လွှတ်တော်အမတ်တွေနဲ့ တာဝန်ရှိသူတွေက ရယူကြားနာတဲ့ပွဲ ဖြစ်ပါတယ်။ ကြားနာပွဲမှာ အဓိကအကျဆုံး အချက်အဖြစ် တွေ့ရတာက အမေရိကန်နိုင်ငံက မြန်မာ့အရေးကို အာဆီယံလမ်းကြောင်းကနေ ဆက်လက်ချဉ်းကပ်တာထက် ပိုထိရောက်မယ့် ကိုယ်ပိုင်မူဝါဒ၊ မဟာဗျူဟာအသစ်နဲ့ ပြောင်းလဲချဉ်းကပ်ဖို့ ကြားနာပွဲမှာ ပါဝင်သူအားလုံးက သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။…
-

ရေတာရှည်ပကဖကို ထောက်ပံ့နေတဲ့ ထောက်ပို့အမျိုးသမီး အသတ်ခံရမှု ပဲခူးတိုင်းစစ်ဒေသကို တိုင်ကြားထား
ပဲခူးတိုင်းအရှေ့ခြမ်း ရေတာရှည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ကို ထောက်ပံ့ပေးနေတဲ့ ထောက်ပို့အမျိုးသမီးတဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF တွေက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတွေထံက သိရပါတယ်။ အသတ်ခံရသူမှာ လယ်ပြင်မကျေးရွာ၊ ကိုးပင်-သာဂရလမ်းပိုင်းမိုင်တိုင် ၃၂ အနီးနေ ကုန်စုံဆိုင်နဲ့ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်ဖွင့်လှစ်ထားတဲ့ အသက် ၅၀ နှစ်ဝန်းကျင်ရှိ ဒေါ်ဆန်းမြင့်ဆိုသူအမျိုးသမီးဖြစ်ပြီး နိုဝင်ဘာ ၄ ရက် ည ၉ နာရီခန့်မှာ ၎င်းနေအိမ်ကို တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁ တပ်ခွဲ ၆ တပ်ခွဲမှူး ဗိုလ်ကြက်သွန် ဦးစီးအင်အား ၁၀ ဦးကျော်က ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ ” ဒေါ်ဆန်းမြင့်က အဲ့ဒီလမ်းမဘေးမှာ အိမ် ၂ လုံးနဲ့ သူတို့တအိမ် ကပ်လျက်မှာ သားတွေက တအိမ်အဲ့လိုနေတာ။ ပထမကအိမ်ကိုလေထိုးပိုက်ခဏငှားပါအုန်းဆိုပြီးတံခါးခေါက်တယ်တဲ့၊ ကလေးတွေက မထူးတော့ အိမ်ရှင်တို့ဆိုပြီးထပ်ခေါ်ပြီးမှ…