📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

မိုးကုတ်နှင့် မိုးမိတ်မြို့များသို့ TNLA က စစ်ကော်မရှင်တပ်များကို ခေါ်သွင်းမည်

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကော်မရှင်တို့အကြား အပစ်ရပ် ညှိနှိုင်းချက်များ ရယူပြီးနောက် မိုးကုတ်နှင့် မိုးမိတ်မြို့များမှ TNLA တပ်များ ထွက်ခွာပေးရမည်ဖြစ်ကာ စစ်ကော်မရှင်တပ်များ ဝင်ရောက်လာမည်ဖြစ်သည်။

စစ်ကော်မရှင်တပ်များသည် မိုးမိတ်နှင့် မိုးကုတ်သို့ ဝင်ရောက်ရာတွင် တအာင်းတပ်များကိုယ်တိုင် ခေါ်သွင်းပေးမည့် အခြေအနေ နှင့် ဝင်ရောက်မည်ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူများ ထံမှ သိရသည်။

“မြို့ခံလူငယ်တွေနဲ့ အမျိုးသမီး အမျိုးသားတွေကို ခေါ်ပြီးတော့ စရဖ (စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့) တွေက ခေါ်ရိုက်တယ်။ မင်းတို့လား ငါတို့ဝင်လာတာကို မင်းတို့ကသံပုံးတီး တာလားဆိုပြီး ခေါ်ပြီး ရိုက်နှက်တာတွေရှိတယ်။ မိုးကုတ်အရှေ့ဘက်မှာ စရဖတွေ ရောက်နေပြီ”ဟု မိုးကုတ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

နိုဝင်ဘာလကုန်တွင် တအာင်းတပ်များ မြို့နှစ်မြို့မှ အပြီးဖယ်ပေးမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ပြီးနောက် စစ်ကော်မရှင်ကို မြို့အတွင်း တအာင်းတပ်ကိုယ်တိုင် ခေါ်သွင်းမည်ဆိုသည့် အခြေအနေများကိုပါ ကြားသိလာရခြင်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်နေ့က တော်လှန်ရေးအင်အားစုများကို တွေ့ဆုံရာတွင် TNLA က စစ်ကော်မရှင်ကို ခေါ်သွင်းလာသည့်အခါ နှောင့်ယှက်ဟန့်တားခွင့်မရှိကြောင်း ထည့်သွင်းပြောဆိုခဲ့သည် ဟု သိရသည်။ ထိုအခြေအနေကြောင့် တော်လှန်ရေးတပ်ဖွဲ့အသီးသီးက မြို့ကို ဆက်လက် ကာကွယ်သွားမည်ဟု ထုတ်ပြန်ခဲ့သော်လည်း မိတ်ဖက်ဖြစ်သည့် TNLA က နှောင့်ယှက်ဟန့်တားခြင်း မလုပ်ရန် ပြောဆိုထားသည့်အတွက် အခြေအနေမှာ ရှုပ်ထွေးလျက်ရှိသည်။

လက်ရှိတွင် မိုးကုတ်မြို့အတွင်း စစ်ကော်မရှင်တပ်မှ အဖွဲ့တချို့ ရောက်ရှိနေပြီဖြစ်ပြီး စစ်ကော်မရှင်က နိုဝင်ဘာ ၂ ရက်နေ့ကတည်းက မိုးကုတ်မြို့ပေါ်တွင် ဆက်ဆံရေးရုံး ဖွင့်လှစ်ထားခဲ့သည်။ ယခုလကုန်တွင် ထိုရုံးမှတစ်ဆင့် TNLA တပ်များ ဦးဆောင်မှုဖြင့် မြို့အတွင်း ဝင်ရောက်မည်ဟု သိရသည်။

“အခြေအနေကတော့ သေချာမသိရသေးဘူး။ ကျွန်တော်တို့ကတော့ ကူဖို့ရောက်နေပြီ။ သူတို့ချကြမယ် ဆိုလည်း အသင့်အနေအထားပေါ့”ဟု တော်လှန် ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

TNLA နှင့် စစ်ကော်မရှင်တို့၏ ဆက်ဆံရေးရုံးများကို ပြင်ဦးလွင်နှင့် မိုးကုတ်လမ်းမပေါ်ရှိ ရှမ်းလမ်းဆုံ တွင် ဖွင့်လှစ်ထားမည်ဖြစ်ကြောင်းလည်း သိရသည်။

ပုံစာ- TNLA နှင့် PDF တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်(ပုံဟောင်း)

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်