Category: News

  • မောင်နှမ ၂ ယောက် ကျောင်းသွားချိန်မှာ ၂၂ ဘီး တွဲကားကြီး ကြိတ်မိ

    မောင်နှမ ၂ ယောက် ကျောင်းသွားချိန်မှာ ၂၂ ဘီး တွဲကားကြီး ကြိတ်မိ

    အစောကြီး စိတ်မကောင်းစရာတင်ရလို့ တောင်းပန်ပါတယ်ရှင့်။ မြန်မာမောင်နှမ ၂ ယောက် 17 ရက်၊ ကျောင်းသွားချိန်မှာ 22 ဘီး၊ တွဲကားကြီး ကြိတ်မိလို့ ဆုံးသွားပါပီရှင်။ ဖြစ်စဉ်က သေဆုံးသူ မောင်နှမမိသားစုက ချွန်ပူလီမှာ နေပါတယ်ရှင့်။ အစ်ကိုဖြစ်သူက အသက် 15 နှစ်၊ ညီမလေးက 9 နှစ်ပါ။ ညီမလေးက ထိုင်း-မြန်မာသင်ပေးတဲ့ ကျောင်းမှာ စာသင်နေတာပါ။ အစ်ကိုဖြစ်သူက ထိုင်းကို ရောက်လာတာ ရက်ပိုင်းပဲ ရှိသေးတယ်လို့ သိရပါတယ်။ ဖြစ်ချင်တော့ 17 ရက်နေ့က အဖေဖြစ်သူက ညီမလေးကို ကျောင်းမပို့ဖြစ်ခဲ့ဘူး။ အဲတော့ အစ်ကိုက ကျောင်းလိုက်ပို့တယ်။ ကားမကြိတ်ခင် ကျောင်းသွားတဲ့ လမ်းမတနေရာရောက်တော့ ဆိုင်ကယ်က လမ်းလျှောက်နေတဲ့ လာအို အမကြီးကို ဝင်တိုက်မိပြီး မောင်နှမ ၂…

  • ဘားအံနှင့်မော်လမြိုင်ခရီးစဉ်များတွင် မင်းအောင်လှိုင်က ပြည်နယ်အစိုးရများက တည်ခင်းထားသော ရေ၊ ရေနွေး၊ လက်ဖက်၊ အချိုပွဲနှင့်အစား အသောက်များကို လုံး၀ မတို့မထိ မစားဘဲ ကိုယ်ပိုင်ရေဘူးနှင့်အစားအသောက်များကိုသာ ယူဆောင်စားသောက်

    ဘားအံနှင့်မော်လမြိုင်ခရီးစဉ်များတွင် မင်းအောင်လှိုင်က ပြည်နယ်အစိုးရများက တည်ခင်းထားသော ရေ၊ ရေနွေး၊ လက်ဖက်၊ အချိုပွဲနှင့်အစား အသောက်များကို လုံး၀ မတို့မထိ မစားဘဲ ကိုယ်ပိုင်ရေဘူးနှင့်အစားအသောက်များကိုသာ ယူဆောင်စားသောက်

    ဘားအံနှင့်မော်လမြိုင်ခရီးစဉ်များတွင် မင်းအောင်လှိုင်က ပြည်နယ်အစိုးရများက တည်ခင်းထားသော ရေ၊ ရေနွေး၊ လက်ဖက်၊ အချိုပွဲနှင့်အစား အသောက်များကို လုံး၀ မတို့မထိ မစားဘဲ ကိုယ်ပိုင်ရေဘူးနှင့်အစားအသောက်များကိုသာ ယူဆောင်စားသောက် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့် မွန်ပြည်နယ်၊ မော်လမြိုင်သို့ သွားရောက်သည့် ခရီးစဉ်များတွင် အကြမ်းဖက် မင်းအောင်လှိုင်က သက် ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့က ပြင်ဆင် တည်ခင်းထားသော ရေ၊ ရေနွေး၊ လက်ဖက်၊ အချိုပွဲနှင့်အစားအသောက်များကို လုံး၀ မတို့မထိ မစားသောက်ဘဲ ၎င်း၏ ကိုယ်ရေးအရာရှိအဖွဲ့က ပြင်ဆင်ပေးသော ကိုယ်ပိုင်ရေဘူးပါ ရေနှင့်အစားအသောက်များကိုသာ ယူဆောင်စားသောက်ကြောင်း အဆိုပါခရီးစဉ်အတွင်း မင်းအောင်လှိုင်နှင့်တွေ့ဆုံခွင့်ရခဲ့သော ဌာနဆိုင်ရာ သတင်းရင်းမြစ်များက ပြောဆိုသည်။ အကြမ်းဖက် မင်းအောင်လှိုင်က နိုဝင်ဘာလ ၁၅ ရက်နေ့ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်သို့လည်းကောင်း၊ နိုဝင်ဘာလ ၁၆ ရက်နေ့…

  • ကန့်ဘလူမှာ စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်ခံရပြီးနောက် အင်အားရာချီ ဖြည့်တင်း

    ကန့်ဘလူမှာ စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်ခံရပြီးနောက် အင်အားရာချီ ဖြည့်တင်းကာ နယ်မြေပြန်စိုးမိုးရေးအတွက် စစ်အုပ်စုပြင်ဆင်နေ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ယင်းတိုက်ရွာအနီးမှာ စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်ခံရတဲ့ စစ်အုပ်စုဟာ အင်အားရာချီ ဖြည့်တင်းပြီးနောက် နယ်မြေတချို့ကို ပြန်စိုးမိုးထားတယ်လို့ မြေပြင်စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ရက်က စစ်အုပ်စုရဲ့ တပ်မ- ၃၃ လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) ၁၁၁ နဲ့ ပျူစောထီးတွေ ပူးပေါင်းထားတဲ့ အင်အား ၁၀၀ ခန့်ပါတဲ့ စစ်ကြောင်းကို ကန့်ဘလူနယ်တောင်ခြမ်း ယင်းတိုက်ရွာတောင်ဘက်မှာ တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်အုပ်စုစစ်ကြောင်း ပျက်တဲ့အထိ ပြိုကွဲအထိနာခဲ့ပြီး ဗျူဟာမှူး အပါအဝင်တပ်ဖွဲ့ဝင် ၅၀ ကျော် ထိခိုက်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှိခဲ့ပါတယ်။ စစ်အုပ်စုတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ပြီးနောက်…

  • မိုးကုတ်နဲ့ မိုးမိတ်မြို့ကို TNLA က စစ်အုပ်စုတပ်တွေ တစ်ပြိုင်နက်ထဲ ခေါ်သွင်းမည်

    မိုးကုတ်နဲ့ မိုးမိတ်မြို့ကို TNLA က စစ်အုပ်စုတပ်တွေ တစ်ပြိုင်နက်ထဲ ခေါ်သွင်းမည်

    မန္တလေးတိုင်း မိုးကုတ်မြို့နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်တို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) က တစ်ပြိုင်နက်ထဲ ခေါ်သွင်းလာမယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။ လာမဲ့ နိုဝင်ဘာလ ၃၀ ရက်နဲ့ ဒီဇင်ဘာလ ၁ ရက်နေ့တို့မှာ မိုးမိတ်နဲ့မိုးကုတ်မြို့ကို စစ်အုပ်စုတပ်တွေ ခေါ်သွင်းလာမယ်လို့ နိုဝင်ဘာလ ၁၆ ရက်နေ့က တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မိုးကုတ်မြို့ကို စစ်အုပ်စုတပ်တွေ ခေါ်သွင်းလာရာမှာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ နှောင့်ယှက်ဟန့်တားခွင့်မရှိကြောင်းကို ပြောဆိုခဲ့တယ်လို့ အဲဒီအခြေအနေကိုသိတဲ့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။ “သူတို့သည် စစ်အုပ်စုကို မဖြစ်မနေ ခေါ်သွင်းလာရမဲ့အနေအထားကို ပြောပြတာပဲရှိတယ်။ သူတို့ရဲ့လုပ်ငန်းစဉ်တွေမှာ နှောင့်ယှက်ဟန့်တားတာတွေ မလုပ်ဖို့ ဒါတွေကိုခေါ်ပြောတာထားတဲ့ ကိစ္စတွေပဲရှိပါတယ်။ ဒါ့အပြင် အခုရက်ပိုင်းမှာလည်း ပြင်ဦးလွင်နဲ့မိုးကုတ်လမ်းမပေါ်က ရှမ်းလမ်းဆုံမှာ စစ်အုပ်စုနဲ့ TNLA တပ်ဟာ ဆက်ဆံရေးရုံးတွေ အပြန်အလှန် ဖွင့်လှစ်လိုက်တယ်လို့…

  • ကွတ်ခိုင်မှာ ဆိုင်ကယ်ခိုးတဲ့ TNLA တပ်သား

    ကွတ်ခိုင်မှာ ဆိုင်ကယ်ခိုးတဲ့ TNLA တပ်သား

    ကွတ်ခိုင်မှာ ဆိုင်ကယ်ခိုးတဲ့ TNLA တပ်သားကို ဥပဒေအရ စစ်ခုံရုံးမှာ အရေးယူသွားမယ်လို့ ဆို ‎ ‎တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့မှာ ဆိုင်ကယ်ခိုးတဲ့ TNLA ရဲ့ တပ်သားတစ်ဦးကို ဥပဒေအရ စစ်ခုံရုံးမှာ အရေးယူသွားမယ်လို့ သတင်းအရင်းအမြစ်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ ‎ ‎ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက် ညနေ ၆ နာရီဝန်းကျင်မှာ ကွတ်ခိုင်မြို့ ရပ်ကွက် (၁) ရှိ “အောင်”ဆိုင်ကယ်ပြင်ဆိုင်မှ ဆိုင်ကယ်တစ်စီးကို TNLA တပ်သားတစ်ဦးက ခိုးယူခဲ့တာဖြစ်ပါတယ်။ ‎ ‎ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက “သူက TNLA တပ်သား ဟုတ်ပါတယ်။ ကွန်မန်ဒို တပ်ဖွဲ့ထဲကလို့ ပြောတယ်။ သူက နမ့်ဆန်ဘက်ကပါ။ ဆိုင်ကယ်ပိုင်ရှင်က လိုက်ဖမ်းတော့…