Category: News

  • သီပေါမြို့ထဲ စစ်ကောင်စီတပ်များ ဝင်ရောက်လာ၊ ဌာနဆိုင်ရာရုံးများ မီးလောင်

    သီပေါမြို့ထဲ စစ်ကောင်စီတပ်များ ဝင်ရောက်လာ၊ ဌာနဆိုင်ရာရုံးများ မီးလောင်

    တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့ကို အောက်တိုဘာ ၁၆ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အောက်တိုဘာလဆန်းကစပြီး စစ်ကောင်စီတပ်တွေက ကျောက်မဲကနေ သီပေါဘက်ကို ထိုးစစ်ဆင်တာဖြစ်ပြီး အခုရက်ပိုင်းမှာ သီပေါမြို့အနီးထိ စစ်ကြောင်းထိုး ဝင်ရောက်လာကာ သီပေါမြို့ထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီးနောက် အခုလို မနေ့ညက မြို့ထဲ ဝင်ရောက်လာတာပါ။ သီပေါဒေသခံ အမျိုးသားတယောက်က “သေချာပြီဗျ။ စစ်ကောင်စီတွေ မြို့ထဲဝင်ပြီ။ အောက်တိုဘာလ ၁၆ ရက်နေ့ ည ၈ နာရီလောက်က” လို့ ပြောပါတယ်။ စစ်တပ်က သီပေါမြို့ထဲ ဝင်ရောက်ခါနီး အောက်တိုဘာ ၁၆ ရက် ညနေ ၃ နာရီခွဲလောက်ကစပြီး သီ‌ပေါမြို့ရှိ ဌာနဆိုင်ရာရုံးတချို့နဲ့ ဟိုတယ်တခု…

  • ကန့်ဘလူတွင် စစ်တပ်နှင့်ပျူစောထီးများက  ခရီးသွား လင်မယား ၂ ဦးကို ဖမ်းဆီးပြီး ဇနီးဖြစ်သူ ဒေါ်အေးမာဦးကို မုဒိမ်းကျင့်သတ်ဖြတ်

    ကန့်ဘလူတွင် စစ်တပ်နှင့်ပျူစောထီးများက ခရီးသွား လင်မယား ၂ ဦးကို ဖမ်းဆီးပြီး ဇနီးဖြစ်သူ ဒေါ်အေးမာဦးကို မုဒိမ်းကျင့်သတ်ဖြတ်

    ကန့်ဘလူတွင် စစ်တပ်နှင့်ပျူစောထီးများက ခရီးသွား လင်မယား ၂ ဦးကို ဖမ်းဆီးပြီး ဇနီးဖြစ်သူ ဒေါ်အေးမာဦးကို မုဒိမ်းကျင့်သတ်ဖြတ်လိုက်ကာ ခင်ပွန်းမှာ အပြင်းအထန်ဒဏ်ရာများဖြင့် ထွက်ပြေး လွတ်မြောက်လာ ရွှေ၊ငွေ၊ ဖုန်းနှင့်ဆိုင်ကယ်ကိုလည်း စစ်သားများက လုယက် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်တပ်နှင့်ပျူစောထီးများက ခရီးသွား လင်မယား ၂ ဦးကို ဖမ်းဆီးပြီး ဇနီးဖြစ်သူ ဒေါ်အေးမာဦးကို မုဒိမ်းကျင့်သတ်ဖြတ်လိုက်ကာ ခင်ပွန်းမှာ နှိပ်စက်ညှဉ်းပန်းခံထားရသော ဒဏ်ရာအပြည့်ဖြင့် ထွက်ပြေး လွတ်မြောက်လာကြောင်း ကန့်ဘလူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းရှိ စံပယ်နံ့သာ ပျူစောထီးအထိုင်စခန်းမှ အကြမ်းဖက် စစ်သားများက…

  • Traumatika (2025)

    Traumatika (2025)

    ထိတ်လန့်စရာ Jumpscare များများနဲ့ သရဲကားကောင်း ကြည့်ချင်တဲ့ ပရိသတ်တွေကို ဟောလိုဝင်းအမီ ထွက်ရှိလာတဲ့ ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။ အီဂျစ်နိုင်ငံကလာတဲ့ ရှေးဟောင်းပစ္စည်းတစ်ခုကို တားမြစ်ထားတဲ့ကြားကနေ ဖွင့်ကြည့်မိတဲ့ လူတစ်ယောက်ဟာ မကောင်းဆိုးဝါးနတ်ဆိုးရဲ့ ပူးကပ်ခြင်းကို ခံရပြီးတော့ သူ့ရဲ့ သမီးကလေးတစ်ယောက် ဖြစ်သူ အဘီဂေးလ်ဆိုတဲ့ ကောင်မလေးကို နှိပ်စက်ညှဉ်းပန်းတာတွေ လုပ်ခဲ့ပါတယ်။ အဘီဂေးလ်ဟာ မွေးရာပါ နှုတ်ခမ်းကွဲနေပြီးတော့ လူတောမတိုးတဲ့အပြင် ဖခင်ဖြစ်သူရဲ့ နှစ်ရှည်လများ အနိုင်ကျင့်မှုတွေ နှိပ်စက်မှုတွေကြောင့် စိတ္တဇဖြစ်လာခဲ့တာပါ။ အဲဒီနောက်မှာတော့ သူမဟာ ကလေးငယ်တွေ အများကြီးကို ဖမ်းဆီးချုပ်နှောင် သတ်ဖြတ်ပြီး သူ့ကိုယ်သူလည်း သေနတ်နဲ့ ပစ်သတ် အဆုံးစီရင်သွားခဲ့ပါတယ်။ ထူးဆန်းတာတစ်ခုက အဘီဂေးလ် ဖမ်းဆီးထားခဲ့တဲ့ ကလေးတွေထဲက မိုက်ကီဆိုတဲ့ ကလေးတစ်ဦးဟာ ရှင်ကျန်နေခဲ့ပြီး မူမမှန်တဲ့ ပုံစံ ဖြစ်ကျန်ခဲ့တာပါ။ သူမ…

  • လူတဦး ကြက်ဥ တလုံးစားနိုင်ရေး ကြက်အကောင်ရေ တိုးမွေးရန် စစ်ခေါင်းဆောင် ပြော

    လူတဦး ကြက်ဥ တလုံးစားနိုင်ရေး ကြက်အကောင်ရေ တိုးမွေးရန် စစ်ခေါင်းဆောင် ပြော

    စားနပ်ရိက္ခာများလုံလောက်စွာ ရရှိရေး စစ်ကော်မရှင်အနေဖြင့် အလေးထားဆောင်ရွက်ပေးနေပြီး လူတဦးလျှင် ကြက်ဥ တလုံး စားသုံးနိုင်ရေး ကြက်အကောင်ရေတိုးမြှင့် မွေးမြူသွားရန် အာဏာသိမ်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့အစည်းအဝေး၌ ပြောဆိုခဲ့ကြောင်း သိရသည်။ ဒေသအလိုက် သားငါးများဖူလုံပေါများစေရေး စိုက်ပျိုးမွေးမြူရေးဇုန်များ တည်ဆောက်ရန် လိုအပ်ပြီး လူဦးရေအလိုက် စားနပ်ရိက္ခာ ဖူလုံမှုရှိစေရေး တိုးမြှင့်ဆောင်ရွက်သွားရန် လိုကြောင်း၊ ဥပမာအားဖြင့် ရန်ကုန်မြို့တွင် လူဦးရေ ၇ သန်းရှိပြီး လူဦးရေ တဝက် ၃ သန်းခွဲမှ ကြက်ဥ တရက်တလုံးစားလျှင် ကြက်ဥ အလုံးရေ ၃ သန်းခွဲ လိုအပ်သည့်အတွက် ကြက်အကောင်ရေ ၄ သန်းခန့် မွေးမြူရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ထို့ပြင် စစ်ခေါင်းဆောင်က သီးနှံများပိုမိုထုတ်လုပ်နိုင်ရန်အတွက် စိုက်ပျိုးမြေများတိုးချဲ့ခြင်းထက် ရှိပြီးသား စိုက်ပျိုးမြေပေါ်တွင်…

  • ပဲခူး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းမှာဖြစ်ပွားခဲ့တဲ့ (၃) ရက်တာတိုက်ပွဲ အတွင်း အကြမ်းဖက် စစ်တပ်မှ ၂၆ ဦးသေဆုံး

    ပဲခူး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းမှာဖြစ်ပွားခဲ့တဲ့ (၃) ရက်တာတိုက်ပွဲ အတွင်း အကြမ်းဖက် စစ်တပ်မှ ၂၆ ဦးသေဆုံး

    ပဲခူး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းမှာဖြစ်ပွားခဲ့တဲ့ (၃) ရက်တာတိုက်ပွဲ အတွင်း အကြမ်းဖက် စစ်တပ်မှ ၂၆ ဦးသေဆုံး စစ်သုံ့ပန်း ၁၂ ဦးဖမ်းဆီးရမိကာ လက်နက်ငယ် ၃၀ နီးပါး သိမ်းဆည်းရမိ ပဲခူးတိုင်း၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာ အောက်တိုဘာ ၁၃ ရက်ကနေ ၁၅ ရက်နေ့ထိ ဖြစ်ပွားခဲ့တဲ့ (၃) ရက်တာ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က ၂၆ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကာ စစ်သုံ့ပန်း ၁၂ ဦးနဲ့ အတူ လက်နက်ငယ် ၃၀ နီးပါးကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်း ရရှိခဲ့ပါတယ်။ (ပဲခူးတိုင်း၊ လက်ပံတန်းတိုက်ပွဲ) ဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်က ၁၅ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၁၂ ဦးကို လက်နက်ခဲယမ်းတွေနဲ့…