Category: News
-

ငလျင်ဒဏ်ခံနိုင်သည်ဟု လိမ်လည်ရောင်းချခဲ့သည့် NTL ကုမ္ပဏီက Sky Villa ကွန်ဒိုပြိုကျမှုတွင် သေဆုံးခဲ့ရသူများ၏ မိသားစုများကို မတောင်းပန်
ငလျင်ဒဏ်ခံနိုင်သည်ဟု လိမ်လည်ရောင်းချခဲ့သည့် NTL ကုမ္ပဏီက Sky Villa ကွန်ဒိုပြိုကျမှုတွင် သေဆုံးခဲ့ရသူများ၏ မိသားစုများကို မတောင်းပန်ဘဲ သေဆုံးသူ ၁ ဦးလျှင် သိန်း ၁၀၀ ပေးအပ်မည်ဖြစ်၍ သေဆုံးမှု အထောက်အထားတင်ပြ လာထုတ်နိုင်ဟု ကြေညာ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်တွင် လူပေါင်း ၂၀၀ နီးပါး သေဆုံးခဲ့ရသည့် Sky Villa ကွန်ဒိုအဆောက်အုံပြိုကျမှုတွင် သေဆုံးသူများကို ဆောက်လုပ်သည့် NTL ကုမ္ပဏီက တောင်းပန်ခြင်းမရှိဘဲ သေဆုံးသူ ၁ ဦးလျှင် သိန်း ၁၀၀ ပေးအပ်မည်ဖြစ်၍ အထောက်အထားတင်ပြ လာထုတ်ရန် ယနေ့ ကြေညာသည်။ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီးကြောင့် မန္တလေးမြို့ရှိ…
-

ရန်ကုန်၌ တစ်ပတ်အတွင်း ဖမ်းဆီးခံရသူ ၂၇ ဦးရှိ
ရန်ကုန်မြို့ရှိ မြို့နယ် ၇ ခုတွင် တစ်ပတ်အတွင်းစစ် ကောင်စီ၏ ဖမ်းဆီးခံရသူ ၂၇ ဦးရှိကြောင်းရန်ကုန်မြို့တွင်စစ်ကောင်စီကဖမ်းဆီးနေသောမြေပြင်သတင်းများကိုစုစည်းဖော်ပြနေသည့် Rangoon Scout Networkကထုတ်ပြန်သည်။ ဩဂုတ် ၂၅ မှ ၃၁ ရက်အတွင်း ကြည့်မြင်တိုင်၊ မင်္ဂလာဒုံ၊ လှိုင်၊ ရန်ကင်း၊ တောင်ဥက္ကလာပ၊ မင်္ဂလာတောင်ညွှန့်နှင့် မရမ်းကုန်းမြို့နယ်များ၌ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း RSN က ထုတ်ပြန်ထားသည်။ “သတင်းအတိအကျဖြင့် ရှာဖွေဖမ်းဆီးခံရသူ ၉ ဦး၊ ဧည့်စစ်ပြီးနောက် ဖမ်းခံရသူ ၆ ဦး၊ လမ်းမပေါ် ရှောင်တခင်စစ်ခံရပြီး ဖမ်းခံရသူ ၄ ဦး နှင့် ဖမ်းဆီးခံရသည့်ပုံစံ စုံစမ်းနေဆဲဖြစ်သူ ၈ ဦး တို့ ဖြစ်သည်။”ဟု RSN ကဖော်ပြသည်။ အဆိုပါမြို့နယ်များအပြင် စမ်းချောင်းနှင့် သင်္ဃန်းကျွန်းမြို့နယ်များတွင်လည်း ဖမ်းဆီးမှုများရှိသည်ဟု ဆိုသော်လည်း…
-

ကျုံဒိုးမြို့ ခမရ ၅၄၅ တပ်သို့ ရောက်ရှိလာသော စစ်မှုထမ်းတပ်သားသစ် ၃၀ ကျော် ထွက် ပြေး
ကျုံဒိုးမြို့ ခမရ ၅၄၅ တပ်သို့ ရောက်ရှိလာသော စစ်မှုထမ်းတပ်သားသစ် ၃၀ ကျော် ထွက်ပြေး၊ နှစ်ဖက် တိုက်ပွဲပြင်းထန်နေပြီး စစ်သား ၄၀ နီးပါး သေဆုံးကာ စစ်တပ်က လက်နက်ကြီးနှင့် အတွဲလိုက်ဒုံးများ ပစ်ခတ်နေ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ ခမရ ၅၄၅ တပ်သို့ ရောက်ရှိလာသော စစ်ကူစစ်ကြောင်းမှ စစ်မှုထမ်းတပ်သားသစ် ၃၀ ကျော် ထွက်ပြေးသွားသဖြင့် စစ်တပ်က ပိတ်ဆို့ ရှာဖွေလျက်ရှိကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ရှိ ခမရ ၅၄၅ တပ်သို့ စစ်မှုထမ်းတပ်သားသစ်များနှင့် ပြည် သူ့စစ်များ စစ်ကူ ပေးပို့လာကြောင်း၊ ထိုသို့ ပေးပို့လာသော စစ်ကူစစ်ကြောင်းမှ စစ်မှုထမ်းတပ်သားသစ် ၃၀ ကျော် ထွက်ပြေးထွက်သွားကြောင်း၊ ယင်းသို့ ထွက်ပြေးသွားသည့်…
-

တရုတ်လက်နက်ပြပွဲကို မြောက်ကိုရီးယားခေါင်းဆောင် ရထားဖြင့် ချီတက်
တရုတ်လက်နက်ပြပွဲကို မြောက်ကိုရီးယားခေါင်းဆောင် ရထားဖြင့် ချီတက် ဘေဂျင်းမြို့တော် စစ်ရေးပြအခမ်းအနား တက်ကြမည့် နိုင်ငံတကာ ခေါင်းဆောင်များက တရုတ်နိုင်ငံသို့ လေကြောင်းခရီးဖြင့် သွားရောက်ကြချိန်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ၎င်း၏ထုံးစံအတိုင်း ရထားစီးပြီး နယ်စပ်ဖြတ် ခရီးနှင်နေပြီ ဖြစ်သည်။ ဒုတိယကမ္ဘာစစ်တွင် ဂျပန်စစ်တပ်လက်နက်ချသည့် နှစ် ၈၀ ပြည့် အခမ်းအနား တက်ရောက်မည့် ရဲဘော်ကင်ဂျုံအန်း၏ရထား ထွက်ခွာသွားပြီဖြစ်ကြောင်း မြောက်ကိုရီးယားက သတင်းထုတ်ပြန်သည်ဟု နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားသည်။ ကွယ်လွန်သူ ဖခင် အာဏာရှင်ကဲ့သို့ပင် သူလည်း လေယာဉ်စီးရမည်ကို ကြောက်တတ်သဖြင့် ကုန်းလမ်းမှသာ ခရီးသွားတတ်ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။ သူ၏ ဇိမ်ခံရထားမှာ လုံခြုံရေး အထူး တင်းကျပ်ထားပြီး ခရီးဆုံးဘူတာသို့ရောက်ရန် နာရီ ၂၀ ကျော် မောင်းနှင်ရမည် ဖြစ်သည်။ အစည်းအဝေးခန်းမ၊…
-
ခိုးဆိုးလုနှိုက် လူငယ်များကို စစ်မှုထမ်းလူစားထိုးခေါ်ယူ၍ ရှေ့တန်းပို့ရာ နေအိမ်များ ဖောက်ထွင်းခိုးယူမှုများ ဖြစ်ပွားနေ
စစ်ကော်မရှင်နှင့် ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်းလူအစားထိုးခေါ်ယူရာတွင် ခိုးဆိုးလုယက်မှုများ ပြုလုပ်နေသည့် လူငယ်များကို ခေါ်ယူခဲ့ရာ ရှေ့တန်းထွက်သည့်အခါ ၎င်းလူငယ်များက လုယက်ခိုးယူမှုများ ကျူးလွန်နေကြောင်း သိရသည်။ စစ်မှုထမ်းသင်တန်းပေးပြီး ရှေ့တန်းသို့ ပို့ဆောင်ခံရသည့် အဆိုပါ ခိုးဆိုးလုယက် လူငယ်များသည် စစ်ကြောင်းထိုးရာ ကျေးရွာများရှိ နေအိမ်များမှ တန်ဖိုးရှိပစ္စည်းများကို ဖောက်ထွင်းဝင်ရောက် လုယက်နေကြောင်း သိရသည်။ ရန်ကုန်တိုင်း၊ သန်လျင်မြို့၊ ဗိုလ်ချုပ်ကျေးရွာမှ စစ်မှုထမ်းအမှတ်စဉ် (၂) တွင် ပါသွားခဲ့သည့် သူခိုးအများစုသည် ရှေ့တန်းရောက်သည့်အခါ နေအိမ်များကို ဖောက်ထွင်းဝင်ရောက်ပြီး တန်ဖိုးရှိပစ္စည်းများကို လုယူကာ ရရှိသည့်ငွေကြေးနှင့် ရွှေထည်များကို မိဘများထံ ပြန်လည်ပို့ဆောင်ပေးနေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ “စစ်မှုထမ်းခေါ်တဲ့ အစောပိုင်း အမှတ်စဉ် (၂) လောက်က ပါသွားတဲ့ ရပ်ကွက်ထဲက သူခိုးနဲ့ မုဒိမ်းသမား သုံးယောက်ဆိုရင် သူတို့မိဘအိမ်ကို…