ရန်ကုန်မြို့ရှိ မြို့နယ် ၇ ခုတွင် တစ်ပတ်အတွင်းစစ်‌ ကောင်စီ၏ ဖမ်းဆီးခံရသူ ၂၇ ဦးရှိကြောင်းရန်ကုန်မြို့တွင်စစ်​​ကောင်စီကဖမ်းဆီး​နေ​သောမြေပြင်သတင်းများကိုစုစည်းဖော်ပြနေသည့် Rangoon Scout Networkကထုတ်ပြန်သည်။

ဩဂုတ် ၂၅ မှ ၃၁ ရက်အတွင်း ကြည့်မြင်တိုင်၊ မင်္ဂလာဒုံ၊ လှိုင်၊ ရန်ကင်း၊ တောင်ဥက္ကလာပ၊ မင်္ဂလာတောင်ညွှန့်နှင့် မရမ်းကုန်းမြို့နယ်များ၌ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း RSN က ထုတ်ပြန်ထားသည်။

“သတင်းအတိအကျဖြင့် ရှာဖွေဖမ်းဆီးခံရသူ ၉ ဦး၊ ဧည့်စစ်ပြီးနောက် ဖမ်းခံရသူ ၆ ဦး၊ လမ်းမပေါ် ရှောင်တခင်စစ်ခံရပြီး ဖမ်းခံရသူ ၄ ဦး နှင့် ဖမ်းဆီးခံရသည့်ပုံစံ စုံစမ်းနေဆဲဖြစ်သူ ၈ ဦး တို့ ဖြစ်သည်။”ဟု RSN က​ဖော်ပြသည်။

အဆိုပါမြို့နယ်များအပြင် စမ်းချောင်းနှင့် သင်္ဃန်းကျွန်းမြို့နယ်များတွင်လည်း ဖမ်းဆီးမှုများရှိသည်ဟု ဆိုသော်လည်း စုံစမ်းဆဲဖြစ်သည်ဟု RSN က အသိပေးထားသည်။

လှိုင်မြို့နယ် ၂ ရပ်ကွက် နှင့် ၅ ရပ်ကွက်တို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှုးများ သည် စစ်တပ်လက်​အောက်ခံပျူစောထီးများနှင့်ပေါင်း၍စစ်မှူထမ်း ကိစ္စနှင့် ပြည်သူများကို ခြိမ်းခြောက်မှုများပြုလုပ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ငွေရှိသူတွေကတော့ သားသမီးတွေကို ငွေပေးပြီး လိုက်ထုတ်နိုင်ပေမယ့် ဆင်းရဲသားနင်းပြားမိသားစုတွေကတော့ စစ်မှူထမ်းတွေပါသွားပြီ” ဟု ၎င်းက လက်ရှိကြုံနေရသည့် အခြေအနေကိုပြောသည်။

ဩဂုတ်လအတွင်း၌ ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် ဆိုက္ကားနင်းသူများကို လူတစ်စုက လိုက်လံငှားရမ်း၍ ခေါ်ဆောင်သွားကာ အဆက်အသွယ်မရ‌တော့သည့် ဖြစ်စဉ်များလည်းရှိသည်ဟု RSN ကဆိုသည်။

လှိုင်၊ ကြည့်မြင်တိုင်၊ တာမွေ စသည့် မြို့နယ်များ၌ အထက်ပါဖြစ်စဉ်ဖြစ်ခဲ့ခြင်းဖြစ်ပြီး စစ်မှူထမ်းအတွက် လိမ်လည်ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကသုံးသပ်ထားသည်။

ထို့အပြင် ယခုတစ်ပတ်အတွင်း ရန်ကုန်မြို့ရှိ မြို့နယ် ၁၃ ခု၌ ဧည့်စာရင်းစစ်သည့် ဖြစ်စဉ် ၂၂ ခုရှိခဲ့ကြောင်း RSN က ဖော်ပြထားသည်။

(စစ်​ကောင်စီက ဧည်စာရင်းကိုအ​ကြောင်းပြ၍ လူငယ်များကိုဖမ်းဆီးမှုမျိုးလည်းပြုလုပ်​လေ့ရှိသည်။ ။ဓါတ်ပုံ-စစ်​ကောင်စီ)

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *