Category: News

  • ထွက်ပြေးတိမ်းရှောင်သည့် ယာဉ်မောင်းကြောင့် လူမမယ်ကလေးငယ်တစ်ဦး သေဆုံး

    ထွက်ပြေးတိမ်းရှောင်သည့် ယာဉ်မောင်းကြောင့် လူမမယ်ကလေးငယ်တစ်ဦး သေဆုံး

    ရန်ကုန်တွင် ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်သည့် ယာဉ်မောင်းကြောင့် လူမမယ်ကလေးငယ်တစ်ဦး Tayဆုံးကာ လူ (၃) ဦး ဒဏ်ရာပြင်းထန်စွာရရှိ

    ရန်ကုန်မြို့၊ ဒလ-တွံတေး လမ်းမအနီးတစ်ဝိုက်မှယမန်နေ့ည (၉) နာရီဝန်းကျင်က အရက်သေစာ သောက်စားထားသည်ဟု ယူဆရတဲ့ ယာဉ်မောင်းတစ်ဦးဟာ လမ်းတစ်လျှောက် ဆက်တိုက်ဆိုသလို ယာဉ်တိုက်မှုများ ကျူးလွန်ခဲ့တာကြောင့် ကလေးငယ်တစ်ဦး သေဆုံးပြီး လူ (၃) ဦး စိုးရိမ်ရတဲ့အခြေအနေနဲ့ ဆေးရုံတင်ပို့ထားရတဲ့ ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

    ဖြစ်စဉ်မှာ အဆိုပါ မော်တော်ယာဉ်ဟာ စက်မြေရပ်ကွက် လမ်းမပေါ်မှာ ပထမဦးဆုံး ယာဉ်တိုက်မှု စတင်ဖြစ်ပွားခဲ့တာပါ။ ထိုသို့တိုက်မိပြီးနောက် အရေးယူခံရမှာကို စိုးရိမ်တာကြောင့် ထွက်ပြေးမောင်းနှင်ရာမှ ဗိုလ်ရန်ပြေရပ်ကွက် အရောက်မှာတော့ လမ်းဘေးမှာ ဘုရားပန်းရောင်းချနေတဲ့ အံ့ကြီးအနောက်ရပ်ကွက်မှ ဇနီးမောင်နှံနှစ်ဦးကို ထပ်မံတိုက်မိခဲ့ပါတယ်။

    အဆိုပါ ဇနီးမောင်နှံနှစ်ဦးစလုံးဟာ လက်ရှိမှာတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေနဲ့ ရန်ကုန်ဆေးရုံကြီးမှာ အရေးပေါ် ကုသမှုခံယူနေရပါတယ်။

    ယာဉ်မောင်းဟာ ရပ်တန့်ခြင်းမရှိဘဲ ဒလ-တွံတေး လမ်းမကြီးကို ဖြတ်ကျော်ကာ အောင်မင်္ဂလာရပ်ကွက်၊ ရှင်စောပုလမ်းနဲ့ ၆ လမ်းထိပ်အရောက်မှာတော့ လမ်းလျှောက်လာတဲ့ မောင်နှမနှစ်ဦးကို တတိယအကြိမ် ထပ်မံတိုက်မိခဲ့ပြန်ပါတယ်။

    အဆိုပါ တိုက်မိမှုကြောင့် အသက်မပြည့်သေးတဲ့ မောင်ဖြစ်သူမှာ အခင်းဖြစ်နေရာမှာတင် ပွဲချင်းပြီး ဆုံးပါးသွားခဲ့ရပြီး အစ်မဖြစ်သူမှာလည်း ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံတင်ပို့ထားရပါတယ်။

    လက်ရှိမှာတော့ သက်ဆိုင်ရာ အောင်မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ယာဉ်မောင်းနဲ့ ယာဉ်တိုက်မှုမှာ ပါဝင်သူတွေရဲ့ အမည်စာရင်း အသေးစိတ်ကိုတော့ ဆက်လက်အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

    မဆင်မခြင် မောင်းနှင်မှုကြောင့် အပြစ်မဲ့တဲ့ ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရတဲ့အပေါ် မိသားစုနဲ့အတူ ထပ်တူ ဝမ်းနည်းရပါတယ်ဗျာ။

    ပရိသတ်ကြီးတို့အနေနဲ့လည်း ညဘက် လမ်းသွားလမ်းလာပြုတဲ့အခါမှာရော၊ ကားမောင်းတဲ့အခါမှာပါ အထူးသတိထားကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ဗျ။

  • ရန်ကုန်မြို့ အလှည့်ကျဓာတ်အားပေးမှု အစီအစဉ်သစ်

    ရန်ကုန်မြို့ အလှည့်ကျဓာတ်အားပေးမှု အစီအစဉ်သစ်

    📢 ရန်ကုန်မြို့ အလှည့်ကျဓာတ်အားပေးမှု အစီအစဉ်သစ် (မတ်လ ၁၉ – ၃၁)

    ရန်ကုန်မြို့ရှိ မြို့နယ်များ (အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း) အားလုံးအတွက် မတ်လကုန်အထိ အသုံးပြုရမည့် ဓာတ်အားပေးဝေမှု ဇယားသစ် ထွက်ရှိလာပါတယ်။ အဓိကပြောင်းလဲချက်အနေနဲ့ မနက် ၉ နာရီကနေ ည ၉ နာရီအတွင်း အုပ်စုတစ်ခုလျှင် (၄) နာရီစီ၊ တစ်နေ့ (၂) ကြိမ် ဓာတ်အားပြတ်တောက်မှာ ဖြစ်ပါတယ်။

    အရေးကြီးအချက်များ:

    * မိမိတို့၏ မူလအုပ်စု (Group A သို့မဟုတ် B) ပြောင်းလဲခြင်း မရှိပါ။

    * စက်မှုဇုန်များ၊ သန်လျင်သီလဝါနှင့် အရေးကြီးဌာနဆိုင်ရာများကို (၂၄) နာရီ မီးပေးထားမည် ဖြစ်သည်။

    📅 အလှည့်ကျ မီးပေးဝေမှုဇယား (နေ့ရက်အလိုက်)

    အောက်ပါဇယားတွင် “A” သို့မဟုတ် “B” ဟု ပြထားသော အချိန်များသည် ထိုအုပ်စုဝင် မြို့နယ်များ မီးရရှိမည့်အချိန် ဖြစ်ပါသည်။

    | နေ့ရက် | 05:00-09:00 | 09:00-13:00 | 13:00-17:00 | 17:00-21:00 | 21:00-01:00 | 01:00-05:00 |

    | 19, 21, 23, 25, 27, 29, 31 | B + (A) | A | B | A | B + (A) | A + (B) |
    | 20, 22, 24, 26, 28, 30 | A + (B) | B | A | B | A + (B) | B + (A) |

    > မှတ်ချက်:

    > * A ဟုပြထားချိန်တွင် Group A မီးရပြီး Group B မီးပြတ်ပါမည်။

    > * B ဟုပြထားချိန်တွင် Group B မီးရပြီး Group A မီးပြတ်ပါမည်။

    > * ညပိုင်း (၂၁:၀၀) နောက်ပိုင်းနှင့် မနက်စောစောပိုင်းများတွင် အုပ်စုနှစ်ခုလုံးအား ရရှိနိုင်သည့် အခြေအနေပေါ်မူတည်၍ ခွဲဝေပေးသွားမည် ဖြစ်သည်။

    နမူနာကြည့်ရန်:

    သင်က အုပ်စု (A) ထဲမှာဆိုရင် မတ်လ ၁၉ ရက်နေ့မှာ:

    * မနက် ၉ နာရီကနေ နေ့လယ် ၁ နာရီအထိ မီးရပါမယ်။

    * နေ့လယ် ၁ နာရီကနေ ညနေ ၅ နာရီအထိ မီးပြတ်ပါမယ်။

    * ညနေ ၅ နာရီကနေ ည ၉ နာရီအထိ မီးပြန်ရပါမယ်။

    ဒီဇယားကိုကြည့်ပြီး လုပ်ငန်းဆောင်တာတွေကို ကြိုတင်စီမံနိုင်ကြပါစေ။

  • စစ်တပ်နယ်မြေအတွင်း ဆော့ကစားနေသော PDF များ

    စစ်တပ်နယ်မြေအတွင်း ဆော့ကစားနေသော PDF များ

    မတ်လ ၁၉ ရက်နေ့မှာ AA ၊ PDF နဲ့ တော်လှန်ရေးရဲဘော် ၅၀၀ လောက် စစ်ကော်မရှင်ဘက်ကို အလင်းဝင်ခဲ့ကြောင်း အခမ်းအနား တစ်ခုပြုလုပ်ပြီး စစ်ကော်မရှင်ဘက်က ဝါဒဖြန်ခဲ့ပါတယ်။

    ဒီပွဲမှာ စစ်ကောင်စီ ဆီကို လက်နက်ချအလင်းဝင်လာသူ အမျိုးသား ၄၅၃ ယောက်နဲ့ အမျိုးသမီး ၅၃ ယောက် စုစုပေါင်း ၅၀၆ ယောက်လို့ ဖော်ပြထားပါတယ်။

    ဒီသတင်းဟာ စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်ချန်နယ်တွေက တဆင့် လူမှုကွန်ယက်တွေဆီကို အသီးသီးရောက်ရှိခဲ့ပါတယ်။

    စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်ချန်နယ်တွေမှာ အသက်အရွယ်တူ သင်တန်းဆင်း လူငယ်တချို့ကို ကွင်းပြင်မှာ ထိုင်ခိုင်းထားပြီး အခမ်းအနား တစ်ရပ်ပြုလုပ်ခဲ့တာပါ။

    ဒီလူငယ်တွေကို မန္တလေးတိုင်းမှူးက မိန့်ခွန်းအရှည်ကြီးပြောပြီး ကြိုဆိုခဲ့ကြတာပါ။

    ထူးခြားချက်အနေနဲ့ ကတော့ ဒီလူငယ်တွေဟာ တခြားတစ်ဖက်က အလင်းဝင်လာသူတွေ နဲ့မတူဘဲ ၊ မိခင်တပ်ရင်းမှာ ကဲ့သို့ ပြုမူနေထိုင်နေတာကို တွေ့မြင်နိုင်ပါတယ်။

    စစ်ကော်မရှင်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဆက်စပ်သူတွေကို အနည်းဆုံး ထောင် ဆယ်နှစ်အထိ ကျခံရတဲ့ ပုဒ်မ မျိုးစုံ နဲ့ စွဲချက်တင်တတ်ပါတယ်။

    ဓာတ်ပုံ- စစ်တပ်နယ်မြေအတွင်း ဆော့ကစားနေသော PDF များ

  • ရင်နင့်စရာကောင်းလွန်းတဲ့ ထိုင်းရောက်မြန်မာလုပ်သားတို့ရဲ့ ဘဝနိဂုံး တစ်ခု…

    ရင်နင့်စရာကောင်းလွန်းတဲ့ ထိုင်းရောက်မြန်မာလုပ်သားတို့ရဲ့ ဘဝနိဂုံး တစ်ခု…

    “ရင်နင့်စရာကောင်းလွန်းတဲ့ ထိုင်းရောက်မြန်မာလုပ်သားတို့ရဲ့ ဘဝနိဂုံး တစ်ခု… 😥😥

    ​လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ထိုင်းနိုင်ငံက အခန်းငှားတစ်ခုအတွင်းမှာ ပအိုဝ်းတိုင်းရင်းသူလေး မနင်းအေးသိန်း (အသက် ၂၇ နှစ်) တစ်ယောက် ဘဝတစ်ပါးကို ကူးပြောင်းသွားခဲ့ရပါတယ်။

    အဆိုးဝါးဆုံးကတော့ သူမဟာ နေမကောင်းဖြစ်နေတာ ရက်အတန်ကြာခဲ့ပေမယ့် အခြေအနေအမျိုးမျိုးကြောင့် ဆေးခန်းပြဖို့ အခက်အခဲရှိနေခဲ့ပုံရပါတယ်။

    ​နောက်ဆုံးမှာတော့ ဘယ်သူမှမသိရှိဘဲ သူမရဲ့ အခန်းလေးထဲမှာပဲ အသက်ရှူရပ်တန့်သွားခဲ့ရရှာပါတယ်။

    ပိုပြီး စိတ်မကောင်းဖြစ်ရတာကတော့ သူမရဲ့ (၂) နှစ်၊ (၃) နှစ်အရွယ် သမီးငယ်လေးဟာ သူ့အမေ အသက်မရှိတော့တာကို မသိဘဲ ‘မေမေ အိပ်ပျော်နေတယ်’ အမှတ်နဲ့ ဘေးနားမှာ ဆော့ကစားရင်း၊ ငိုတောင်မငိုဘဲ အဖော်လုပ်ပေးနေခဲ့တာပါပဲ။

    ဒီမြင်ကွင်းကို မြင်တွေ့ရတဲ့သူတိုင်း ရင်ထဲမှာ တကယ်ကို ခံစားရခက်လွန်းလှပါတယ်။

    ​အခုတော့ ပအိုဝ်းလူမှုကူညီရေးအဖွဲ့တွေက သွားရောက်ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

    တစိမ်းပြင်ပြင် အရပ်မှာ ရုန်းကန်နေကြရတဲ့ ကျွန်တော်တို့ မြန်မာလုပ်သားတွေရဲ့ ဘဝဟာ တကယ်ကို အားကိုးရာမဲ့ပြီး အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေကြရတာပါ။

    ​ညီမလေး မနင်းအေးသိန်း တစ်ယောက် ကောင်းရာသုဂတိလားပါစေ။ နောင်ဘဝမှာ အခုလို အဖြစ်မျိုး၊ အခုလို ဆင်းရဲဒုက္ခမျိုးတွေနဲ့ ဝေးကွာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

    ကျန်ရစ်သူ သမီးငယ်လေးရဲ့ ရှေ့ရေးကိုလည်း သာယာဖြောင့်ဖြူးပါစေလို့ပဲ တောင်းဆုပြုပါတယ်။

    ​မိမိတို့ပတ်ဝန်းကျင်မှာ အခက်အခဲဖြစ်နေတဲ့ မြန်မာအချင်းချင်းကိုလည်း တတ်နိုင်သလောက် ဖေးမကူညီပေးကြပါဦးဗျာ။”

  • တော်လှန်ရေးဇာတ်မျောကြီး ဖြစ်သွားတော့မှာလား

    တော်လှန်ရေးဇာတ်မျောကြီး ဖြစ်သွားတော့မှာလား

    ဒီနေ့ နေပြည်တော်မှာ ပြည်သူ့လွှတ်တော်အစည်းအဝေးလုပ်တယ်။ လက်ရှိ ကြံ့ဖွံ့ဥက္ကဋ္ဌ ခင်ရီက ဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးအဖြစ် လက်ရှိစစ်ကော်မရှင်မှာ ရာထူးယူထားတဲ့ မောင်မောင်အုန်းက ဒုက္ကဋ္ဌဖြစ်တယ်။

    ညိုစောအပါအဝင် စစ်ဗိုလ်ချုပ်ဟောင်းများစွာ ပြည်သူ့လွှတ်တော်ထဲ နေရာယူထား တယ်။

    ဒီအခင်းအကျင်းကို လက်ရှိ တော်လှန်ရေးတာဝန်တွေယူထားသူတွေရော၊ ပြည်သူတွေပါ သတိထား စောင့်ကြည့်သင့်တယ်လို့ ကျွန်တော်တို့မြင်တယ်။

    အပေါ်ယံအားဖြင့်တော့ စစ်တပ်ကလုပ်တာဘာဆန်းလဲ၊ ရွေးကောက်ပွဲလည်း သူတို့ဘာသာလုပ်တဲ့ အတုယောင်ပဲ၊ လွှတ်တော်လည်းအတုယောင်ပဲ၊ အဲဒီကရွေးတဲ့ အစိုးရကလည်း အတုအယောင်ပဲ ၊ နုဂျီကမှ ငါတို့အစိုးရ စသည်ဖြင့် တွေးမိကြမယ်။

    မှန်ပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော်တို့ အတွက်ပဲ မှန်ပါတယ်။

    သတိထားကြည့်ရင် စစ်တပ်ဟာ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတရပ်နဲ့ လွှတ်တော်စနစ်ကို ပုံဖော်ပေးခဲ့တယ်ဆိုတဲ့ လမ်းကြောင်းကိုသွားနေတာဖြစ်ပါတယ်။

    ဒါဟာ နိုင်ငံတကာအကြိုက်ပါပဲ။ နိုင်ငံတကာမှာ နိုင်ငံရေး၊ စီးပွားရေးအရ အရေးပါမနေတဲ့ မြန်မာလိုနိုင်ငံအတွက် ဘယ်နိုင်ငံကမှ ဓါးခုတ်ရာ လက်ဝင်မရှိုချင်ပါဘူး။

    စစ်ပွဲတွေရပ်၊ သတ်တာဖြတ်တာတွေရပ်ပြီး ဒီမိုကရေစီနည်းနဲ့အုပ်ချုပ်နေတဲ့အစိုးရတရပ်ပေါ်လာဖို့ဟာ အာဆီယံရော တရုတ်ရော အနောက်အုပ်စုရော လိုလားတဲ့ဘုံတူညီချက်ပါပဲ။

    ဒါပေမဲ့ ဒါဟာ နေဝင်း၊ သန်းရွှေခေတ်လို အာဏာရှင်စနစ်ပဲ၊ လွှတ်တော်၊ အစိုးရဆိုတာ ရုပ်သေးဟန်ပြပဲဆိုတာ ကျွန်တော်တို့မြန်မာပြည်သူတွေပဲသိပါတယ်။

    နိုင်ငံတကာက မသိပါဘူး။ သိလည်းဂရုမစိုက်ပါဘူး။

    မကြာခင် မင်းအောင်လှိုင်ဟာ သူ သမ္မတလုပ်ရင်လုပ်၊ မလုပ်ရင် သမ္မတထက်မြင့်တဲ့ရာထူးတခုကိုယူမှာပဲ။

    ဒါဖြင့် ကျွန်တော်တို့ တော်လှန်ရေးကြီးဟာ ဒီလိုပဲ ဇာတ်မျောကြီးနဲ့ ပြီးသွားတော့မှာလား။ ဒီလိုဖြစ်လို့မရပါဘူး။

    မြသွဲ့သွဲ့ခိုင်၊ ညီညီအောင်ထက်နိုင်၊ ဝေယံထွန်းကစလို့ မရေနိုင်အောင် အသက်ပေးခဲ့ကြသူတွေရဲ့ ပေးဆပ်မှုတွေဟာ အချည်းနှီးဖြစ်သွားလို့မရပါဘူး။

    ကိုယ့်စိုးမိုးနေရာလေးကိုယ်အုပ်ချုပ်နေပြီး ဒီလိုပဲ ဆက်သွားနေရင်(ဒီကြားထဲ အာဏာရှင်ဆန်ဆန် အပြုအမူတွေပါလုပ်နေရင်) ပြည်သူတွေဟာ တောင်မင်းလည်းကြောက်ရ၊ မြောက်မင်းလည်းကြောက်ရဆိုတဲ့ သဘောမျိုးမြင်လာမယ်။

    ဟိုဘက်ကိုလည်း တောင်းသမျှပေးရ၊ ဒီဘက်ကိုလည်း ထောက်ပံ့ရနဲ့ ပိုမွဲပြာကျဖို့ပဲရှိပါတယ်။

    မကြာခင် စစ်ကော်မရှင်ရဲ့လွှတ်တော်က ပုံဖော်တဲ့ အစိုးရတရပ်ကို နိုင်ငံတကာက အရေးတယူ အသိအသိအမှတ်ပြုမှုတွေလုပ်လာ၊ တရားဝင်မှုတွေ အခုထပ်ပိုရလာတာမမြင်ချင်ရင် တော်လှန်ရေး ဦးဆောင်သူများဟာ အခုထပ်ပို အားကုန်လုပ်ပြဖို့(ရလဒ်မြင်ရဖို့)၊ မဟာမိတ်တွေနဲ့ ယုံကြည်မှု ပိုတည်ဆောက်ဖို့၊ စစ်ရေး ပိုအနိုင်ရဖို့လိုပါတယ်။ ဝူးရှူးဝါးတွေလုပ်နေလို့မရတော့ပါဘူး။

    ဒါဟာ နောက်ဆုံးတခေါက်အနေနဲ့ ပြည်သူတွေရော တော်လှန်ရေးဦးဆောင်သူတွေပါ အားကုန်ထည့်ရုန်းကြရမယ့် အချက်ပေးခေါင်းလောင်းသံလို့မြင်ပါတယ်။

    ✍🏻Urban Owls