Category: News

  • သယ်ရခက်ခြင်းကြောင့် ရုရှားစစ်သည်ရုပ်အလောင်းများမှ ဦးခေါင်းကိုသာ ဖြတ်ယူခဲ့ရန် အမိန့်ပေးထားကြောင်း အသံဖိုင်ပေါက်ကြား

    သယ်ရခက်ခြင်းကြောင့် ရုရှားစစ်သည်ရုပ်အလောင်းများမှ ဦးခေါင်းကိုသာ ဖြတ်ယူခဲ့ရန် အမိန့်ပေးထားကြောင်း အသံဖိုင်ပေါက်ကြား

    သေဆုံးသွားသော ရုရှားစစ်သည်များ၏ ရုပ်အလောင်းများကို စစ်မြေပြင်မှ ပြန်လည်သယ်ယူမည့်အစား ဦးခေါင်းကိုသာ ဖြတ်ယူခဲ့ရန် ရုရှားတပ်မှူးများက အမိန့်ပေးထားကြောင်း ယူကရိန်းစစ်ဘက်ထောက်လှမ်းရေးက ပြောကြားလိုက်သည်။

    ယူကရိန်းတွင် တိုက်ပွဲဝင်နေသည့် ရုရှားတပ်ဖွဲ့ဝင်များ“ကိုယ်ကျင့်တရားပျက်ပြားပြီး စိတ်ဓာတ်ကျဆင်းနေမှု”ကို ဖော်ပြသည့် လက္ခဏာအဖြစ် ရုရှားစစ်သားနှစ်ဦး ပြောကြားထားသည့် အသံဖိုင်တခုကို ယူကရိန်းစစ်ဘက်ထောက်လှမ်းရေး (HUR) က ကြားဖြတ်ဖမ်းယူနိုင်ခဲ့သည်။

    “အလောင်းတွေကို သယ်ရတာ ခက်ခဲတဲ့အတွက် ဦးခေါင်းကိုဖြတ်၊ အဲဒီဦးခေါင်းနဲ့အတူ အထောက်အထားစာရွက်စာတမ်းတွေပါ တပါတည်း ယူလာခဲ့ဖို့ ညွှန်ကြားခံထားရတယ်” ဟု အသံဖိုင်တွင် ရုရှားစစ်သားတဦးက ပြောကြားခဲ့သည်။

    ရုပ်အလောင်းတခုလုံးကို စစ်မြေပြင်မှ သယ်ထုတ်ရန်မလိုဘဲ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ရန်အတွက် ရုရှားတပ်မှူးများက ထိုသို့ ခေါင်းဖြတ်ယူခိုင်းခြင်းဖြစ်ကြောင်း ယူကရိန်းစစ်ဘက်ထောက်လှမ်းရေး (HUR) က ပြောကြားသည်။

    ထို့ပြင် ရုရှားအရာရှိများသည် ၎င်းတို့၏ စစ်သားများ၏ ရုပ်အလောင်းများကို “ဝန်ပို” အဖြစ်သာ သဘောထားကြပြီး၊ ကြာမြင့်စွာပစ်ထားရသည့် အလောင်းများကို ပြန်လည်သယ်ဆောင်ရန် ရှောင်လွှဲလိုသည့်အတွက် “ပြဿနာ” ဟုပင် ခေါ်ဆိုနေကြကြောင်း HUR က ဆိုသည်။

    ယခုဖြစ်ရပ်သည် တကြိမ်တခါတည်းဖြစ်ပျက်သည့် ကိစ္စရပ်မဟုတ်ဘဲ ရုရှားတပ်ရင်းအချို့တွင် အစဉ်အလာတခုလို ထပ်ခါတလဲလဲဖြစ်ပျက်နေကြောင်း HUR က ဖြည့်စွက်ပြောကြားသည်။

    ကြားဖြတ်ဖမ်းယူရရှိသော အသံဖိုင်ထဲတွင် အခြားစစ်သားတဦးက ၎င်းတို့အဖွဲ့ဝင်တဦး ခေါင်းဖြတ်ခံရကြောင်း သိလိုက်ရသည့် တပ်ရင်းမှူး၏ တုံ့ပြန်ပုံကို ဖော်ပြခဲ့သည်။

    “ငါတို့တပ်က လူရဲ့ ခေါင်းကို ဖြတ်လိုက်ပြီဆိုတာ သူသိသွားတဲ့အချိန်မှာ ဘယ်လောက်တောင် ကြမ်းကြမ်းတမ်းတမ်း အော်ဟစ်ဆဲဆိုလိုက်သလဲဆိုတာ မင်းကြားရင် နားမခံသာဖြစ်သွားမယ်။” ဟု ၎င်းက ပြောခဲ့သည်။

    “Fak” နှင့် “Aladdin” အမည်ဖြင့် အချက်ပြကုဒ်သုံး တပ်မှူးများသည် အထက်အရာရှိကြီးများ၏ အမိန့်အတိုင်း ယခင်ကလည်း ထိုကဲ့သို့သော နည်းလမ်းများကို အသုံးပြုခဲ့ဖူးကြောင်း စစ်သားက ပြောကြားခဲ့သည်။

    ထို့ပြင် စစ်သားက တပ်မှူးကို ကြောက်ရွံ့သဖြင့် ယင်းကိစ္စကို လူသိရှင်ကြား မပြောဆိုရန်နှင့် သီးသန့်စာတိုပေးပို့ရန် ၎င်း၏ လုပ်ဖော်ကိုင်ဖက်ကို သတိပေးခဲ့သည်။

    “နှစ်ယောက်ထဲ ပြောမယ်၊ လျှို့ဝှက်ကိစ္စဆိုတော့ အဲဒီမှာပဲ ပြောတော့။ ငါတို့ တပ်မှူးက နားထောင်နေတယ်။” ဟု ၎င်းက ပြောကြားခဲ့သည်။

  • ကျောက်ဖြူမှာ AA ထိန်းချုပ်နယ်မြေကို ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်း ပြိုကွဲရုံသာမက အထိုင်ကုန်းစခန်းတစ်ခုပါ အသိမ်းခံရ

    ကျောက်ဖြူမှာ AA ထိန်းချုပ်နယ်မြေကို ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်း ပြိုကွဲရုံသာမက အထိုင်ကုန်းစခန်းတစ်ခုပါ အသိမ်းခံရ

    ကျောက်ဖြူမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်း တစ်ခုဟာ ထပ်မံ အထိနာခဲ့ရတဲ့အပြင် သူတို့ရဲ့ အထိုင်စခန်းတစ်ခုပါ ထပ်မံဆုံးရှုံးလိုက်ရတယ်လို့ သတင်းရရှိပါတယ်။

    ဒီလ ၁၆ ရက်နေ့က အင်အား ၇၀ ခန့်ပါတဲ့ စစ်ကော်မရှင် စစ်ကြောင်း တစ်ခုဟာ မင်းပြင်နဲ့ သိုင်းချောင်းကြားကနေ အာရက္ခတပ်တော်ထိန်းချုပ်တဲ့နေရာတစ်ခုကို ထိုးစစ်ဆင်လာခဲ့တယ်လို့ စစ်မြေပြင် သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။

    ဒီစစ်ကြောင်းကို အာရက္ခစစ်သည်တော်တွေက လက်ဦးမှုရယူကာ ချေမူန်းတိုက်ခိုက်လိုက်တဲ့အတွက် သေဆုံးသူတွေ၊ ဖမ်းဆီးခံရသူတွေနဲ့ စစ်ကြောင်း ပြိုကွဲကာ နောက်ဆုတ်သွားခဲ့တယ်လို့ သူက ဆက်ပြောပြပါတယ်။

    “ဒီလ ၁၆ ရက် ညနေဖက် ထိုးစစ်ဆင်လာတာပါ။ အင်အား ၇၀ ဝန်းကျင်လောက်ပါတယ်လို့ ခန့်မှန်းရတယ်။ တပ်တော်က သေချာ နေရာယူပြီး လက်ဦးမှုယူ တိုက်ခိုက်တော့ အဲဒီစစ်ကြောင်း အကျဆုံးများပြီး ပြိုကွဲထွက်ပြေးသွားကြတယ်။ တချို့လည်း အဖမ်းခံထိတယ်”လို့ ပြောပါတယ်။

    ဒီပြိုကွဲသွားတဲ့ စစ်ကြောင်းကို လိုက်လံရှင်းလင်းရင်းနဲ့ စစ်ကော်မရှင် ခြေကုတ်ယူထားတဲ့ အထိုင်စခန်းတစ်ခုကိုပါ ထပ်မံသိမ်းပိုက်ခဲ့တယ်လို့ ဆိုပါတယ်။

    “အဲဒီစစ်ကြောင်း ကျသွားပြီး အနီးအနားမှာ ခြေကုတ်ယူထားတဲ့ ကာကင်းကုန်း စခန်းတစ်ခုပါ တချိန်တည်း ထပ်မံသိမ်းဆည်းရမိပါတယ်။ ဒီပွဲကတော့ တပ်တော်အတွက် ထိထိမိမိ အသာစီးရတဲ့ ပွဲပါ။ ပွဲက တော်တော်လှပါတယ်”လို့ သူက ပြောဆိုပါတယ်။

    အခု ပြိုကွဲပျက်စီးသွားတဲ့ စစ်ကြောင်းဟာ တပ်မ (၁၁)ကို အပြောင်းရွှေ့လုပ်ပြီး အဲဒီနေရာမှာ အစားထိုးဝင်ရောက်လာတဲ့ စစ်ရှုံး တောင်ကုတ် စကခ(၅) က ကျန်ရစ်တဲ့ စစ်သားတွေနဲ့ စုပေါင်း ဖွဲ့စည်းထားတဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

    ပထမဆုံးပွဲဦးထွက် တိုက်ပွဲမှာ AA ဆီမှာ ချေမှုန်းခံလိုက်ရပြီး မရှုမလှ တပ်ပျက်ကာ ထွက်ပြေး နောက်ဆုတ် သွားခဲ့ရတယ်လို့ စစ်မြေပြင် သတင်းရင်းမြစ်က ပြောပါတယ်။

  • တစ်နေ့လျှင် ၄ နာရီ ၂ ကြိမ် စုစုပေါင်း ၈ နာရီ  လျှပ်စစ်မီးများ အလှည့်ကျ ပြန်လည်ဖြတ်တောက်မည်ဟု ကြေညာ

    တစ်နေ့လျှင် ၄ နာရီ ၂ ကြိမ် စုစုပေါင်း ၈ နာရီ လျှပ်စစ်မီးများ အလှည့်ကျ ပြန်လည်ဖြတ်တောက်မည်ဟု ကြေညာ

    ယနေ့ မတ်လ ၁၈ ရက်နေ့မှစတင်၍ တစ်နေ့လျှင် ၈ နာရီခြား၍ ၂ ကြိမ် စုစုပေါင်း ၈ နာရီ လျှပ်စစ်မီးများ အလှည့်ကျ ပြန်လည်ဖြတ်တောက်မည်ဖြစ်ကြောင်း အကြမ်းဖက်စစ်တပ် လက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

    မြန်မာနိုင်ငံတစ်ဝန်းတွင် တက္ကသိုလ်ဝင်စာမေးပွဲများ ပြီးဆုံးသွားပြီး နွေရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် ယနေ့ မတ်လ ၁၈ ရက်နေ့ မှစတင်ကာ လျှပ်စစ်မီးများကို အလှည့်ကျစနစ် (Planned Load Shedding) ဖြင့် ပြန်လည်ဖြတ်တောက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အသိပေးထုတ်ပြန်သည်။

    အလှည့်ကျ မီးဖြတ်မီးပေးစနစ်ကို ကျင့်သုံးရခြင်းမှာ လျှပ်စစ်မီးများ လုံလောက်စွာ မထုတ်နိုင်တော့ခြင်းကြောင့်ဖြစ်ပြီး အဓိကပင်မ ဓာတ်အားလိုင်းအချို့ ဖျက်ဆီးခံရခြင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရရှိမှု လျော့နည်းလာခြင်းကြောင့် LNG သုံး ဓာတ်အားပေးစက်ရုံများမှာ ပုံမှန်ထုတ်လုပ်နိုင်မှု၏ ၇၇ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်နိုင်တော့ခြင်း၊ ရေအားလျှပ်စစ်အတွက် ဆည်များအတွင်း စုဆောင်းထားသည့် ရေပမာဏကို ဇွန်လအထိ ရေရှည်အသုံးပြုနိုင်ရန်အတွက် စနစ်တကျ ထိန်းသိမ်းမောင်းနှင်နေရခြင်းတို့ကြောင့်ဖြစ်သည်ဟု အကြမ်းဖက်စစ်တပ်က အကြောင်းပြထားသည်။

    တက္ကသိုလ်ဝင်စာမေးပွဲ ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ ညပိုင်းစာကြည့်ချိန် အဆင်ပြေစေရန်အတွက် ဆည်ရေများကို အရှိန်အဟုန်ဖြင့် အသုံးပြုကာ မီးပေးဝေခဲ့သော်လည်း ယခုအခါ စာမေးပွဲများ ပြီးဆုံးသွားပြီဖြစ်သဖြင့် အလှည့်ကျ မီးဖြတ်တောက်မည့် အစီအစဉ်များကို ပြန်လည်စတင်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

    သို့သော်လည်း LNG (သဘာဝဓာတ်ငွေ့) ကို တိုက်ရိုက်အသုံးပြုနေသည့် ဓာတ်အားပေးစက်ရုံများနှင့် ဆက်သွယ်ထားသော ဓာတ်အားလိုင်းအချို့တွင်မူ ဝန်အားလျှော့ချခြင်း (Load Shedding) မပြုလုပ်ဘဲ ဆက်လက်ပေးဝေနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း စစ်တပ်က ဆိုသည်။

    နိုင်ငံတစ်ဝန်းလုံးတွင် ၈ နာရီ မီးပေး၊ ၄ နာရီ မီးဖြတ်စနစ်ဖြင့် တစ်နေ့လျှင် ၂ ကြိမ် စုစုပေါင်း ၈ နာရီ မီးဖြတ်တောက်မည်ဖြစ်ကြောင်း သိရှိရသည်။

  • ရေခပ်ဆင်းလာသည့် စစ်သားများကို တိုက်ခိုက်

    ရေခပ်ဆင်းလာသည့် စစ်သားများကို တိုက်ခိုက်

    ဖရူဆိုမြို့နယ်၊ နန်းဖဲကျေးရွာအနီးရှိ ချောင်းအတွင်း ရေခပ်ဆင်းလာသည့် စစ်သားများကို တိုက်ခိုက်မှုု ၅ ဦးသေဆုံးပြီး လက်နက် ၅ လက်သိမ်းဆည်းရရှိ

    ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ နန်းဖဲကျေးရွာအနီး ချောင်းအတွင်းရေခပ်ဆင်းလာသည့် စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး လက်နက် ၅ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီတော်လှန်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

    မတ်လ ၁၆ ရက်နေ့ ဖရူဆိုမြို့နယ်၊ နန်းဖဲကျေးရွာအနီးသို့ ရောက်ရှိလာသော စစ်တပ် စစ်ကြောင်း မှ ချောင်းအတွင်း ရေခပ်ဆင်းလာသည့် စစ်ကော်မရှင်တပ်သားများကို ကရင်နီတော်လှန်ရေး တပ်ဖွဲ့ဝင်များက လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး ထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ် ရာရရှိသူများလည်းရှိကာ လက်နက် ၅ လက်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

    “နန်းဖဲကျေးရွာနားက ချောင်းထဲမှာဖြစ်တာ။ သေတာကတော့ လက်နက် ၅ လက်ရတယ်ဆိုတော့ ၅ ယောက်ထက်တော့ မနည်းဘူး။ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ၃ ဦး၊ ၄ ဦးလောက်ရှိတယ်လို့ သိရတယ်၊ တော်လှန်ရေးတပ်ဖွဲ့ဝင် တွေဘက်ကအထိအခိုက်မရှိပါဘူး” ဟု ကရင်နီ တော်လှန်ရေး သတင်းရင်းမြစ်က ပြောကြာသးည်။

    အဆိုပါ စစ်သားများမှာ ဖရူဆိုမြို့မှ ဘောလခဲမြို့သို့ အင်အားဖြည့်တင်းရန် ထွက်လာသည့် ယာဉ် တန်း အတွက် လုံခြုံရေးယူပေးရန် ရောက်ရှိနေသည့် စစ်သားများဖြစ်ပြီးနန်းဖဲကျေးရွာတွင် တပ်စွဲ နေရာယူထားကြောင်း၊ ယင်းကျေးရွာရှိ စစ်သားများက အရပ်သားပြည်သူများနေထိုင်ရာ နေရာများ ကို အသေခံ ဒရုန်းများ ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အပြင် ဘောလခဲခြေစိုက် တပ်ရင်းကလည်း လက် နက်ကြီးဖြင့် ၁၀ လုံးထက်မနည်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    အလားတူ မတ်လ ၅ ရက်နေ့ နံနက်ပိုင်းကလည်း ဖရူဆို -ထားလဲ -နန်းဖဲ-ဘောလခဲလမ်းမကြီး ပေါ် သို့ လမ်းပြင်ရန် ဘက်ဟိုးပါ စစ်ယာဉ်တန်းကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး ဘက်ဟိုးကားလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

    ဒီးမော့ဆို- ဖရူဆို- ဘောလခဲ လမ်းမကြီး တစ်လျှောက်တွင် စစ်ကောင်စီတပ်များနှင့် ကရင်နီတော် လှန်ရေးတပ်များအကြား မကြာခဏ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသောကြောင့် ပြည်သူများ အနေဖြင့် ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက အသိပေးထားသည်။

  • အကြမ်းဖက် လွှတ်တော်ဒုဥက္ကဋ္ဌ မောင်မောင်အုန်း မဲဆွယ်ခဲ့သော တပ်ကုန်းမြို့နယ်၊ အင်ပင်တောင်ရွာနှင့် မြောက်ရွာမှ ပြည်သူ့နေအိမ် ၁၀၀ ကျော်ကို ကျူးကျော်ဟုဆိုကာ အတင်းအဓမ္မ ဖျက်ခိုင်းနေ

    အကြမ်းဖက် လွှတ်တော်ဒုဥက္ကဋ္ဌ မောင်မောင်အုန်း မဲဆွယ်ခဲ့သော တပ်ကုန်းမြို့နယ်၊ အင်ပင်တောင်ရွာနှင့် မြောက်ရွာမှ ပြည်သူ့နေအိမ် ၁၀၀ ကျော်ကို ကျူးကျော်ဟုဆိုကာ အတင်းအဓမ္မ ဖျက်ခိုင်းနေ

    အကြမ်းဖက် လွှတ်တော်ဒုဥက္ကဋ္ဌ မောင်မောင်အုန်း မဲဆွယ်ခဲ့သော တပ်ကုန်းမြို့နယ်၊ အင်ပင်တောင်ရွာနှင့် မြောက်ရွာမှ ပြည်သူ့နေအိမ် ၁၀၀ ကျော်ကို ကျူးကျော်ဟုဆိုကာ အတင်းအဓမ္မ ဖျက်ခိုင်းနေ

    အကြမ်းဖက် လွှတ်တော်ဒုဥက္ကဋ္ဌ မောင်မောင်အုန်း မဲဆွယ်ခဲ့သော နေပြည်တော်၊တပ်ကုန်းမြို့နယ်၊ အင်ပင်တောင်ရွာနှင့် မြောက်ရွာမှ ပြည်သူ့နေအိမ် ၁၀၀ ကျော်ကို ကျူးကျော်ဟုဆိုကာ အတင်းအဓမ္မ ဖျက်ခိုင်းနေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    မတ်လ ၁၇ ရက်နေ့ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အင်ပင်တောင်ရွာနှင့် မြောက်ရွာမှ ပြည်သူ့ နေအိမ် ၁၀၀ ကျော်ကို ကျူးကျော်ဟုဆိုကာ တပ်ကုန်းမြို့နယ်ထွေ/အုပ်က စာထုတ်ကာ အတင်းအဓမ္မ ဖျက်ခိုင်းနေကြောင်း၊ ၇ ရက်အတွင်း ဖျက်သိမ်းရမည်ဖြစ်ပြီး မဖျက်သိမ်းပါက အင်အားသုံး ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ထားကြောင်း သိရှိရသည်။

    အဆိုပါ အင်ပင်တောင်ရွာနှင့် မြောက်ရွာကိုလည်း ကြံ့ဖွတ်ပါတီမှ မောင်မောင်အုန်းက မဲဆွယ်ကာလတွင် လာရောက်ခဲ့ပြီး ၎င်းအနိုင်ရရှိပါက ကျေးရွာတိုးတက်ရေး လုပ်ဆောင်ပေးမည်ဟု ကတိပေးခဲ့ကြောင်း၊ လက်ရှိချိန်တွင် မောင်မောင်အုန်းသည် အကြမ်းဖက် ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဖြစ်လာသောအခါ ကျေးရွာပါ ဖျက်ဆီးခံရကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    “အင်ပင်တောင်ရွာနဲ့ မြောက်ရွာက နေအိမ်အလုံး ၁၀၀ကျော်ကို ကျူးကျော်မြေမှာ နေတယ်ဆိုပြီး ၇ ရက်အတွင်း စစ်တပ်က အတင်းအဓမ္မ ဖယ်ခိုင်းနေပါတယ်။ ကျနော်တို့ နေလာတာကကြာပါပြီ ဘိုးဘွား အဆက်အမွေရလို့နေတာပါ။ နှစ် ၃၀ ကျော်ကနေ အခုလက်ရှိ ဆောက်နေတုန်း အိမ်တွေလည်းပါတယ်။ အမွေရလို့နေတဲ့ အိမ်တွေပါ ခြံမြေအဖြစ်နဲ့ဝယ်ပြီးနေတဲ့ အိမ်တွေလည်းပါပါတယ်။ ကြံ့ဖွတ် အမတ် မောင်မောင်အုန်း ရွာကိုလာပြီး မဲဆွယ်တော့ ရွာကို တိုးတတ်အောင်လုပ်ပေးမယ်လို့ပြောသွားတယ်။ ခုသူလည်း အမတ်ဖြစ်သွားတော့ ကျူးကျော်မြေဆိုပြီးဖယ်ခိုင်းတယ်။ ရွာမှာရှိနေတဲ့ ဖွတ်ဘောမ တွေကလည်း အထက်ကခိုင်းတယ်ဆိုပြီး အကုန်လုပ်တယ်” ဟု ကျေးရွာနေပြည်သူတစ်ဦးက ပြောဆိုသည်။

    အကြမ်းဖက် စစ်တပ်က ၇ ရက်အတွင်း ပြောင်းရွေ့ခြင်းမရှိပါက တည်ဆဲမြေယာဥပဒေများနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်မည်ဟု ခြိမ်းခြောက်ပြောဆိုသွားကြောင်း၊ လက်ရှိချိန်တွင် ကျေးရွာနေပြည်သူများသည် ပြောင်းရွေ့နေထိုင်ရန် အခက်အခဲဖြစ်နေပြီး အများစုသည် စားဝတ်နေရေး ပြေလည်ခြင်းမရှိသောကြောင့် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။