Category: News

  • တောင်ငူမြို့ရှိ စစ်တပ်၏ စစ်လက်နက်ပစ္စည်းတပ်ခွဲ စနခ ၈၄၈ လက်နက်ခဲယမ်းဂိုဒေါင်များကို ၁၀၇ မမ ရှော့တိုက်ဒုံး ၉ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

    တောင်ငူမြို့ရှိ စစ်တပ်၏ စစ်လက်နက်ပစ္စည်းတပ်ခွဲ စနခ ၈၄၈ လက်နက်ခဲယမ်းဂိုဒေါင်များကို ၁၀၇ မမ ရှော့တိုက်ဒုံး ၉ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

    ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ အကြမ်းဖက် စစ်တပ်၏ စစ်လက်နက်ပစ္စည်းတပ်ခွဲ စနခ ၈၄၈ လက်နက်ခဲယမ်းဂိုဒေါင်များကို ၁၀၇ မမ ရှော့တိုက်ဒုံး ၉ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

    ယနေ့ မတ်လ ၁၅ ရက်နေ့ နံနက် ၂ နာရီ ၄၄ မိနစ်ခန့်တွင် Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF) ၊ Anti-Coup People’s Liberation Force (ACPLF)၊ သံတောင်မြောက်ပိုင်း အထူးဒေသ ဖိုက်တာဆားခဲအဖွဲ့ တို့သည် KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ နှင့် ပူးပေါင်း၍ တောင်ငူမြို့ရှိ စစ်လက်နက်ပစ္စည်းတပ်ခွဲ စနခ ၈၄၈ လက်နက်ခဲယမ်းဂိုဒေါင်များကို ဦးတည်၍ ရှော့တိုက်ဒုံး ၉ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၉ လုံးစလုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း သိရသည်။

    ထိုတိုက်ခိုက်မှုသည် စနခ ၈၄၈ ရှိ ခဲယမ်းဂိုဒေါင် နှင့် လက်နက်ဂိုဒေါင်တို့သည် တောင်ပိုင်းတိုင်းအတွင်း စစ်ရှုံးကောင်စီ၏ စစ်ရေးဖော်ဆောင်မှုများတွင် တောက်လျှောက် အသုံးပြုနေသည့် လက်နက်ခဲယမ်းတို့ကို အဓိက သိုလှောင်ထားသည့် လက်နက်ခဲယမ်း ဂိုဒေါင်များ ဖြစ်ကြောင်း၊ ထိုခဲယမ်းတို့ဖြင့် တောင်ပိုင်းတိုင်းအတွင်းရှိ အပြစ်မဲ့ ပြည်သူနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တို့ကို သတ်ဖြတ်ရန် တောက်လျှောက်အသုံးပြုနေသောကြောင့် BWM နှင့် မဟာမိတ်အဖွဲ့တို့က ပူးပေါင်းပြီး BWM ၏ Mission 52 အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    “စနခ ၄၈၄ က စစ်တပ်ရဲ့ တောင်ပိုင်းတိုင်းမှာရှိတဲ့ လက်နက် ခဲယမ်းတွေကို အဓိကသိုလှောင် ဖြန့်ဖြူးပေးနေတဲ့ စစ်လက်နက်ပစ္စည်းတပ်ခွဲဖြစ်လို့ တော်လှန်ရေးအတွက် ဗျူဟာမြောက်စွာ အထောက်အကူပြုတဲ့ မစ်ရှင်ကိုဖော်ဆောင်ခြင်းဖြစ်ပါတယ်။ နယ်မြေခံတွေက အသံကြားလို့ လာမေးကြတာ ပဲသိရပါသေးတယ်။ ထိခိုက်မှုအခြေအနေကိုတော့ စုံစမ်းနေပါတယ်။ ၉ လုံး စလုံး အောင်တဲ့ မစ်ရှင်မို့ အားရပါတယ်။ ၉ လုံးထဲက Error တက်ချင်တဲ့ တစ်လုံးက direction ပြောင်းပြီး ကျွန်တော်တို့ ပစ်ခတ်ရာ ခပ်လှန်းလှန်းမှာ စစ်ခွေးတပ်စွဲထားတဲ့ နေရာကို ဝင်ရောက်ပေါက်ကွဲတာမို့ အလုံးတိုင်း အကျိုးရှိတဲ့ target ထိမယ်လို့ ယုံကြည်တယ်။ ဗျူဟာကျတဲ့ မစ်ရှင်မို့ပါ” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

    BWM နှင့် မဟာမိတ်တို့ ဖော်ဆောင်သော ယခုမစ်ရှင်သည် တော်လှန်ရေးအောင်မြင်ရန်အတွက် ဗျူဟာကျသော တောင်ပိုင်းတိုင်း၏ အရေးကြီးသော စစ်ရေးပစ်မှတ်အကြီး တစ်ခုကို တိုက်ခိုက်ခြင်းဖြစ်သည့်အတွက် ထိုလက်နက်ခဲယမ်းဂိုဒေါင်များရှိ လက်နက်ခဲယမ်းများ ပျက်စီးလျှင် စစ်ရှုံးကောင်စီ အထိနာမည်ဖြစ်ကြောင်း၊ ထို့ပြင် တောင်ပိုင်းတိုင်းအတွင်း စစ်တပ်၏ စစ်ရေး ဖော်ဆောင်မှူများကိုလည်း ဟန့်တားရာ ရောက်မည်ဖြစ်၍ စစ်တပ်အထိနာစေရန် အရေးပါသော ဗျူဟာမြောက်စစ်ရေး ပစ်မှတ်ကြီးများကို BWM နှင့် မဟာမိတ်အဖွဲ့တို့သည် တော်လှန်ရေးအမြန်ဆုံးအောင်မြင်မှုကို အထောက်အကူပြုရန်အတွက် ဆက်လက်ကြိုးစားသွားမည်ဟု အခိုင်အမာပြောကြားလိုကြောင်း BWM အဖွဲ့မှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။

    အလားတူ မတ်လ ၁၂ ရက်နေ့ ညပိုင်းကလည်း ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် ကေတုမတီလေတပ်နှင့် လေယာဉ်ဆီသိုလှောင်ကန်ကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်မှုဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၁၀၇ မမ ရှော့တိုက်ဒုံး ၁၈ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း။ အဆိုပါတိုက်ခိုက်မှုတွင် ရှော့တိုက်ဒုံး ၁၃ လုံးမှာ လေတပ်အတွင်းသို့ အောင်မြင်စွာ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

  • ထီးလင်းမြို့နယ် တိုက်ပွဲအတွင်း တပ်မ ၇၇ မှ ဒုတပ်မမှူး ဗိုလ်မှူးကြီး ဝင်းမောင်မောင် သေဆုံး

    ထီးလင်းမြို့နယ် တိုက်ပွဲအတွင်း တပ်မ ၇၇ မှ ဒုတပ်မမှူး ဗိုလ်မှူးကြီး ဝင်းမောင်မောင် သေဆုံး

    မကွေးတိုင်း၊ ထီးလင်းမြို့နယ် တိုက်ပွဲအတွင်း ရှမ်းမြောက် စစ်ဆင်ရေးဖြင့် နာမည်ကောင်းရရှိခဲ့သော အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ်၏ ဒုတပ်မမှူး ဖြစ်သူ ဗိုလ်မှူးကြီး ဝင်းမောင်မောင် သေဆုံးခဲ့ကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    မတ်လ ဒုတိယပတ်အတွင်း ဗိုလ်မှူးကြီး ဝင်းမောင်မောင် ဦးဆောင်သည့် တပ်မ ၇၇ စစ်ကြောင်းများသည် ပခုက္ကူ-ပေါက်-ထီးလင်း လမ်းပိုင်းမှ တဆင့် ချင်းပြည်နယ်အတွင်းသို့ ချီတက်စစ်ကြောင်းထိုးရန် ကြိုးပမ်းနေစဉ် ထီးလင်းမြို့ နယ်အစပ်၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုအတွင်း ဒုတပ်မမှူး ဗိုလ်မှူးကြီး ဝင်းမောင်မောင်သေဆုံးခဲ့ကြောင်း သိရှိရသည်။

    ဗိုလ်မှူးကြီး ဝင်းမောင်မောင်သည် တပ်မမှူးအဆင့်မဟုတ်ဘဲ တပ်မ ၇၇ ၏ ဒုတပ်မမှူး ဖြစ်ပြီး ၎င်းသေဆုံးမှုမှာ စစ်မြေပြင်တွင် အထိနာနေသော တပ်မ ၇၇ အတွက် ဒုတိယမြောက် အဆင့်မြင့်အရာရှိကြီး ဆုံးရှုံးမှုလည်း ဖြစ်ကြောင်း၊ ယခင်က တပ်မမှူးဖြစ်သူ ဗိုလ်မှူးချုပ် အောင်သက်ဦးသည်လည်း ၂၀၂၅ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့က အင်းတော်မြို့နယ်တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခြင်းခံခဲ့ရဖူးကြောင်း သိရှိရသည်။

    “သေဆုံးတာကတော့ အခုလ ၁၀ ရက်နေ့ဝန်းကျင် လောက်မှာလို့ သိရတယ်။ မတူညီတဲ့ သတင်းရင်းမြစ် ၂ ခုကနေ သိရတာပါ။ ထီးလင်းနယ်အစပ်မှာလို့ သိရပါတယ်။ စစ်ကြောင်းက ပခုက္ကူ-ပေါက်-ထီးလင်း ကနေ ချင်းပြည်ဘက် ထိုးနေတာလို့ ဆိုပါတယ်။ ရှမ်းမြောက် တန်ပြန်စစ်ဆင်ရေးမှာ ဗျူဟာမှူး အနေနဲ့ တိုက်ပွဲပါဝင်ခဲ့ပြီး လက်ရှိ တပ်မ ၇၇ မှာ ဒုတပ်မမှူး အဖြစ် ပြောင်းရောက်လာသူဖြစ်တယ်။ တော်လှန်ရေးတပ်ဖွဲ့များရဲ့ ကြားဖြတ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တာလို့ သိထားရပါတယ်” ဟု မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI)မှ တာဝန်ရှိသူ ပြောဆိုသည်။

    လက်ရှိချိန်တွင် တပ်မ ၇၇ စစ်ကြောင်းသည် ချင်းပြည်နယ် မြောက်ပိုင်း ကလေး-တီးတိန် လမ်းပိုင်း၊ မကွေးတိုင်း ၊ ပဲခူးတိုင်းနှင့် စစ်ကိုင်းအထက်ပိုင်းမှ ကချင်ဘက်သို့ တပ်များဖြန့်ထားပြီး စစ်ကြောင်းထိုးနေကြောင်း၊ ယခုရက်ပိုင်းအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ အင်အား ၁၀၀၀ ဝန်းကျင်ခန့် ပါဝင်သော ယာဉ်တန်းကြီးများသည်လည်း ပခုက္ကူမြို့မှတစ်ဆင့် ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ ဘက်သို့ ဦးတည်စစ်ကြောင်းထိုးနေသောကြောင့် ဒေသတွင်း စစ်ရေးအခြေအနေများ ဆက်လက်တင်းမာနေကြောင်း သိရှိရသည်။

  • မကြာခင် ဥက္ကဋ္ဌနေရာကနေ နုတ်ထွက်တော့မယ့် ဖိုးချစ်

    မကြာခင် ဥက္ကဋ္ဌနေရာကနေ နုတ်ထွက်တော့မယ့် ဖိုးချစ်

    မကြာခင် ဥက္ကဋ္ဌနေရာကနေ နုတ်ထွက်တော့မယ့် ဖိုးချစ်

    သဘင်အစည်းအရုံးကို ထိရင် ခွင့်မလွှတ်ဘူး ဆိုတဲ့ ဖိုးချစ်

    ‘လက်ရှိ သဘင်အစည်းအရုံးဥက္ကဋ္ဌ တာဝန်ယူထားတာဖြစ်တဲ့အတွက် သဘင်အစည်းအရုံးကိုထိပါးလာတဲ့သူတွေကို ခွင့်လွှတ်မှာမဟုတ်ဘူး.. ဒါ သဘင်အစည်းအရုံး ပါ.. ဖိုးချစ် အစည်းအရုံး မဟုတ်ပါဘူး လို့ ပြောလာတဲ့ သဘင်အစည်းအရုံး ဥက္ကဋ္ဌ ဖိုးချစ်

    ‘သဘင် က ဆင်ဆာ မရှိတဲ့အတွက် အသိ၊ ကျင့်ဝတ်၊ စံနှုန်းနဲ့ ထိန်းသိမ်းရပါမယ်။ ကျနော် တစ်ယောက်တည်း နဲ့ မရနိုင်လို့ အတူတကွ ဘယ်လို ကျော်ဖြတ်ကြမလဲ ဆိုတာ အားလုံး စဉ်းစားရမှာပါ’ လို့ ပြောလာတဲ့ သဘင်အစည်းအရုံး ဥက္ကဋ္ဌ ဖိုးချစ်

    ပရိတ်သတ် ချစ်ကြတဲ့ ဦးမိုးဒီ၊ ဦးပေါ်လေး၊ ခင်လှိုင်၊ ကျင်ဝှက် ၊ မျောက်ရှုံးတို့လို့ ဟာသပညာရှင်တွေကိုယ်တိုင်က ဖိုးချစ်ထွက်ရင် သဘင်လောက အတွက် ဘယ်လောက် နစ်နာစရာ ဖြစ်သလဲဆိုတာ ထွက်ပြောလာကြရတယ်။

    ဒါဟာ ပစ္စုပ္ပန် လုပ်ရပ်တွေကောင်းခဲ့တော့ သမိုင်းကလှလို့ အားလုံးက နှမြောနေကြတာ။ အဖွဲ့အစည်းမှာ ငွေကြေးရော လုပ်အားရော စိုက်ထုတ်ပြီး လုပ်ပေးမယ့်သူက လိုကို လိုအပ်တာ။ ဒါတွေအားလုံးနဲ့ ပြည့်စုံနေတာ ကိုဖိုးချစ်ပဲ ။

    ကိုဖိုးချစ်ထွက်သွားလို့ သဘင်အစည်းအရုံးကြီးက ထိုက်သင့်သ​လောက် ဆက်လက် တိုးတက်လာတော့မယ်လို့ ကိုယ်တော့မထင်ဘူး။ အပွဲပွဲနွှဲ့လာခဲ့သမျှ ဒီတစ်ခါ အုံနဲ့ ကျင်းနဲ့ ဝိုင်းပြီး ဝေဖန်ပြောဆိုမှုတွေ ခံရအပြီးမှာ ကိုဖိုးချစ်လိုလူမျိုးတောင် ခံနိုင်ရည်မရှိတော့လို နှုတ်ထွက်ဖို့အထိ ဖြစ်လာခဲ့ရတာ…

    လူတော်လူကောင်းတွေကို နေရာမပေးတတ်တဲ့ အရပ်မျိုးဟာ တိုးတက်မှုမရှိတဲ့အပြင် ဆုတ်ယုတ်မှုတွေပါ ဖြစ်လာပါလိမ့်မယ်။

    ဖိုးချစ် (ဇာတ်မင်းသား)

    ဖိုးချစ် (၁၉၈၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ဖွား) သည် မြန်မာနိုင်ငံ၏ ထင်ရှားကျော်ကြားသော ဇာတ်သဘင်မင်းသားတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံရှိ သဘင်အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ လည်းဖြစ်သည်။

    မြန်မာအကအနုပညာ ဆက်လက်ရှင်သန်ရေးအတွက် အားထုတ်ကြိုးပမ်းလာခဲ့သူဖြစ်ကာ ၎င်း၏ “အကခုနှစ်ဖြာအနုပညာ” စီးရီးများမှာ ဗီဒီယိုခွေများအဖြစ် ဖြန့်ချိနိုင်ခဲ့ပြီး အောင်မြင်မှုရရှိခဲ့သည်။

    ဇာတ်သဘင်လောကမှတစ်ဆင့် ကျော်ကြားလာသူဖြစ်သော်လည်း ရုပ်ရှင်နှင့် ဘောလုံးအားကစားပယ်များအထိ ခြေဆန့်နိုင်ခဲ့သည်။

    ဖိုးချစ်ကို ၁၉၈၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၌ အဖ ဦးစိန်ဝင်းသောင်းနှင့် အမိ ဒေါ်သိန်းသိန်းမြတို့မှ မွေးဖွားခဲ့သည်။

    မွေးချင်း ခြောက်ယောက်အနက် အငယ်ဆုံးဖြစ်သည်။

    ကန့်ဘလူမြို့ အခြေခံပညာအထက်တန်းကျောင်း (၁) တွင် အထက်တန်းပညာ သင်ကြားခဲ့ပြီး ရတနာပုံတက္ကသိုလ်မှ သင်္ချာဘာသာဖြင့် သိပ္ပံဘွဲ့ (B.Sc Maths) ရရှိခဲ့သည်။

    အမည်ရင်းမှာ ချစ်မျိုးထိုက်ဖြစ်ပြီး ဘွဲ့ရပြီးနောက် ပြဇာတ်များတွင် ပါဝင်သရုပ်ဆောင်ရာမှ ပြဇာတ်ထဲက ဇာတ်ကောင်အမည်ကို နှစ်သက်သဖြင့် “ဖိုးချစ်” ဟု အမည်တွင်ခဲ့သည်။

    ဖိုးချစ်သည် ရွှေမန်းသူ အငြိမ့်တွင် ယိမ်းအက ဝင်ရောက်ကပြခြင်းဖြင့် ဇာတ်သဘင်လောကသို့ စတင်ဝင်ရောက်ခဲ့သည်။

    ဆိုကရေးတီးပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ အဋ္ဌမအကြိမ်အထိ ရွှေတံဆိပ်များ ဆက်တိုက်ရရှိခဲ့သည်။

    ၎င်း၏ ဆရာများမှာ မုံရွာမှ ဆရာအောင်မြင့်သန်း၊ ဦးမြင့်သိန်း၊ ရွှေဘိုမှ ဂျော်လီသန်းနှင့် ရွှေဘိုကိုကြည်တို့ ဖြစ်ကြသည်။

    ၂၀၀၅-၂၀၀၆ ခုနှစ်များတွင် ကျယ်ကျယ်ပြန့်ပြန့် လူသိများလာခဲ့ပြီး ဇာတ်သဘင်အဖွဲ့ “ဖိုးချစ် သဘင်” ကို တည်ထောင်ခဲ့သည်။

    ၂၀၁၂ ခုနှစ်တွင် ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၌ ၎င်း၏ အဖွဲ့သားများအတွက် အိမ်ရာစီမံကိန်းတစ်ခု စတင်ဆောက်လုပ်ခဲ့ပြီး အိမ်ခြေ ၂၀၀ နှင့် အကသင်ကျောင်းများ ပါဝင်သည်။

    ဇာတ်သဘင်အပြင် ရုပ်ရှင်နှင့် ဗီဒီယိုကားများတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့ရာ ပထမဆုံး ဗီဒီယိုကားမှာ ခိုင်သင်းကြည်နှင့် တွဲဖက်သရုပ်ဆောင်ခဲ့သော “ဗေဒါလမ်း” ဖြစ်သည်။

    ထို့နောက် “လော်မင်္ဂလာ” အပါအဝင် ရုပ်ရှင်ကားများတွင် ဆက်လက်သရုပ်ဆောင်ခဲ့သည်။

    ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ပရိသတ်များနှင့် ထိတွေ့ခွင့် ဆုံးရှုံးခဲ့ရသော်လည်း အွန်လိုင်းမှတစ်ဆင့် ဖျော်ဖြေပွဲများ တိုက်ရိုက်ထုတ်လွှင့်ခြင်းဖြင့် အနုပညာ ဆက်လက်ဖန်တီးခဲ့သည်။

    မိမိ၏ နေအိမ်၌ ခုနစ်နှစ်ကြာ ပြင်ဆင်တည်ဆောက်ထားသော အသံသွင်းစတူဒီယိုပါ ပြဇာတ်ရုံအသေးစားမှ ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်ခဲ့သည်။

    ထိုကာလအတွင်း မဲပေးခြင်း၏ အရေးပါမှုနှင့် ကပ်ရောဂါကာလ ရှင်သန်နေထိုင်နည်းများအကြောင်း သီချင်းများကိုလည်း ရေးသားခဲ့သည်။

    အနုပညာအပြင် အားကစားနယ်ပယ်တွင်လည်း ပါဝင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် စစ်ကိုင်းယူနိုက်တက် ဘောလုံးအသင်းကို တည်ထောင်သူနှင့် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဖြစ်ပွားခဲ့သော စစ်အာဏာသိမ်းမှုအပြီး ငါးရက်အကြာတွင် မြန်မာ့သဘင်အစည်းအရုံး ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ခဲ့ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။

    ရန်ကုန်မြို့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများစွာကို ဦးဆောင်ခဲ့ပြီး ဖမ်းဆီးခံရသည်အထိ လူမှုကွန်ရက်ပေါ်တွင် ဒီမိုကရေစီလိုလားသော သတင်းစကားများ ဆက်လက်ရေးသားခဲ့သည်။

    ၂၀၁၆ ခုနှစ် အာဇာနည်နေ့တွင် ၎င်း၏ အဖွဲ့မှ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြဇာတ်ကို ဖျော်ဖြေတင်ဆက်ခဲ့ဖူးသည်။

    ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ၎င်းအား ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ ၎င်း၏ နေအိမ်၌ စစ်တပ်မှ ဖမ်းဆီးခဲ့သည်။

    ၎င်းနှင့်အတူ တေးရေးဆရာ ရှမ်းထွန်း (မြန်မာစာ) နှင့် အခြားအနုပညာရှင်နှစ်ဦးလည်း ဖမ်းဆီးခြင်း ခံခဲ့ရသည်။

    စစ်ကောင်စီ၏ သတင်းများအရ ၎င်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အား ငွေကြေးထောက်ပံ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခြင်းဖြစ်သည်။

  • တကောင်းမြို့ရှိ PDF ရဲဘော်များ၏ အုတ်ဂူများကို စစ်လော်ဘီ ကျော်စိုးဦးနဲ့ နောင်တော်လေးက ဖျက်ဆီး

    တကောင်းမြို့ရှိ PDF ရဲဘော်များ၏ အုတ်ဂူများကို စစ်လော်ဘီ ကျော်စိုးဦးနဲ့ နောင်တော်လေးက ဖျက်ဆီး

    စစ်ကိုင်းတိုင်းဒေသကြီး၊ တကောင်းမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ရဲဘော်များ၏ အုတ်ဂူများကို စစ်တပ်ထောက်ခံသူ စစ်လော်ဘီများဖြစ်တဲ့ ကျော်စိုးဦးနဲ့ နောင်တော်လေးတို့က မနေ့က (မတ်လ ၁၄ ရက်) တွင် ဖျက်ဆီးခဲ့ကြပါတယ်။

    ၎င်းတို့နှစ်ဦးဟာ ကျဆုံးသွားတဲ့ PDF ရဲဘော်များ၏ ဂူဗိမာန်များကို မဖွယ်မရာပြုလုပ်ကာ ဖြိုချဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး၊ ကျော်စိုးဦးအနေဖြင့် ယခုကဲ့သို့ ကျဆုံးရဲဘော်များ၏ အုတ်ဂူများကို ပစ်မှတ်ထားပြီးမဖွယ်မရာလုပ်ဆောင်ခြင်းဟာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။

    ကျော်စိုးဦးဟာ စစ်အာဏာမသိမ်းခင်က ပြည်တွင်းသတင်းဌာနတစ်ခုတွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး၊ အဲ့အချိန်ကကြံ့ခိုင်ရေးပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒာလှမြင့်ထံမှ ငွေကြေးရယူကာ သတင်းဖြင့်ဝါဒဖြန့်ရန် ကြိုးပမ်းခဲ့တဲ့အတွက် သတင်းထောက်ကျင့်ဝတ်ဖောက်ဖျက်မှုဖြင့် အလုပ်ထုတ်ပယ်ခံခဲ့ရသူဖြစ်ပါတယ်။

    လက်ရှိတွင် ၎င်းသည် “People Media” ဟုခေါ်ဆိုသည့် တယ်လီဂရမ်ချန်နယ်မှတစ်ဆင့် လူမျိုးရေး၊ ဘာသာရေး အမုန်းစကားများ ဖြန့်ဝေခြင်းနဲ့အရပ်သားများအား ဖမ်းဆီးရန်၊ တိုက်ခိုက်ရန် စစ်တပ်ကို လှုံ့ဆော်မှုများ ပြုလုပ်နေသူဖြစ်ပါတယ်။

    အလားတူ နောင်တော်လေး (သို့မဟုတ်) “Myanmar National Post” ဟု အမည်ခံထားသည့် တယ်လီဂရမ်ချန်နယ်ပိုင်ရှင်သည်လည်း စစ်အာဏာမသိမ်းခင်ကတည်းက ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ ဖန်တီးသူအဖြစ် လူသိများပါတယ်။

    နောင်တော်လေး (ခေါ်)နိုင်ဝင်းထွန်းဟာ ဘာသာရေးလူမျိုးရေးအစွန်းရောက် ဦးဝီရသူ၊ ဦးသုစိတ္တတို့ရဲ့တပည့်အရင်းဖြစ်ပါတယ်။

    ၎င်းသည် လက်ရှိတွင် လူမှုကွန်ရက်များမှတစ်ဆင့် လူမျိုးရေးဘာသာရေးအမုန်းတရားများရေးသားနှိုးဆော်ခြင်း၊ အရပ်သားများအား ဖမ်းဆီးသတ်ဖြတ်ရန် လှုံ့ဆော်ခြင်းများ ပြုလုပ်နေသူဖြစ်ပါတယ်။

    ကျော်စိုးဦးနဲ့ နောင်တော်လေးတို့ဟာ ပြည်သူများ၏ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ လူ့အခွင့်အရေးများကို ထိပါးနှောင့်ယှက်ကာ စစ်တပ်ကို အသုံးပြုပြီး

    ဖမ်းဆီးခိုင်းခြင်းများ ပြုလုပ်နေသည့်အတွက် ပြည်သူများ၏ ဝေဖန်မှုများကို ခံနေရသူများဖြစ်ပါတယ်။

  • “ရွှေပြည်သာတွင် အငြိမ်းစားဝန်ထမ်းတစ်ဦးကို ရက်စက်စွာသတ်ဖြတ်ပြီး ကားလုယူသွားသည့် ဖြစ်ရပ်ဖြစ်ပွား”

    “ရွှေပြည်သာတွင် အငြိမ်းစားဝန်ထမ်းတစ်ဦးကို ရက်စက်စွာသတ်ဖြတ်ပြီး ကားလုယူသွားသည့် ဖြစ်ရပ်ဖြစ်ပွား”

    ​ရွှေပြည်သာမြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ ဂရုဏာလမ်းတွင် တစ်ဦးတည်း နေထိုင်သည့် အသက် (၆၈) နှစ်အရွယ်

    အစိုးရအငြိမ်းစားဝန်ထမ်း ဦးအောင်သောင်းအား သတ်ဖြတ်ကာ နေအိမ်မှ ကားကိုပါ လုယူသွားသည့် ဝမ်းနည်းဖွယ် ဖြစ်ရပ်တစ်ခု မတ်လ ၁၅ ရက်နေ့က ပေါ်ပေါက်ခဲ့သည်။

    ဖြစ်စဉ်အကျဉ်း –

    ဦးအောင်သောင်းအား ဖုန်းဆက်၍မရသဖြင့် မိသားစုဝင်များနှင့် တာဝန်ရှိသူများက မတ်လ ၁၂ ရက်နေ့တွင် နေအိမ်သော့ကို ဖျက်၍ ဝင်ရောက်ကြည့်ရှုရာ…

    ဦးအောင်သောင်းအား လက်နှစ်ဖက်ကို ကြိုးဖြင့်ချည်နှောင်၊

    လည်ပင်းကို ဖုန်းအားသွင်းကြိုးဖြင့် ညှစ်၍ သတ်ဖြတ်ပြီး

    ကုတင်အောက်ရှိ သံသေတ္တာအတွင်း ထည့်သွင်းဖျောက်ဖျက်ထားသည်ကို ထိတ်လန့်ဖွယ် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

    “ရဲတွေပြောတာတော့ အိပ်ယာခင်းနဲ့ပတ်ပြီး သေတ္တာထဲ ထည့်ထားခံရတာလို့ ပြောတယ်၊ ပျောက်နေတဲ့ ကားကတော့ ခုထိမတွေ့သေးဘူး” လို့ ရဲနဲ့နီးစပ်သူတဦး ပြောပါသည်။

    ပျောက်ဆုံးသွားသော ကားအချက်အလက် –

    ၎င်း၏ နေအိမ်ခြံဝင်းအတွင်း ရပ်ထားသော အောက်ပါကားမှာလည်း အခင်းဖြစ်ပြီးနောက် ပျောက်ဆုံးနေကြောင်း သိရသည်။

    ကားအမျိုးအစား: Toyota Fielder (တိုယိုတာဖစ်)

    ယာဉ်အမှတ်: BGO 3L/5652

    အဆိုပါ လူသတ်လုယက်မှုမှ တရားခံများအား ဖမ်းဆီးရမိနိုင်ရေးအတွက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ အပြင်းအထန် လုပ်ဆောင်လျက်ရှိပါသည်။

    ဤယာဉ်အမှတ်ပါ ကားကို တွေ့ရှိရပါက သက်ဆိုင်ရာသို့ အမြန်ဆုံး သတင်းပေးပို့ကြပါရန် အသိပေးလိုက်ရပါသည်။

    အသတ်ခံရသူ ဦးအောင်သောင်းဟာ အငြိမ်းစား ကျောင်းအုပ်ဆရာကြီးတဦးဖြစ်ပြီး ဆရာကြီးရဲ့ မိသားစုဝင်တွေဟာ ဂျပန်နိုင်ငံမှာ အလုပ်လုပ်ကိုင်နေတာနဲ့ နေပြည်တော်မှာ တာဝန်ကျနေတာတွေကြောင့် ကျောင်းအုပ်ဆရာကြီးဟာ အဆိုပါနေအိမ်အတွင်း တဦးတည်း နေထိုင်နေသူဖြစ်တယ်လို့ သိရှိရသည်။