Category: News

  • ဗန်းမော်တိုက်ပွဲတွင် တပ်မ-၈၈ လက်အောက်ခံ စစ်ကြောင်း တိုက်ခိုက်ခံနေရပြီး သေဆုံးသူများပြား၊ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ

    ဗန်းမော်တိုက်ပွဲတွင် တပ်မ-၈၈ လက်အောက်ခံ စစ်ကြောင်း တိုက်ခိုက်ခံနေရပြီး သေဆုံးသူများပြား၊ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ယခုမတ်လ အစောပိုင်းတွင် စစ်ကော်မရှင်၏ စစ်ကြောင်းတစ်ခု အပြတ်အသတ် တိုက်ခိုက်ခံရကာ သေဆုံးမှု များပြား နေကြောင်း သိရသည်။

    စစ်ကော်မရှင်၏ တပ်မ (၈၈) လက်အောက်ခံ၊ ချောက်မြို့အခြေစိုက် ခလရ-၁၃ မှ စစ်ကြောင်း တစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကော်မရှင် ဘက်မှ ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ခြင်း ဖြစ်သည်။

    “ဗန်းမော်တိုက်ပွဲက စစ်ကော်မရှင် စခန်းအချင်းချင်း အချိတ်အဆက်မပြတ်ရေး အားထုတ်နေရတာပါ။ တော်လှန်ရေးဘက်က စစ်ကူနဲ့ အထောက်အပံ့ ပိုသုံးနိုင်ရင် ရလဒ်က ချက်ချင်းပြောင်းသွားမှာပါ” ဟု ဗန်းမော်စစ်ရေးကို စောင့်ကြည့်နေသည့် ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

    စစ်ကော်မရှင်တပ်နှင့် KIA ပူးပေါင်းတပ်ဖွဲ့များသည် ပြီးခဲ့သည့် မတ် ၃ ရက်နေ့ကလည်း ဗန်းမော်မြို့အနီးရှိ အောင်သာ ၂ မိုင်ကျေးရွာနှင့် မူးယစ်ရုံးနေရာ ၃ မိုင်ကျေးရွာတို့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

    ထိတွေ့တိုက်ပွဲမရှိသည့် ရက်များတွင်လည်း လက်နက်ကြီးများဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု များရှိနေပြီး စစ်ကော်မရှင်က တပ်အချင်းချင်း ဆက်သွယ်သည့် လမ်းကြောင်းများ မပြတ်တောက်စေရန် ဂရုစိုက်ကြိုးပမ်း နေရကြောင်း သိရသည်။

    လက်ရှိတွင် အထက (၁) နှင့် ကန်ဦးဘုန်းကြီးကျောင်းတို့၌ တပ်စွဲထားသည့် စစ်ကော်မရှင်၏ လက်နက်ကြီးစခန်းများဖြစ်သည့် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) နှင့် ခလရ-၂၃၆ တို့မှနေ၍ KIA ခြေကုတ်နေရာများကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည်။

    စစ်ကော်မရှင်သည် ခဲယမ်းအလုံအလောက် စုဆောင်းထားရှိပြီး လေကြောင်းမှတစ်ဆင့် ထောက်ပို့မှုများ ပြုလုပ်နေခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ဟန်တဲဘက်သို့ စစ်ကြောင်းထိုးမှုအချို့ ပြန်လည် ပြုလုပ်လာကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

    မှိုင်းဝေ..

    မင်းပြောတော့ မင်းတို့ တပ်မ (၈၈) က ကွန်မန်ဒိုတွေ ဆို?

  • နောက်ဆုံးတော့လဲ Eleven Media အယ်ဘကို စ,ကန်ပြီ

    နောက်ဆုံးတော့လဲ Eleven Media အယ်ဘကို စ,ကန်ပြီ

    ၂၀၂၆ စွမ်းအင်ချွေတာရေးတွင် စုံ/ မ စနစ်ဖြင့် ယာဉ်အသွားအလာကန့်သတ်၍ ဆီချွေတာသည့်နိုင်ငံမှာ ကမ္ဘာပေါ်တွင် မြန်မာတစ်နိုင်ငံတည်းသာ ရှိနေ

    မြန်မာနိုင်ငံကဲ့သို့ Public Transport အားမကောင်းသည့် နိုင်ငံတွင် စုံ/မ စနစ်ကို Nationwide ကျင့်သုံးခြင်းက စီမံခန့်ခွဲမှု အလွဲအမှားသာဖြစ်

    ၂၀၂၆ စွမ်းအင်ချွေတာရေးတွင် စုံ/ မ စနစ်သုံးပြီး ဆီချွေတာသည့်နိုင်ငံမှာ အချက်အလက်များအရ ကမ္ဘာပေါ်တွင် မြန်မာတစ်နိုင်ငံတည်းသာ ရှိ‌နေသည်။

    646500838 1375399011293574 6931271820000897184 N

    အီရန်စစ်ပွဲဂယက်ကြောင့် အနည်းဆုံး ကမ္ဘာ့နိုင်ငံ ၂၀ မှ နိုင်ငံ ၅၀ ခန့်သည် စက်သုံးဆီအခက်အခဲကြုံတွေ့နေရ ရနိုင်သော်လည်း မည်သည့်နိုင်ငံမှ မြန်မာနိုင်ငံကဲ့သို့ နိုင်ငံတစ်ဝန်းလုံး စုံ/မ ရက် ခွဲပြီး အလားတူ ယာဉ်အသွားအလာ ကန့်သတ်သည့်စနစ်ကျင့်သုံးခြင်း မရှိသည်ကိုတွေ့ရသည်။ ထိုသို့သောအခြေအနေများတွင် မြန်မာနိုင်ငံကဲ့သို့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ် Public Transport System အားမကောင်းသည့် နိုင်ငံတွင် စုံ/မ စနစ်ကို Nationwide ကျင့်သုံးခြင်းက အများပြည်သူအကြား အခက်အခဲဖြစ်စေနိုင်သည့်အတွက် စီမံခန့်ခွဲမှု အလွဲအမှားသာ ဖြစ်‌သည်ဟု ဝေဖန်ထောက်ပြမှုများရှိ‌‌နေသည်။

    အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ် အားမကောင်းခြင်းနှင့် မော်တော်ယာဉ် တင်သွင်းဝယ်ယူစရိတ် ကြီးမြင့်ခြင်း တို့ကြောင့် ယင်းစနစ် အသုံးပြုမှုမှာ လောင်စာဆီ သုံးစွဲမှု လျှော့ချ၍ လက်ရှိအကျပ်အတည်းကို ပြေလည်စေနိုင်ခြင်းထက် နောက်ဆက်တွဲ ဂယက်နှင့် လူအများ အခက်အခဲ၊ ပြဿနာများ ဖြစ်စေနိုင်သည့်အတွက် စုံ/မ ရက် ယာဉ်ကန့်သတ်မှု စနစ်အပေါ် ပြန်လည်စဉ်းစားသုံးသပ်ရန် လိုအပ်နေသည်။

    647128813 1375398867960255 5782927290643425862 N

    စက်သုံးဆီချွေတာရေးကို ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်သောကြောင့် စုံ/မ စနစ်ဖြင့် မောင်းနှင်ခွင့်အစား စက်သုံးဆီကိုသာ စုံ/မ စနစ်ဖြင့် ဝယ်ယူခွင့် ပြုခြင်းနှင့် ဆီရောင်းချမည့် ပမာဏကိုသာ ကန့်သတ် ခြင်း စသည့် နည်းလမ်းများကိုသာ ချမှတ် အကောင်အထည်ဖော် သင့်ကြောင်း ထောက်ပြမှုများလည်း ရှိ‌‌နေကြသည်။

    “စက်သုံးဆီ အခက်အခဲကြုံနေရတဲ့ကမ္ဘာအနှံ့က နိုင်ငံတွေမှာ စုံ/မ စနစ်ကျင့်သုံးတာ သိရသလောက် မြန်မာတစ်နိုင်ငံပဲရှိတယ်။ အရင်ကလည်း အခြားနိုင်ငံတွေဆိုရင် မြို့ကြီးတွေမှာပဲကျင့်သုံးတယ်။ ပြည်ပနိုင်ငံအချို့မှာ လုပ်ဆောင်ဖူးပေမယ့် မြန်မာနိုင်ငံမှာတော့ စုံ/မ စနစ်က အောင်မြင်ဖို့ ခက်ခဲနိုင်တယ်။ အဓိက ကတော့ မြန်မာနိုင်ငံမှာ Public Transport အားမကောင်းဘူး။ ပြီးတော့ ကားဈေးက သူများနိုင်ငံတွေထက် ဈေးကြီးတယ်။ အဲဒီတော့ အစိုးရအနေနဲ့ ဒီစနစ်ကို ပြန်စဉ်းစားသင့်တယ်” ဟု ရန်ကုန်မြို့ရှိ မော်တော်ယာဉ်ပိုင်ရှင် တစ်ဦးက ပြောကြားသည်။

    648484986 1375399074626901 5834705265319613828 N

    ထို့ပြင် ပြည်ခိုင်ဖြိုးပါတီ၏ ပြည်ထောင်စုနယ်မြေပါတီကော်မတီဝင် ဖြစ်သည့် ဒေါ်ယမင်းမြင့်ဆွေကလည်း ၎င်း၏ လူမှုကွန်ယက်မှတစ်ဆင့် “ရည်ရွယ်ချက်က စက်သုံးဆီချွေတာဖို့ဆိုရင် ကားတစ်စီးချင်း ဆီသုံးစွဲမှုကို ကန့်သတ်လိုက်ပါ။ ၁ပတ်မှာ အိမ်စီးကားတစ်စီး ဆီ ၁ဂါလံပဲ (ကြိုက်သလောက်သတ်မှတ်ဦး) ဆီဆိုင်ကဆီပေးမယ်ဆိုပါတော့ အဲ့ဒါရည်ရွယ်ချက်အတိုင်း အကောင်အထည်ဖော်တာ။ သူ့ဒေါသနဲ့သူ ၁ရက်ထဲ ၁ဂါလံ ကုန်အောင် ပတ်မောင်းနေရင်တောင် သူ့ကိစ္စ… နောက်ရက် ဆီထည့်မရလို့ ကားတိုင်ကီထဲဆီမရှိရင် အဲ့ကားလမ်းပေါ် တက်လာစရာအကြောင်းမရှိတော့ဘူး။ ရက်ပြည့်အောင်စောင့်ပြီးမှ ဆီဖြည့်ခွင့်ရမယ် ဆိုတာကမှ သဘာဝကျသေးတယ်။ တခြားနိုင်ငံတွေ Dry Day ရှိတယ်လာပြောနေတာ ဘာလုပ်ရမှာလဲ။ ရှိရှိ မရှိရှိ စိတ်မဝင်စား….အဲ့ဒါ သူ့နိုင်ငံ သူ့ကိစ္စ လိုင်စင်ကား ယာဉ်စည်းကမ်းနဲ့အညီ လမ်းပေါ်စီးတာကို စုံ/မ ခွဲထားတာမလိုက်နာလို့ ဖမ်းတယ် ထောင်ချတယ် အရေးယူတယ်ဆိုတာကတော့ စက်သုံးဆီချွေတာရေးနဲ့ ဘာမှလည်းမဆိုင်၊ အခု ကားတွေ စုံနေ့ စုံကားဆီထည့် မ နေ့ မ ကားဆီထည့် (တစ်ရက်ခြား)ဆီထည့် (၅သောင်းဖိုး) အရင်ကရော အိမ်စီးကားတွေ နေ့တိုင်းဆီထည့်မနေဘူးလေ ။ ၂ရက်လောက်ခြားပြီးမှ ဆီထည့်တာပဲ။ အခု ကားတွေ ၁ရက်ခြား ဆီ ၅ သောင်းဖိုးထည့်လို့ ရနေတယ်။ အရင်က တိုင်ကီအပြည့်ဖြည့်လို့ရရင် ၃ ရက်လောက်မှ တစ်ခါ ဆီဖြည့်တယ် ။ပြန်တွက်ကြည့် ဆီသုံးစွဲမှု အတူတူပဲ။ ဘယ်မှာ ဆီချွေတာရေး ဖြစ်သလဲ ။ စုံ/မ ခွဲပြီး ပြည်သူကို ဒုက္ခရောက်အောင်လုပ်တာပဲ အဖတ်တင်၊ ပြည်သူတွေဒုက္ခရောက်ရုံကလွဲပြီး ဘာမှအကျိုးမထူး” ဟု ထောက်ပြရေးသားထားသည်။

    648737157 1375398861293589 1961884123659991070 N

    စက်သုံးဆီချွေတာရေးအတွက် မော်တော်ယာဉ်အက္ခရာ စုံ/မ စနစ်ဖြင့် အသုံးပြုရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က မတ် ၃ ရက်က ကြေညာခဲ့ပြီး ယင်းကြေညာချက်ထွက်ပေါ်ခဲ့ပြီးနောက် နာရီပိုင်းအတွင်း မှာပဲ ပြည်သူများအကြား ဝေဖန်မှုများကို လူမှုကွန်ရက်ပေါ်တွင် တွေ့ရှိရသည်။

    အဆိုပါ စုံ/မ စနစ်သည် မတ် ၇ ရက်တွင် စတင်အသက်ဝင်ခဲ့ပြီး စည်ကမ်းနှင့် အညီ မော်တော်ယာဉ်သွားလာမှုရှိ၊မရှိ ပူးပေါင်းအဖွဲ့များက စောင့်ကြည့်စစ်ဆေးနေကာ မတ် ၇ ရက်မှ မတ် ၁၃ ရက်အထိ ပညာပေး ကာလ သတ်မှတ်ထားသည်။ ယင်းနောက်ပိုင်းရက်တွင် ဖောက်ဖျက် ကျုးလွန်သူများကို ငွေဒဏ် နှစ်သောင်းနှင့် အလုပ်မဲ့ ထောင်ဒဏ် တစ်လ ချမှတ်မည်ဟု သိရသည်။ ထို့ပြင် စစ်ဆေးမှုကို လက်မခံဘဲ မောင်းပြေးမှုများ ရှိခဲ့ပါက အာဏာဖီဆန်မှုဖြင့် အရေးယူခံရနိုင်သည်ဟု သိရသည်။

    649172904 1375398981293577 3252067354339070252 N

    “ဒီနေ့ ကျွန်မယောက်ျား စစ်ဆေးရေးအဖွဲ့ရဲ့ ပညာပေးတာခံရတယ်။ အိမ်မှာက မ ကားတွေချည်းပဲ။ ဒီနေ့ကျွန်မက အလုပ်ကိစ္စနဲ့ မဖြစ်မနေ အပြင်သွားဖို့ရှိတော့ ယောက္ခမ အိမ်က စုံ ကားကို သွားယူလာလိုက်တယ်။ ယောက်ျားကလည်း သူက ဂေါက်ကွင်း သွားမယ်။ ကိုယ်ကလည်း သွားစရာရှိတယ်။ ကားက တစ်စီး သွားစရာက နှစ်နေရာဖြစ်တော့ ကိုယ်က အလုပ်ကိစ္စနဲ့ သွားမှာဆို တော့ စုံကို ယူပြီး သွားလိုက်တယ်။ အဲဒါကို ကျွန်မယောက်ျားက သူသွားစရာရှိတာကို မ ကားနဲ့ သွားမယ်။ ပညာပေးကာလဆို တော့ သူတို့ပညာပေးတာကို နားထောင်ပြီး ဂေါက်ကွင်းကို ရောက်အောင် သွားမယ်ဆိုပြီး မ ကားနဲ့ သွားတယ်။ လမ်းရောက် တော့ လူ ၂၀ ကျော်ပါတဲ့အဖွဲ့က သူ့ကားကို တားတယ်။ ကားပေါ်က လူတွေကို ဆင်းခိုင်းပြီး Projectorတွေ၊ ဗွီနိုင်းတွေနဲ့ ဥပဒေအကြောင်းအရာ တွေကို ရှင်းပြတယ်။ ကျွန်မ ယောက်ျားတို့က ဥပဒေကို မသိလို့ ကျူးလွန်တာ မဟုတ်ဘူး။ သိသိကြီးနဲ့ လုပ်တာလေ။ သူတို့ကို ဘယ်သွားမှာလဲ မေးတော့ ဂေါက်သွားရိုက်မှာဆိုပြီး ပြန်ဖြေလိုက်တော့ အကိုတို့က သိသိကြီးနဲ့ လုပ်တာ ဆိုပြီး ရှေ့ပေးမသွားဘဲ အိမ်ပြန်လွှတ်လိုက်တယ်။ သူတို့က ပုဒ်မ ၁၈၈ နဲ့ ပတ်သက်ပြီးလည်း ရှင်းပြလိုက်တယ်။ အကိုတို့က အသာတချည် ရပ်ပေးလို့ပေါ့နော်။ မဟုတ်ဘဲနဲ့ မောင်းပြေးတယ်။ ထွက်ပြေးတယ်ဆိုရင် အာဏာဖီဆန်မှုနဲ့ သူတို့အရေးယူလို့ ရတယ်။ စုံ/မ ဥပဒေနဲ့ မဟုတ်ရင်တောင် အာဏာဖီဆန်မှုနဲ့ အရေးယူလို့ ရတယ်လို့ သူတို့ကို ပြောလိုက်တယ်။ ဒါကြောင့် ဆိုင် ကယ်တွေ၊ ကားတွေ ကိုယ်က မဖြစ်မနေ ထွက်မိတယ်ဆိုရင်လည်း သူတို့တားတယ်ဆိုပြီး ရပ်ပေးပါ။ ထွက်မပြေးပါနဲ့၊ စုံ/မ ဥပဒေနဲ့ အရေးယူမှာမဟုတ်ရင်တော့ အာဏာဖီဆန်မှုနဲ့ အရေးယူပါလိမ့်မယ်” ဟု မန္တလေးမြို့တွင် နေထိုင်သူ Mel Thi Tiktok အကောင့် ပိုင်ရှင်က လူမှုကွန်ရက်တွင် ပြောကြားထားသည်။

    649175893 1375398967960245 2823097768908952158 N

    ကမ္ဘာ့နိုင်ငံအချို့တွင် ယခင်က စုံ/မ စနစ်ကို စက်သုံးဆီချွေတာရေး၊ လေထုညစ်ညမ်းမှု၊ ယာဉ်ကြောပိတ်ဆို့မှု လျှော့ချရေး စသည့် ရည်ရွယ်ချက်များဖြင့် ကျင့်သုံးခဲ့ဖူးသော်လည်း အများစုက လေထုညစ်ညမ်းမှု၊ ယာဉ်ကြောပိတ်ဆို့မှုလျှော့ချရေး အတွက်သာ ကျင့်သုံးခဲ့ကြခြင်း ဖြစ်သည်။

    အမေရိကန်နိုင်ငံတွင် ၁၉၇၃ ခုနှစ်က အာရပ်နိုင်ငံက ရေနံ မရောင်းသဖြင့် ဆီရှားပါးမှုကြောင့် စုံ/မ စနစ်ကို ကျင့်သုံးခဲ့ဖူးသည်။ သို့သော် လူအချို့သည် ကားနှစ်စီး အသုံးပြုကာ စနစ်ကို ရှောင်လွှဲခဲ့ကြသလို နေရာအလိုက် စနစ်ကွဲပြားမှုကြောင့် ရှုပ်ထွေးမှုများ ဖြစ်ပေါ်ခဲ့ပြီး အမေရိကန်နိုင်ငံ၏ စုံ/မ စနစ် ကျင့်သုံးမှုမှာ အောင်မြင်မှု အားနည်းခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

    အလားတူ ဗင်နီဇွဲလားနိုင်ငံသည် စီးပွားရေးအကျပ်အတည်း၊ လောင်စာဆီပြတ်လပ်မှုနှင့် စွမ်းအင်စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း တို့ကြောင့် ၂၀၁၀ နောက်ပိုင်းတွင် ဆီချွေတာရေးမူဝါဒများကို ကျင့်သုံးခဲ့ပြီး ၂၀၂၆ အထိ ဒေသ အလိုက် ကျင့်သုံးမှုများလည်း ရှိနေဆဲဖြစ်သည်။ ဇင်ဘာဘွေနိုင်ငံအနေဖြင့်လည်း ၂၀၀၀ ပြည့်လွန်နှစ်များတွင် လောင်စာဆီရှားပါးစဉ် နိုင်ငံအနှံ့ ကန်သတ်ချက် များ ကျင့်သုံးခဲ့ဖူးသည်။ထို့အတူ ကျူးဘားနိုင်ငံနှင့် မြောက်ကိုရီးယားတို့တွင်လည်း လောင်စာဆီချွေတာရေးမူဝါဒကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင့်သုံးခဲ့ဖူးသည်။

    649192266 1375398924626916 2134977535477987972 N

    ထို့ပြင် မက္ကဆီကို၊ အီတလီ၊ အီရန် နိုင်ငံများတွင် စက်သုံးဆီချွေတာရေးနှင့် လေထုညစ်ညမ်းမှုလျှော့ချရေးအတွက် စုံ/မ စနစ်ကို ယာယီ ကျင့်သုံးခဲ့ဖူးပြီး အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၊ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တို့တွင် လေထုညစ်ညမ်းမှု လျှော့ချရေး အတွက် စုံ/မ စနစ်ကို ကျင့်သုံးဖူးသည်။ အလားတူ တရုတ်နိုင်ငံတွင် ၂၀၀၈ ခုနှစ်က အိုလံပစ်ပြိုင်ပွဲရှိခြင်းနှင့် လေထုညစ်ညမ်းမှု လျှော့ချရန်အတွက် စုံ/မ စနစ်ကို ယာယီ ကျင့်သုံးခဲ့သည်။

    လက်ရှိတွင် အီရန်စစ်ပွဲနောက်ဆက်တွဲအဖြစ် စက်သုံးဆီအခက်အခဲကြုံတွေ့နေသည့် အိမ်နီးချင်း ထိုင်းနိုင်ငံအပါအဝင် အခြားဖွံ့ဖြိုးဆဲ မည်သည့် နိုင်ငံများတွင်မှ စုံ/မ ကျင့်သုံးမှု မရှိခြင်း၊ မြန်မာနိုင်ငံတွင် ရထား၊ အများသုံး ဘတ်စ်ကား စသဖြင့် အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်အားကောင်းမှု မရှိခြင်းတို့ကြောင့် အစိုးရအနေဖြင့် ယင်းစနစ်ကို ပြန်လည်စဉ်းစားသင့်သည်ဟု ရန်ကုန်မြို့တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

    “Public Transport မှာ ဘတ်စ်ကားလုံလုံလောက်လောက်မရှိဘူး။ မြို့ပတ်ရထားစနစ် အားမကောင်းဘူး။ ခရီးဝေးသွားမယ် ဆိုရင် ကောင်းမွန်လုံခြုံတဲ့ ရထားလမ်းအခြေအနေတွေမရှိဘူး။ ပြီးတော့ လေယာဉ်လက်မှတ်ခ ဈေးနှုန်းက အရမ်းဈေးကြီးပြီး လူအများစုက မတတ်နိုင်ကြဘူး။ အများစုက ကားကို အဓိက အားထားပြီး အသုံးပြုသွားလာနေရတယ်။” ဟု ၎င်းက ပြောကြားသည်။

    ရန်ကုန်မြို့၏ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကို ကြည့်မည်ဆိုလျှင် YRTC ၏ ကြီးကြပ်မှုအောက်တွင် YBS ယာဉ်လိုင်း ကုမ္ပဏီ ၂၁ ခု၊ ယာဉ်လိုင်း ၁၄၁ လိုင်း၊ ယာဉ်အစီးရေ ၅၄၆၂ စီးရှိပြီး နေ့စဉ်ယာဉ်အစီးရေ ၃၅၀၀ ခန့်၊ ယာဉ်လိုင်း ၁၃၂ လိုင်းဖြင့် ခရီးသည် ၁ ဒသမ ၅ သန်းကျော်သာ အသုံးပြုနိုင်လျှက်ရှိသည်ဟု အချက်အလက်များအရသိရပြီး ရန်ကုန်မြို့တွင် ပြေးဆွဲနေသော စီးတီးတက္ကစီ ၆၅၀၀၀ ခန့်ရှိသည်။ အဆိုပါစာရင်းများအရ လူဦးရေ ၇ သန်းမှ ၁၀ သန်းဝန်းကျင်ရှိနိုင်သည့် ရန်ကုန်မြို့တွင် အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ် တွင် အခက်အခဲနဲ့ လိုအပ်ချက်များ ရှိနေပြီး မြန်မာနိာင်ငံ၏ စီးပွားရေးမြို့ကြီးဖြစ်သည့် ရန်ကုန်၏ သယ်ယူပို့ဆောင်မှုစနစ်မှာ လုံလောက်အားကောင်းမှုမရှိ‌သေးသည်မှာ အမှန်ပင်ဖြစ်သည်။

    649195960 1375398864626922 3768246172783440270 N

    ထို့ပြင် မြန်မာနိုင်ငံတွင် ရက် ၄၀ စာ အရံဆီရှိသည်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကြေညာထားရာ ဒေသတွင်းနိုင်ငံအချို့၏ အရံဆီ ကျန်ရှိမှုပမာဏ ခန့်မှန်းတွက်ချက်အရယှဉ်လျင် မြန်မာထက် အရံဆီနည်းပါးသည့်နိုင်ငံများလည်း ရှိ‌‌နေသည်ကို‌တွေ့ရပြီး ယင်းနိုင်ငံများသည်ပင်လျင် ယာဉ်ကန့်သတ်သည့် စုံ/မ စနစ်ကို အသုံးပြုခြင်းမရှိပေ။

    ဒေသတွင်းနှင့် အာရှနိုင်ငံများ၏ အရံဆီ လက်ကျန်စာရင်းခန့်မှန်းတွက်ချက်မှုအရ ဂျပန်က ရက်ပေါင်း ၂၅၀ ဝန်းကျင်၊ တောင်ကိုရီးယားက ရက်ပေါင်း ၂၀၀ ဝန်းကျင်၊တရုတ်က ၁၈၀ ဝန်းကျင်၊ အိန္ဒိယနိုင်ငံက ရက်ပေါင်း ၈၀ ဝန်းကျင်၊ထိုင်းက ရက်ပေါင်း ၆၀ ဝန်းကျင်၊ ဖိလစ်ပိုင်က ရက်ပေါင်း ၆၀ ဝန်းကျင်၊ မလေးရှားက ရက်ပေါင်း ၅၀ ဝန်းကျင်၊ အင် ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံတို့က ၁၅ ရက်မှ ရက် ၂၀ စာ အရံဆီရှိကြောင်း သိရသည်။

    “ကမ္ဘာ့နိုင်ငံအများစုက ဆီအခက်အခဲကြုံနေရပေမယ့် စုံ/မ စနစ်နဲ့ ဆီချွေတာ တာက မြန်မာတစ်နိုင်ငံပဲ ရှိတယ်။မြန်မာနိုင်ငံနည်းတူ အရံဆီနည်းတဲ့နိုင်ငံတွေလည်း ဒီလို မဟုတ်ဘူး။ဗီယက်နမ်တို့ဘာတို့က ဒီထက်နည်းတာတောင် မလုပ်ဘူး။ ဒီစနစ်ကို ကျင့်သုံးဖို့ အကြံပေးတဲ့သူက ဘာကြောင့် အကြံပေးသလဲပေါ့။ ဆီလျှော့ချရေးမှာ စုံ/မ စနစ်က ဆီလျှော့ချနိုင်တယ်ဆိုတဲ့ သက်သေ မရှိဘူး။ စုံ/မ စနစ်နဲ့ ဆီသုံးစွဲမှု ၁၀ ရာခိုင်နှုန်းလျှော့ချနိုင်တယ်ဆိုရင် မြန်မာမှာ ရက် ၄၀ စာ အရံဆီ ရှိတဲ့အတွက် ၄ ရက်ပဲ ပိုရမယ်။ လုံးဝအလုပ်မဖြစ်ဘူး။ စုံ/မ စနစ်ထက် ဆီပေးမှုစနစ်ကျအောင်သာ လုပ်ရမယ်။ ဆီသိုလှောင်မှုကို ကြပ်ကြပ်မတ်မတ် စစ်ဆေးမယ်။ ဆီဈေးတော့ နည်းနည်းတက်လာနိုင်မယ်။ ဈေး တက်ရင် သွားရေးလာရေးအလိုလိုလျော့သွားမှာပဲ။ လူတွေက ချွေတာသွားမှာပဲ”ဟု ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ထောက်ပြသည်။

    ၂၀၂၆ ခုနှစ်ဖေဖော်ဝါရီလအထိ မြန်မာနိုင်ငံအတွင်း မှတ်ပုံတင်ထားသည့် လူစီးယာဉ်အရေအတွက်သည် ၆၅၀၅၃၂ စီးရှိပြီး ပုဂ္ဂလိကပိုင်မော်တော်ယာဉ် ၅၃၆၉၂၂ စီး၊ ပုဂ္ဂလိက အငှားယာဉ် ၈၇၃၃၅ စီး၊ အစိုးရပိုင် မော်တော်ယာဉ် ၂၆၂၂၀ စီးနှင့် အစိုးရ(အငှား) ၅၅ စီးရှိ သည်။ စုံ/မ စနစ်ကို မဖြစ်မနေ ကျင့်သုံးမည်ဆိုလျှင်လည်း ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများမှာသာ ကျင့်သုံးသင့်ပြီး Public Transportation အားနည်းသည့် အခြားနယ်မြို့များတွင် မကျင့်သုံးသင့်ကြောင်းလည်း ထောက်ပြမှုများလည်း ရှိနေသည်။

    “နယ်မြို့တွေမှာ ရထားတွေ၊ ဘတ်စ်ကားတွေလို Public Transportation ကောင်းကောင်းမရှိဘဲနဲ့ တစ်နိုင်ငံလုံးကို စုံ/မ စနစ် သုံးမယ်။ မလိုက်နာရင် ဖမ်းမယ်ဆိုတာက အဓိပ္ပာယ်မရှိဘူး။ ကျူးဘား၊ ဗင်နီဇွဲလားတို့၊ အီရန်တို့ကို အတုမယူသင့်ဘူး။ သေချာ ပြန်ပြီး စဉ်းစားသင့်တယ်။ ဒီမူဝါဒကို အကောင်အထည်ဖော်ဖို့ အကြံပေးတဲ့လူတွေအနေနဲ့ နိုင်ငံတကာမှာ လုပ်ဆောင်ခဲ့တာတွေ ကို သေချာ သုတေသန လုပ်ပြီးမှသာ ဒါတွေကို လုပ်သင့်တယ်။ အကျိုးမရှိဘဲနဲ့ ပြည်သူလူထုဒုက္ခရောက်မယ့်ဟာတွေ မလုပ်သင့်ဘူး။နောက်ပြီး ရွေးကောက်ပွဲပြီးလို့ မကြာမီ လွှတ်တော်တွေပေါ်လာတော့မယ်။ ပြည်သူလူထု ဆန္ဒတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုတဲ့ ကာလတွေ ရောက်လာပြီ။ ဒီအမိန့်ဟာ ဖျက်ကို ဖျက်သင့်တယ်။ အစိုးရအနေနဲ့ ပြန်လည် သုံးသပ်သင့်တယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးကလည်း ပြောကြားသည်။

    အလားတူ မော်တော်ယာဉ်အက္ခရာ စုံ/မစနစ် သွားလာမှုကို ပူးပေါင်းအဖွဲ့များက စတင်စစ်ဆေးနေသည်ဆိုသော်လည်း ယာဉ် ပိုင်ရှင်များအနေဖြင့် ခိုးမောင်းခြင်းများ ရှိလာနိုင်ပြီး စစ်ဆေးသည့်အဖွဲ့များနှင့် ယာဉ်ထိန်းရဲများ Corruption မဖြစ်စေရန် ထိန်းကြောင်းကြပ်မတ်ရေးလည်း လိုအပ်သည့် အခြေအနေများလည်းရှိနေသဖြင့် ယင်းစနစ်ကို ပြန်လည်သုံးသပ်သင့်သည်ဟု မော်တော်ယာဉ်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

    “ပြစ်ဒဏ်တစ်ခုတည်းနဲ့လည်း မရဘူး။ယာဉ်ပိုင်ရှင်တချို့က အမှန်တကယ် သွားလာစရာ အရေးပေါ်ရှိလို့ပဲဖြစ်ဖြစ် ခိုးမောင်းနိုင်တယ်။ စစ်ဆေးတဲ့ အဖွဲ့တွေ အနဲ့ နဲ့လည်း ပြဿနာရှိနိုင်တယ်။ နောက်ပြီးတော့ စစ်ဆေးတဲ့အဖွဲ့တွေနဲ့ ယာဉ်ထိန်းရဲတွေရဲ့ Corruption ကဏ္ဍတွေ နောက်ဆက်တွဲ ဆိုးရိမ်လာရမယ်။ အဲဒီတော့ ဒီဟာကို ပြန်ပြီး စဉ်းစားသင့်တယ်” ဟု ၎င်းက ပြောကြားသည်။

    စက်သုံးဆီချွေတာရေး စတင်ခဲ့သည့် မတ် ၇ ရက်တွင် စုံ အက္ခရာဖြင့် မောင်းနှင်မှုကြောင့် စစ်ဆေးရေးအဖွဲ့၏ ဖမ်းဆီးခြင်း ခံရသည့်ဖြစ်စဉ်များ ရှိခဲ့ကြောင်း သိရသည်။

    “စုံ၊ မ ပြသနာတွေ မငြင်းနေကြပါနဲ့တော့ ကျွန်မတော့ စောစောစီးစီး အဖမ်းခံလိုက်ရပြီ။ စည်းကမ်း မလိုက်နာတာ မဟုတ်ဘူး။ သားမိ ၂ ယောက်လုံးနေမကောင်းလို့ အရေးပေါ်ဆေးခန်းသွားပြရတာ အိုးဝေတွေကလည်း ငှါးမရတာနဲ့ မတတ်နိုင်တဲ့အဆုံး ထွက်ခဲ့ရတာ အိမ်က ကားက စုံဂဏန်း၊ ပညာပေးကာလမို့ ဒဏ်ငွေတော့မဆောင်လိုက်ရဘူး။ နောက်ရက်တွေ ထွက်ရင် တော့မရတော့ဘူးပြောပါတယ်။ မိတ်ဆွေများ စည်းကမ်းလိုက်နာကြပါနော်” ဟု လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက ရေးသားထားသည်။

    ပြည်သူများအနေဖြင့် ကျန်းမာရေးအပါအဝင် အရေးပေါ်ကိစ္စများဖြင့် သွားလာရန် ရှိခဲ့ပါက စုံ/မ စနစ်ကြောင့် အခက်အခဲရှိနိုင် သသည့်အပြင် ဥပဒေအရ ထောင်ချခံရနိုင်သည့် အခြေအနေများရှိသဖြင့် စနစ်ကို ပြန်လည်သုံးသပ်ရန် အကြံပေးမှုများလည်း ရှိသည်။

    “စုံ/မ စနစ်ခွဲခြားမှုကြောင့် ကျန်းမာရေး၊ပညာ‌ရေး ကိစ္စနဲ့ အရေးပေါ် အပြင်ထွက်ဖို့ရှိလာရင် ဘယ်လိုလုပ်မလဲ အခက်အခဲကြုံရမှာ။ ပြီး တော့ အရေးပေါ်ကိစ္စကြောင့် မဖြစ်မနေ အပြင်ထွက်ရရင် ဥပဒေအရ ထောင်တစ်လ ကျမလိုဖြစ်နေတယ်။ ဒီတော့ စုံ/မ စနစ် မဟုတ်ဘဲ ဆီရောင်းပေးမယ့်ပုံစံကိုပဲ ကန့်သတ်သင့်တယ်။ အခု အစိုးရမှာ အရံဆီလည်း ရှိတယ်။အခုဆိုရင် ဆီဆိုင်တွေမှာ Panic Buying လည်း မရှိတော့ဘူး။ ဒီတော့ ဆီရောင်းမယ့်ပုံစံကိုပဲ ကန့်သတ်သင့်တယ်။ ပြည်သူအများစုလည်း ဆီကို ချွေတာရမယ် ဆိုတာသိနေပါပြီ။ဒီတော့ တခြားနိုင်ငံတွေရဲ့ ဆီချွေတာတဲ့နည်းလမ်းတွေလိုပဲ စီမံသင့်တယ်။ ပြည်သူတွေ ပိုပြီး အဆင်ပြေစေမယ့် နည်းလမ်း ကိုသုံးသင့်တယ်။ ယာဉ်အသွားအလာ ကန့်သတ်တဲ့ စုံ/မ စနစ်ကို ရုတ်သိမ်းဖို့ အစိုးရအနေနဲ့ စဉ်းစားသင့်ပါတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောကြားသည်။

    ထို့အတူ စုံ/မ စနစ်ကြောင့် ကိုယ်ပိုင်ယာဉ်များ မသုံးစွဲနိုင်သောအချိန်မှာ Public Transport ယာဉ်များနှင့် Taxi များကို ပိုမို အသုံးပြုမည်ဖြစ်သည့်အတွက် စက်သုံးဆီသုံး Public Transport ယာဉ်များနှင့် Taxi များ၏ စက်သုံးဆီသုံးစွဲမှုသည် ပုံမှန်ထက် မြင့်တက်လာနိုင်ကာ စုံ/မ စနစ် ၏ ရည်ရွယ်ချက် ဆီချွေတာမှုအတွက် ထိရောက်သည့် သက်ရောက်မှု မဖြစ်နိုင်ကြောင်း လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။

    “စုံ/မ စနစ်ကြောင့် ကိုယ်ပိုင်ယာဉ်တွေ မသုံးနိုင်တဲ့အချိန်မှာ Public Transport ယာဉ်တွေ၊ Taxi တွေက ပိုပြီး ပြေးဆွဲမယ်။ ဆီကို ပိုသုံးမယ်။ ဒီလိုအခြေအနေမှာ စုံ/မ စနစ် ခွဲခြားသတ်မှတ်ချက်က သိပ်တော့မထူးပါဘူး။ Taxi ယာဉ်တွေရဲ့ စက်သုံးဆီသုံးစွဲမှုက ကိုယ်ပိုင်ယာဉ်တွေရဲ့ ဆီသုံးစွဲမှုနဲ့ တူတူပါပဲ။ Public Transport အားကောင်းရင်၊ ရထားစနစ် အားကောင်းရင် ဥပမာ ဘန်ကောက်လို စင်ကာပူလိုနေရာမျိုးမှာ ဒီလိုကျင့်သုံးရင် အောင်မြင်နိုင်ပေမယ့် မြန်မာနိုင်ငံမှာက ကားမရှိရင် Taxi ပဲ စီးမှာပဲ။ Taxi စီးရင် ဆီကလည်း ကိုယ်ပိုင်ယာဉ်တွေသုံးသလောက်ပဲကုန်တာပဲ။ ဒါ့အပြင် public transport မှာ Taxi အရေအတွက်က အများကြီးမရှိသလို ဘတ်စ်ကားကလည်း အရေအတွက်နည်းလို့ လူတိုင်းစီးနိုင်မှာ မဟုတ်ဘူး။ ရထားနဲ့ လေယာဉ်ကလည်း လူတိုင်း မစီးနိုင်ဘူး။ မငြိမ်းချမ်းတဲ့ နယ်မြေတွေ ဒေသတွေမှာ ပိုလို့တောင် အသွားအလာ ခက်ခဲတယ်။ ဒီတော့ ခြေချင်လျှောက်ချင်လျှောက်၊ မလျှောက်ချင်ရင် ကားမစီးနဲ့လို့ သက်ရောက်တဲ့ အဓိပ္ပာယ်ဖြစ်နေတယ်။ ဒီကိစ္စက စဉ်းစားချင့်ချိန်ပြီး ပြန်လည်သုံးသပ်သင့်တယ်။”ဟု လုပ်ငန်းရှင် တစ်ဦးက ဝေဖန် ပြောကြားသည်။

    ထို့အတူ အရှေ့အလယ်ပိုင်းစစ်ရေးနောက်ဆက်တွဲ ဂယက်ကြောင့် ဖြစ်ပေါ်လာသည့် လောင်စာဆီ ပြဿနာ အပေါ် အိမ်နီးချင်း ထိုင်းနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီမံဖြေရှင်းပုံကို လေ့လာ ကြည့်လျှင်လည်း ယာဉ်များအ‌ပေါ်ထိန်းချုပ်ခြင်းမျိုးမတွေ့ရသေးဘဲ လောင်စာ အရင်းအမြစ်အပေါ်သာ ချိန်ညှိသုံးသပ် ဆောင်ရွက်နေကြသည်ကိုသာ တွေ့ရသည်။

    ထိုင်းအစိုးရသည် သယ်ယူပို့ဆောင်ရေးစရိတ်နှင့် စားသုံးသူ ကုန်ကျစရိတ်များအပေါ် သက်ရောက်မှုကို လျှော့ချနိုင်ရန်အတွက် စက်သုံးဆီသုံးစွဲမှုဆိုင်ရာ ရန်ပုံငွေကို အသုံးပြုပြီး ဒီဇယ်ဆီ လက်လီဈေးနှုန်းကို တစ်လီတာလျှင် ဘတ် ၃၀ နှုန်းဖြင့် သတ်မှတ်ထိန်းညှိပေးထားသည်။ စွမ်းအင်ထောက်ပံ့မှု ပြတ်တောက်နိုင်ခြေရှိသည့် အခြေအနေများတွင် စွမ်းအင်လုံခြုံမှု ရှိစေရန်အတွက် ထိုင်းနိုင်ငံသည် စွမ်းအင်တင်သွင်းသည့် အရင်းအမြစ်များကို နည်းလမ်းမျိုးစုံဖြင့် ရှာဖွေခြင်း၊ ပြည်တွင်း၌ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုကို အရှိန်မြှင့်တင်ခြင်းများ လုပ်ဆောင်နေပြီး ရက်ပေါင်း ၉၀ ကျော်စာအတွက် အရန်သင့် သိုလှောင်ထားသည့် ရေနံများရှိကြောင်းလည်း အတည်ပြုထားသည်။ ထို့ပြင် ကမ္ဘာလုံးဆိုင်ရာစွမ်းအင်ဈေးနှုန်းများ သိသာစွာ ဆက်လက်မြင့်တက်လာပါက လောင်စာဆီအပေါ် ကောက်ခံသည့် အခွန်ကို လျှော့ချခြင်းနှင့် လျှပ်စစ်ဓာတ်အားခနှုန်းထားများကို စီမံခန့်ခွဲခြင်းကဲ့သို့ အရေးပေါ်အစီအစဉ်များကိုလည်း ကြိုတင်ပြင်ဆင်ထားသည်။

    ထိုင်းအစိုးရသည် အိမ်သုံးဂက်စ် (LPG) ဈေးနှုန်းများကိုလည်း တည်ငြိမ်အောင် ထိန်းသိမ်းထားပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင် အသုံးပြုသည့် လောင်စာအရောအနှော (ဥပမာ- ဓာတ်ဆီ၊ ဒီဇယ်၊ ဇီဝလောင်စာကို ရောစပ်ထားခြင်း) ကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန်အတွက် သဘာဝဓာတ်ငွေ့များ ထပ်မံရရှိစေရန် သက်ဆိုင်ရာဌာနများကို ညွှန်ကြားထားသည်။

    ထို့ပြင်ပြည်တွင်းလောင်စာပြတ်လပ်မှုမဖြစ်စေရန်အတွက် ပြည်ပသို့ လောင်စာတင်ပို့ရောင်းချမှုများကို ချက်ချင်းရပ်တန့်ရန် မတ် ၆ ရက်က အမိန့်ထုတ်ပြန်ခဲ့‌သေးသည်။ အာဆီယံဒေသတွင်း နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံတွင်လည်း အရှေ့အလယ်ပိုင်း ဒေသတွင် စစ်မီးအရှိန် မြင့်တက်လာနေခြင်းကြောင့် ရေနံစိမ်းလိုအပ်ချက်ကို အရှေ့အလယ်ပိုင်းမှ တင်သွင်းမှုအစား အမေရိကန်မှ တင်သွင်းမှုကို တိုးမြှင့်ပြီး အစားထိုးသွားမည်ဟု ဆိုသည်။

    အင်ဒိုနီးရှားနိုင်ငံ၏ ရေနံစိမ်းတင်သွင်းမှု စုစုပေါင်း၏ လေးပုံတစ်ပုံ (၂၅ ရာခိုင်နှုန်း) မှာ အရှေ့အလယ်ပိုင်းဒေသမှ လာခြင်းဖြစ်ပြီး၊ အိမ်သုံးဂက်စ် (LPG) တင်သွင်းမှု၏ ၃၀ ရာခိုင်နှုန်းမှာလည်း အဆိုပါဒေသအပေါ် မှီခိုနေရခြင်းဖြစ်ရာ လောင်စာလိုအပ်ချက်ပြဿနာအတွက် ထိုသို့ပြင် ဆင် ဆောင်ရွက်ခြင်းလုပ်ဆောင်ထားသည်။ ထို့ပြင် အရှေ့အလယ်ပိုင်း ပဋိပက္ခသည် ပြည်တွင်းသုံး လောင်စာဆီ အပါအဝင် အင်ဒိုနီးရှားနိုင်ငံ၏ အမျိုးသား စွမ်းအင်ထောက်ပံ့မှုအပေါ် တစ်စုံတစ်ရာ အနှောင့်အယှက် မဖြစ်သေးသည့်အပြင် အစိုးရကထောက်ပံ့ထားသော လောင်စာဆီဈေးနှုန်းများကို မြှင့်တင်မည်မဟုတ်ဟုလည်း ၎င်းအစိုးရကဆိုထားသည်။

    ထို့အတူ ဗီယက်နမ်နိုင်ငံကို ကြည့်လျင်လည်း အရှေ့အလယ်ပိုင်း အကျပ်အတည်းကြောင့် နိုင်ငံ၏ စွမ်းအင်လုံခြုံရေးအတွက် အရေးပေါ်စီမံချက်များ ချမှတ်ဆောင်ရွက်နေပြီး ဗီယက်နမ်စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (MoIT) သည် ကမ္ဘာ့ရေနံဈေးနှုန်းများ၊ ရေနံထုတ်လုပ်မှုပမာဏ၊ လက်ကျန်သိုလှောင်မှုနှင့် ကုန်သွယ်မှုစီးဆင်းမှုများကို အနီးကပ် စောင့်ကြည့်သွားမည်ဖြစ်ကာ၊ လိုအပ်ပါက သွင်းကုန်နှင့် ပြည်တွင်းထောက်ပံ့မှုများကို ချိန်ညှိဆောင်ရွက်သွားမည်ဟု ဆိုထားသည်။ အဓိက စက်သုံးဆီ လုပ်ငန်းရှင်များအနေဖြင့် ၂၀၂၆ ခုနှစ်အတွက် သတ်မှတ်ထားသော အနည်းဆုံး အရန်ဆီ သိုလှောင်ထားရှိမှုကို လိုက်နာခြင်း ရှိ၊ မရှိကိုလည်း MoIT က တင်းကျပ်စွာ ကြီးကြပ်သွားမည်ဟုဆိုထားပြီး ထုတ်လုပ်မှု စွမ်းဆောင်ရည်၊ လက်ကျန်ပမာဏ၊ သွင်းကုန် အစီအစဉ်များနှင့် မတူညီသော အခြေအနေမျိုးစုံအောက်တွင် ပြည်တွင်းလိုအပ်ချက်ကို မည်သို့ ဖြည့်ဆည်းပေးနိုင်မည်နည်း ဆိုသည်ကို အဓိက သုံးသပ်‌နေသည်ဟုဆိုထားသည်။ ဗီယက်နမ် အာဏာပိုင်များက လတ်တလောအခြေအနေအတွက် ဖြေရှင်းနည်းများကို အဓိကမဏ္ဍိုင် ၃ ခုဖြင့် အကောင်အထည်ဖော်လျက်ရှိပြီး ထိုမဏ္ဍိုင် သုံးခုမှာ ၁-ဈေးကွက်ဖြစ်ပေါ်ပြောင်းလဲမှုများကို အနီးကပ်စောင့်ကြည့်ပြီး ထောက်ပံ့မှုအပိုင်းကို အချိန်နှင့်တစ်ပြေးညီ လိုက်လျောညီထွေရှိစွာ စီမံခန့်ခွဲခြင်း၊ ၂- လက်ကားရောင်းချသူများမှသည် လက်လီအရောင်းဆိုင်များအထိ ဖြန့်ဖြူးရေးစနစ် တစ်ခုလုံး ချောမွေ့စွာ လည်ပတ်နိုင်စေရန် ဆောင်ရွက်ခြင်း၊၃-ကဏ္ဍစုံအကြား ပူးပေါင်းညှိနှိုင်းမှုများကို အားကောင်းစေပြီး ရေရှည်အတွက် အရေးပေါ်အခြေအနေဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများကို တက်ကြွစွာ လုပ်ဆောင်ခြင်းတို့ ဖြစ်ကြောင်းလည်း သိရသည်။

    ဒေသတွင်းနိုင်ငံများတွင် လောင်စာလိုအပ်ချက်ပြဿနာကို အမျိုးမျိုးဖြေရှင်းနိုင်ရင် ပြင်ဆင်ဆောင်ရွက်နေသည်ကိုတွေ့ရပြီး ယခုကဲ့သို့ စုံ/မ ဖြင့် အသွားအလာ ကန့်သတ်ခြင်းမျိုး မရှိသဖြင့် မြန်မာနိုင်ငံအနေဖြင့် စုံ/မ စနစ်ဖြင့် လောင်စာဆီအခက်အခဲကို ဖြေရှင်းသည့်နည်းလမ်းမှာ မှန်ကန်ကောင်းမွန်မှု ရှိနိုင်မည်မဟုတ်ပေ။

    မြန်မာနိုင်ငံတွင် မော်တော်ယာဉ် စုံ/ မ အက္ခရာ နှစ်ခုစလုံး ပိုင်ဆိုင်သည့် အရေအတွက်သည် လက်တစ်ဆုပ်စာ လူတစ်စုသာ ဖြစ်ကြောင်း၊ စက်သုံးဆီဂယက်ကြုံနေသည့် အခြားနိုင်ငံများတွင် စုံ/မ စနစ်ကို ကျင့်သုံးမှု မရှိသည့်အတွက် အစိုးရအနေဖြင့် စုံ/မ စနစ်ဖြင့် သတ်မှတ်ချက်ကို ရုတ်သိမ်းပြီး ဆီကို ခွဲတမ်းဖြင့် ရောင်းချသည့်စနစ်ကိုသာ ပြောင်းလဲကျင့်သုံး လုပ်ဆောင် သင့်သည်ဟု ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက အကြံပြုသည်။

    “အစိုးရအနေနဲ့ ပြည်သူ့ဒုက္ခနဲ့ ပြည်သူ့အသံကို နားထောင်သင့်တယ်။ ပြီးတော့ ဆီကို လျှော့တဲ့နည်းလမ်းကို သုံးရမယ်။ကားတွေ လျှော့တဲ့နည်းထက် ဆီတွေလျှော့တဲ့နည်းကိုပဲ သုံးရမယ်။ ဆီဈေးအနည်းငယ်တက်လာနိုင်တယ်။ ဒါပေမဲ့ ဒါက ကမ္ဘာတစ်ဝန်း တက်မှာ။ ဒီအခိုက်အတန့်မှာ ဆီဈေးတက်တာကို မကြောက်ပါနဲ့။ ပြီးတော့ ဆီပေးမယ့်ရက်ကို သတ်မှတ်မယ်။ ဆီ Quota ကို လျှော့မယ်။ ဆီပေးတဲ့ ပမာဏကို လျှော့ချပြီး Dry Day ဆိုပြီး တစ်ရက်ကို ဘယ်ကားမှ ဆီမရောင်းတဲ့နေ့ သတ်မှတ်မယ်။ ပြီးရင် ဆီမှောင်ခိုတွေ၊ တရား မဝင်ရောင်းတာတွေကို ဖမ်းမယ်။ ဆီသိုလောင်တာတွေကို လိုက်ပြီး ကြီးကြပ်မယ်။ ဒါမျိုး လုပ်ပြီး ဆီချွေတာရေးအတွက် လုပ် သင့်ပါတယ်။ စီမံခန့်ခွဲမှု အလွဲက ပြည်သူအများကို ပိုမို ခက်ခဲကျပ်တည်း‌စေပါတယ်။ အခုလို အများပြည်သူနဲ့ဆိုင်တဲ့ ပြဿနာတွေကို အစိုးရအနေနဲ့ဖြေရှင်းတဲ့နေရာမှာ စနစ်တကျ လေ့လာချက်တွေ၊ အထပ်ထပ် အကဲဖြတ် သုံးသပ်ချက်တွေ၊ အကြံကောင်းတွေနဲ့ မှန်ကန်စွာ ဆုံးဖြတ် ဆောင်ရွက်နိုင်ဖို့လိုပါတယ်။ အကြံပေးခန့်ရင် ကောင်းကောင်းမွန်မွန် ခန့်သင့်ပါတယ်ဗျာ” ဟု ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း ထောက်ပြခဲ့သည်။

    အချက်အလက်များအရ အီရန်စစ်ပွဲနောက်ဆက်တွဲ အဖြစ် ၂၀၂၆ စက်သုံးဆီအခက်အခဲကြုံတွေ့နေသည့် နိုင်ငံတိုင်းသည် မြန်မာနိုင်ငံကဲ့သို့ နိုင်ငံတစ်ဝန်းလုံးတွင် စုံ/မ စနစ်ဖြင့် သွားလာခွင့်ကို ကျင့်သုံးမှုမရှိသေးဘဲ နည်းလမ်းအမျိုးမျိုးဖြင့် စက်သုံးဆီချွေတာရေးကို ထိန်းညှိဆောင်ရွက်လျက် ရှိရာ ထောင်တစ်လအထိ ကျခံရမည့် စုံ/မစနစ် ဖြင့် ယာဉ်အသွားအလာကန့်သတ်သည့်စနစ်ကို ပြန်လည်ပြင်ဆင် သုံးသပ်ပြီး အစိုးရက ဆီရောင်းချမှုကိုသာ ကန့်သတ် ကြပ်မတ်ခြင်း၊ နိုင်ငံ၏ လောင်စာဆီ လိုအပ်ချက်အတွက် ပြည်ပနိုင်ငံများထံမှ ပိုမိုတိုးမြှင့်ဝယ်ယူရရှိရန် ကြိုးပမ်းဆောင်ရွက်ခြင်း စသော နည်းလမ်းများဖြင့်သာ ဆောင်ရွက်သင့်‌ကြောင်း ထောက်ပြမှုများကျယ်ကျယ်ပြန့် ပြန့်ထွက်‌ပေါ်လျက်ရှိ‌နေ‌သည်။

    Mm News.xyz 2026 03 08 190457

  • အစ္စရေး၏ တိုက်ခိုက်မှုများအပြီး တီဟီရန်မြို့တွင် မိုးမည်းများ ရွာသွန်း

    အစ္စရေး၏ တိုက်ခိုက်မှုများအပြီး တီဟီရန်မြို့တွင် မိုးမည်းများ ရွာသွန်း

    အီရန်မြို့တော်ရှိ ဆီသိုလှောင်ရာနေရာများကို အစ္စရေးက တိုက်ခိုက်ပြီးနောက်၊ တီဟီရန်မြို့ခံများသည် ထူထပ်သော မီးခိုးတိမ်မည်းကြီးများနှင့်အတူ မိုးမည်းများရွာသွန်းမှုကို ကြုံတွေ့ခဲ့ရကြောင်း စီအန်အန် သတင်းထောက် ဖရက်ဒ် ပလိုက်ဂျန်က သတင်းပေးပို့ခဲ့သည်။

    လူဦးရေ ၁၀ သန်းနီးပါး နေထိုင်သည့် တီဟီရန်မြို့တွင် တိုက်ခိုက်မှုများအပြီးတွင် ရေနံများနှင့် ရောနှောနေသည့် မိုးရေများ ရွာသွန်းခဲ့ခြင်းဖြစ်သည်။

    Mm News.xyz 2026 03 08 185512

    ရေနံများရောနှောနေသည့် မိုးမည်းရွာသွန်းမှုအကြောင်း သတင်းထောက်၏ ဖော်ပြချက်

    “မိုးရေတွေက တကယ်ကို မည်းနက်နေတာကို တွေ့နိုင်ပါတယ်။ ရေနံတွေလည်း ပျော်ဝင်နေပုံရတယ်” ဟု ပြောကြားခဲ့သည်။

    “ဒါက ဒီမနက်ခင်းမှာ ရွာသွန်းနေတဲ့ အခြေအနေပါ။ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အီရန်မြို့တော် မှာ အခုလို ရေနံတွေပါတဲ့ မိုးမျိုး ရွာသွန်းနေတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

    စက်သုံးဆီသိုလှောင်ကန်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ် အတည်ပြု

    အစ္စရေးစစ်တပ်က ၎င်းတို့သည် စနေနေ့ညနေပိုင်းတွင် တီဟီရန်မြို့ရှိ စက်သုံးဆီဖြန့်ဖြူးရေးနေရာများကို တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

    ယင်းအဆောက်အအုံများသည် အီရန်ရှိ “စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများအပါအဝင် အမျိုးမျိုးသော စားသုံးသူများထံ” စက်သုံးဆီ ဖြန့်ဖြူးပေးနေသည့် နေရာများဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ပြောကြားသည်။

    Mm News.xyz 2026 03 08 185533

    “ဒီတိုက်ခိုက်မှုက အီရန်အကြမ်းဖက်အစိုးရရဲ့ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို အထိနာစေဖို့ လုပ်ဆောင်လိုက်တဲ့ နောက်ထပ်ခြေလှမ်းတခု ဖြစ်ပါတယ်” ဟု အစ္စရေးစစ်တပ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    စစ်ပွဲအရှိန်မြင့်တက်လာသည်နှင့်အမျှ ထွက်ပေါ်လာသော နိုင်ငံတကာ တုံ့ပြန်မှုများ

    ယခုတိုက်ခိုက်မှုများသည် အီရန်၏ စွမ်းအင်အရင်းအမြစ်များကို ပစ်မှတ်ထားသည့် အစ္စရေး၏ အရှိန်အဟုန်မြှင့် တိုက်ခိုက်မှုအသစ်များ၏ အစိတ်အပိုင်းဖြစ်သည်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်၏ ထိပ်တန်းလုံခြုံရေးအရာရှိထံမှ ခြိမ်းခြောက်မှုများကို “ကျွန်တော် လုံးဝဂရုမစိုက်ဘူး” ဟု ဆိုကာ ပယ်ချလိုက်ပြီး၊ အီရန်အပေါ် တိုက်ခိုက်မှုများသည် ယခု သီတင်းပတ်ကုန်တွင် ပိုမိုပြင်းထန်လာမည်ဖြစ်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။

    တချိန်တည်းမှာပင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက “စစ်မီး” များ ပြန့်နှံ့သွားနိုင်သည့် အန္တရာယ်ရှိကြောင်း သတိပေးခဲ့ပြီး၊ ပဋိပက္ခများကို အဆုံးသတ်ရန် တောင်းဆိုခဲ့သည်။

  • အီရန်ကို သင်ခန်းစာယူပြီး တပ်တွင်းသူလျှိုများ ဖော်ထုတ်ရန် စစ်တပ်လော်ဘီများ ဆော်ဩလာ

    အီရန်ကို သင်ခန်းစာယူပြီး တပ်တွင်းသူလျှိုများ ဖော်ထုတ်ရန် စစ်တပ်လော်ဘီများ ဆော်ဩလာ

    အီရန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ထိပ်တန်းခေါင်းဆောင်များ လုပ်ကြံခံရမှုနှင့် ထောက်လှမ်းရေးသတင်းပေါက်ကြားမှုဖြစ်စဉ်များကို သင်ခန်းစာယူ၍ မြန်မာနိုင်ငံအတွင်းရှိ စစ်ကော်မရှင်ထောက်ခံသူများနှင့် လော်ဘီများအကြား တပ်တွင်းသူလျှိုဖော်ထုတ်ရေးအတွက် တယ်လီဂရမ်ချန်နယ်များတွင် ဆော်သြမှုများ ပြုလုပ်လာကြောင်း သိရသည်။

    အဆိုပါ စစ်ကော်မရှင်ထောက်ခံသူများသည် အီရန်နိုင်ငံ၏ နျူကလီးယားအဆောက်အအုံများနှင့် စစ်ရေးပစ်မှတ်များ တိုက်ခိုက်ခံရခြင်းမှာ အတွင်းသတင်းပေါက်ကြားမှုကြောင့်ဖြစ်သည်ဟု ယူဆနေကြပြီး မြန်မာနိုင်ငံတွင်လည်း တပ်မတော်၏ ထိပ်တန်းလျှို့ဝှက်ချက်များနှင့် စစ်ရေးလှုပ်ရှားမှု ကြေးနန်းစာများ ပေါက်ကြားနေခြင်းအပေါ် ပြာပြာသလဲ စိုးရိမ်မကင်း ဖြစ်နေကြခြင်းဖြစ်ပါသည်။

    ယင်းသို့ စိုးရိမ်မှုများ မြင့်တက်လာခြင်းနှင့်အတူ တပ်တွင်းသတင်းများကို ပုဂ္ဂိုလ်ရေးမကျေနပ်ချက်ကြောင့်ဖြစ်စေ၊ ငွေကြေးမက်လုံးကြောင့်ဖြစ်စေ ပြည်ပမီဒီယာများနှင့် တော်လှန်ရေးအင်အားစုများထံ ပေးပို့နေသူများကို အရေးတကြီး စိစစ်ဖော်ထုတ်ရန် ၎င်းတို့၏ ဝါဒဖြန့်ချန်နယ်များမှတစ်ဆင့် အပြိုင်အဆိုင် သတိပေးနှိုးဆော်လျက်ရှိသည်။

    အထူးသဖြင့် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့ပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် ခံဝန်ကတိဖြင့် လုပ်ငန်းခွင်ပြန်ဝင်လာသူများကို အဓိကထား စောင့်ကြည့်ရန် လော်ဘီများက တိုက်တွန်းနေကြသည်။

    ၎င်းတို့အား အရေးပါသည့် တာဝန်များနှင့် ဌာနဆိုင်ရာ လျှို့ဝှက်ချက်များကို သိရှိနိုင်သည့် နေရာများတွင် တာဝန်မပေးအပ်သင့်ဘဲ နောက်ကြောင်းရာဇဝင်ကို အနုစိတ်စစ်ဆေးရန် လိုအပ်ကြောင်း စစ်တပ်လော်ဘီများက ရေးသားထားကြသည်။

    ယင်းအခြေအနေအပေါ် နိုင်ငံရေးလေ့လာသူတစ်ဦးက “အီရန်မှာ ဖြစ်သွားတဲ့ ဖြစ်စဉ်တွေက စစ်ကော်မရှင်လော်ဘီတွေကို တော်တော်လေး ထိတ်လန့်သွားစေတာ အမှန်ပဲ။ သူတို့က သူတို့ရဲ့ အတွင်းစည်းထဲမှာ သူလျှိုတွေ ရှိနေနိုင်တယ်ဆိုတာကို အရင်ကထက် ပိုပြီး သံသယဝင်လာကြတာ။ ဒါဟာ တပ်တွင်းမှာ အချင်းချင်း မယုံကြည်မှုတွေကို ပိုပြီး ကြီးထွားလာစေနိုင်တယ်” ဟု သုံးသပ်ပြောကြားသည်။

    ထို့ပြင် လော်ဘီများက လုံခြုံရေးအတွင်းစည်းကို ပိုမိုကျပ်မတ်ရန်အတွက် သတင်းအချက်အလက် သိရှိနိုင်သည့် နယ်ပယ်ကို အတတ်နိုင်ဆုံး ကျဉ်းမြောင်းအောင် ပြုလုပ်ရန်နှင့် သစ္စာရှိမှုအပေါ် အခြေခံသည့် ဆုပေး၊ ဒဏ်ပေးစနစ်ကို အားကောင်းအောင် လုပ်ဆောင်သင့်ကြောင်းလည်း ဆိုကြသည်။

    “ဒီလိုမျိုး ဖိအားပေးတာတွေက တကယ်တမ်းမှာတော့ အောက်ခြေဝန်ထမ်းတွေနဲ့ တပ်ဖွဲ့ဝင်တွေကြားမှာ စိုးရိမ်ထိတ်လန့်မှုကိုပဲ ဖန်တီးပေးရာ ရောက်လိမ့်မယ်။ CDM ပြန်ဝင်လာသူတွေကို ရန်သူလို သဘောထားပြီး စောင့်ကြည့်နေမယ်ဆိုရင် အုပ်ချုပ်ရေးယန္တရားထဲမှာ အဆင်မပြေမှုတွေ ပိုများလာမှာပဲ” ဟု တက်ကြွလှုပ်ရှားသူတစ်ဦးက ထောက်ပြသည်။

    အခြားတစ်ဖက်တွင်လည်း တပ်မတော်၏ လျှို့ဝှက်ချက်များကို သိရှိနိုင်သည့် အဆင့်မြင့်အရာရှိကြီးများပင်လျှင် ငွေကြေး သောင်းဂဏန်း၊ သိန်းဂဏန်းအတွက်ဖြင့် သစ္စာဖောက်ဖျက်နိုင်သည်ဟု လော်ဘီများက ယူဆနေကြခြင်းမှာ စစ်ကော်မရှင်၏ လက်ရှိကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ပျက်ယွင်းမှုများကို ဝန်ခံရာရောက်နေကြောင်း ၎င်းက ဆိုသည်။

    ထို့ကြောင့် စစ်ကော်မရှင်အနေဖြင့် တပ်တွင်းနှင့် ဌာနဆိုင်ရာများတွင် ရှိနေနိုင်သည့် သစ္စာမဲ့သူများကို မျက်ခြေမပြတ် စောင့်ကြည့်ရန်အတွက် အချိန်ယူ စစ်ဆေးခြင်း၊ တာဝန်ပေးအပ်ပြီး ယုံကြည်မှု တည်ဆောက်ကြည့်ခြင်းနှင့် စနစ်တကျ စောင့်ကြည့်ခြင်းများ ပြုလုပ်ရန် လော်ဘီများက အပြင်းအထန် တောင်းဆိုနေကြခြင်း ဖြစ်သည်။

    နိုင်ငံရေးလေ့လာသူများ၏ အဆိုအရ အီရန်၌ ဖြစ်ပွားခဲ့သည့် ထိပ်တန်းခေါင်းဆောင်များ လုပ်ကြံခံရမှုသည် ကမ္ဘာတစ်ဝန်းရှိ အာဏာရှင်စနစ်ကျင့်သုံးသည့် နိုင်ငံများအတွက် စိုးရိမ်စရာဖြစ်လာစေပြီး မြန်မာနိုင်ငံရှိ စစ်ကော်မရှင်အတွက်လည်း လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုကြီးတစ်ခုအဖြစ် ရင်ဆိုင်နေရကြောင်း ပြောကြားသည်။

    အကျိုးဆက်အနေဖြင့် စစ်ကော်မရှင်သည် ရှေ့လာမည့် ကာလများတွင် တပ်တွင်းလုံခြုံရေးနှင့် သတင်းအချက်အလက် စီးဆင်းမှုများကို ယခင်ကထက် ပိုမိုတင်းကျပ်လာဖွယ်ရှိပြီး ယင်းသည်ပင်လျှင် အုပ်ချုပ်ရေးယန္တရားအတွင်း မလိုအပ်သည့် တင်းမာမှုများကို ဖြစ်ပေါ်စေနိုင်သည်ဟု နိုင်ငံရေးလေ့လာသူများက ခန့်မှန်းထားသည်။

  • ယင်းမာပင်မြို့နယ်အတွင်းရှိ ရှင်ပြုပွဲအား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရပြီး အများအပြားသေဆုံး (ရုပ်/သံ)

    ယင်းမာပင်မြို့နယ်အတွင်းရှိ ရှင်ပြုပွဲအား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရပြီး အများအပြားသေဆုံး (ရုပ်/သံ)

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း ရှင်ပြုပွဲလုပ်နေတဲ့နေအိမ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး မောင်ရင်လောင်းနှစ်ဦးအပါအဝင် အရပ်သား ၇ ဦးကို သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ULF စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

    မတ်လ ၈ ရက်၊ ဒီနေ့နံနက်ပိုင်းက ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးပျူရွာကနေ အင်အား ၃၀၀ လောက်ရှိတဲ့ အကြမ်းဖက်စစ်သားတွေ စစ်ကားတွေနဲ့ ပြန်လည်ဆုတ်ခွာနေချိန် ချင်းတွင်း တံတားအနောက်ဘက်က အောင်ဇေယျကုန်းနားမှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

    ဒီတိုက်ခိုက်မှုကို ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ULF စစ်ကြောင်းနဲ့ 9+ စစ်ကြောင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

    မတ်လ ၇ရက်၊ မနေ့ မနက်ပိုင်းက အကြမ်းဖက်စစ်တပ်စစ်ကြောင်းကနေ လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ကနီမြို့နယ်၊ နတ်လာပို့တောင်ကျေးရွာက ရှင်ပြုပွဲလုပ်ဆောင်နေတဲ့နေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲပြီး မောင်ရင်လောင်းနှစ်ဦးအပါအဝင် အရပ်သား ၇ ဦးသေဆုံးကာ ၂၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

    ရှင်သာမဏေနှစ်ပါးကို လက်နက်ကြီးနှင့်ထုပြီး သတ်ခဲ့သော အင်အား၃၀၀ ကျော်ပါသည့် စစ်မိစ္ဆာများအား ULF စစ်ကြောင်းမှ တိုက်ခိုက်ခဲ့သော ရုပ်သံ။

    Video – Union Liberation Front – ULF V 02