Category: News

  • ရန်ကုန်တွင် စက်သုံးဆီချွေတာရေး စီမံချက်အဖြစ် “မ” ရက်တွင် ထွက်လာသော “စုံ” နံပါတ်ကားများကို ယာဉ်ထိန်းရဲများက ငွေညှစ်တောင်းယူနေ

    ရန်ကုန်တွင် စက်သုံးဆီချွေတာရေး စီမံချက်အဖြစ် “မ” ရက်တွင် ထွက်လာသော “စုံ” နံပါတ်ကားများကို ယာဉ်ထိန်းရဲများက ငွေညှစ်တောင်းယူနေ

    ရန်ကုန်တွင် စစ်တပ်က ယနေ့ မတ်လ ၇ ရက်နေ့ စတင်သော စက်သုံးဆီချွေတာရေး စီမံချက်အဖြစ် “မ” ကားနံပါတ်ပြားပါသော ကားများကိုသာ မောင်းနှင်ခွင့်ပြုပြီး “စုံ” နံပါတ်ပြား ကားများကို ယာဉ်ထိန်းရဲများက ပညာပေးသည်ဟုဆိုကာ ငွေတောင်းယူ ပြန်လွှတ်နေကြောင်း ငွေပေးလိုက်ရသည့် ကားပိုင်ရှင်တချို့က ပြောဆိုသည်။

    ယနေ့သည် မ ဂဏန်းရက်ဖြစ်သည့်အတွက် မ နံပါတ်ပြားပါ ကားများသာ မောင်းနှင်ခွင့်ရှိပြီး စုံ ကားနံပါတ်ပါ ကားများ မောင်းနှင်ခွင့်မရှိကြောင်း၊ ထို့ကြောင့် ရန်ကုန်မြို့တွင် ယာဉ်ထိန်းရဲများက စုံကားနံပါတ်ပါ ကားများကို တားဆီးကာ ပညာပေးကာလ ကျော်လွန်ပါက အရေးယူမည်ဟုဆိုကာ လက်ဖက်ရည်ဖိုးအဖြစ် ငွေကျပ် ၁ သောင်းတောင်းယူကြောင်း သိရှိရသည်။

    “ကျနော့်ကား စုံနံပါတ်ပေမယ့် လုပ်ငန်းသုံး ဟိုက်ဂျက်ပါ။ လုပ်ငန်းလိုင်စင်တော့မပါဘူး။ အဲဒါ ပါရမီလမ်းဆုံမှာ တားတယ်။ ယာဉ်ထိန်းရဲတွေချည်းပဲ သီးသန့်။ လုပ်ငန်းကားပါပြောတော့ လုပ်ငန်းလိုင်စင် မပါရင် မောင်းခွင့်မပေးဘူးဆိုပြီး ပြောတယ်။ ပညာပေးကာလမို့ လွှတ်ပေးမယ် လက်ဖက်ရည်ဖိုးတော့ ပေးခဲ့လို့ ပြောတယ်။ အဲဒါ ၅၀၀၀ တန်ထုတ်ပေးတော့ ၁ သောင်းပေးရမယ်ဆိုပြီး တောင်းတယ်” ဟု ငွေတောင်းခံလိုက်ရသည့် ဟိုက်ဂျက် ကားပိုင်ရှင်က ပြောဆိုသည်။

    အလားတူ အင်းစိန်မြို့နယ်၊ ပေါက်တော၀ လမ်းဆုံတွင် စျေးဝယ်လာသည့် စုံဂဏန်းပါ ကားကို ယာဉ်ထိန်းရဲများက တားဆီးခဲ့ပြီး ပညာပေးကာလအဖြစ် လွှတ်ပေးမည်ဟုဆိုကာ ငွေကျပ် ၂ သောင်း တောင်းယူသွားကြောင်း သိရှိရသည်။

    648938737 1292738679620402 1245903688205672420 N

    “အင်းစိန်စျေးဘက်က ခဏသွားတာ။ ပေါက်တာ၀မှာ ကားကို တားတယ်။ အဲဒါ ကားဝှီးတက်နဲ့လိုင်စင် သိမ်းတယ်။ ၂ သောင်းတောင်းတယ်။ ငွေပေးမှ ဝှီးတက်နဲ့ လိုင်စင်ပြန်ပေးတယ်” ဟု တိုယိုတာ ဘယ်လ်တာကားပိုင်ရှင်က ပြောဆိုသည်။

    ယနေ့ ရန်ကုန်မြို့တွင် ဌာနပေါင်းစုံ ပါဝင်သော စက်သုံးဆီချွေတာရေး စီမံချက်ကို အကောင် အထည်ဖော်သည့် One Stop Service အဖွဲ့များ က နေရာပေါင်းစုံကို ကားများဖြင့် လှည့်လည် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

    “မနက်အစောကြီး တောင်ဥက္ကလာဘက်မှာ ဌာနပေါင်းစုံ အဖွဲ့တွေ့တယ်။ နောက်တော့ နေရာရွှေ့သွားတယ်။ မြို့တစ်ခုလုံး လှည့်ပတ် စစ်နေတာထင်တယ်” ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှ တက္ကစီယာဉ်မောင်းတစ်ဦးက ပြောဆိုသည်။

    အကြမ်းဖက်စစ်ကောင်စီ၏ စက်သုံးဆီချွေတာရေး အစီအစဉ်အရ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပါအဝင် မြို့ကြီးများတွင် စုံရက်နှင့် မရက် နံပါတ်ပြားအလိုက် ယာဉ် မောင်းနှင်ခြင်းမရှိသူများကို ထောင်ဒဏ် ၁ လ (သို့မဟုတ်) ငွေဒဏ် ကျပ် ၂ သောင်း (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး ချမှတ်အရေးယူရန် လျှို့ဝှက်အမိန့် ထုတ်ပြန်ထားသည်။

    နေပြည်တော်ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး၏ မတ်လ ၆ ရက်နေ့စွဲဖြင့် ထွက်ရှိထားသည့် လျှို့ ဝှက်အမိန့်အရ အဆိုပါကိစ္စကို အရေးယူဆောင်ရွက်ရန်အတွက် ဌာနစုံ ပါဝင်သော One Stop Service အဖွဲ့များကို ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း၊ ယင်းအဖွဲ့တွင် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ တရားရေးဌာန၊ ဥပဒေရုံး၊ ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ ပါဝင်မည် ဖြစ်ကြောင်း သိရှိရသည်။

    647308875 1292738709620399 2008200365215659287 N

    အဆိုပါ စစ်ဆေးမှုများကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး: မြို့ကြီးများတွင် One Stop Service အဖွဲ့ ၂ ဖွဲ့ (သို့မဟုတ်) ၃ ဖွဲ့ဖြင့် နေရာခွဲ၍ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကျန်နယ်မြို့များတွင်မူ One Stop Service အဖွဲ့ ၁ ဖွဲ့ဖြင့် စစ် ဆေးဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

    ယင်းစက်သုံးဆီချွေတာရေးအမိန့်အရ ပညာပေးကာလအဖြစ် ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိကို အသိပညာပေးကာလအဖြစ် သတ် မှတ်ထားကြောင်း၊ အရေးယူမှုများကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့မှစတင်ကာ အမိန့်မထုတ်ပြန်မချင်း ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သိရှိရသည်။

    စစ်တပ်၏ ထုတ်ပြန်ထားသော အမိန့်ကို လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်ကျူး လွန်သူများကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ အရ One Stop Service အဖွဲ့က တိုက်ရိုက်အရေးယူမည် ဖြစ်ပြီး ပြစ်ဒဏ်အနေဖြင့် အလုပ်မဲ့ထောင်ဒဏ် ၁ လနှင့် ငွေဒဏ် ကျပ် ၂ သောင်း “ဒဏ်နှစ်ရပ်လုံး” ကို ချမှတ်မည်ဖြစ်ကြောင်း သိရှိရသည်။

  • လောင်စာဆီ သုံးစွဲမှု လျှော့ချဖို့ ဖိလစ်ပိုင်မှာ တစ်ပတ် ၄ ရက်ပဲ ရုံးတက်ခိုင်း

    လောင်စာဆီ သုံးစွဲမှု လျှော့ချဖို့ ဖိလစ်ပိုင်မှာ တစ်ပတ် ၄ ရက်ပဲ ရုံးတက်ခိုင်း

    လောင်စာဆီ သုံးစွဲမှု လျှော့ချရေး အရေးပေါ် အစီအမံ တစ်ခုအဖြစ် ဖိလစ်ပိုင် အစိုးရက တစ်ပတ်ကို ၄ ရက်ပဲ ရုံးတွေဖွင့်ဖို့ ညွှန်ကြားထားလိုက်ပါတယ်။

    မတ်လ ၆ ရက်နေ့မှာ သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက လက်ရှိ ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေကြောင့် ပြည်တွင်း လောင်စာ သိုလှောင်မှုကို ထိန်းညှိဖို့အတွက် အရေးပေါ် အစီအမံတွေကို ထုတ်ပြန်ခဲ့ရာမှာ ပုံမှန် ရုံးဖွင့်ရက်တွေကို တစ်ပတ် ၅ ရက်ကနေ ၄ ရက်သာ ထားရှိဖို့ ဆိုတာလည်း ပါဝင်ခဲ့ပါတယ်။

    အီရန်စစ်ပွဲကြောင့် နိုင်ငံတကာ ရေနံနဲ့ လောင်စာတင်ပို့မှု လမ်းကြောင်းတွေ ကမောက်ကမ ဖြစ်ကုန်တဲ့ဒဏ်ကို တခြားကမ္ဘာ့နိုင်ငံ အများအပြားနည်းတူ အရှေ့တောင်အာရှ ဒေသတွင်းက ဖိလစ်ပိုင်လည်း သက်ရောက် ခံစားနေရပါတယ်။

    မားကို့စ်က အရှေ့အလယ်ပိုင်း ဒေသတွင်း ရေနံတင်ပို့မှုမှာ အဓိကကျတဲ့ ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ် ရေလက်ကြား အပိတ်ခံထားရတဲ့ အခြေအနေကြောင့် ပြည်တွင်း ဓာတ်ဆီနဲ့ ဒီဇယ်စျေးတွေလည်း ထပ်တက်လာနိုင်ကြောင်း သတိပေးထားပါတယ်။

    ဖိလစ်ပိုင်ဟာ ကိုယ်ရွေးချယ်ခဲ့တာ မဟုတ်တဲ့ စစ်ပွဲတစ်ခုရဲ့ သားကောင် ဖြစ်နေရကြောင်း မားကို့စ်က ပြောပါတယ်။ အဲဒီစစ်ပွဲက ဘယ်အချိန် ပြီးဆုံးမလဲ ဆိုတာကိုလည်း ဘယ်သူမှ မသိနိုင်ကြောင်း၊ လောလောဆယ် ဖိလစ်ပိုင် အနေနဲ့ လုပ်နိုင်တာကတော့ နိုင်ငံသားတွေကို လုံခြုံအောင်၊ အဆင်ပြေအောင် ဘယ်လို ထိန်းသိမ်း ကိုင်တွယ်မလဲ ဆိုတာကို အာရုံစိုက်ဖို့သာဖြစ်ကြောင်း သမ္မတက ပြောကြားခဲ့ပါတယ်။

    တစ်ပတ်ကို လေးရက်သာ ရုံးဖွင့်စေမယ့် အစီအစဉ်အရ ဖိလစ်ပိုင် အစိုးရရုံးတွေနဲ့ အေဂျင်စီတွေဟာ တနင်္လာကနေ ကြာသပတေး၊ ဒါမှမဟုတ် အင်္ဂါကနေ သောကြာထိ ရုံးတက်ရမှာ ဖြစ်ပါတယ်။ ရုံးတက်ရက် သတ်မှတ်ချက်တွေက ဌာနနဲ့ အေဂျင်စီတွေအလိုက် ကွဲပြားမှုရှိမှာပါ။ အဲဒီ သတ်မှတ်ချက်ဟာ ယာယီသာ ဖြစ်မယ်လို့လည်း အစိုးရက ကြေညာထားပါတယ်။ ရဲ၊ မီးသတ်၊ ဆေးရုံလို ဌာနတွေကတော့ အဲဒီ အလုပ်ချိန် လျှော့ပေါ့မှုထဲမှာ အကျုံးမဝင်ပါဘူး။

    ဖိလစ်ပိုင်ဟာ အရှေ့အလယ်ပိုင်း ဒေသက ရေနံ အများအပြားကို တင်သွင်းနေရဆဲ ဖြစ်သလို လောင်စာဆီ အသုံးပြုပြီး မောင်းနှင်တဲ့ ဓာတ်အားထုတ်လုပ်တဲ့ စက်ရုံတွေ အများအပြားကိုလည်း လည်ပတ်နေရပါတယ်။

    ဖိလစ်ပိုင် အစိုးရရဲ့ အဆိုအရ လက်ရှိ အီရန်စစ်ပွဲဟာ အရှေ့အလယ်ပိုင်း ဒေသမှာ အလုပ်လုပ်နေတဲ့ ဖိလစ်ပိုင် နိုင်ငံသား ၂ သန်းလောက်ရဲ့ အလုပ်အကိုင်တွေ အပေါ်မှာပါ ခြိမ်းခြောက်လာနေကြောင်း သိရပါတယ်။

    သမ္မတ မားကို့စ်ဟာ အစိုးရ ဌာနတွေ အနေနဲ့ နေ့စဉ် လောင်စာနဲ့ စွမ်းအင် သုံးစွဲမှုကို ၁၀ ကနေ ၂၀ ရာခိုင်နှုန်း လျှော့ချဖို့ ညွှန်ကြားထားပြီး အစိုးရ အရာရှိတွေက စက်ရုံ၊ အလုပ်ရုံတွေကို လှည့်လည် စစ်ဆေးတာမျိုး ခရီးစဉ်တွေကို ယာယီ တားဆီးထားလိုက်ပါတယ်။ နောက်ပြီး အစည်းအဝေးတွေကိုလည်း အွန်လိုင်းကနေပဲ ချိတ်ဆက် လုပ်ဆောင်ဖို့ အမိန့်ပေးထားပါတယ်။

    တကယ်လို့ ရေနံစျေးက တစ်စည်ကို ဒေါ်လာ ၈၀ ကျော်ထိ မြင့်တက်လာမယ်ဆိုရင် ရေနံနဲ့ ဆက်စပ် ကုန်စည်တွေအပေါ် အခွန်ကောက်ယူမှု လျှော့ချဖို့ အခွင့်အာဏာမျိုး သူ့ကို ပေးအပ်ဖို့လည်း မားကို့စ်က လွှတ်တော်ကို တိုက်တွန်းထားပါတယ်။ ရည်ရွယ်ချက်ကတော့ ပြည်တွင်းမှာ ကြုံလာမယ့် လောင်စာဆီစျေးနှုန်း မြင့်တက်မှုတွေကို အထိုက်အလျောက် တားဆီးနိုင်ဖို့ ဖြစ်ပါတယ်။

    အစိုးရဟာ လက်ရှိ အကျပ်အတည်းအတွင်း နစ်နာမှုတွေ ကြုံတွေ့နေတဲ့ ကဏ္ဍတွေအတွက် ထောက်ပံ့ကြေးနဲ့ တခြားအကူအညီတွေ ပေးအပ်ဖို့လည်း စီစဉ်နေကြောင်း မားကို့စ်က ပြောပေမယ့် အသေးစိတ်ကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။

  • ဒေါ်အောင်ဆန်းစုကြည် အသက်ထင်ရှား ရှိပါသေးသလား

    ဒေါ်အောင်ဆန်းစုကြည် အသက်ထင်ရှား ရှိပါသေးသလား

    သံသယဖြစ်ဖွယ် အချက်အလက်များနှင့် Speak Out လုပ်ကြရန် တိုက်တွန်းချက်

    လက်ရှိအချိန်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် အသက်အန္တရာယ်အပေါ် စိုးရိမ်ပူပန်မှုများ အထူးမြင့်တက်နေပါသည်။ အထူးသဖြင့် စစ်ကောင်စီအတွင်းပိုင်းမှ ထွက်ပေါ်လာသော ကောလဟာလသတင်းများအရ သူမ ကွယ်လွန်သွားပြီလားဆိုသည့် မေးခွန်းမှာ ပိုမိုကျယ်လောင်လာသည်။ ကျွန်ုပ်တို့အနေဖြင့် အောက်ပါခိုင်လုံသော အချက်အလက်များကို အခြေခံ၍ စစ်ကောင်စီထံမှ အဖြေတောင်းရန် လိုအပ်နေပြီ ဖြစ်ပါသည်။

    ၁။ နိုင်ငံတကာ ဖိအားများကို အရေးမစိုက်နိုင်တော့ခြင်း

    နိုင်ငံတကာမှ အထူးကိုယ်စားလှယ်များ၊ သံတမန်များနှင့် အနီးကပ်ဆုံးမိသားစုဝင်ဖြစ်သူ သားငယ် ကိုထိန်လင်း (Kim Aris) ကိုယ်တိုင် တွေ့ဆုံခွင့်တောင်းဆိုနေသည့်တိုင် စစ်ကောင်စီဘက်မှ ယနေ့တိုင် အတွေ့မခံနိုင်ခြင်းမှာ အလွန်ထူးခြားနေပါသည်။ ပုံမှန်အားဖြင့် စစ်ကောင်စီသည် ၎င်းတို့အကျပ်ရိုက်ချိန်တိုင်း ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချ၍ နိုင်ငံရေးထွက်ပေါက် ရှာလေ့ရှိသော်လည်း ယခုအခါတွင်မူ မည်သည့်နည်းနှင့်မျှ ထုတ်မပြနိုင်တော့သည်ကို တွေ့ရပါသည်။

    ၂။ ခေတ်မီနည်းပညာဖြင့်ပင် သက်သေမပြနိုင်ခြင်း

    အကယ်၍ လူကိုယ်တိုင်တွေ့ရန် ကျန်းမာရေးအရ သော်လည်းကောင်း၊ လုံခြုံရေးအရသော်လည်းကောင်း အဆင်မပြေပါက Video Call ဖြင့် ဖြစ်စေ၊ ဗီဒီယိုမှတ်တမ်းဖြင့် ဖြစ်စေ အသက်ထင်ရှားရှိကြောင်း သက်သေပြနိုင်ပါသည်။ သို့သော် ဝါဒဖြန့်ချိရေးတွင် ကျွမ်းကျင်သော စစ်ကောင်စီသည် မြဝတီသတင်းဌာနမှတစ်ဆင့် လက်ဆောင်ပေးခြင်း၊ တွေ့ဆုံခြင်း အစရှိသည့် ဟန်ပြဓာတ်ပုံများကိုပင် ထုတ်မပြနိုင်တော့သည်မှာ ကာလအတန်ကြာမြင့်နေပြီ ဖြစ်သည်။

    ၃။ သတင်းအမှောင်ချ၍ အချိန်ဆွဲနေမှု

    အကယ်၍ မလိုလားအပ်သော အခြေအနေတစ်ခုခု ဖြစ်ပွားခဲ့ပါကလည်း စစ်ကောင်စီအနေဖြင့် သတင်းထုတ်ပြန်ရန် ဝန်လေးနေမည်မှာ အမှန်ပင် ဖြစ်သည်။ ရုပ်အလောင်း ဖျောက်ဖျက်မှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုများကြောင့် တိုင်ပတ်နေနိုင်ပြီး သတင်းကို အတတ်နိုင်ဆုံး ဖုံးကွယ်ထားကာ “ရှိသည်” ဟုသာ ဝါဒဖြန့်နေမည်မှာ သူတို့၏ ထုံးစံပင် ဖြစ်သည်။

    နိဂုံးနှင့် တိုက်တွန်းချက်

    “ပြစရာရှိလျှင် ပြစရာမရှိသော်လည်း၊ ဖုံးစရာရှိလျှင် အလုံပိတ်ထားတတ်သည်” ဆိုသည့်အတိုင်း ယခုကိစ္စမှာ သာမန်ကောလဟာလထက် ပိုမိုလေးနက်နေပါသည်။ ထို့ကြောင့် –

    နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေကို လက်တွေ့ကျကျ သက်သေပြရန် စစ်ကောင်စီအား ဖိအားပေးကြရန်။

    ပြည်တွင်း၊ ပြည်ပရှိ မိဘပြည်သူများအနေဖြင့်လည်း ဤအကြောင်းအရာကို ကမ္ဘာက သိအောင် “Speak Out” လုပ်ကာ အသံထွက်ကြရန် အထူးတိုက်တွန်းအပ်ပါသည်။

  • သမ္မတထရမ့်က အီရန်ကို ခြွင်းချက်မရှိ လက်နက်ချဖို့ တောင်းဆို

    သမ္မတထရမ့်က အီရန်ကို ခြွင်းချက်မရှိ လက်နက်ချဖို့ တောင်းဆို

    သမ္မတထရမ့်က အမေရိကန်-အစ္စရေး အီရန်စစ်ပွဲ တစ်ပတ်နီးပါးအကြာတွင်အီရန်ကို ခြွင်းချက်မရှိ လက်နက်ချရန် တောင်းဆိုလိုက်သည်။

    ယင်းပြင်သမ္မတထရမ့်ကးနိုင်ငံ၏ နောက်ခေါင်းဆောင်ကို ရွေးချယ်ရာတွင် ပါဝင်လိုကြောင်း ထပ်မံပြောကြားခဲ့သည်။

    “ခြွင်းချက်မရှိ လက်နက်ချခြင်းမှလွဲ၍ အီရန်နှင့် မည်သည့်သဘောတူညီချက်မျှ ရှိမည်မဟုတ်ပါ!”ဟု သမ္မတထရမ့်က ရေးသားခဲ့သည်။

    “ထို့နောက်တွင် ကြီးကျယ်ပြီး လက်ခံနိုင်သော ခေါင်းဆောင်(များ)ကို ရွေးချယ်ပြီးနောက်ကျွန်ုပ်တို့၏ မဟာမိတ်များနှင့် အတူ ယခင်ကထက် စီးပွားရေးအရ ပိုမိုကြီးမား၊ ပိုမိုကောင်းမွန်ပြီး ပိုမိုအားကောင်းလာစေရန် မနားမနေ လုပ်ဆောင်သွားကြမည်” ဟု ထရမ့်က ရေးသားခဲ့သည်။

    အမေရိကန်-အစ္စရေး ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၃၀၀ ကျော် သေဆုံးခဲ့ရပြီဖြစ်ကြောင်း အီရန် လခြမ်းနီအဖွဲ့က ပြောကြားခဲ့သည်။

    ဒလက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လူ ၁၂၃ ဦး သေဆုံးပြီး ၆၈၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်းပြောဆိုသည်။

    စစ်ပွဲစတင်ကတည်းက အီရန်၏ တိုက်ခိုက်မှုများကြောင့် အစ္စရေးတွင် လူ ၁၁ ဦး သေဆုံးခဲ့သည်။

    အမေရိကန်က စစ်ဘက်ဆိုင်ရာ ဝန်ထမ်းကတော့ ယနေ့အထိ သေဆုံးသူ ၆ ဦးရှိသည်ဟု သိရသည်။

    Ref: Reuters/Bdnews24

  • စစ်တွေအနီးနေရာ ၁၅ ခုလောက်မှာ AA နဲ့ တိုက်ပွဲပြင်းထန်နေသလို AA ကလက်နက်ကြီးတွေနဲ့ တုံ့ပြန်ပစ်ခတ်မှုတွေရှိနေ

    စစ်တွေအနီးနေရာ ၁၅ ခုလောက်မှာ AA နဲ့ တိုက်ပွဲပြင်းထန်နေသလို AA ကလက်နက်ကြီးတွေနဲ့ တုံ့ပြန်ပစ်ခတ်မှုတွေရှိနေ

    အာရက္ခတပ်တော် ( AA) နှင့် စစ်ကော်မရှင်တပ်တို့သည် မြေပြင် နေရာ (၁၅) ခုလောက်တွင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေပြီး AA ကလည်း လက်နက်ကြီးများဖြင့် စစ်တွေအခြေစိုက် စစ်ကော်မရှင် တပ်ရင်းများကို တုံ့ပြန်ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု သိရသည်။

    ယနေ့ မတ်လ ၇ ရက် နံနက် ၄ နာရီခန့်က စတင်ပြီး အာရက္ခတပ်တော်မှ စစ်တွေ အခြေစိုက် ရွှေမင်းဂံ ရေတပ်၊ ခလရ (၂၀)၊ ရဲတပ်ရင်း (၁၂)၊ ပဒလိတ်တပ်ရင်း (၂၃၂) ဘက်သို့ လက်နက်ကြီးများဖြင့် တုံ့ပြန်ပစ်ခတ်ခဲ့သည်ဟု စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    “ မနေ့ညက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ စစ်တွေ အခြေစိုက် တပ်ရင်း ၅ ခုလောက်ကို ပစ်ခတ်ခဲ့ပါတယ်။ ပစ်မှတ်ကို ထိမှန်တာတွေတော့ရှိပါတယ်။ ဒါပေမယ့် အသေအပျောက်၊ အပျက်အစီးတွေကိုတော့ မသိရသေးဘူး” ဟု ပြောသည်။

    စစ်တွေ ခလရ (၂၀) နှင့် ရဲတပ်ရင်း (၁၂) တို့သည် ယမန်နေ့ မတ်လ ၇ ရက်နေ့က ညအချိန်က ပေါက်တောမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်ထဲကိုလက်နက်ကြီးများဖြင့် အချက် (၅၀) ခန့် ပစ်ခတ်ခဲ့သဖြင့် AAက အဆိုပါ တပ်ရင်းများကို လက်နက်ကြီးများဖြင့် ယနေ့ နံနက်က ပြန်လည် တုံ့ပြန်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

    လက်ရှိ တိုက်ပွဲများမှာလည်း စစ်တွေမြို့ပြင်ရှိ နေရာအချို့နှင့် စစ်တွေနှင့် နယ်စပ်ချင်းထိစပ်နေသော ပုဏ္ဏားကျွန်းမြို့နယ်မှကျေးရွာအချို့တွင် တိုက်ပွဲများဆင်လက်ပြင်းထန်နေသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

    လက်ရှိ စစ်တွေမြို့နယ် အတွင်းတွင် ဝါးဘို၊ ဇော်မတက်၊ ရွှေမင်းဂံ၊ ရာတန်၊ ကြံတော၊ သိန်းတန်၊ တောဂံ(ကန်)၊ ငတောက်တက်၊ ချီလိုင်ဖားနဲ့ အမြင့်ကျွန်းထိ တိုက်ပွဲများ တောက်လျှောက် ဖြစ်ပွားနေပြီး စစ်​တွေမြို့နယ်နှင့် နယ်စပ်ချင်းထိစပ်နေသည့် ပုဏ္ဏားကျွန်းမြို့နယ်ထဲကရိုးရဲပြင်၊ ဆားတောင်ပုတ်၊ အောင်မြေကုန်း၊ မြစ်နား၊ ညိုရောင်တို့ဖြစ်ပွားနေသည်ဟု ဆိုသည်။

    အဆိုပါ တိုက်ပွဲဖြစ်ပွားနေသည့် နေရာများသို့ စစ်ကော်မရှင်က လေယာဉ်များ၊ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများရှိနေသလို စစ်တွေ အခြေစိုက် တပ်ရင်းများကလည်း လက်နက်ကြီးများ ပစ်ခတ်မှုများရှိနေသည်ဟု သိရသည်။

    AA ကလည်း လက်နက်ကြီးများ၊ ဒရုန်းများဖြင့် တုံ့ပြန် ပစ်ခတ်သဖြင့် လက်နက်ကြီးသံများကို အဆက်မပြတ်ကြားနေရသည်ဟု ဆိုသည်။

    လက်ရှိ တိုက်ပွဲထဲမှ လက်နက်ကြီး လက်နက်ငယ် ပစ်သံများကို မြို့ထဲကနေလည်း ကြားလာရပြီး စစ်ပွဲများပိုမို ပြင်းထန်လာမည်ကို စိုးရိမ်နေရသည်ဟု မြို့ခံများက ပြောသည်။ (ဓာတ်ပုံ- ပုံဟောင်း)