Category: News
-

ဗန်၏ ပထမဆုံးချန်ပီယံကာကွယ်ပွဲက ဂျပန်ဖိုက်တာ တက်ဆူရိုနှင့် ဖြစ်လာနိုင်
မြန်မာပြည်ဖွား ချင်းတိုင်းရင်းသားဖိုက်တာ UFC ချန်ပီယံသစ် ဂျိုရှုဗန်ရဲ့ ပထမဆုံး ချန်ပီယံကာကွယ်ပွဲက ဂျပန်ဖိုက်တာ တက်ဆူရိုနဲ့ ဖြစ်လာနိုင်တယ်လို MMA သုံးသပ်သူတွေက ခန့်မှန်းထားပါတယ်။ ဗန်ဟာ မနေ့ကထိုးသတ်ခဲ့တဲ့ပွဲမှာ ပြိုင်ဘက် ပန်တိုဂျာက ပုခုံးအဆစ်လွဲတဲ့ဒဏ်ရာ ရသွားတာကြောင့် ပထမအချိန် ၂၆ စက္ကန့်မှာ အနိုင်ရပြီး UFC ဖလိုင်းဝိတ် ကမ္ဘာ့ချန်ပီယံ ဖြစ်လာတာပါ။ ပန်တိုဂျာနဲ့ မကျေပွဲ သေချာပေါက် ထိုးသတ်သွားဦးမှာဖြစ်ပေမဲ့ ဘယ်အချိန်မှာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာမလဲ မသိသေးတာကြောင့် ဗန်ဟာ ဒီကြားထဲမှာ တခြား ပြိုင်ဘက်တယောက်နဲ့ ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ဖို့ ရှိနိုင်တာပါ။ ဗန်ရဲ့ နောက်ထပ်ပြိုင်ဘက်ဖြစ်လာနိုင်သူက UFC 323 ပွဲမှာပဲ ဖလိုင်းဝိတ်တန်းရဲ့ နံပါတ် ၂ ဘရန်ဒန်မိုရီနိုကို အနိုင်ယူခဲ့တဲ့ ဂျပန်ဖိုက်တာ တက်ဆူရိုတာရီယာပါ။ တက်ဆူရိုနဲ့…
-

ထရမ့်ရဲ့ မဟာဗျူဟာ မူဝါဒ အပြောင်းအလဲတွေက ရုရှားအမြင်နဲ့ အရမ်းကိုက်ညီတယ်လို့ ရုရှားချီးကျူး
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမျိုးသား လုံခြုံရေး မဟာဗျူဟာ မူဝါဒ အသစ်ဟာ ရုရှားရဲ့ သဘောထား အမြင်၊ အတွေးအခေါ်တွေနဲ့ အများကြီး ကိုက်ညီကြောင်း ရုရှား အစိုးရက ချီးကျူး ပြောဆိုလိုက်ပါတယ်။ ရုရှား သမ္မတ အိမ်တော်ဖြစ်တဲ့ ကရင်မလင်နန်းတော်က သဘောထား မှတ်ချက် ပေးခဲ့ရာမှာတော့ ဒီဇင်ဘာ ၅ ရက်နေ့မှာ အိမ်ဖြူတော်ဆီကနေ ထွက်ပေါ်လာတဲ့ မူဝါဒ သဘောထားတွေကို ထောက်ခံ ကြိုဆိုထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ သဘောထား မှတ်ချက်တွေမှာတော့ အမေရိကန်ဟာ မဟာမိတ် ဥရောပ သမဂ္ဂ (EU)ကို ဝေဖန်ထားခဲ့ပြီး ရုရှားနဲ့ ဆက်ဆံရေး မြှင့်တင်လိုတဲ့ သဘောထားတွေကို သိသိသာသာ ပြသထားခဲ့ပါတယ်။ စာမျက်နှာ ၃၃ မျက်နှာ ပါဝင်တဲ့ အမျိုးသား…
-

လှည်းတန်းမှာ Bluetooth Speakerနဲ့ ဆန္ဒပြ
ရန်ကုန်မြို့ရဲ့ လူစည်ကားတဲ့ လှည်းတန်းဈေးအနီးမှာ Bluetooth Speaker နဲ့ တော်လှန်ရေးသီချင်းဖွင့်ပြီး ဆန္ဒပြတာကို ဗုံးတွေ့တယ်ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလာရောက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ “တော်လှန်ရေးသီချင်းကို Bluetooth ဆောင်းဘောက်နဲ့ ဖွင့်ထားလို့ဆိုလားပဲ။လှည်းတန်းစျေးရှေ့ လမ်းကို ပိတ်ထားတယ်”လို့ဒေသခံတစ်ဦးကပြောပါတယ်။ ဒီနေ့(ဒီဇင်ဘာ ၇ရက်) ည ၇နာရီလောက်မှာ လှည်းတန်းမှာ ဗုံးတွေ့တယ်ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းတွေကိုပိတ်ဆို့ခဲ့ပေမယ့် ရိုးရိုးစပီတာတစ်ခုဖြစ်တာကြောင့် သိမ်းဆည်းသွားတယ်လို့ Rangoon Scout Network -RSN က ထုတ်ပြန်ထားပါတယ်။ “သပိတ်လှုပ်ရှားသူများက Bluetooth Speaker ဖြင့် ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး စပီကာပေါ်တွင် ‘မထိရ မကိုင်ရ’ စသဖြင့် စာချိတ်ဆွဲထားသောကြောင့် အကြမ်းဖက်စစ်သားများ လမ်းပိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်”လို့ RSN ကအသိပေးထားပါတယ်။ စစ်ကောင်စီတပ်က လမ်းပိတ်ဆို့မှုတွေပြုလုပ်ခဲ့တာကြောင့် ကားလမ်းတွေပိတ်တာကိုကြုံခဲ့ရတယ်လို့ YBS စီးနင်းသူတွေကလည်း ပြောပါတယ်။ ဒီဇင်ဘာ…
-

အဆိုတော် အိမ့်ချစ်နဲ့ ဝေလတို့ရဲ့ ဖျော်ဖြေပွဲကို သွားရောက်ကြည့်ရှုသူနည်းပါး
မဲဆောက်မှာပြုလုပ်တဲ့ အဆိုတော် အိမ့်ချစ်နဲ့ ဝေလတို့ရဲ့ ဖျော်ဖြေပွဲကို သွားရောက်ကြည့်ရှုသူနည်းပါး ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့မှာ ပြုလုပ်တဲ့ ကျောက်ဖော့ဖဝေါရိုးရာပွဲတော် ဖျော်ဖြေပွဲမှာ မြန်မာအဆိုတော် အိမ့်ချစ်နဲ့ ဝေလတို့ လာရောက်သီဆိုဖျော်ဖြေပေမဲ့ မြန်မာအသိုင်းအဝိုင်းက သွားရောက်ကြည့်ရှုသူ မရှိသလောက် နည်းပါးခဲ့တယ်လို့ မဲဆောက် မြန်မာအသိုင်းအဝန်းဆီက သိရပါတယ်။ ဒီဖျော်ဖြေပွဲကို မဲဆောက်မြို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး (အမ်ဖိုရုံး) ဝင်းအတွင်းမှာ ဒီနေ့ ဒီဇင်ဘာ ၆ ရက်နဲ့ မနက်ဖြန် ဒီဇင်ဘာ ၇ ရက် နှစ်ရက်ဆက်ကျင်းပမှာဖြစ်ပြီး မြန်မာအဆိုတော်တွေဖြစ်တဲ့ အိမ့်ချစ်၊ မေလသံစဉ်၊ ဝေလနဲ့ နောနော်တို့လည်း ပါဝင်သီဆိုကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျောက်ဖော့ဖဝေါရိုးရာပွဲတော် ဖျော်ဖြေပွဲမှာ မြန်မာနိုင်ငံကနေ လာရောက်သီဆိုဖျော်ဖြေသူတွေဟာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတွက် လာရောက်မဲပေးဖို့ စည်းရုံးလှုံ့ဆော်ရာမှာ ပါဝင်ထားကြသူတွေဖြစ်တာကြောင့် သွားရောက်ကြည့်ရှုတာမျိုးမလုပ်ဘဲ…
-

လားရှိုးတွင် MNDAA လုံခြုံရေးဖြင့် ရွေးကောက်ပွဲကော်မရှင်က မဲပေးနည်း ပညာပေး
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်က ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားတဲ့ ရွာတချို့ကို ဒီဇင်ဘာ ၃ ရက်မှာ စစ်ကောင်စီတပ်နဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့က မဲပေးနည်း အသိပညာပေးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ MNDAA ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်တဲ့ ရွာတွေကို မိုင်းရယ် အခြေစိုက် စစ်ကောင်စီတပ်နဲ့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ရောက်ရှိလာပြီး EVM စနစ်နဲ့ မဲပေးနည်းတွေ လာရောက် အသိပေးသွားတယ်လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။ “လားရှိုးနဲ့ မိုင်းရယ်ကြားက ရွာတွေခင်ဗျ။ ရွာ ဘယ်နှရွာလောက်ဆိုတာ မကြားမိဘူး။ အနီးဆုံး မယ်ဟန်ဘက်ရော။ ဟိုယ၊ လွယ်ငင်း၊ နမ့်ပေါင်၊ သံလွင်၊ မန်ပျဉ်၊ ခါးသျှိ၊ မယ်ဟန်” လို့ သူက…