Category: News
-

မုံရွာ ချောင်းဦးနယ်က ကျီကုန်းရွာကို စစ်အုပ်စု ပထမဆုံးအကြိမ် စီးနင်း၊ မီးရှို့၊ လူသတ်
ရေခဲသေတ္တာနဲ့ ဆန်၊ဆီကအစ ရွာအတွင်းက ပစ္စည်းတွေ ဖောက်ထွင်းလုယက်ပြီး ကားနဲ့ တင်ကာ နမခထဲ သယ်ယူနေ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ – မန္တလေး ကားလမ်းပေါ်က စည်ကားတဲ့ ကျေးရွာကြီး ဖြစ်တဲ့ ကျီကုန်း(အနောက်)ရွာကို အာဏာသိမ်းကာလ လေးနှစ်ကျော်အတွင်း ပထမအဆုံးအဖြစ် စစ်အုပ်စုက စီးနင်းကာ လူသတ်၊ မီးရှို့၊ ဖောက်ထွင်း၊ လုယက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခက ထွက်လာတဲ့ စစ်အုပ်စုဟာ ချောင်းဦးနယ် ခင်မွန်ရွာ ပျူစောထီးစခန်းကတဆင့် နိုဝင်ဘာ ၃၀ရက်မှာ ကျီကုန်းရွာကို စတင်စီးနင်း မီးရှို့တာလို့ ဆိုပါတယ်။ စစ်အုပ်စုက ကျီကုန်းရွာကို စတင်စီးနင်းချိန် ရွာခံပြည်သူ နှစ်ဦးကို သတ်ဖြတ်ခဲ့ပြီး တချို့ကို ဓားစာခံ လူစားဒိုင်း…
-

စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ကို ရေးဘီလူးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်
ရေးမြို့နယ်၊ အာယုတောင်ကျေးရွာရှိ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ကို ရေးဘီလူးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်မှု စစ်သား ၄ ဦး သေ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာရှိ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို ရေးဘီလူးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ ပျူစောထီးခေါင်းဆောင် လင်းဦး ထိခိုက်ဒဏ်ရာရကာ စစ်သား ၄ ဦး သေဆုံးသွားကြောင်း ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောကြားသည်။ ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီခွဲဝန်းကျင်အချိန် ရေးဘီလူးအဖွဲ့က အာယုတောင်ကျေးရွာရုံးကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ “ကျနော်တို့ ဒီနေ့မနက် ၁၁ နာရီခွဲဝန်းကျင်လောက်မှာ အာယုတောင်ကျေးရွာ ရုံးနဲ့ လင်းဦး ရှိတဲ့ နေရာကို ဝင်ရောက်တိုက်ခိုက်တယ်။ ဒုတိယအကြိမ်ပေါ့။ တိုက်ခိုက်တဲ့အခါမှာ သူ့အဖွဲ့က တပ်သား ၄ ဦး ကျတယ်။…
-

မီးရထားလမ်းသစ် စီမံကိန်းကြောင့် တောင်ငူရှိ ကင်းဆိပ်သင်္ချိုင်းမှ ‘ပရလောကသားများ’ ပြောင်းရွှေ့ခံရ
စစ်ခေါင်းဆောင်ညွှန်ကြားခဲ့သော မီးရထားလမ်းသစ် စီမံကိန်းကြောင့် တောင်ငူရှိ ကင်းဆိပ်သင်္ချိုင်းမှ ‘ပရလောကသားများ’ ပြောင်းရွှေ့ခံရ ပဲခူးတိုင်း၊ တောင်ငူမြို့၊ ကင်းဆိပ်ကျေးရွာထိပ်တွင် တည်ရှိသော ကင်းဆိပ်သင်္ချိုင်းတွင် နေထိုင်ကြ သည်ဟု ယုံကြည်ရသော ပရလောကသားများသည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ညွှန်ကြားခဲ့သည့် မီးရထားလမ်းသစ် စီမံကိန်းဧရိယာနှင့် မလွတ်သည့်အတွက် ပြောင်းရွှေ့ ခံရကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ သင်္ချိုင်းသည် ကင်းဆိပ်အပါအဝင် ကျေးရွာပေါင်း ၁၂ ရွာ၏ အပိုင်ဖြစ်ပြီး မီးရထားလမ်းသစ် ဖောက်လုပ်မည့်နေရာနှင့် တိုက်ရိုက်ထိမိနေသောကြောင့် သတ်မှတ်နေရာသစ်သို့ ပြောင်းရွေ့ပေးရခြင်း ဖြစ်သည်။ “သချိုင်း အကုန်ပါသလား၊ တစ်ခြမ်းပါသလား အတိအကျတော့ မသိသေးဘူး။ ဒါပေမဲ့ ပရလောက သားတွေအတွက် အကျွတ်အလွတ်ပွဲ နဲ့ ပြောင်းရွေ့ဖို့တော့ လုပ်ဆောင်နေကြပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။…
-

မိုးကုတ် – မိုးမိတ်ဒေသမှာ တိုက်ပွဲပြင်းထန်
တအာင်းတပ် (TNLA) က အပစ်ရပ်သဘောတူညီချက်နဲ့ ပြန်ပေးလိုက်တဲ့ မိုးကုတ် – မိုးမိတ်ဒေသကို ပြန်ဝင်လာတဲ့ မြန်မာစစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ပထမဆုံးအကြိမ် ထုတ်ပြန်လာ ပါတယ်။ နိုဝင်ဘာ ၃၀ ရက်ကစလို့ ဒီနေ့အထိ တပတ်အတွင်း တိုက်ပွဲကြီးငယ်ပေါင်း (၉) ကြိမ်ထက် မနည်းဖြစ်ခဲ့ပြီး စစ်တပ်ရဲ့ အရေးပါတဲ့စခန်းကုန်းတစ်ခုကို သိမ်းပိုက်ထားတယ်လို့ ထုတ်ပြန်ထားတာပါ။ မြေပြင်အရင်းအမြစ်တစ်ဦးရဲ့ အပြောအရ ဒီနေ့မနက်ပိုင်းမှာ မိုးမိတ်မြို့နဲ့ ၁၈ မိုင်အကွာက မြစ်ဆုံရွာကို စစ်တပ်ကလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သလို စက်သေနတ်နဲ့ပါ လိုက်လံပစ်ခတ်တာကြောင့် ထိခိုက်သေဆုံးမှုများတယ်လို့ ပြောပါတယ်။ “မိုးကုတ်နဲ့မိုးမိတ် မြို့ပေါ်တွေက စစ်ရှောင်လာသူတွေ ထိတာပါ။ မိုးမိတ်ဘက်မှာ စစ်ကြောင်းပါ ထိုးလာတယ်” လို့ မြေပြင်အရင်းအမြစ်က ပြောပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့တော့ NUG…