Category: News

  • တိုင်းသုံးတိုင်းတွင် AA က စစ်ကောင်စီ စစ်စခန်း ၅ ခုနှင့် ရွာသုံးရွာကို သိမ်းပိုက်ထား

    တိုင်းသုံးတိုင်းတွင် AA က စစ်ကောင်စီ စစ်စခန်း ၅ ခုနှင့် ရွာသုံးရွာကို သိမ်းပိုက်ထား

    ရခိုင်ရိုးမတောင်တန်းအလွန် မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းထဲက စစ်ကောင်စီ စစ်စခန်း ၅ ခုနှင့် ရွာသုံးရွာကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားသည်ဟု ISP Myanmar ၏ အစီရင်ခံစာတွင် ဖော်ပြသည်။ ISP ၏ ဒီဇင်ဘာလ ၁ ရက်နေ့ထုတ် အစီရင်ခံစာ ဖော်ပြချက်အရ မကွေးတိုင်း အမ်း-ပဒါန်းလမ်းပေါ်က စစ်ကောင်စီ စစ်စခန်း နှစ်ခု၊ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်က နှစ်ခုနှင့် ဧရာဝတီတိုင်း ဂွ-ငါးသိုင်းချောင်းလမ်းပေါ်က စစ်စခန်း ၁ ခုတို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားကြောင်း သိရသည်။ AA သိမ်းပိုက်ထားသော ကျေးရွာသုံးရွာမှာ မကွေးတိုင်း ငဖဲမြို့နယ် ပဒါန်းကျေးရွာအုပ်စုမှ ပဇီကျေးရွာနှင့် ဂွမြို့နယ်အစပ် ဧရာဝတီတိုင်းထဲက မကျီဇင်ကျေးရွာနှင့် ဘောမိကျေးရွာတို့ ဖြစ်ကြောင်း…

  • ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တို့ မြန်မာ့အရေး ဆွေးနွေး

    ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တို့ မြန်မာ့အရေး ဆွေးနွေး

    မြန်မာ့အရေး တိုးတက်လာဖို့ ကုလသမဂ္ဂရဲ့ တက်ကြွတဲ့အခန်းကဏ္ဍကို ဂျပန်က မျှော်လင့်နေပြီး နှစ်ဖက်စလုံးက အနီးကပ်ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ကြပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတဲဂီတိုရှီမစ်ဆုနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့တို့ မနေ့ ဒီဇင်ဘာ ၁ ရက်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ တွေ့ဆုံရာ သဘောတူညီမှုရရှိခဲ့တာပါ။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖိတ်ကြားချက်နဲ့ ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ ဂျူလီဘစ်ရှော့နဲ့ ဝန်ကြီး မိုတဲဂီတို့ မိနစ် ၃၀ ကြာတွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ ပိုမိုဆိုးရွားလာနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ ဂျပန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ ဒီတွေ့ဆုံမှုအတွင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတဲဂီက မြန်မာနိုင်ငံရဲ့ အခြေအနေ ပိုမိုဆိုးရွားလာနေတဲ့အပေါ် အလေးအနက် စိုးရိမ်မကင်းဖြစ်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး မြန်မာစစ်တပ်ကို အခြေအနေတွေ တိုးတက်ကောင်းမွန်လာအောင် တိုက်တွန်းနေတာတွေနဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ…

  • ရန်ကုန်မြို့လယ်မှာ NO VOTE လှုပ်ရှားမှုပြုလုပ်

    ရန်ကုန်မြို့လယ်ရှိ အထင်ကရလမ်းတခုဖြစ်တဲံ ယောမင်းကြီးလမ်းမှာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ “NO VOTE” စာတန်းကိုင်ဆောင်ပြီး အတုအယောင် ရွေးကောက်ပွဲ မဲမပေးရေး၊ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ရုပ်သံ – ရေဘဝဲ

  • Non-CDM ဝန်ထမ်းများအနေဖြင့် စစ်တပ်နှင့် သဟဇာတဖြစ်စွာ လက်တွဲဆောင်ရွက်နိုင်သူများကို ဆန္ဒမဲပေး ရွေးချယ်ရန် မင်းအောင်လှိုင်က ပေါ်ပေါ်တင်တင် ဖိအားပေးလာ

    Non-CDM ဝန်ထမ်းများအနေဖြင့် စစ်တပ်နှင့် သဟဇာတဖြစ်စွာ လက်တွဲဆောင်ရွက်နိုင်သူများကို ဆန္ဒမဲပေး ရွေးချယ်ရန် မင်းအောင်လှိုင်က ပေါ်ပေါ်တင်တင် ဖိအားပေးလာ

    ဝန်ကြီးဌာနများတွင် ကြံ့ဖွတ်ပါတီကိုသာ မဲပေးရမည်ဟု နှုတ်မိန့်ညွှန်ကြားမှုများ ရှိလာ စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲတွင် Non-CDM ဝန်ထမ်းများအနေဖြင့် စစ်တပ်နှင့် သဟဇာ တဖြစ်စွာ လက်တွဲဆောင်ရွက်နိုင်သူများကို ဆန္ဒမဲပေး ရွေးချယ်ရန်လိုအပ်ကြောင်း မင်းအောင်လှိုင်က ပေါ်ပေါ်တင်တင် ဖိအားပေး ပြောဆိုသည်။ ယမန်နေ့ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း (ဇီးပင်ကြီး) နှင့် ဗဟိုမီးသတ်သင်တန်း ကျောင်း(ပြင်ဦးလွင်)တို့မှ နည်းပြအရာရှိများနှင့် သင်တန်းသား၊သင်တန်းသူများကို တွေ့ဆုံစဉ် မင်းအောင်လှိုင်က ထိုသို့ တရားဝင် ပေါ်ပေါ်တင်တင် ဖိအားပေး ပြောဆိုလာခြင်းဖြစ်သည်။ “သင်တန်းသား သင်တန်းသူများအနေဖြင့် ဆန္ဒမဲများပေးရာတွင် တိုင်းပြည်နှင့်ဒေသအကျိုးကို ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းနိုင်သူ၊ စစ်တပ်က နိုင်ငံတော်တည်ရှိသရွေ့ တည်ရှိနေမည့် အခိုင်မာဆုံးသော အဖွဲ့အစည်း (Institution)ဖြစ်သဖြင့် စစ်တပ်နှင့် သဟဇာတဖြစ်စွာ…

  • ကျောက်ဖြူ သိုင်းချောင်းဆည်နှင့် မင်းပြင်ကာကင်းကုန်းများကို AA က ထိုးစစ်ဆင်သိမ်းပိုက်လိုက်ပြီဟု သတင်းထွက်နေ

    အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ ရေဒါစခန်းကိုကာထားသည့် ကာကင်းကုန်းများကို ယမန်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ပြီး အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ အကြမ်းဖက်စစ်တပ်အခြေချတပ်စွဲနေရာယူထားသည့် ‌သိုင်းချောင်းဆည်‌ ဘေးပတ်ဝန်းကျင်က အဓိကကျသည့် ကာကင်းစခန်းကုန်းကို AA က ယမန်နေ့ ဒီဇင်ဘာ ၁ ရက်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ကာကင်းစခန်းတချို့ကို သိမ်းပိုက်ခဲ့သည်ဟု ဆိုသည်။ “သိုင်းချောင်းဆည်ရဲ့ အဓိကကျတဲ့နေရာ ကာကင်းကုန်းတွေပေါ့။ AA က ထိုးစစ်ဆင်ပြီးသိမ်းတာ။ လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရမိတယ်။ စစ်တပ်က အထိနာပြီး ဆည်ဖက်ကို ဝရုန်းသုန်းကားနဲ့ နောက်ဆုတ်သွားကြတယ်။ စစ်တပ်ကတော့ လက်နက်ကြီး၊ ဒရုန်းကတော့ တရစပ်ပစ်တယ်” ဟု ပြောသည်။ အလားတူ မင်းပြင်ရှိ မိုးလေဝသရေဒါစခန်းအနီးအနားဝန်းကျင်တွင် တပ်စွဲထားသည့် ကာကင်း…