Category: News
-

အနောက်အင်အားကြီးနိုင်ငံအချို့၏ စီးပွားရေးပိတ်ဆို့မှုနှင့် မီဒီယာ အသုံးပြု ထိုးနှက်တိုက်ခိုက်ခြင်းများ ခံနေရဟု ညိုစောပြော
မြန်မာနိုင်ငံတွင် အာဏာသိမ်းထားသော စစ်တပ်က အနောက်အင်အားကြီးနိုင်ငံအချို့၏ စီးပွားရေးပိတ်ဆို့မှုနှင့် မီဒီယာ အသုံးပြု ထိုးနှက်တိုက်ခိုက်ခြင်းများ ခံနေရကြောင်း မင်းအောင်လှိုင် ခန့်အပ်ထားသော ဝန်ကြီးချုပ် ဆိုသူ ဗိုလ်ချုပ်ဟောင်း ညိုစောက ပြောဆိုသည်။ ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော စစ်ကော်မရှင် တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။ လက်ရှိမိမိတို့နိုင်ငံအပေါ် အနောက်အင်အားကြီးနိုင်ငံအချို့နှင့် ၎င်းတို့၏ ဩဇာလွှမ်းမိုးခံနိုင်ငံများအနေဖြင့် စီးပွားရေးပိတ်ဆို့အရေးယူဆောင်ရွက်မှုများ၊ မီဒီယာအသုံးပြု ထိုးနှက်တိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိကာလတွင် နယ်စပ်ဒေသများကိုအခြေပြု၍ ဖြစ်ပေါ်လျက်ရှိသော နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် နယ်စပ်အခြေပြု လက်နက်ကိုင်အဖွဲ့အစည်းများက ကာစီနိုနှင့် အွန်လိုင်းလောင်းကစားခြင်းများကို နိုင်ငံတကာရာဇဝတ်အဖွဲ့များနှင့်အတူ ကျူးလွန် ဆောင်ရွက်နေသည့်အတွက် ထိထိရောက်ရောက် ရှင်းလင်းဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။ စစ်တပ်က ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစ၍ ၂၀၂၅ ခုနှစ် နိုဝင်ဘာလလယ်အထိ နှစ်နှစ်ကျော်ကာလအတွင်း…
-

လမ်းမတော်တွင် လိုက်ထရပ်ယာဥ်က လမ်းဘေးသွားလာသူများကို ဝင်တိုက်၊ ၁ ဦးသေဆုံး
ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်မှာ လိုက်ထရပ်ယာဥ်တစီး အရှိန်လွန်ပြီး လမ်းဘေးသွားလာနေသူ တချို့ကို ဝင်တိုက်ပြီး တိမ်းမှောက်ခဲ့တာကြောင့် အမျိုးသားတယောက် သေဆုံးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ လမ်းမတော်မြို့နယ်၊ မော်တင်ယာယီစျေးနားမှာ နိုဝင်ဘာ ၂၀ ရက် နေ့လယ် ၂ နာရီခွဲလောက်က ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီ လိုက်ထရပ်ယာဥ်က အရှိန်လွန်တိုက်မိခဲ့လို့ လမ်းဘေးမှာရှိနေသူ ၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အမျိုးသားတယောက် သေဆုံးခဲ့ကာ သေဆုံးသူကို အေးမေတ္တာ လူမှုကူညီရေးအသင်းက လူနာတင်ယာဉ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ လမ်းမတော်မြို့နယ်အနီး နေထိုင်သူတယောက်က “ကားက အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်သွားတာလို့ ပြောတယ်။ ဖြစ်တဲ့အချိန်တုန်းက အပြင်ရောက်နေလို့ ကိုယ်တိုင်တော့ မတွေ့လိုက်ဘူး။ ထိခိုက်မိတဲ့သူတွေကို အဲဒီအနီးအနားက သူတွေကပဲ ဆေးရုံပို့ပေးလိုက်ကြတယ် ပြောတယ်” လို့…
-

မိုးကုတ်နှင့် မိုးမိတ်မြို့များသို့ TNLA က စစ်ကော်မရှင်တပ်များကို ခေါ်သွင်းမည်
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကော်မရှင်တို့အကြား အပစ်ရပ် ညှိနှိုင်းချက်များ ရယူပြီးနောက် မိုးကုတ်နှင့် မိုးမိတ်မြို့များမှ TNLA တပ်များ ထွက်ခွာပေးရမည်ဖြစ်ကာ စစ်ကော်မရှင်တပ်များ ဝင်ရောက်လာမည်ဖြစ်သည်။ စစ်ကော်မရှင်တပ်များသည် မိုးမိတ်နှင့် မိုးကုတ်သို့ ဝင်ရောက်ရာတွင် တအာင်းတပ်များကိုယ်တိုင် ခေါ်သွင်းပေးမည့် အခြေအနေ နှင့် ဝင်ရောက်မည်ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူများ ထံမှ သိရသည်။ “မြို့ခံလူငယ်တွေနဲ့ အမျိုးသမီး အမျိုးသားတွေကို ခေါ်ပြီးတော့ စရဖ (စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့) တွေက ခေါ်ရိုက်တယ်။ မင်းတို့လား ငါတို့ဝင်လာတာကို မင်းတို့ကသံပုံးတီး တာလားဆိုပြီး ခေါ်ပြီး ရိုက်နှက်တာတွေရှိတယ်။ မိုးကုတ်အရှေ့ဘက်မှာ စရဖတွေ ရောက်နေပြီ”ဟု မိုးကုတ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။ နိုဝင်ဘာလကုန်တွင် တအာင်းတပ်များ မြို့နှစ်မြို့မှ အပြီးဖယ်ပေးမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ပြီးနောက် စစ်ကော်မရှင်ကို…
-
ကျောက်ဖြူတိုက်ပွဲတွင် စစ်ကော်မရှင်တပ် များစွာအထိနာနေ
AA ဘက်အသာစီးရနေဟုဆို ရခိုင်ပြည်နယ်၊ ကျောက်ဖြူတိုက်ပွဲတွင် စစ်ကော်မရှင်တပ်ဖွဲ့ များစွာအထိနာနေပြီး အာရက္ခတပ်တော် (AA)ဘက် အသာစီးရနေသည်ဟု စစ်ရေးသတင်းအရင်းမြစ်များ၏အဆိုအရ သိရသည်။ လတ်တလော မင်းပြင်ကျေးရွာတွင် တိုက်ပွဲများဖြစ်ပွားနေပြီး အခိုင်အမာမြေပုံညွှန်းပစ်မှတ်ယူထားသည့် နေရာများသို့ စစ်ကော်မရှင်တပ်သားများ အရောက် AA က တိုက်ကွက်ဖော် တိုက်ခိုက်ခြင်း၊ စစ်မြူစစ်ဆွယ်ပြီး တိုက်ခိုက်နေခြင်းကြောင့် စစ်ကော်မရှင်ဘက်က အထိနာမှုများပြားနေကြောင်း ဒေသတွင်းစစ်ရေးသတင်းအရင်းမြစ်က ပြောသည်။ “AA ကဆုတ်သွားပြီး အထင်နဲ့တက်လာတဲ့ စစ်ကောင်စီတပ်(စစ်ကော်မရှင်တပ်)တွေကို AA က ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း စုစည်းထားတဲ့စစ်ကောင်စီအင်အားကို ထွက်လာအောင် AA က စစ်မြူပြီး သတ်ကွင်းထဲတက်လာတဲ့ စစ်ကောင်စီတပ်သားတွေ အပစ်ခံရလို့ အတုံးအရုံးသေကြတယ်၊ ပြီးတော့ ဒီစစ်ကောင်စီတပ်တွေက နောက်ချန်တပ်နဲ့ ပြန်မပေါင်းနိုင်ဘဲ အသေအလဲခံနေရပါတယ်” ဟု ၎င်းကပြောသည်။ လက်ရှိ မင်းပြင်ကျေးရွာအနီးဝန်းကျင် တိုက်ပွဲများပြင်းထန်နေရာ စစ်ကော်မရှင်တပ်ဘက်က…
-

The Beldham
The Beldham (2025) Psychology Horror ကိုမှ ခြောက်ခြားဖွယ် ဖြစ်အောင် ရိုက်ပြထားနိုင်တဲ့ ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားက Horror ဆိုတာထက် ကလေးမွေးပြီးစ ဖြစ်လေ့ရှိတဲ့ မိခင်စိတ်ကျရောဂါနဲ့အတူ စိတ်ကျန်းမာရေးဆိုတာက ပစ်ထားရမယ့်အရာ မဟုတ်ဘဲ ဝိုင်းဝန်းကူညီစောင့်ရှောက်မှု ပေးရင် ပြန်ပြီး ကောင်းမွန်လာနိုင်တဲ့အရာဆိုတာ မီးမောင်းထိုးပြထားတဲ့ ဇာတ်ကားလေးတစ်ကားလို့ ပြောရပါမယ်။ ဇာတ်လမ်းအကျဉ်းကတော့ … ဟာပါဆိုတဲ့ အမျိုးသမီးငယ်လေးဟာ စင်ဂယ်မားသား တစ်ယောက်ဖြစ်ပြီးတော့ ကလေးမွေးပြီးနောက်ပိုင်း သူမရဲ့ မိခင်ဖြစ်သူ နေအိမ်ကို ပြင်ဆင်ရောင်းချဖို့အတွက် သူ့ရဲ့၆လအရွယ် သမီးလေးနဲ့အတူ ကူညီပေးဖို့ ရောက်လာခဲ့ပါတယ်။ အဲဒီအိမ်မှာ သူမတစ်ယောက်တည်း အသံတွေ ကြားရတာတွေ ဖြစ်လာပြီးတော့ ကျီးကန်းငှက်တွေကလည်း အိမ်ထဲမှာ ရှိနေပြန်ပါတယ်။ ဒီအခါမှာ ကလေးငယ်တွေရဲ့ ဝိဉာဉ်ကို ဖမ်းယူစားသုံးတတ်တဲ့ ဘယ်လ်ဒမ်ငှက်စုန်းနတ်ဆိုးဟာ…