Category: News

  • လွိုင်ကော်၌ စစ်တပ် ထောက်ခံသည့် ရန်အောင်နှင့် စိုးမြတ်သူဇာ အပါအဝင် အနုပညာရှင်များ သီချင်းလာဆို

    လွိုင်ကော်၌ စစ်တပ် ထောက်ခံသည့် ရန်အောင်နှင့် စိုးမြတ်သူဇာ အပါအဝင် အနုပညာရှင်များ သီချင်းလာဆို

    ကရင်နီပြည်နယ်ရဲ့ မြို့တော် လွိုင်ကော်မြို့မှာ စစ်တပ် ထောက်ခံတဲ့ အနုပညာရှင်တွေက သြဂုတ် ၂၄ ရက်က ရောက်လာပြီး သီချင်းဆိုတာနဲ့ ကျောင်းစာဖတ်ခန်း (စာကြည့်ခန်းအဆောင်သစ်) ဖွင့်ပွဲ လာတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လွိုင်ကော်မြို့မှာ စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးနဲ့ စစ်တပ်ကို အားပေးထောက်ခံကြသူတွေဖြစ်တဲ့ ရန်အောင်၊ မေသန်းနု၊ စိုးမြတ်သူဇာ၊ ဒိန်းဒေါင်၊ ငြိမ်းချမ်း၊ ယဥ်လတ်၊ သင်ဇာမြင့်မိုရ်၊ နေခြည်ငြိမ်းချမ်း၊ အုန်းသီးတို့က ၂၄ ရက် ညမှာ သီချင်းဆိုပြီး ၂၅ ရက်မှာ အ.ထ.က ၁ ကျောင်းမှာ စာဖတ်ခန်းကျောင်းဆောင်သစ်ဖွင့်ပွဲ တက်တယ်လို့ သိရပါတယ်။ ဒေသခံ အမျိုးသားတယောက်က “ရွေးကောက်ပွဲ နီးလာပြီလေ၊ စည်ကားတယ်ဆိုတာမျိုး ပြချင်တာ၊ ကလေးတွေ စာဖတ်ခန်း စာကြည့်တိုက်သဘောပါပဲ၊ တကယ်က အယောင်ပြရယ်၊…

  • ကရင်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ စမ်းသပ်မဲပေးခိုင်းမှုတွေ လုပ်ဆောင်နေ

    ကရင်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ စမ်းသပ်မဲပေးခိုင်းမှုတွေ လုပ်ဆောင်နေ

    ကရင်ပြည်နယ်က မြို့နယ်တချို့မှာ စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ဦးဆောင်ပြီး ဒေသခံပြည်သူတွေကို ဖိတ်ခေါ်ကာ ရွေးကောက်ပွဲအတွက် လက်တွေ့စမ်းသပ်မဲပေးတာနဲ့ အသိပညာပေးတာတွေကို လုပ်ဆောင်နေတယ်လို့ ဒေသတွင်း သ တင်းရင်းမြစ်တွေက ပြောပါတယ်။ အခုရက်ပိုင်းအတွင်း ဘားအံမြို့ပေါ်က အမှတ် ၂ ၊ အမှတ် ၄၊ အမှတ် ၁ စတဲ့ ရပ်ကွက်တွေမှာ စစ်ကော်မရှင်ရဲ့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့ အုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းပြီး အီလက်ထရောနစ် မဲပေးစက်အကြောင်းတွေ၊ လက်တွေ့စမ်းသပ်မဲပေးတာတွေ စတဲ့အကြောင်းအရာတွေကို ရပ်ကွက်နေပြည်သူတွေကို ဖိတ်ခေါ်ကာ ရှင်းပြတာတွေ လုပ်ဆောင်ခဲ့တာပါ။ ဒါ့အပြင် လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်တွေနဲ့ အနီးဝန်းကျင်ကျေးရွာတွေ၊ ပိုင်ကျုံမြို့၊ ရွှေဂွန်း၊ ထီလုံ၊ တာပေါင်၊ ဒေါ်လန်း စတဲ့ ဒေသတွေမှာလည်း စစ်ကော်မရှင်လက်အောက်ခံ အဖွဲ့ဝင်တွေခွဲပြီး ကွင်းဆင်းကာ ရွေးကောက်ပွဲအတွက် အသိပညာပေးဟောပြောတာ၊ လက်တွေ့စမ်းသပ်မဲပေးတာတွေကို…

  • မိုးကုတ်မြို့ကို ယမန်နေ့ ညသန်းခေါင်ယံအချိန် စစ်တပ်က လေယာဉ်ဖြင့် ဗုံးများကျဲချပြန်

    မိုးကုတ်မြို့ကို ယမန်နေ့ ညသန်းခေါင်ယံအချိန် စစ်တပ်က လေယာဉ်ဖြင့် ဗုံးများကျဲချပြန်

    မန္တလေးတိုင်းတွင် TNLA က ထိန်းချုပ်ထားသော မိုးကုတ်မြို့ကို ယမန်နေ့ ညသန်းခေါင်ယံအချိန် စစ်တပ်က လေ ယာဉ်ဖြင့် ဗုံးများကျဲချခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ ယမန်နေ့ ဩဂုတ်လ ၂၅ ရက်နေ့ ည ၁၀ နာရီ ၅၅ မိနစ်အချိန် မိုးကုတ်မြို့အရှေ့ပိုင်း စည်ပင်သာယာရပ်ကွက်ရှိ ဂေါ်ရခါး ဘုရားကျောင်း ဟု ခေါ်ဆိုသော ဆင်တောင်ကျောင်းအနီးသို့ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ “ပြည်သူ ၁ ဦး ဒဏ်ရာရပါတယ်။ နေအိမ် ၄ လုံး ထိမှန်ပျက်စီးတယ်။ မိုးကုတ်မှာ က တော်တော်များများ စစ်ရှောင်သွားကြပြီ။ ကျန်တဲ့သူတွေကလည်း နေ့ရော ညပါ လေကြောင်းအန္တရာယ် သတိထားနေရတယ်” ဟု မိုးကုတ်မြို့မှ…

  • စကမ ရွေးကောက်ပွဲနှင့် တရုတ်သဘောထား

    စကမ ရွေးကောက်ပွဲနှင့် တရုတ်သဘောထား

    စစ်ကောင်စီကို စကစဟု အတိုကောက်ခေါ်ရာ ယခု စစ်ကော်မရှင်ဖြစ်သွားသောကြောင့် အတိုကောက်ခေါ်လျှင် စကမ ဖြစ်မည်။ ထို့ကြောင့် အောက်တွင် စစ်ကော်မရှင်ကို အတိုကောက် စကမဟု သုံးစွဲခေါ်ဝေါ်မည်။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိသည် ယူနန်ပြည်နယ်၊ အန်နင်းမြို့၌ ၁၀ ကြိမ်မြောက် လန်ချန်း-မဲခေါင် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်လာသည့် စကမ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံခဲ့၏။ ထိုသို့တွေ့ဆုံရာတွင် မစ္စတာ ဝမ်ယိက မြန်မာနိုင်ငံအနေဖြင့် ပြန်လည်သင့်မြတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းရန် မျှော်လင့်မိပါကြောင်း၊ တံခါးဖွင့်၍ အားလုံးပါဝင်သော စိတ်သဘောထားရှိပြီး ပြည်သူများ၏ စိတ်ဓာတ်ကိုစည်းရုံးရန် အလေးထားသင့်ကြောင်း၊ ရွေးကောက်ပွဲမှတဆင့် ရည်မှန်းချက် ၃ ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော်သင့်ကြောင်းပြောသည်။ ပထမတချက်မှာ…

  • တိုင်ဖွန်းကာဂျီကီ တစ်နာရီ ၁၆၆ ကီလိုမီတာနှုန်းဖြင့် ဗီယက်နမ်ကို ဝင်ရောက်တော့မည်

    တိုင်ဖွန်းကာဂျီကီ တစ်နာရီ ၁၆၆ ကီလိုမီတာနှုန်းဖြင့် ဗီယက်နမ်ကို ဝင်ရောက်တော့မည်

    ၂၀၂၅ ခုနှစ်အတွင် အင်အားအပြင်းထန်ဆုံးသော တိုက်ဖွန်းကာဂျီကီသည် တစ်နာရီ ၁၆၆ ကီလိုမီတာနှုန်းဖြင့် ဗီယက်နမ်အလယ်ပိုင်း ကမ်းရိုးတန်းမှ ကုန်တွင်းသို့ ဇူလိုင် ၂၅ ရက် မွန်းလွဲပိုင်း ဝင်ရောက်လာမည်ဖြစ်ခြင်းကြောင့် ဗီယက်နမ်နိုင်ငံ၌ လေဆိပ်များ၊ စာသင်ကျောင်းများပိတ်ထားပြီး မုန်တိုင်းလွတ်ရာသို့ အများအပြား ရှောင်တိမ်းနေကြကြောင်း သိရသည်။ ဩဂုတ် ၂၄ ရက်ကတည်းက ဗီယက်နမ်အစိုးရက ကာဂျီကီတိုင်ဖွန်းမုန်တိုင်းသည် အလွန်လျှင်မြန်စွာ ရွေ့လျားတိုက်ခတ်နေသဖြင့် အလွန်အန္တရာယ်ကြီးကာ မိုးသည်ထန်လွန်းခြင်းနှင့် မြေပြိုမှုများဖြစ်ပွားနိုင်ကြောင်း၊ တောင်တရုတ်ပင်လယ်မှ ကမ်းရိုးတမ်းဒေသများသို့ ဝင်ရောက်လာမည်ဖြစ်သောကြောင့် ဘေးလွတ်ရာ ရှောင်ကြရန်လည်း အစိုးရက သတိပေးချက် ကြိုတင်ထုတ်ပြန်ခဲ့သည်။ ဩဂုတ် ၂၅ ရက် တွင် လူပေါင်း ၅၈၆၀၀၀ ရွှေ့ပြောင်းထားပြီးဖြစ်ကြောင်းလည်း သိရသည်။ မနှစ်က ယာဂီတိုင်ဖွန်းမုန်တိုင်း တိုက်ခတ်စဉ် ဗီယက်နမ်၌ လူပေါင်း ၃၀၀ ဝန်းကျင်သေဆုံးခဲ့ပြီး…