Category: News

  • ကနီမှာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို စစ်တပ်ကဂျက်ဖိုက်တာ ၇ စီးနဲ့ ဗုံးကြဲ

    ကနီမှာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို စစ်တပ်ကဂျက်ဖိုက်တာ ၇ စီးနဲ့ ဗုံးကြဲ

    စစ်ကိုင်းတိုင်းကနီမြို့၊ ဆူးလေကုန်းရွာက ဘုန်းကြီးကျောင်း နဲ့ စာသင်ကျောင်းကို ဒီနေ့ နေ့လည်ပိုင်းမှာစစ်တပ်ကဂျက်ဖိုက်တာ၇စီးနဲ့ ဗုံးကြဲလို့ သံဃာတော်တွေနဲ့ အရပ်သားတွေသေဆုံးထိခိုက်မှု​တွေရှိ​နေပါတယ်။

    ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းက ဆူးလေကုန်းရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို နေပြည်တော်၊ မကွေး၊ မိတ္ထိလာလေတပ်‌တွေကနေ တက်လာတဲ့ဂျက်ဖိုက်တာတွေနဲရှေ့ဆင့်နောက်
    ဆင့် ပစ်ခတ်တာလို့ ဒေသခံတွေကပြောပါတယ်။

    “ဘုန်းကြီးတွေဆွမ်းစားပြီးချိန်မှာပစ်သွားတာ။ ထိတာတွေများတယ်။ ပိတ်မိနေတာတွေလည်းရှိတယ်။ ဒရုန်းတွေပါ ဆက်ဝဲနေတယ်”လို့ ဒေသခံကပြောပါတယ်။ စာသင်ကျောင်းကိုတော့ပိတ်ထားတဲ့အတွက်အရပ်သားထိခိုက်မှုမရှိခဲ့ဘူးလို့​ဒေသခံအချို့ကဆိုပါတယ်။

    မတ်လ ၂၁ ရက်ဗုံးကြဲတိုက်ခိုက်မှု​တွေ​ကြောင့် ထိခိုက်မှု အသေးစိတ်အခြေအနေကိုလတ်တလောမှာမသိရှိရသေးပါဘူး။

    စစ်တပ်ကမတ်လ ၂၀ ရက်ကလည်းကသာမြို့ ရပ်ကွက်(၃)ထဲကစစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။

    အဲဒီဖြစ်စဉ်မှာလည်း သံဃာတော်နဲ့အရပ်သား ၅၀ ဦးထက်မနည်းသေဆုံးနိုင်တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

    စစ်တပ်က မတ်လ ၁၅ရက်ကနေ ဒီနေ့ မတ်လ ၂၁ရက် မွန်းလွဲပိုပိုင်းအချိန်အထိ စစ်ကိုင်းတိုင်းထဲက ကျွန်းလှ၊ ကသာ၊ ကနီမြို့တွေကို လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားအစုလိုက်အ ပြုံလိုက်သေဆုံးမှုတွေရှိနေပါတယ်။

    နေပြည်တော်မှာ စစ်တပ်ကလွှတ်တော်ခေါ်ယူနေစဉ်မှာပဲ အရပ်သားပြည်သူတွေကိုပစ်မှတ်ထားပြီး နေ့စဉ် ဗုံးကြဲနေတဲ့အတွက် လေကြောင်းရန်ကို ပိုမိုသတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေကသတိပေးနေပါတယ်။

  • ကြည့်ရှုသူမရှိသဖြင့် စစ်တပ်ဝါဒဖြန့် “တိမ်ပင်လယ်ခရီးကြမ်း”ရုပ်ရှင် အခမဲ့ ပြမည်

    ကြည့်ရှုသူမရှိသဖြင့် စစ်တပ်ဝါဒဖြန့် “တိမ်ပင်လယ်ခရီးကြမ်း”ရုပ်ရှင် အခမဲ့ ပြမည်

    စစ်ကောင်စီရဲ့ဝါဒဖြန့်ချိရေးဇာတ်ကားဖြစ်တဲ့ Battle Of Taung Hkam ခေါ် “တိမ်ပင်လယ်ခရီးကြမ်း”ရုပ်ရှင်ကို မြန်မာနိုင်ငံတဝန်းရှိ ရုံပေါင်း ၆၇ ရုံမှာ ပြသပေမဲ့ ကြည့်ရှုသူ နည်းပါးတာကြောင့် မြဝတီစင်တာမှာ အခမဲ့ပြသဖို့ စီစဥ်နေတယ်လို့ နေပြည်တော်သတင်းရင်းမြစ် ကနေ သိရပါတယ်။

    မတ် ၁၃ ရက်မှ ၁၉ ရက်အထိ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ ပုသိမ်၊ မော်လမြိုင်နဲ့ တောင်ကြီးမြို့က ရုပ်ရှင်ရုံပေါင်း ၆၉ ရုံမှာ ပြသခဲ့ပေမဲ့ ကြည့်ရှုသူနည်းတာကြောင့် မြဝတီစင်တာမှာ တပ်မိသားစုတွေနဲ့ ဌာနဆိုင်ရာတွေကို ပြသဖို့ စီစဥ်နေတာလို့ သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။

    “ဝါဒဖြန့်ဇာတ်ကားဆိုတော့ လူတိုင်းက ကိုယ့်ပိုက်ဆံနဲ့ကိုယ် အဆဲခံပြီး သွားမကြည့်ကြဘူး။ တပ်ထဲ က သူတွေတောင် လိုင်းပေါ်တက်လာတဲ့ အပိုင်းအစလေးတွေလောက်ပဲ ကြည့်ကြတာ။ တချို့ မြို့နယ်က ရုပ်ရှင်ရုံတွေမှာဆို လာကြည့်သူ မရှိလို့ မပြရဘူး။ အခုမြဝတီစင်တာမှာ ပြဖို့ တပ်က စီစဥ် နေတယ်။”

    ရန်ကုန်မြို့ ရန်ကင်းမြို့နယ် မြဝတီမီဒီယာစင်တာမှာ မတ် ၁၂ ရက်က ပြုလုပ်တဲ့ခဲ့တဲ့ တိမ်ပင်လယ် ခရီးကြမ်း ဇာတ်ကားမိတ်ဆက်ပွဲမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်း ကိုယ်တိုင်တက်ခဲ့ပြီး ရန်ကုန်တိုင်းအတွင်း ဌာနဆိုင်ရာတွေကို ကြည့်ရှုဖို့ ဖိအားပေးတာလည်း ရှိတယ် လို့ Non CDM ဝတ်ထမ်းတယောက်က ပြောပါတယ်။

    “စစ်အစိုးရလက်ထက်မှာ အဆိုးဆုံးပြဿနာက တပ်က ရိုက်တဲ့ ဝါဒဖြန့်ကားမှန်သမျှ ရုံတင်ရင် သွားကြည့်ရတာပဲ။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ရုံမှာလူများအောင် အလှည့်ကျ သွားကြည့် ရတယ်။”

    ဒီဇာတ်ကားကို စစ်တပ်ဝါဒဖြန့်ချိရေးဇာတ်ကားတွေ ရိုက်ကူးနေတဲ့ ဒါရိုက်တာ ဗိုလ်မှူးတင်အောင်စိုး (ပန်းမြို့တော်) က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

    စစ်တပ်ဝါဒဖြန်ချိရေးဇာတ်ကားတွေမှာ အမြဲပါဝင်သရုပ်ဆောင်တွေဖြစ်တဲ့ နက္ခတ်၊ ထူးခန့်ကျော်၊ အောင်ကျော်ထွန်း၊ နေနော်၊ နေလင်းရှိန်၊ စိုးသီဟ၊ နက်ရှိုင်းကို၊ ပိုင်အုပ်စိုးအောင်၊ ခိုင်ဇော်၊ ဉာဏ၊ မြယာနဲ့ မြနန္ဒာတို့ အဆိုပါဇာတ်ကားမှာ ပါဝင်ပါတယ်။

    စစ်တပ်အာဏာသိမ်းပြီး ၂၀၂၂ ခုမှာ ထုတ်လွှင့်ပြသခဲ့တဲ့ စောင်နီလေးတထည် ဝါဒဖြန့်ဇာတ်ကားနဲ့ ၂၀၂၃ ခုနှစ်မှာ ဒါရိုက်တာ ဗိုလ်မှူးတင်အောင်စိုး (ပန်းမြို့တော်)က အကယ်ဒမီရရှိခဲ့ပါတယ်။

  • အရှေ့အလယ်ပိုင်းသို့ စစ်သင်္ဘော ၃ စင်းနှင့် စစ်သား ထောင်ချီ အမေရိကန် စေလွှတ်မည်

    အရှေ့အလယ်ပိုင်းသို့ စစ်သင်္ဘော ၃ စင်းနှင့် စစ်သား ထောင်ချီ အမေရိကန် စေလွှတ်မည်

    ဟော်မုဇ်ရေလက်ကြားကို “ဖွင့်လှစ်ပေးရေး” ၌ ကူညီခြင်း မရှိတဲ့ နေတိုးမဟာမိတ်တွေကို “သူရဲဘောကြောင်သူတွေ” ဟု ပြောထားသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အရှေ့အလယ်ပိုင်းဆီ စစ်သင်္ဘောသုံးစင်းနဲ့ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ထပ်မံ စေလွှတ်ရန် ပြင်ဆင်နေကြောင်း သတင်းများအရ သိရသည်။

    အီရန်အစိုးရအနေဖြင့် ရေလက်ကြားကို ပြန်ဖွင့် ပေးလာအောင် ဖိအားပေးရန် အီရန်၏ မဟာဗျူဟာ အရေးပါသော ခါ့ဂ်ကျွန်းကို သိမ်းပိုက်ခြင်း သို့မဟုတ် ပိတ်ဆို့ရန် အစီအစဉ်ကို အမေရိကန်က စဉ်းစားနေကြောင်းလည်း သိရသည်။

    ယင်းကို တုံ့ပြန်သည့်အနေဖြင့် အီရန်စစ်တပ်က အမေရိကန်နှင့် အစ္စရေးအရာရှိများ၊ စစ်ဗိုလ်ချုပ်များကို ကမ္ဘာလှည့်ခရီးသွားနေရာများ အပါအဝင် ကမ္ဘာ့ မည်သုည့်နေရာမှာမဆို လိုက်လံ “ရှင်းလင်း” မည်ဟု ခြိမ်းခြောက်ပြောဆိုသည်။

    “အခုအချိန်ကစပြီး ကမ္ဘာပေါ်မှာရှိတဲ့ အပန်းဖြေစခန်းတွေ၊ ကမ်းခြေတွေနဲ့ ဖျော်ဖြေရေးစင်တာတွေဟာ ခင်ဗျားတို့အတွက် လုံခြုံတော့မှာ မဟုတ်ဘူး” ဟု အီရန်လက်နက်ကိုင်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အဘော့ဖာဇီ ရှီကာချီက နိုင်ငံပိုင်ရုပ်သံမှတဆင့် ပြောသည်။

    သမ္မတထရမ့်ကမူ သုံးပတ် ကြာမြင့်ပြီဖြစ်သော စစ်ပွဲ၌ အမေရိကန်က အသာစီးရနေသည် ဆိုကာ အီရန်နှင့် အပစ်အခတ်ရပ်စဲရေးကို ပယ်ချထားသည်။ “ကျွန်တော် အပစ်အခတ်ရပ်စဲရေး မလုပ်ချင်ဘူး၊ တဖက်လူကို အပြတ်အသတ် ချေမှုန်းနေချိန်မှာ အပစ်အခတ် ရပ်စဲရေး မလုပ်ကြဘူးဆိုတာကိုတော့ သိကြမှာပါ” ဟု ၎င်းက သတင်းထောက်များအား ပြောသည်။

    ခါ့ဂ်ကျွန်းကို သိမ်းပိုက်ရေး အစီအစဉ်ကမူ ထရမ့် ယခင်က ပြောထားသည့် “မြေပြင်တပ်ဖွဲ့တွေ အသုံးမပြုလိုဘူး” ဆိုသော စကားနှင့် ဖီလာဆန့်ကျင်နေသည်။ ထို ကျွန်းကို သိမ်းပိုက်ရန် ကြိုးပမ်းခြင်းက အန္တရာယ် အလွန်များပြီး အမေရိကန်တပ်ဖွဲ့ဝင်များအား အီရန်၏ ဒရုန်းနှင့် ဒုံးကျည် တိုက်ခိုက်မှုများအောက် တိုက်ရိုက် ရောက်ရှိသွားစေနိုင်သည်။

    ခါ့ဂ်ကျွန်းမှာ အီရန် ရေနံတင်ပို့မှု၏ ၉၀ ရာခိုင်နှုန်းနီးပါးကို ထုတ်လုပ်နေသည့် နေရာဖြစ်သည်။ ထိုသို့ အရေးပါသော မဟာဗျူဟာမြောက် ဒေသကို သိမ်းပိုက်ရန် ကြိုးစားလာခြင်းအား အီရန်ဘက်က အပြင်းအထန် ခုခံလိမ့်မည်က မြေကြီးလက်ခတ် မလွဲပဲဖြစ်သည်။

    ထရမ့်က နေတိုးကိုလည်း ဝေဖန်ပြစ်တင်ရာတွင် “အမေရိကန်မပါရင် နေတိုးဆိုတာ စက္ကူကျားပဲ၊ အခု စစ်ရေးအရ နိုင်နေပြီ ဖြစ်ပေမဲ့ သူတို့က ရေနံ ဈေးတက်တာကိုပဲ ညည်းညူနေကြပြီး ဟော်မုဇ်ရေလက်ကြား ဖွင့်ဖို့တော့ အကူအညီ မရကြဘူး၊ လူကြောက်တွေပါ၊ ဒါကို မှတ်ထားမယ်” လို့ ရေးသားခဲ့သည်။

  • နေပြည်တော်က ဗခ သားတွေပိုင်တဲ့ခြံကျယ်ကြီးတွေထဲ လျှို့ဝှက်ဆေးပါတီတွေနောက်က ယုန်လေး

    နေပြည်တော်က ဗခ သားတွေပိုင်တဲ့ခြံကျယ်ကြီးတွေထဲ လျှို့ဝှက်ဆေးပါတီတွေနောက်က ယုန်လေး

    နေပြည်တော်က ဗိုလ်ချုပ်သားတွေပိုင်တဲ့ခြံကျယ်ကြီးတွေထဲက လျှို့ဝှက်ဆေးပါတီတွေပေါ့။

    စစ်ဗိုလ်ချုပ်တွေကလည်း သူတို့သားသမီးတွေ ရန်ကုန်မန္တလေးမှာဆိုရင် UG နဲ့တိုးမှာစိုးလို့ နေပြည်တော်မှာပဲ ကဲချင်တိုင်းပေးကဲထားရတဲ့ အနေအထားမျိုးပဲ။

    ဒီနေရာမှာပဲ ယုန်လေးရဲ့အခန်းကဏ္ဍကရောက်လာတာပဲ။

    အောက်ကစာကတော့ ကူးလာတာပါ။

    သူက ကျွန်မလို့ရေးထားတာကို ကျုပ်လို့ပြင်ထားတာကလွဲရင် ကျန်တာသူ့အတိုင်းပါပဲ။

    ယုန်သခေါရဲ့နောက်ထပ်အလုပ်က တက်သစ်စတွေကို နိုင်ငံရေးအမှုမျိုးတွေနဲ့ အကျပ်ကိုင်ပြီး ၊ ဒါမှမဟုတ် လုပ်ပိုင်ခွင့်တွေမက်လုံးပေးပြီး ဗိုလ်ချုပ်သားတွေနဲ့ ပါတီဆင်နွှဲဖို့ ခေါ်ပေးရတာမျိုးပေါ့။

    Miss တွေကိုဆိုရင်လည်း မအလရဲ့နိုင်ငံခြားခရီးစဉ်တွေမှာ ပါသွားတဲ့စစ်ခွေးတွေနဲ့လုပ်ငန်းရှင်တွေကို အသုံးတော်ခံဖို့ထည့်ပေးရတာမျိုးတွေလည်း ရှိသေးတယ်။

    အင်မတန်ရှုပ်ထွေးတဲ့ လောကကြီးပါပဲ။

    မြန်မာပြည်မှာ ဂျက်ဖရီအပ်စတိန်းတွေ အများကြီး အဲ့အထဲကမှကျုပ်သိရသလောက်ပြောပြရရင်ယုန်လေးကအဆိုးဆုံးပဲ ။

    သူတို့အနုပညာလောကကသူတွေpharချတာတွေ မင်းသမီးမော်ဒယ်တွေခရိုနီတွေစစ်တပ်အကြီးအကဲတွေနဲ့ ဆက်သွယ်ပေးတာတွေ ရန်ကုန်ကခြံဝင်းကြီးတစ်ခုထဲမှာ ပါတီဆိုပြီး အကုန်စုပြီးဆေးဝါးတွေချ ဆိုးရွားတဲ့ Sex ကိစ္စတွေပြုကြ အကုန်လုံးကိုဒီကောင်ကပဲစီမံပေးတာ။

    အဲ့အထဲမှာအသက်မပြည့်သေးတဲ့ကလေးမတွေလည်းပါတယ်လို့သိရတယ် ။

    သူ့လက်အောက်မှာ လှိုင်သာယာ အင်းစိန်ဘက်က လူမိုက်တွေရှိတယ်။

    အဲ့ကောင်တွေကတဆင့်လူရှာပေးတာမျိုးတွေလုပ်ပေးရတာပေါ့။

    မြင့်မြတ်ဆိုရင်သူ့လက်စွဲတော်ပေါ့။

    မြင့်မြတ်လိုချင်တဲ့စော်မှန်သမျှ သူပဲရအောင်ဖန်ပေးတာ ။

    ဒါကြောင့်မြင့်မြတ်ကလည်းသူ့ကိုမလှန်နိုင်ဘူးလေ။

    သူသွားရာလိုက်တာ။

    တပ်သင်္ကြန်ဆိုလည်းသွားရတာပဲလေ ။

    သူကမြန်မာပြည်က Top တွေကို သူ့ခါးပိုက်ထဲထည့်မွေးချင်တာ။

    သိရသလောက်တော့ နေတိုးနဲ့ ပြေတီဦးကို သူအသုံးချလို့မရလို့လွှတ်ပေးလိုက်ရတာ။

    ကျန်တဲ့ သူ့အနားမှာသီနေတဲ့သူမှန်သမျှက သူဖန်ပေးတဲ့ မိန်းမယောင်္ကျား ဆေးဝါးအကုန်လုံးကြောင့် သူ့စီမံမှုအတိုင်းနေရတာ ။

    တစ်နေ့တော်လှန်ရေးပြီးလို့အစိုးရသစ်တွေပေါ်လာတဲ့အခါ ဒီကောင်တွေကိုဖမ်းစစ်ရင် အပ်စတိန်းထက်ပိုဆိုးတဲ့အမှုတွေပေါ်လာနိုင်တယ်။

    😎😎😎

    မြင့်သိန်းလွင်

  • ပုဂံညောင်ဦး ဒေသကာကွယ်ရေး တပ်ပေါင်းစုဖွဲ့စည်းကြောင်း အသိပေး

    ပုဂံညောင်ဦး ဒေသကာကွယ်ရေး တပ်ပေါင်းစုဖွဲ့စည်းကြောင်း အသိပေး

    မန္တလေးဒေသ၊ ညောင်ဦးခရိုင်အတွင်းမှာ အကြမ်းဖက်စစ်တပ်ကို တော်လှန်တိုက်ခိုက်နေကြတဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ ၄ ဖွဲ့က ပုဂံညောင်ဦး LOCAL တပ်ပေါင်းစုကို မနေ့က ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

    မတ်လ ၁၉ ရက်မှ စတင်ကာ 21 BAGAN PEOLPLE DEFENSE FORCE ဒေါင်းရင်သွေးပျောက်ကျားတပ်ဖွဲ့ (DYT) ၊ GARUDA SECRET FORCE (ပုဂံ/ဂဠုန်တပ်) နှင့် TIGER WARRIOR FORCE တို့က ဒေသကာကွယ်ရေး တပ်ပေါင်းစုတွေအဖြစ် ပူးပေါင်းဖွဲ့စည်းလိုက်တာပါ။

    လက်ရှိအချိန်မှာ ပုဂံညောင်ဦး ဒေသမှာ အကြမ်းဖက်စစ်တပ်က ယင်းတို့ လက်လွှတ်ထားရတဲ့ နယ်မြေတွေအတွင်းကို အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးကာ ပြည်သူပိုင် ပစ္စည်းတွေ လုယက်၊ မီးရှို့ ၊ သတ်ဖြတ်မှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

    အခုလို ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကြောင်းတွေကို ပိုမိုတန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ပြီး၊ ယင်းတို့ရဲ့ ထိန်းချုပ်နယ်မြေတွေကိုပါ အခြေချ စိုးမိုးနိုင်ရန်အတွက် မြို့နယ် အတွင်းမှ ဒေသကာကွယ်ရေးတပ်တွေက တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းလိုက်တာလို့ အသိပေးထားပါတယ်။