မေလ (၁၀) ရက်နေ့က သထုံ-ဘားအံ ကားလမ်းပေါ်တွင် ဖြစ်ပွားခဲ့သည့် ဝမ်းနည်းဖွယ် ယာဉ်တိုက်မှုကြောင့် အနာဂတ်ရှိသည့် တက္ကသိုလ်ကျောင်းသူ ၃ ဦး အသက်ဆုံးရှုံးခဲ့ရသည်။

ယခုအခါ အဆိုပါဖြစ်စဉ်ကို အမှုမှန်မပေါ်စေဘဲ ငွေကြေးဖြင့် ကျေအေးရန် ဖိအားပေးမှုများ ရှိနေကြောင်း သိရှိရသဖြင့် ပြည်သူများမှ ဝိုင်းဝန်းစောင့်ကြည့်ပေးကြပါရန် တိုက်တွန်းလိုပါသည်။
ဖြစ်စဉ်အကျဉ်း –

📍 နေလင်းစိုး (EPC အငြိမ်းစားအရာရှိ၏သား) မောင်းနှင်သည့် Honda Fit ကားသည် မော်လမြိုင် တက္ကသိုလ်ကျောင်းသူ ၃ ဦးစီးလာသည့် ဆိုင်ကယ်ကို မျက်နှာချင်းဆိုင် ဝင်တိုက်ခဲ့သည်။

📍 ကျောင်းသူ ၃ ဦးစလုံး (မအေးအေးအောင်၊ မနေခြည်ကျော်၊ မဂျူလိုင်မိုး) နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။



📍 ယာဉ်မောင်းသူသည် ဖြစ်စဉ်ဖြစ်ပွားချိန်တွင် မူးယစ်သောက်စားထားသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
လက်ရှိအခြေအနေ –
💰 သေဆုံးသူတစ်ဦးလျှင် ငွေကျပ် (၁၀၀) သိန်းစီ၊ စုစုပေါင်း သိန်း (၄၀၀) ဖြင့် အမှုကျေအေးပေးရန် တာယာစက်ရုံမှ တာဝန်ရှိသူအချို့မှတစ်ဆင့် ကျန်ရစ်သူမိသားစုဝင်များကို ဖိအားပေး ညှိနှိုင်းနေကြောင်း သိရသည်။

⛓️ ကျူးလွန်သူသည် လက်ရှိတွင် ရဲစခန်းအချုပ်၌ သက်သောင့်သက်သာ နေထိုင်နေရသည်ဟု ဆိုသည်။
လူ့အသက်တစ်ချောင်းသည် ရွှေတစ်ကျပ်သားဖိုးမျှရှိသော သိန်း ၁၀၀ နှင့် မတန်ရုံသာမက၊ တရားဥပဒေကို ငွေကြေးဖြင့် လွှမ်းမိုးရန် ကြိုးစားနေခြင်းသည် လက်ခံနိုင်စရာ မရှိပါ။
အဆိုပါ ဖြစ်စဉ်တွင် ယာဉ်မောင်းသူအား စနစ်တကျ စစ်ဆေးပြီး အမြင့်ဆုံးပြစ်ဒဏ် ချမှတ်ပေးရန်နှင့် ကျန်ရစ်သူမိသားစုများအတွက် ထိုက်တန်သည့် တရားမျှတမှု ရရှိရန် လိုအပ်ပါသည်။


Leave a Reply