Category: News
-

မိုးကုတ်မြို့ကို ယနေ့နံနက်ပိုင်း ဗုံးကျဲ
မိုးကုတ်မြို့ကို ယနေ့နံနက်ပိုင်း ဗုံးကျဲမှု ကလေးငယ် ၁ ဦး အပါအဝင် ၃ ဦးသေဆုံး၊ ကရင်နီပြည်၊ မော်ချီးဒေသရှိ လိုခါးလိုဆေးရုံကို စစ်တပ်က ယနေ့ လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲနေ မန္တလေးတိုင်းတွင် TNLA က သိမ်းပိုက်ထားသော မိုးကုတ်မြို့ကို စစ်တပ်က ယနေ့ နံနက်ပိုင်း လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၈ နာရီ ၅၉ မိနစ်အချိန်နှင့် နံနက် ၉ နာရီ ၃ မိနစ်အချိန် စစ်ကောင်စီတပ်၏ တိုက်လေ ယာဉ် များ က မိုးကုတ်မြို့နယ်…
-

အောင်မင်းပြောတဲ့ မယားငယ် ဌာနချုပ်
နေပြည်တော်မှာရှိတဲ့ ကြံ့ဖွတ်ပါတီရဲ့ ဌာနချုပ်ကို ပါတီအလုပ်တွေ လုပ်ဖို့ ကြီးကျယ်ခမ်းနားစွာ ဖွင့်ထားတာလို့ တချို့က ထင်ကောင်းထင်ကြမယ်။ တကယ်တော့ ကြံ့ဖွတ်ပါတီရဲ့ ရုံးဝန်း အကျယ်ကြီးထဲမှာ လူနေဆောင်တွေ အမြောက်အမြား ဆောက်လုပ်ထားတယ်။ ကြံံဖွတ်က ပါတီကြီးတစ်ခု ဆိုတော့ စာရေးမတွေ အများအပြား ခန့်တယ်၊ လိုလို မလိုလို ခန့်တယ်။ ဘာလို့ခန့်လဲ ဆိုတော့ စာရေးမတွေကို ကြံ့ဖွတ်ပါတီ ရုံးချုပ်ထဲမှာပဲ နေစရာ အဆောင်ပေးချင်လို့။ ပြီးရင် ဘူးလက်လှဆွေလို တနှာရူးကောင်တွေက အဆောင်နေ စာရေးမတွေကို အာဏာ ငွေကြေး အကုန်သုံးပြီး ဝိုက်တီးဆွဲတော့တာပဲ။ ကြံ့ဖွတ်ပါတီ ဌာနချုပ်အတွင်းမှာရှိတဲ့ စာရေးမတွေ လင်ကောင်မပေါ်ပဲ ဗိုက်ကြီးလို့ ဖျက်ချရတဲ့ ဖြစ်စဉ်တွေအကြောင်း ၂၀၂၃ လောက်က စစ်ကဲကြီး ချန်နယ်ကနေ သက်သေ အခိုင်အမာနဲ့ ဖော်ကောင်လုပ်ဘူးတယ်။…
-

ညောင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်
ညောင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှု များပြားပြီး ခဲယမ်း တချို့ သိမ်းဆည်းရရှိ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၂၀ ဦး သေဆုံးပြီး ခဲယမ်း တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း People’s Democratic Army – PDA မှ စစ်ရေးတာဝန်ခံ ရဲဘော်အုပ်စိုးက ပြောဆိုသည်။ ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီမှ စတင်ပြီး ညောင်ဦးမြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက စုတည်ရွာ နှင့် ရွာသစ်တောင်ရွာအကြား ဘူတာရုံဟောင်းအနီးတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။…
-

ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၃ ဦး အပါအဝင် ၁၇ ဦး သေဆုံး
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကော့လှိုင်ကျေးရွာအနီး စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၃ ဦး အပါအဝင် ၁၇ ဦးသေဆုံးခဲ့ကြောင်း Mon State Revolutionary Force – MSRF မှ ပြောရေးဆိုခွင့်ရှိသူက မိတလဉာဏ် ပြောဆိုသည်။ ဩဂုတ်လ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ရေဖြူမြို့နယ် ၊ကော့လှိုင်ကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာသော အင်အား ၁၅၀ ခန့် ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထိုထိတွေ့ တိုက်ပွဲသည် ညနေ ၆ နာရီဝန်းကျင်ခန့်ထိဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ…
-

စစ်ကော်မရှင်ပြုလုပ်မည့် ရွေးကောက်ပွဲကို မပတ်သက်ရန် CNF သတိပေး
အာဏာသိမ်း စစ်ကော်မရှင်က အတုအယောင်ရွေးကောက်ပွဲကို ချင်းပြည်သူများအနေဖြင့် ပါဝင်ပတ်သက်ခြင်းမပြုကြရန် ချင်းအမျိုးသားတပ်ဦး(CNF) တာဝန်ရှိသူက သတိပေး ပြောဆိုသည်။ စစ်ကော်မရှင်က ပါတီစုံရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ပြုလုပ်မည်ဖြစ်ပြီး ချင်းပြည်နယ်ရှိ မြို့နယ် ကိုးခုလုံးကို လွှတ်တော်သုံးရပ်အတွက် မဲဆန္ဒနယ်များသတ်မှတ်ကြောင်း ဩဂုတ်လ ၁၅ ရက်က ထုတ်ပြန်ခဲ့သည့်အပေါ် မဇ္ဈိမ၏မေးမြန်ချက်ကို ဖြေကြားစဥ် ယင်းသို့ သတိပေးခဲ့ခြင်းဖြစ်သည်။ “ပြည်သူများအနေနဲ့ နားမယောင်ကြဖို့နဲ့ မပတ်သက်ကြဖို့ ပြောချင်တယ်၊ စစ်တပ်သက်ဆိုးရှည်ဖို့ လုပ်ဆောင်မှုမှန်သမျှကို ပံ့ပိုးမပေးကြဖို့ လိုပါတယ်၊ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုလုပ်ခဲ့ကြရင် ဖြစ်ပေါ်လာမဲ့ကိစ္စများအပေါ် သူတို့မှာသာ တာဝန်ရှိမှာဖြစ်ပါတယ်” ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က ပြောသည်။ ချင်းပြည်နယ်အတွင်း စစ်ကော်မရှင်တပ် ခြေကုတ်ယူထားသော ဟားခါးနှင့် တီးတိန်မြို့ပေါ်များတွင် ရွေးကောက်ပွဲပြုလုပ်နိုင်သော်လည်း ယခု ကိုးမြို့နယ်စလုံးကို…