Category: News

  • CDM များ နှင့် စစ်အာဏာရှင်ဆန့်ကျင်သူများကို ပတ်စ်ပို့ထုတ်မပေးရန် မင်းအောင်လှိုင်က နိုင်ငံကူးလက်မှတ် ဥပဒေအသစ် ပြဋ္ဌာန်း

    CDM များ နှင့် စစ်အာဏာရှင်ဆန့်ကျင်သူများကို ပတ်စ်ပို့ထုတ်မပေးရန် မင်းအောင်လှိုင်က နိုင်ငံကူးလက်မှတ် ဥပဒေအသစ် ပြဋ္ဌာန်း

    အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်သူများ၊ CDM ဝန်ထမ်းများနှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိထားသူများကို နိုင်ငံကူးလက်မှတ် (Passport)များ ထုတ်မပေးရန် တားမြစ်ပိတ်ပင်သည့် “မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေ” အသစ်တစ်ရပ်ကို မတ်လ ၁၇ ရက် ညပိုင်းတွင် ထုတ်ပြန်ပြဋ္ဌာန်းလိုက်သည်။

    အဆိုပါဥပဒေသစ်၏ ပုဒ်မ ၂၉ တွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးရန် ငြင်းပယ်နိုင်သည့် အချက်အလက်များကို ထည့်သွင်းထားရာ အထူးသဖြင့် ပုဒ်မခွဲ (စ) ပါ “နိုင်ငံတော်လုံခြုံရေးနှင့် အကျိုးစီးပွားကို နှောင့် ယှက်ဖျက်ဆီးနိုင်သည်ဟု ယူဆရသူဖြစ်ခြင်း” ဆိုသည့် အချက်မှာ CDM များနှင့် နိုင်ငံရေးအရ ဆန့် ကျင် သူများကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

    ပြည်ထဲရေးသတင်းရင်းမြစ်က “အရင်တုန်းကတော့ ဒါတွေကို ညွှန်ကြားချက်အဆင့်နဲ့ပဲ တားမြစ်ခဲ့တာပါ။ အခုကတော့ ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်တာဖြစ်တဲ့အတွက် CDM တွေနဲ့ နိုင်ငံရေးပုဒ်မနဲ့ အရေးယူခံထားရသူတွေဟာ ပုဒ်မ ၂၉ (စ) နဲ့ ငြိစွန်းပြီး ပတ်စ်ပို့ထုတ်ယူခွင့် တိတိကျကျ တားမြစ်လိုက်တာ” ဟု ပြောဆိုသည်။

    ယင်းဥပဒေတွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူများ၊ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁) အရ စည်းကမ်း သတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ရထားသော်လည်း သတ်မှတ်ကာလ မပြည့်သေးသူများ၊နိုင်ငံသားအခွင့်အရေး: နိုင်ငံသားအဖြစ်မှ ရပ်စဲခံရသူများ၊ ပြည်ပမှ ပြန်လည်ပို့ဆောင်ခံရသူများ၊ ပြည်ပနိုင်ငံတစ်ခုခု၏ ဥပဒေကို ဖောက်ဖျက်၍ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင် (Deport) ခံရသူများ၊ အမည်ပျက်စာရင်း (Blacklist)၊ ပြည်တွင်း/ပြည်ပတွင် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အရေးယူခံထားရသူများကိုလည်း နိုင်ငံကူးလက်မှတ်ထုတ်မပေးရန် တားမြစ်ထားသည်။

    ပြည်ထဲရေး ဒုဝန်ကြီးဦးဆောင်သော နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ပတ်စ်ပို့ အသစ်ထုတ်ပေးရန် ငြင်းပယ်နိုင်သည့်အပြင် ထုတ် ပေးပြီးသား ပတ်စ်ပို့များကိုလည်း အချိန်မရွေး ပယ်ဖျက် (Cancel/Revoke) လုပ်ပိုင်ခွင့် အပြည့်အဝရှိကြောင်း ပြဋ္ဌာန်းထားသည်။

    ထို့အပြင် နိုင်ငံကူးလက်မှတ်ကို မမှန်ကန်သောနည်းလမ်းဖြင့် လျှောက်ထားခြင်း သို့မဟုတ် အတုပြုလုပ်ခြင်းများအတွက် အနည်းဆုံး ထောင်ဒဏ် ၃ လမှ အများဆုံး ၅ နှစ်အထိ ပြင်းထန်စွာ ချမှတ်သွားမည်ဖြစ်ကြောင်း ဥပဒေအရ သိရှိရသည်။

    မင်းအောင်လှိုင်၏ ဥပဒေသစ်အရ ပြည်ပရောက် မြန်မာနိုင်ငံသားများအားလုံး နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် လ၀ကတွင် UDI မှတ်ပုံတင်ထားခြင်းမရှိပါက မြန်မာနိုင်ငံသို့သာ မဖြစ်မနေ ပြန်၍ ပတ်စပို့စ် သက်တမ်းတိုးရမည်

    အကြမ်းဖက် မင်းအောင်လှိုင်က ပြဋ္ဌာန်းလိုက်သော နိုင်ငံကူးလက်မှတ် ဥပဒေသစ်အရ ပြည်ပရောက် မြန်မာနိုင်ငံသားများအားလုံးအနေဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရာတွင် လ၀ကတွင် UDI-Unique Identification Number (ကိုယ်ပိုင်သက်သေခံလက်မှတ်) မှတ်ပုံတင်ထားခြင်းမရှိပါက မြန်မာ နိုင်ငံသို့သာ ပြန်၍ ပတ်စပို့စ် သက်တမ်းတိုးရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

    မတ်လ ၁၇ ရက်နေ့တွင် အကြမ်းဖက် မင်းအောင်လှိုင်က နိုင်ငံကူးလက်မှတ် ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီး အဆိုပါ ဥပဒေသစ်အရ ပြည်ပ ရောက် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရာတွင် လ၀ကတွင် မှတ်ပုံတင်ထားသော UDI ကိုယ်ပိုင် သက်သေခံ လက်မှတ် ရှိရမည်ဖြစ် ကြောင်း ၊ အဆိုပါ UDI ကိုယ်ပိုင်သက်သေခံလက်မှတ် မရှိပါက ပြည်တွင်းသို့ ပြန်၍ သက်ဆိုင်ရာ မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးတွင် UDI ကို လျှောက်ထားရမည်ဖြစ်ကြောင်း၊ ပြည်ပသံရုံးများတွင် UDI ကိုယ်ပိုင်သက်သေခံလက်မှတ်ကို လုပ်ဆောင်၍ မရဘဲ မိမိနေထိုင်ရာမြို့နယ်လ၀ကရုံးများတွင်သာ UDI ကို လုပ်ဆောင်နိုင်ကြောင်း သိရှိရသည်။

    “အခု နိုင်ငံကူးလက်မှတ်အသစ်ပဲလုပ်လုပ်၊ သက်တမ်းတိုးပဲဖြစ်ဖြစ် လျှောက်ဖို့အတွက် ဥပဒေသစ်အရ UDI ကိုယ်ပိုင်သက်သေခံလက်မှတ် မဖြစ်မနေ ရှိမှသာလျှောက်ထားခွင့်ရှိမှာဖြစ်ပါတယ်။ UDI လုပ်ငန်းစဉ်တွေက ၂၀၂၂ ခုနှစ်၊ ၂၀၂၃ ခုနှစ်လောက်မှ တွင်တွင်ကျယ်ကျယ် လုပ်တာပါ။ ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့လည်း နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့ဆိုရင်တော့ UDI ရှိမှ ရမှာဖြစ်ပါတယ်။ UDI မရှိရင်တော့ ပြည်တွင်းကို ပြန်လာပြီး သက်ဆိုင်ရာ မိမိနေထိုင်ရာ မြို့နယ် လ၀ကရုံးမှာ UDI မှတ်ပုံတင်ပြုလုပ်ရမှာဖြစ်ပါတယ်။ UDI မရှိရင် ပြည်ပသံရုံးတွေကလည်း နိုင်င်ငံကူးလက်မှတ် သက်တမ်းတိုးပေးလို့မရတော့ပါဘူး” ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိက ရှင်းပြသည်။

    နိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေ၏ ပုဒ်မ ၇ ၊ ပုဒ်မ ခွဲ (က)၊ ပုဒ်မခွဲ (၅) တွင် နိုင်ငံကူးလက်မှတ် ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်း အပါအဝင် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းများအတွက် ကိုယ်ပိုင်သက်သေခံလက်မှတ် (UDI-Unique Identification Number) တင်ပြရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

    ထို့ပြင် ပြည်ပနိုင်ငံများရှိ သံရုံးများ၊ ကောင်စစ်ဝန်ရုံးများသည် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးခြင်း အပါအဝင် နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းများအတွက် နေပြည်တော်ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးအဖွဲ့ထံတွင်သာ ပြန်လည် ခွင့်ပြုချက်တောင်း ယူရမည်ဖြစ်ကြောင်း၊ ပြည်ပရှိ မြန်မာသံရုံးများက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းနှင့် ထုတ်ပေးခြင်းများကို ဥပဒေသစ်တွင် နေပြည်တော်၏ ခွင့်ပြုချက်မရှိဘဲ နိုင်ငံကူးလက်မှတ် ထုတ်ပိုင်ခွင့်၊ သက်တမ်းတိုးပေး လုပ်ပိုင်ခွင့်များကို တားမြစ်ထားသည်။

    ယင်းအပြင် နိုင်ငံကူးလက်မှတ်များကို အီလက်ထရောနစ် ပတ်စ်ပို့ပြောင်းလဲပါကလည်း ပြည်ပရောက် မြန်မာနိုင်ငံသားများအားလုံး ပြည်တွင်းသို့ပြန်၍သာ အီလက်ထရောနစ် ပတ်စ်ပို့ ပြန်လည်လျှောက် ထား ရ မည်ဖြစ်ကြောင်း၊ အီလက်ထရောနစ်ပတ်စ်ပို့ ထုတ်ပေးခြင်းကို နေပြည်တော်ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက တိုက်ရိုက်ထိန်းချုပ်ထားကြောင်း သိရှိရသည်။

    “အီလက်ထရောနစ် ပတ်စပို့ကတော့ ၂၀၂၇ ခုနှစ် မှာ စတင်မယ်လို့ သိထားပါတယ်။ အခုကတော့ ပြင်ဆင်နေတုန်းပါပဲ။ တကယ်လို့ အီလက်ထရောနစ်ပတ်စ်ပို့စတင်မယ်ဆိုရင်လည်း ပြည်ပရောက် မြန်မာနိုင်ငံသားတွေက ပြည်တွင်းကို ပြန်လာပြီး လျှောက်ထားရမှာပါ။ ပြည်ပသံရုံးတွေမှာ အီလက် ထရောနစ်ပတ်စ်ပို့ ထုတ်ပေးလို့ မရနိုင်ပါဘူး” ဟု ပြည်ထဲရေးအရာရှိက ရှင်းပြသည်။

    အကြမ်းဖက်စစ်တပ်က နိုင်ငံကူးလက်မှတ်မမှန်မကန်လျှောက်ထားခြင်း၊ အတုပြုလုပ်ခြင်း၊ တစ်ပါးသူ ၏ နိုင်ငံကူးလက်မှတ်ကို သုံးစွဲခြင်းများအတွက် အနည်းဆုံးထောင်ဒဏ် ၃ လမှ အများဆုံးထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

  • အေသင်ကို ကို အရှိန်နှစ်ဆဖြင့် ဝုန်းမယ့် သမီးဆိုး

    အေသင်ကို ကို အရှိန်နှစ်ဆဖြင့် ဝုန်းမယ့် သမီးဆိုး

    မြန်မာပြည် ခဏရောက်ခိုက်မှာ သူ့ဘဝကြီး ဇောက်ထိုးမိုး မျှော်ဖြစ်အောင် လုပ်ပြခဲ့တဲ့ အေသင်ကိုဟာ သူ ပထမဆုံး လက်စားချေမယ့်သူအဖြစ် ရွေးချယ်ထားပုံရပါတယ်။

    ပြည်ပ Ball Ma ၏ ကလဲ့စားချေမှုဆ်ိုပေမယ့် မန္တလေးမှာတုန်းကလို ပတ်ပြေးနေစရာမလိုတဲ့ ပွဲဖြစ်ပေမယ့်လည်း ပွဲကြိုက်သူများအတွက် ပျော်စရာကြီးပါပဲနော်။

    ပြည်တွင်းက Ball Ma အကြီးစားကလည်း သမီးဆိုးပြောသမျှ ကျောကော့အောင် ခံရဦးမှာ သေချာတယ်။

    အဲ့ခါကျမှ သတ္တိရှိရင် မြန်မာပြည် ပြန်လာပြီး နင် ပြော ထားတဲ့ ဇဂလုံးဒိုင်း ဇဂလုံးဒိုင်းကို ပြန်ဖြေရှင်းရမယ်ဆိုပြီး တန် ပြန် Live ဖြင့် ရန်ဖြစ်ကြမှာ သေချာတယ်။

    Post ထဲမှာ သမီးဆိုးက “အိုးဘိုထောင်မှာ နေရတာ ပျော် တယ်” ဆိုတာ တကယ်တော့ အေသင်ကို ကို ခနဲ့ပြီးတင် တာပဲဖြစ်မှာ။

    ဘယ်သူကမှတော့ ထောင်ကို အိမ်လို သဘောထားပြီး ပျော်တယ်လို့ ပြောဖို့ ဆိုတာ လွတ်လာပြီးမှ ကလဲ့စားချေချင်လို့ ရွဲ့ပြောတဲ့ စကားလုံးပဲ။ တကယ်ဆို ထောင်ထဲ ရှိစဉ်က ပျော်လားလို့ မေးရမှာ အဲ့တာမှ ပျော် မပျော် သေချာသိရတာ …🤭

    အေသင်ကိုလည်း ပုတီးမြဲအောင် ပတ်ထား

    သမီးဇိုးလည်း နှစ်ဆနဲ့ ဗျင်းပေးဖို့ ကြိုးစား

    လူတွေအားလုံးစည်ကားမယ့် Live ဆိုတာ သေချာတယ်

    🤣😅

  • မိုင်းယောင်းတွင် ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၂၀ ကျပ်သားကျော် ပါသွား

    မိုင်းယောင်းတွင် ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၂၀ ကျပ်သားကျော် ပါသွား

    ရှမ်းပြည်၊ မိုင်းယောင်းမြို့တွင် ယမန်နေ့ မတ် ၁၈ ရက် နံနက် ၁၁ နာရီ ၂၆ မိနစ်ခန့်တွင် C1 ရွှေဆိုင်ကို လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ဓားပြဝင်တိုက်ပြီး ရွှေ ၂၀ ကျပ်သားကျော် လုယက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

    သတင်းရင်းမြစ်များ၏ ပြောဆိုမှုအရ ဓားပြအဖွဲ့တွင် လူ ၄ ဦး ပါဝင်ပြီး ၃ ဦးက ဆိုင်အတွင်းသို့ ဝင်ရောက် လုယက်ခဲ့ကာ ကျန်တစ်ဦးမှာ အနက်ရောင် Crown အမျိုးအစားကားဖြင့် အပြင်တွင် စောင့်နေခဲ့ကြောင်း သိရသည်။

    “ဓားပြ ၃ ယောက်က ဆိုင်ထဲဝင်လာပြီး ရွှေတွေယူသွားတယ်။ သူတို့အားလုံး မျက်နှာဖုံး အုပ်ထားကြပြီး CCTV ပြန်ကြည့်ချိန်မှာတော့ ရှမ်းဘာသာစကားနဲ့ ပြောဆိုနေကြတာတွေ တွေ့ရတယ်။ လက်နက်ကိုင်ပုံတွေကလည်း ကျွမ်းကျင်လှပြီး လေ့ကျင့်ထားတာ ကြာပြီထင်ရတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    ဖြစ်စဉ် ဖြစ်ပွားချိန်တွင် ဆိုင်ရှင်မှာ ရွှေဆိုင်ဘေးရှိ ဖိနပ်ဆိုင်တွင် ရှိနေပြီး အဖြစ်အပျက်ကို မြင်တွေ့ကာ “သူခိုး” ဟု အော်ဟစ်ခဲ့ရာ ဓားပြများက သေနတ်ဖြင့် ချိန်ရွယ်ကာ ပစ်ခတ်ရန် ကြိုးပမ်းခဲ့ရာတွင် ဆိုင်ရှင်က အချိန်မီ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်းလည်း သိရသည်။

    “သူတို့ဝင်လာတာ အလွန်မြန်တယ်။ လက်နက်တွေနဲ့ တစ်ချက်တည်း လုပ်ပြီး ချက်ချင်း ပြန်ထွက်သွားကြတယ်။ လူထိခိုက်မှုတော့ မရှိဘူး” ဟု သတင်းရင်းမြစ်က ပြောသည်။

    မျက်မြင်များအဆိုအရ ဓားပြများတွင် AK အမျိုးအစား သေနတ်အရှည် တစ်လက်နှင့် အတိုတစ်လက် ပါဝင်ကြောင်း ခန့်မှန်းကြသည်။

    ယင်းဖြစ်စဉ်မတိုင်မီ တစ်ပတ်ခန့်တွင် ယင်းကားသည် ဆိုင်အနီးတွင် လာရောက်လေ့လာ စုံစမ်းမှုများ ပြုလုပ်ခဲ့ကြောင်း ဆိုင်အနီး နေသူများက ပြောသည်။

    “အဲဒီကားက အရင်တုန်းကတည်းက လာကြည့်နေတာတွေ ရှိတယ်လို့ ကြားတယ်။ ဒီတစ်ခါမှာတော့ ပြင်ဆင်ပြီး တိတိကျကျ လုပ်သွားတာလိုပဲ မြင်ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

    ဖြစ်စဉ်အပြီးတွင် ရဲတပ်ဖွဲ့က လာရောက် စစ်ဆေးခဲ့ပြီး ဆိုင်နှင့် မြို့အတွင်းရှိ CCTV မှတ်တမ်းများကို ဆက်လက် စိစစ်နေကြောင်း သိရသည်။

    မိုင်းယောင်းမြို့တွင်၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း ဓားပြတိုက်မှု ၃ ကြိမ် ဖြစ်ပွားထားပြီး ခန့်မှန်းအားဖြင့် ၆ လလျှင် တစ်ကြိမ်ခန့် ဖြစ်ပွားနေကြောင်း ဒေသခံများက ဆိုသည်။

  • လူအစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ခံရတဲ့ ပဲခူးမှာ ဇာတ်အဖွဲ့ ၅ဖွဲ့ အပြိုင်ကဖို့ စီစဥ်နေ

    လူအစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ခံရတဲ့ ပဲခူးမှာ ဇာတ်အဖွဲ့ ၅ဖွဲ့ အပြိုင်ကဖို့ စီစဥ်နေ

    လူအစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ခံရတဲ့ ပဲခူးမှာ ဇာတ်အဖွဲ့ ၅ဖွဲ့ အပြိုင်ကဖို့ စီစဥ်နေ

    ပဲခူးတိုင်းအတွင်း စစ်ကောင်စီရဲ့ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှုကြောင့် ကိုယ်ဝန်ဆောင် မိခင်နဲ့ ကလေးငယ်တွေအပါအဝင် အရပ်သား ၃၀နီးပါး သေဆုံးခဲ့ရတဲ့ ညောင်လေးပင်က ပူဆွေးမှုတွေ၊ မျက်ရည်တွေ မခြောက်သေးခင်မှာပဲ စစ်ကောင်စီက ပဲခူးမြို့ပေါ်မှာ နာမည်ကြီးဇာတ်အဖွဲ့ ၅ဖွဲ့နဲ့ ရွှေမော်ဓော ဘုရားပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။

    ပြီးခဲ့တဲ့ မတ်လ ၅ ရက်က ပဲခူးမြို့ကနေ ကားနဲ့ ၂ နာရီခွဲခန့်သာသွားရတဲ့ ညောင်လေးပင်မြို့နယ်အတွင်းရှိ ရေတွင်းကုန်း၊ ခရုကုန်းနဲ့ ကျောင်းကုန်းကျေးရွာတွေကို စစ်ကောင်စီက လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ရာ အရပ်သား ၂၈ ဦး သေဆုံးခဲ့ရပါတယ်။

    သေဆုံးသူတွေထဲမှာ ကလေးငယ် အပါအဝင် ၃ဦးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တာဖြစ်ပြီး ၂၅ ဦးဟာ လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများနဲ့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အတည်ပြုထားပါတယ်။

    အဆိုပါ အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်မှုဖြစ်ရပ် ဖြစ်ပွားပြီး တပတ်အကြာတွင်မူ ပဲခူးမြို့ပေါ် ရွှေမော်ဓောဘုရားပွဲမှာ ကပြမယ့် ဇာတ်အဖွဲ့စာရင်းကို ပွဲတော်ကျင်းပရေးကော်မတီက အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

    ယင်းစာရင်းမှာ သဘင်အစည်းအရုံးဥက္ကဋ္ဌ ဖိုးချစ်၊ အောင်ဇမ္ဗူ၊ စမ်းရေမိုး၊ စွမ်းဇာနည်နဲ့ သူရဝင်းထွဋ်စတဲ့ ထိပ်တန်းဇာတ်အဖွဲ့ ၅ဖွဲ့ ပါဝင်နေခဲ့ပါတယ်။

    စစ်ကောင်စီဟာ ပွဲလမ်းသဘင်၊ ရုပ်ရှင်၊ ဂီတပွဲတွေကို လွတ်လပ်စွာ လုပ်ခွင့်ပေးထားတာဟာ ပုံမှန်ဘဝ ပြန်ရပြီလို့ အထင်မှားစေဖို့အတွက်ဖြစ်ပြီး ၎င်းတို့ရဲ့အကြမ်းဖက်မှုတွေကို မမြင်အောင် လှည့်စားခြင်းသာဖြစ်ကြောင်း၊ ပြည်သူတွေရဲ့စိတ်ကို တွေဝေမိန်းမောသွားစေဖို့နဲ့ တော်လှန်ရေးကို အားအင်ချိနဲ့သွားအောင် လုပ်ခြင်းဖြစ်ပြီး အာဏာရှင်ရဲ့ စိတ်ပိုင်းဆိုင်ရာ စစ်ပွဲ (psy-war) တစ်ရပ်ဖြစ်ကြောင်း ဇာတ်မင်းသားမိုးမင်းက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကပဲ သူ့Facebook လူမှုကွန်ရက်ကနေ သတိပေးခဲ့ပါသေးတယ်။

    “အနုပညာသမားကို အပြစ်တင်ဖို့ မဟုတ်ပါ။ ဝမ်းစာရှာနေရတာကိုလည်း မလေးစားဖို့ မဟုတ်ပါဘူး။ အာဏာရှင်ရဲ့ ဗျူဟာကို မပါဝင်ဘဲနေဖို့ပါပဲ။”လို့ ဇာတ်မင်းသား မိုးမင်းက ပြောခဲ့ပါတယ်။

    ဒါပေမဲ့ ဇာတ်သမားတွေအတွက် ဂုဏ်တစ်ခုဖြစ်တဲ့ ပဲခူးရွှေမော်ဓောပွဲမှာ ကပြခွင့်ရဖို့ ဇာတ်အဖွဲ့ကြီးတွေ အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြပါတယ်။

    မတ်လ ၂၇ ရက်မှ ဧပြီ ၈ရက်အထိ ၁၃ ညတိုင်တိုင် နှစ်ပတ်နီးပါး ကကြမှာဖြစ်ပါတယ်။

    ဖိုးချစ်၊ စမ်းရေမိုး၊ စွမ်းဇာနည်နဲ့ သူရဝင်းထွဋ်တို့က ဇာတ်ရုံတစ်ရုံတည်းမှာ ရက်ခွဲပြီး ကပြမှာဖြစ်ပြီး အောင်ဇမ္ဗူဇာတ်အဖွဲ့ကတော့ သီးသန့်ရုံနဲ့ ၁၀ ညတိုင်တိုင် အပြိုင်ကပြဖို့ ပြင်ဆင်ထားကြောင်း မြို့ခံတွေဆီက သိရပါတယ်။

    ညောင်လေးပင်မြို့နယ်အတွင်း အရပ်သား ၂၈ ဦး အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရပေမဲ့ ပဲခူးမြို့ပေါ်မှာတော့ စစ်ကောင်စီက ဇာတ်အဖွဲ့တွေနဲ့ ပျော်ပွဲရွှင်ပွဲတွေကို ဟန်ပြကျင်းပဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

    စစ်ကောင်စီဟာ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ ဘုရားပွဲတော်တွေကို ထပ်ခါထပ်ခါကျင်းပစေပြီး ဇာတ်သဘင်ဖျော်ဖြေပွဲတွေနဲ့ စည်ကားအောင် ပြုလုပ်စေခဲ့ပါတယ်။

    Photo: ပဲခူးရွှေမော်ဓောဘုရားပွဲမှာ ကပြဖို့ ဇာတ်စင် ဆောက်နေစဥ်။ ဓာတ်ပုံ – CJ)

  • ဖို့ဒ်ကား အရှိန်မထိန်းနိုင်ဘဲ ဝင်အောင်း မြောက်တက်ပြီးပြန်အကျ နောက်တစီးက ထပ်ကြိတ်..

    ဖို့ဒ်ကား အရှိန်မထိန်းနိုင်ဘဲ ဝင်အောင်း မြောက်တက်ပြီးပြန်အကျ နောက်တစီးက ထပ်ကြိတ်..

    သူတို့ ၃ ဦးရဲ့ ဆိုင်ကယ်ကို အရှိန်မထိန်တဲ့ Ford ကားက ဝင်တိုက်ချိန် မြောက်သွားပြီး ပြန်အကျ

    ကားကထပ်ကြိတ်လို့ ပွဲချင်းပြီးခဲ့ကြရတဲ့

    တာချီလိတ်လူမှုကူညီရေးအသင်းသားလေးနဲ့ သူငယ်ချင်း ၂ဦး

    တာချီလိတ်မြို့လူမှုကူညီရေးအသင်းသား တစ်ဦးဖြစ်တဲ့

    မောင်ပြည့်ဖြိုးဝေဟာ အသင်းသားတွေနဲ့အတူ

    တာချီလိတ်မြို့က သာရေး နာရေးမှန်သမျှ ကူညီပေးနေကျလူငယ်လေး တစ်ဦးပါ။

    အခုကတော့ သူ့ရဲ့ နာရေးအတွက် အသင်းသားတွေက ဝိုင်းဝန်း ပို့ဆောင်ပေးကြရတော့မှာပဲဖြစ်ပါတယ်။

    မောင်ပြည့်ဖြိုးဝေ ၂၃ နှစ်ဟာ သူငယ်ချင်းတွေဖြစ်တဲ့ မောင်အောင်မိုးထွန်း ၂၂ နှစ် မောင်သက်နိုင်ထွန်း ၁၉ နှစ်တို့နဲ့အတူ

    ယမန်နေ့ည (မတ်လ ၁၈ ရက်) ည ၁၁ နာရီ ဝန်းကျင်က ၃ ဦး ဆိုင်ကယ်တစ်စီးထဲ အတူစီးလာရင်း

    အရှိန်အရမ်းပြင်းတဲ့ Ford ကားတစ်စီးက ဝင်တို-က်ခဲ့လို့ နေရာမှာပဲ ၃ ဦးလုံး ဆုံးပါးခဲ့ကြတာပါ။

    သူတို့ဆိုင်ကယ်ကို တိုက်လိုက်တဲ့အချိန် သူတို့တွေ မြောက်သွားကြတယ်လို့

    ဘေးနားက စျေးဆိုင်ပိုင်ရှင်တချို့က ဆိုထားပြီး

    ပြန်အကျမှာ ကားကကြိတ်လိုက်သေးတယ်။

    ၃ယောက်လုံး နေရာမှာပဲ d.b ဖြစ်တာ စိတ်မကောင်းစရာလို့ ပြောထားတာတွေ့ရပါတယ်။

    မောင်ပြည့်ဖြိုးဝေက လူမှုကူညီရေး အသင်းသား ဖြစ်ပြီး

    ကျန်နှစ်ဦးထဲက တစ်ဦးက ဆံပင်အလှပြင်ဆိုင်ကလို့ သိရပါတယ်။

    သူတို့ ၃ဦးရဲ့ နာရေးကို လာမယ့် မတ်လ ၂၁ ရက် မှာ ပြုလုပ်ပေးသွားမယ်လို့ ဆိုထားပါတယ်။