Category: News

  • အကြမ်းဖက်စစ်အုပ်စုက ဗုံးသီးတွေ မိုင်းတွေမှာ ပဋ္ဌာန်းစာသားတွေ ကပ်ပြီးတော့ အသုံးပြုနေ

    အကြမ်းဖက်စစ်အုပ်စုက ဗုံးသီးတွေ မိုင်းတွေမှာ ပဋ္ဌာန်းစာသားတွေ ကပ်ပြီးတော့ အသုံးပြုနေ

    အကြမ်းဖက်စစ်အုပ်စုက တိုက်ပွဲတွေမှာ အသုံးပြုနေတဲ့ ဗုံးသီးတွေ ၊ မိုင်းတွေမှာ ဗုဒ္ဓဘာသာဝင်တွေ ရွတ်ဆိုပူဇော်လေ့ရှိတဲ့ ပဋ္ဌာန်းစာသားတွေကို ကပ်ပြီးတော့ အသုံးပြုနေတယ်လို့ ရခိုင်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ Arakan Bay News – ABN က ဒီနေ့မှာ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။

    Arakan Bay News – ABN က ဖော်ပြထားတဲ့ ဓာတ်ပုံတွေမှာ အကြမ်းဖက်စစ်အုပ်စုက လက်ပစ်ဗုံးတွေ ၊ မြေမြှပ်မိုင်းတွေ ၊ ဒုံးကျည် တွေမှာ ပဋ္ဌာန်းစာသားတွေ ကပ်ထားတာကို တွေ့မြင်ရပါတယ်။

    အာရက္ခတပ်တော် (AA) က ရက္ခိုင်ပြည်မှာ ၁၄ မြို့ နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့အပါအဝင် မြို့ပေါင်း ၁၃ မြို့ကို တိုက်ခိုက်သိမ်းပိုက်ထားတာပါ။ ရက္ခိုင်ပြည်မှာ တိုက်ခိုက်သိမ်းပိုက်ဖို့အတွက် စစ်တွေ ၊ ကျောက်ဖြူ နဲ့ မာန်အောင် မြို့တွေပဲ ကျန်ရှိပါတော့တယ်။

    လက်ရှိအချိန်မှာလည်း အာရက္ခတပ်တော် (AA) က ဧရာဝတီတိုင်း နဲ့ မကွေးတိုင်းတွေမှာ တိုက်ပွဲတွေ ဖော်ဆောင်နေတယ်လို့လည်း အသိပေး ထားပါတယ်။

    စစ်ကောင်စီတပ်က ဗုဒ္ဓဝါဒနှင့် ဆန့်ကျင်သည့် လူသတ်လက်နက်များတွင် ဗုဒ္ဓတရားတော်များအား လွဲမှားစွာ အသုံးပြုနေ

    အကြမ်းဖက် စစ်ကောင်စီသည် ဗုဒ္ဓဝါဒနှင့် ဆန့်ကျင်ဖက်ဖြစ်သည့် လူသတ် လက်နက်များတွင် ဗုဒ္ဓ၏ တရားတော်များအား လွဲမှားစွာ အသုံးပြုနေသည်ကို AA ထိန်းချုပ်ထားသည့် စစ်ကောင်စီ တပ်စခန်းများတွင် တွေ့ရသည်။

    ဗုံးသီး၊ ဒုံးကျည်၊ မိုင်း များတွင် ဗုဒ္ဓ၏ ပဌာန်းဒေသနာတော်များထဲမှ အတ္ထိပစ္စယော၊ နတ္ထိပစ္စယောစာများအား ရေး၍ ကပ်ထားသည်ကို တွေ့ရသည်။

    “အတ္ထိပစ္စယော” ဟူသည်မှာ ထင်ရှားရှိခြင်းဟု အဓိပ္ပါယ်ရသည်။ အကြောင်းတရားက အကျိုးတရားများကို ထင်ရှားရှိခြင်းဖြင့် ကျေးဇူးပြုသည်ကို ဆိုလိုပြီး “နတ္ထိပစ္စယော” ဟူသည်မှာ ထင်ရှားမရှိခြင်းဟု အဓိပ္ပါယ်ရသည်။ အကြောင်းတရားက အကျိုးတရားများကို မရှိခြင်းဖြင့် ကျေးဇူးပြုခြင်းကို ဆိုလိုသည်။

    ဗုဒ္ဓဝါဒသည် သတ်ဖြတ်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်းစသော အကြမ်းဖက်မှုကို လုံးဝ လက်မခံသော ဝါဒ တစ်ခု ဖြစ်ပြီး အကြမ်းမဖက် ငြိမ်းချမ်းသော ဝါဒ ဖြစ်သည်။

    အကြမ်းဖက် စစ်ကောင်စီတပ်သည် စစ်လက်နက်များဖြင့် နိုင်ငံအနှံ့ အပြစ်မဲ့ ပြည်သူများကို ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့် အပြင် ဗုဒ္ဓတရားတော်များကိုလည်း လက်နက်များတွင် တလွဲ အသုံးချနေသည်ကို ကန့်ကွက်ကြောင်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက ပြောဆိုနေကြသည်ကို တွေ့ရသည်။

    ဓာတ်ပုံ-အကြမ်းဖက် စစ်ကောင်စီတပ်က ဗုဒ္ဓတရားတော်စာများအား လက်ပစ်ဗုံးသီး၊ ၆၀ ဗုံးသီး၊ မြေမြှုပ်မိုင်းများတွင် ကပ်ထားသည်ကိုတွေ့ရစဥ်/ABN

  • စလင်းမြို့နယ်၊ ဆင်ကျုံးရွာထိပ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်

    စလင်းမြို့နယ်၊ ဆင်ကျုံးရွာထိပ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်

    စလင်းမြို့နယ်၊ ဆင်ကျုံးရွာထိပ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သားနှင့် ပျူစောထီး ၅ ဦးသေဆုံး

    မကွေးတိုင်း ၊ စလင်းမြို့နယ်၊ ဆင်ကျုံးရွာထိပ်ရှိ အကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၅ ဦးသေဆုံးခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်း မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

    ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက် နံနက်ပိုင်းက စလင်းမြို့နယ်၊ ဆင်းကျုံးကျေးရွာထိပ်ရှိအကြမ်းဖက်စစ်သား၊ ပျူစောထီး ၁၀ ဦးခန့်ဖြင့် တပ်စွဲပြီး ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် နံနက် ၆ နာရီခန့်တွင် တစ်ကြိမ်၊ ၈ နာရီခန့်တွင် တစ်ကြိမ်နှင့် ၉ နာရီခန့်တွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၅ ဦးသေဆုံးပြီး ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    “အင်အားက ၁၀ ယောက်လောက်ပဲရှိတာ၊ မနက် ၆ နာရီလောက်တစ်ကြိမ်၊ ၈ နာရီခွဲလောက်တစ် ကြိမ်နဲ့ ၉ နာရီကျော်ကျော်လောက်တစ်ကြိမ် ၃ ကြိမ်ချခဲ့တာ၊ ၅ ဦးသေတယ်၊ ၄ ဦးဒဏ်ရာရရတယ်၊ အဲဒီသေဆုံးထိခိုက်စာရင်းက အတည်ဖြစ်ပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတော့ရှိတယ်၊ ရဲဘော်တွေထိခိုက်မှုမရှိခဲ့ပါဘူး။ တိုက်ခိုက်ခံရပြီးတော့ အင်အားတွေထပ်တိုး ထားတာရှိတယ်။” ဟု မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူက ပြောကြားသည်။

    အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းနှင့် မကွေးတိုင်း ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

  • မိုးထိတောင်တပ်စခန်းကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်တပ်က အင်အား ၁၀၀၀ ဝန်းကျင်ဖြင့် စစ်ဆင်ရေးပြင်

    မိုးထိတောင်တပ်စခန်းကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်တပ်က အင်အား ၁၀၀၀ ဝန်းကျင်ဖြင့် စစ်ဆင်ရေးပြင်

    ပဲခူးတိုင်းနှင့်ရခိုင်အစပ်တွင် AA က သိမ်းပိုက်ထားသော မိုးထိတောင်တပ်စခန်းကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်တပ်က အင်အား ၁၀၀၀ ဝန်းကျင်ဖြင့် စစ်ဆင်ရေးပြင်၊ သာယာဝတီတွင် ပျူစောထီးများကို လက်နက်များ တပ်ဆင်ပေးနေ

    ပဲခူးတိုင်းနှင့်ရခိုင်အစပ် ပန်းတောင်းမြို့နယ်တွင် AA က သိမ်းပိုက်ထားသော မိုးထိတောင်တပ်စခန်းကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်တပ်က အင်အား ၁၀၀၀ ဝန်းကျင်တိုးချဲ့နေပြီး ရခိုင်ရိုးမပေါ်ကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း ဒေသ သတင်းရင်းမြစ်များက ပြောဆိုသည်။

    ဇန်နဝါရီလ ၂၇ ရက်နေ့မှစတင်၍ ဇန်နဝါရီလ ၂၉ ရက်နေ့အထိ ပြည်မြို့နှင့် ဥသျှစ်ပင်မြို့ဘက်မှ စစ်ကား ၂၅ စီးထက်မနည်း အင်အားအပြည့်ဖြင့် ပန်းတောင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာသို့ ဝင်ရောက်လာကြောင်း ၊ အဆိုပါ စစ်ကောင်စီ တပ်သားများသည် ညောင်ခြေတောက်ရွာရှိ ကပစ ၆ နှင့် အမြှောက်တပ်တို့တွင် အင်အားစုဖွဲ့များ လုပ်ဆောင်ထားပြီး ရခိုင်ရိုးမပေါ်ကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း၊ ထို အင်အားစုဖွဲ့မှုတွင် ကွန်မန်ဒိုများလည်း ပါဝင်ပြီး လူအင်အား ၁၀၀၀ ဝန်းကျင် ခန့်ရှိကြောင်း သိရှိရသည်။

    ” ဇန်နဝါရီ ၂၇ နဲ့ ၂၈ ရက်နေ့ ညပိုင်းတွေမှာ ပြည်မြို့ဘက်ကနေပြီး စစ်ကား ၂၂ စီးနဲ့ ကွန်မန်ဒိုတွေလည်းပါတယ်။ ညောင်ခြေတောက်ရွာကို ပို့ဆောင်လိုက်တယ်။ ဇန်နဝါရီလ ၂၉ ရက်နေ့မှာလည်း ဥသျှစ်ပင်မြို့ကနေ အရပ်သား ဖောကား ၂ စီးပေါ်မှာ စစ်ခွေး အင်အားအပြည့်နဲ့ ကျန် ၁ စီးကတော့ လက်နက်ခဲယမ်း တင်ဆောင်ပြီး ညောက်ခြေတောက်ရွာကို ထပ်ဝင်ရောက်လာတယ်။ စစ်ခွေးတွေကို ကပစ ၆ နဲ့ အမြှောက်တပ်ထဲမှာ အင်အားစုဖွဲ့ထားတယ်။ စစ်ခွေး အင်အား ၁၀၀၀ လောက်ရှိတယ်။ ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတယ်” ဟု ဒေသခံသတင်းရင်းမြစ်များက ပြောဆိုသည်။

    ရခိုင်ရိုးမ တောင်တန်း အထက်ရှိ အကြမ်းဖက် စစ်တပ်၏ မိုးထိတောင် စခန်းကို AA က ဇန်နဝါရီလ ၂၆ ရက်နေ့တွင် အပြီး သတ် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်အသုံးအဆောင်များ၊ လက်နက်ခဲယမ်းများနှင့် စစ်သား မသာ အလောင်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း AA က ထုတ်ပြန်ပြီးနောက် စစ်တပ်က ယင်းနေရာကို ပြန်လည် သိမ်းပိုက်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။

    ထို့ပြင် ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် အကြမ်းဖက် စစ်တပ်က ဖွဲ့စည်းထားသော ပျူစောထီးများကိုလည်း လက်နက်များ၊ ငွေကြေးများနှင့် စစ်ယူနီဖောင်းများ ပေးအပ် ထောက်ပံ့နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

    ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များ၌ ဖွဲ့စည်းထားသော ပျူစောထီးများကို အကြမ်းဖက် စစ်တပ်က တစ်ဦးလျှင် ငွေကျပ် ၂ သိန်း၊ ယူနီဖောင်းများနှင့်လက်နက်ခဲယမ်းများ ပေးအပ်ထောက်ပံ့မှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

    ထိုသို့ လုပ်ဆောင်ခြင်းသည် အကြမ်းဖက် စစ်တပ်က ဥသျှစ်ပင်မြို့နှင့် ပန်းတောင်းမြို့တို့တွင် တိုက်ပွဲများ ပြင်းထန်လာပါက စစ်ကူပို့ဆောင်နိုင်ရန် အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း သိရှိရသည်။

    ” စစ်ခွေးတွေက ဥသျှစ်ပင်နဲ့ ပန်းတောင်းအတွက် ကြိုပြင်နေတဲ့ ပုံစံပဲ သာယာဝတီခရိုင်ထဲက မြို့နယ်တွေမှာ ဖွဲ့စည်းထားတဲ့ ပျူစောထီးတွေကို တစ်ဦးလျှင် ငွေကျပ် ၂ သိန်းနဲ့ ယူနီဖောင်းတွေ ထောက်ပံ့ပေးနေတာတွေရှိတယ်။ လက်နက် တပ်ဆင်ပေးတဲ့ ပျူစောထီးတွေလည်းရှိတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

    ဓာတ်ပုံ- AA က ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ မိုးထိတောင် တပ်စခန်းကို သိမ်းပိုက်ထားစဉ်။

  • ကန့်ဘလူရှိ ကျေးရွာများသို့  စစ်ယာဉ်တန်း၊ စစ်ကြောင်းများဖြင့် ဝင်ရောက် စီးနင်း

    ကန့်ဘလူရှိ ကျေးရွာများသို့ စစ်ယာဉ်တန်း၊ စစ်ကြောင်းများဖြင့် ဝင်ရောက် စီးနင်း

    ကန့်ဘလူရှိ ကျေးရွာများသို့ စစ်ယာဉ်တန်း၊ စစ်ကြောင်းများဖြင့် ဝင်ရောက် စီးနင်းပြီး စစ်မှုထမ်းခိုင်းရန် လူငယ် ၁၀၀ နီးပါးကို စစ်တပ်က အတင်းအဓမ္မ ဖမ်းဆီး

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်နယ်ရှိ ဇီးကုန်းမြို့၊ နဂါးပေါ်ရွာ နှင့် ပုပ္ပါးရွာတို့ကို အကြမ်းဖက် စစ်တပ်က စစ်ကားများဖြင့် ဝင်ရောက် စီးနင်းပြီး လူငယ် ၁၀၀ နီးပါးကို အတင်း အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက တစ်ဦးက ပြောဆိုသည်။

    ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၃၅ မိနစ်ခန့်တွင် ကန့်ဘလူမြို့မှ မြို့နယ်ရဲမှူးအပါအဝင် ရဲကား ၃ စီးနှင့် ကန့်ဘလူ ၆၀၀၆ အမြောက်တပ်ရင်းမှ စစ်ကား ၆ စီးက ဇီးကုန်းမြို့ပေါ် ရောက်ရှိလာပြီး မြို့ပေါ် ရပ်ကွက်အတွင်းရှိ လူငယ်များကို အတင်းအဓမ္မလိုက်လံ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    ထို့ပြင် နံနက် ၁၀ နာရီ ဝန်းကျင်ခန့်ကလည်း ကန့်ဘလူမြို့နယ် ဇီးကုန်းသကြားစက်မှ စစ်ကောင်စီ တပ်သားများကလည်း စစ်ကား ၄ စီးဖြင့် နဂါးပေါ်ရွာနှင့် ပုပ္ပါးရွာ အတွင်းကို ကားများဖြင့် ဝင်ရောက်စီးနင်းပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “ငွေနဲ့ ရွေးခိုင်းတာတော့ မကြားသေးဘူး။ လူငယ် လူလတ်ပိုင်းတွေချည်းဆွဲသွားတာ”ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

    ဖမ်းဆီးခံရသူများကို မည်သည့်နေရာသို့ ပို့ဆောင်မည်ကို မသိရှိရသေးကြောင်း၊ သားသမီးများ ပါသွားသည့် မိသားစုဝင်များမှာ အရူးတစ်ပိုင်း ဖြစ်နေပြီး မည်သို့ လုပ်ဆောင်ရမည်ကို မသိရှိဖြစ်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

    ကန့်ဘလူမြို့နယ် အတွင်း ပျူစောထီး ခေါင်းဆောင် ဝါသဝနှင့် မြို့ပေါ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးများ ဦးဆောင်၍ စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီးမှုများကို ဇန်နဝါရီ ၁၅ ရက်နေ့မှစ၍ ကျေးရွာတချို့နှင့် မြို့ပေါ်ရပ်ကွက်များတွင် စတင်လုပ်ဆောင်လာခြင်းဖြစ်ပြီး ကန့်ဘလူမြို့ ဗျူဟာမှူးပင် မသိရှိခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

    ဓာတ်ပုံ- စစ်မှုထမ်း အပတ်စဉ် ၉ တွင် တက်ရောက်ရန် စုဆောင်းခံရသည့် လူငယ်များ။

  • တမူးမြို့အနီး တိုက်ပွဲပြင်းထန်နေ

    တမူးမြို့အနီး တိုက်ပွဲပြင်းထန်နေ

    စစ်ကိုင်းတိုင်း၊ တမူးမြို့အနီး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူပေးပြီး ခုခံနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

    ဇန်နဝါရီ ၂၇ ရက်ကစ၍ ဇန်နဝါရီ ၂၉ ရက်အထိ တမူးမြို့နယ် ကျွန်းပင်သာနှင့် မင်းသာကျေးရွာတို့ရှိ စစ်ကောင်စီအထိုင်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေခြင်းဟု ဆိုသည်။

    “တိုက်ပွဲက တမူးမြို့အထက်ပိုင်း ကျွန်းပင်သာနဲ့ မင်းသာရွာမှာ ဖြစ်နေတာ။မနေ့က ရှမ်းနီတပ်မတော်SNAက အရာရှိတစ်ယောက် အပါအဝင် စကစ ပူးပေါင်းတပ်ဖွဲ့တွေ သေဆုံးတာတွေရှိတယ်။နှစ်ဖက်ထိခိုက်မှု များတယ်လို့ကြားတယ်”ဟု တမူးခရိုင် စစ်ရေးနှင့်ဆက်စပ်သူတစ်ဦးက ပြောသည်။

    ကျွန်းပင်သာနှင့် မင်းသာကျေးရွာတွင် စစ်ကောင်စီတပ်၊ ကသဲ၊ SNA နှင့် နာဂပြည်သူစစ် စုစုပေါင်း အင်အား ၆၀၀ခန့်ဖြင့် တပ်စွဲထားကြောင်းလည်း သိရသည်။

    ကျွန်းပင်သာကျေးရွာရှိ စစ်ကောင်စီစခန်းများကို သိမ်းပိုက်နိုင်ပြီဟု သတင်းထွက်ပေါ်နေသည်။

    “မနေ့ညက မင်းသာတိုက်ပွဲကို ဂျက်ဖိုက်တာနဲ့လာပစ်တာ အချင်းချင်းမှားပစ်လို့ ခွေးတွေသေတာများတယ်လို့ သိရ”ဟု Tamu Indepth News က ရေးသားထားသည်။

    စစ်ကောင်စီနှင့် ပူးပေါင်တပ်ဖွဲ့များ၏ စစ်စခန်းများကို စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၏ ဒေသအခြေစိုက် ခရိုင်ပူးပေါင်းတပ်များနှင့် ကူကီးအမျိုး သားတပ်မတော် KNA(B) တို့က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

    တော်လှန်ရေးပူးပေါင်းတပ်များသည် တမူးမြို့သိမ်းတိုက်ပွဲဆင်နွှဲနိုင်ရန် တမူးမြို့နယ်ရှိ ကျွန်းပင်သာ နှင့် မင်းသာကျေးရွာရှိ စစ်ကောင်စီစခန်းများ သိမ်းပိုက်ခြင်းအပါအဝင် ပန်းသာအ ခြေစိုက်စစ်ကောင်စီစခန်းနှင့် ဟဲဇင်းအခြေစိုက် တပ်စခန်းများသိမ်းနိုင်ရန် လိုအပ်မည်ဟု ဒေသတွင်း သတင်းရင်းမြစ် ခိုနူမ်းသုန်က ဖော်ပြထားသည်။

    စစ်ကိုင်းတိုင်းအနောက်ဘက်ခြမ်းရှိ အိန္ဒိယနိုင်ငံနှင့်ထိစပ်နေသည့် တမူးခရိုင်တွင် တမူး၊မြို့သစ်၊ခါမ်းပါတ်မြို့များပါဝင်ကာ မြို့သစ်နှင့် ခါမ်းပါတ် မြို့များအား တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားပြီးဖြစ်သည်။

    တမူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။(ဓာတ်ပုံ – တမူး PDF)