📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

စလင်းမြို့နယ်၊ ဆင်ကျုံးရွာထိပ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်

—

by

in

စလင်းမြို့နယ်၊ ဆင်ကျုံးရွာထိပ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သားနှင့် ပျူစောထီး ၅ ဦးသေဆုံး

မကွေးတိုင်း ၊ စလင်းမြို့နယ်၊ ဆင်ကျုံးရွာထိပ်ရှိ အကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၅ ဦးသေဆုံးခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်း မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက် နံနက်ပိုင်းက စလင်းမြို့နယ်၊ ဆင်းကျုံးကျေးရွာထိပ်ရှိအကြမ်းဖက်စစ်သား၊ ပျူစောထီး ၁၀ ဦးခန့်ဖြင့် တပ်စွဲပြီး ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် နံနက် ၆ နာရီခန့်တွင် တစ်ကြိမ်၊ ၈ နာရီခန့်တွင် တစ်ကြိမ်နှင့် ၉ နာရီခန့်တွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၅ ဦးသေဆုံးပြီး ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အင်အားက ၁၀ ယောက်လောက်ပဲရှိတာ၊ မနက် ၆ နာရီလောက်တစ်ကြိမ်၊ ၈ နာရီခွဲလောက်တစ် ကြိမ်နဲ့ ၉ နာရီကျော်ကျော်လောက်တစ်ကြိမ် ၃ ကြိမ်ချခဲ့တာ၊ ၅ ဦးသေတယ်၊ ၄ ဦးဒဏ်ရာရရတယ်၊ အဲဒီသေဆုံးထိခိုက်စာရင်းက အတည်ဖြစ်ပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတော့ရှိတယ်၊ ရဲဘော်တွေထိခိုက်မှုမရှိခဲ့ပါဘူး။ တိုက်ခိုက်ခံရပြီးတော့ အင်အားတွေထပ်တိုး ထားတာရှိတယ်။” ဟု မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းနှင့် မကွေးတိုင်း ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်