📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

အကြမ်းဖက်စစ်အုပ်စုက ဗုံးသီးတွေ မိုင်းတွေမှာ ပဋ္ဌာန်းစာသားတွေ ကပ်ပြီးတော့ အသုံးပြုနေ

—

by

in

အကြမ်းဖက်စစ်အုပ်စုက တိုက်ပွဲတွေမှာ အသုံးပြုနေတဲ့ ဗုံးသီးတွေ ၊ မိုင်းတွေမှာ ဗုဒ္ဓဘာသာဝင်တွေ ရွတ်ဆိုပူဇော်လေ့ရှိတဲ့ ပဋ္ဌာန်းစာသားတွေကို ကပ်ပြီးတော့ အသုံးပြုနေတယ်လို့ ရခိုင်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ Arakan Bay News – ABN က ဒီနေ့မှာ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။

Arakan Bay News – ABN က ဖော်ပြထားတဲ့ ဓာတ်ပုံတွေမှာ အကြမ်းဖက်စစ်အုပ်စုက လက်ပစ်ဗုံးတွေ ၊ မြေမြှပ်မိုင်းတွေ ၊ ဒုံးကျည် တွေမှာ ပဋ္ဌာန်းစာသားတွေ ကပ်ထားတာကို တွေ့မြင်ရပါတယ်။

အာရက္ခတပ်တော် (AA) က ရက္ခိုင်ပြည်မှာ ၁၄ မြို့ နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့အပါအဝင် မြို့ပေါင်း ၁၃ မြို့ကို တိုက်ခိုက်သိမ်းပိုက်ထားတာပါ။ ရက္ခိုင်ပြည်မှာ တိုက်ခိုက်သိမ်းပိုက်ဖို့အတွက် စစ်တွေ ၊ ကျောက်ဖြူ နဲ့ မာန်အောင် မြို့တွေပဲ ကျန်ရှိပါတော့တယ်။

လက်ရှိအချိန်မှာလည်း အာရက္ခတပ်တော် (AA) က ဧရာဝတီတိုင်း နဲ့ မကွေးတိုင်းတွေမှာ တိုက်ပွဲတွေ ဖော်ဆောင်နေတယ်လို့လည်း အသိပေး ထားပါတယ်။

စစ်ကောင်စီတပ်က ဗုဒ္ဓဝါဒနှင့် ဆန့်ကျင်သည့် လူသတ်လက်နက်များတွင် ဗုဒ္ဓတရားတော်များအား လွဲမှားစွာ အသုံးပြုနေ

အကြမ်းဖက် စစ်ကောင်စီသည် ဗုဒ္ဓဝါဒနှင့် ဆန့်ကျင်ဖက်ဖြစ်သည့် လူသတ် လက်နက်များတွင် ဗုဒ္ဓ၏ တရားတော်များအား လွဲမှားစွာ အသုံးပြုနေသည်ကို AA ထိန်းချုပ်ထားသည့် စစ်ကောင်စီ တပ်စခန်းများတွင် တွေ့ရသည်။

ဗုံးသီး၊ ဒုံးကျည်၊ မိုင်း များတွင် ဗုဒ္ဓ၏ ပဌာန်းဒေသနာတော်များထဲမှ အတ္ထိပစ္စယော၊ နတ္ထိပစ္စယောစာများအား ရေး၍ ကပ်ထားသည်ကို တွေ့ရသည်။

“အတ္ထိပစ္စယော” ဟူသည်မှာ ထင်ရှားရှိခြင်းဟု အဓိပ္ပါယ်ရသည်။ အကြောင်းတရားက အကျိုးတရားများကို ထင်ရှားရှိခြင်းဖြင့် ကျေးဇူးပြုသည်ကို ဆိုလိုပြီး “နတ္ထိပစ္စယော” ဟူသည်မှာ ထင်ရှားမရှိခြင်းဟု အဓိပ္ပါယ်ရသည်။ အကြောင်းတရားက အကျိုးတရားများကို မရှိခြင်းဖြင့် ကျေးဇူးပြုခြင်းကို ဆိုလိုသည်။

ဗုဒ္ဓဝါဒသည် သတ်ဖြတ်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်းစသော အကြမ်းဖက်မှုကို လုံးဝ လက်မခံသော ဝါဒ တစ်ခု ဖြစ်ပြီး အကြမ်းမဖက် ငြိမ်းချမ်းသော ဝါဒ ဖြစ်သည်။

အကြမ်းဖက် စစ်ကောင်စီတပ်သည် စစ်လက်နက်များဖြင့် နိုင်ငံအနှံ့ အပြစ်မဲ့ ပြည်သူများကို ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့် အပြင် ဗုဒ္ဓတရားတော်များကိုလည်း လက်နက်များတွင် တလွဲ အသုံးချနေသည်ကို ကန့်ကွက်ကြောင်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက ပြောဆိုနေကြသည်ကို တွေ့ရသည်။

ဓာတ်ပုံ-အကြမ်းဖက် စစ်ကောင်စီတပ်က ဗုဒ္ဓတရားတော်စာများအား လက်ပစ်ဗုံးသီး၊ ၆၀ ဗုံးသီး၊ မြေမြှုပ်မိုင်းများတွင် ကပ်ထားသည်ကိုတွေ့ရစဥ်/ABN

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်