Category: News

  • အဆိုတော် လမင်းကဗျာ လှိုင်မြို့နယ်နေအိမ်မှာ ဖမ်းဆီးခံရတယ်လို့ သတင်းထွက်ပေါ်

    အဆိုတော် လမင်းကဗျာ လှိုင်မြို့နယ်နေအိမ်မှာ ဖမ်းဆီးခံရတယ်လို့ သတင်းထွက်ပေါ်

    အာဏာသိမ်းစစ်ကော်မရှင် ထောက်ခံသူတွေက ဖမ်းဆီးဖို့ လှုံ့ဆော်မှုတွေ ပြုလုပ်နေခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင်နဲ့ DJ ပညာရှင် လမင်းကဗျာကို မတ်လ ၉ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်း လှိုင်မြို့နယ်ရှိ နေအိမ်တွင် လာရောက်ဖမ်းဆီးသွားကြောင်း မြေပြင်သတင်းကွန်ရက်များက ဖော်ပြထားပါတယ်။

    သတင်းတွေအရ မတ်လ ၉ ရက် နံနက် ၉ နာရီခွဲဝန်းကျင်က လှိုင်မြို့နယ် ၁၆ ရပ်ကွက် ဦးဖိုးမှန်လမ်းရှိ နေအိမ်တစ်လုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်များ လာရောက်ပြီး အမျိုးသမီးတစ်ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ Rangoon Scout Network က ထုတ်ပြန်ထားပါတယ်။

    ဒေသခံမျက်မြင်တွေ့ရှိသူများရဲ့ ပြောဆိုချက်အရ မတ်လ ၈ ရက် ညပိုင်းကတည်းက အဆိုပါနေအိမ်အနီးတွင် ရဲကားတစ်စီးနဲ့ အိမ်စီးကားတစ်စီး ရောက်ရှိနေခဲ့ပြီး နောက်တစ်နေ့ မနက်ပိုင်းတွင် လုံခြုံရေးအင်အား ဆယ်ဦးထက်မနည်းဖြင့် လာရောက်ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

    ဖမ်းဆီးခံရသူဟာ အဆိုတော် လမင်းကဗျာဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူများနဲ့ မြေပြင်သတင်းရင်းမြစ်များက ပြောဆိုထားပေမယ့် လက်ရှိအချိန်အထိ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

    “မနက်က လှိုင်၊ ၁၆ ရပ်ကွက်ထဲ အဖမ်းအဆီးဖြစ်စဉ်က သူ့ကို ဝင်ဖမ်းတာလို့ ကနဦး ကြားထားပါတယ်။ အတည်ပြုနေဆဲပါဗျ။”လို့ Rangoon Scout Network တာဝန်ရှိသူက ပြောပါတယ်။

    လမင်းကဗျာ ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး စစ်ကော်မရှင်ဘက်ကလည်း တရားဝင် ထုတ်ပြန်ချက်တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

    ပြီးခဲ့တဲ့ မတ်လ ၃ ရက်က မကွေးတိုင်း မြိုင်မြို့နယ် ဝယ်တောင်ကျေးရွာတွင် ပြုလုပ်ခဲ့တဲ့ အလှူပွဲတစ်ခုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး လုံခြုံရေးယူပေးနေစဉ် လမင်းကဗျာ သီဆိုဖျော်ဖြေနေတဲ့ ရုပ်သံဖိုင်တွေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

    အဆိုပါ ရုပ်သံဖိုင်တွေ ပျံ့နှံ့လာပြီးနောက် အာဏာသိမ်းစစ်ကော်မရှင် ထောက်ခံသူများက လမင်းကဗျာကို ဖမ်းဆီးအရေးယူရန် လူမှုကွန်ရက်ပေါ်တွင် လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

    ရုပ်သံ – လူမှုကွန်ရက်

  • မိန်းမဖြစ်သူက ပေးမအိပ်လို့

    မိန်းမဖြစ်သူက ပေးမအိပ်လို့

    မိန်းမက- သူ့ကို မပေးအိပ်လို့ဆိုပီး -မိန်းမကို ရှင်းပစ်ခဲ့တဲ့ သတင်း-

    ဘန်ကောက်မြို့က- အငှါးတိုက်ခန်းတွေမှာ လင်မယား၂ယောက်က- အတူနေထိုင်ကြတယ်။

    မိန်းမရဲ့ အသက်က- 49နှစ်- ဒါပေမဲ့ ပီးခဲ့တဲ့- ၂လပိုင်းက- သူတို့လင်မယားတွေက-

    အကြောင်းတခုခုကြောင့်- ကွာရှင်းလိုက်ကြပီး-

    ၁-ယောက်၁ခန်းဆီ၊ ခွဲပီး နေခဲ့ကြတယ်။

    အဲတော့- မိန်းမမဟုတ်တော့ပဲ- ဇနီးဟောင်းဖြစ်သွားတယ်။

    – 8ရက်နေ့ ညတုန်းက- ယောက်ကျားက- ဇနီးဟောင်းဖြစ်သူ မိန်းမကို ခေါ်ပီး-

    အပြင်မှာသွားစားသောက်ကြတယ်။

    ပြန်လာတော့- မနက်-၄ နာရီ ထိုးနေပီ။

    သူတို့ ၂ ယောက်လဲ- သောက်စားလာတော့- မူးလဲမူးနေကြတယ်။

    အဲတာနဲ့- ယောက်ကျားက သူ့ဇနီးဟောင်းနဲ့ အိပ်ချင်တယ်ပြောတာ- ဇနီးဟောင်းက လက်မခံဘူး။

    ဒီတော့ ယောက်ကျားလုပ်သူက မပေးအိပ်တဲ့ သူ့-မိန်းမကို-စိတ်တိုပီး- ဓ-ားနဲ့- လည်ပင်းကို ထိုးသွင်း ရှင်းလိုက်တယ်။

    နောက် ယောက်ကျားက- ထောင်ကျမှာစိုးလို့- သူ့ကိုသူစီရင်မယ် အလုပ်မှာ- ရဲတွေ အချိန်မှီရောက်လာလို့-မလုပ်နိုင်ခဲ့ဘူး။

    မိန်းမဖြစ်သူရဲ့- အလောင်းကို စစ်ဆေးတော့၊ လည်ပင်း

    ထိုးသွင်းဒဏ်ရာနဲ့- ကိုပေါ်မှာ ဘာမှ မရှိဘူး။

    အ.တ.ခ- တစ်ထည်ပဲ ဝတ်ထားပီး ကုတင်ပေါ်မှာ ဆုံးနေပါပီ။

    အဲတော့ ရဲတွေက- ဘာမဟုတ်တာလေးနဲ့- ကို့မိန်းမကိုရှင်းခဲ့တဲ့- ယောက်ကျားကို ဖမ်းသွားပါတယ်။

    Nanpiya Panno

  • ယင်းမာပင် တပ်ရင်း (၂၀) အတွင်း ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့စော်ကားမှုအပေါ် ပြတ်ပြတ်သားသား အရေးယူရန် ၁၄၉ ဖွဲ့ တောင်းဆို

    ယင်းမာပင် တပ်ရင်း (၂၀) အတွင်း ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့စော်ကားမှုအပေါ် ပြတ်ပြတ်သားသား အရေးယူရန် ၁၄၉ ဖွဲ့ တောင်းဆို

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အခြေစိုက် တပ်ရင်း (၂၀) (ရိုးမရာဇာ) တွင် တာဝန်ထမ်းဆောင်နေသည့် အမျိုးသမီးရဲဘော်တဦးအပေါ် တပ်ရင်းမှူးကိုယ်တိုင် ဦးဆောင်ကာ လူမဆန်စွာညှဉ်းပန်းနှိပ်စက်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများကို ထိရောက်စွာအရေးယူပေးရန် တော်လှန်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၄၉ ဖွဲ့က တောင်းဆိုလိုက်သည်။

    ယနေ့ (မတ်လ ၉) တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ခဲ့ခြင်းဖြစ်၍ နစ်နာသူ အမျိုးသမီးရဲဘော်အား တပ်ရင်းတာဝန်ရှိသူများက မတရားဖမ်းဆီးကာ ကျေးရွာလူထုရှေ့တွင် ရိုက်နှက်ခြင်း၊ အချုပ်ခန်းအတွင်း လက်ပြန်ကြိုးတုတ် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

    ထို့ပြင် နစ်နာသူ၏ ခန္ဓာကိုယ်ပေါ်တွင် ဓားဖြင့် နာမည်နှင့် တပ်ရင်းနံပါတ်များအား အဓမ္မ ရေးထွင်းခြင်း စသည့်ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များကိုပါ ကျူးလွန်ခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ယင်းလုပ်ရပ်သည် တော်လှန်ရေးကာလအတွင်း အာဏာအလွဲသုံးစားလုပ်ကာ ကျူးလွန်သည့် ရာဇဝတ်မှုဖြစ်ပြီး တရားဥပဒေစိုးမိုးရေးကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

    ဗကသများအဖွဲ့ချုပ်၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) နှင့် ဒေသအသီးသီးမှ သပိတ်ကော်မတီများ အပါအဝင် အဖွဲ့အစည်း ၁၄၉ ဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် သက်ဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့များထံ အချက် သုံးချက်ကို အလေးအနက် တောင်းဆိုထားသည်။

    ကျူးလွန်သူ တပ်ရင်းမှူးနှင့် အဖွဲ့ကို တော်လှန်ရေး တရားစီရင်ရေးစနစ်ဖြင့် အမြန်ဆုံး အရေးယူရန်၊ နစ်နာသူနှင့် မိသားစုဝင်များအား ဘေးကင်းရာသို့ ရွှေ့ပြောင်းစောင့်ရှောက်ပေးရန်နှင့် နောင်တွင် ယခုကဲ့သို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ မဖြစ်ပွားစေရေးအတွက် ခိုင်မာသောမူဝါဒများ ချမှတ်အကောင်အထည်ဖော်ရန်တို့ ဖြစ်သည်။

    ယခု ထုတ်ပြန်ချက်တွင် အဖွဲ့အစည်း ၁၁၉ ဖွဲ့က အမည်ဖော်ပြကာ လက်မှတ်ရေးထိုးထားပြီး လုံခြုံရေးအခြေအနေကြောင့် အမည်မဖော်လိုသည့် အဖွဲ့အစည်း ၃၀ တို့ကလည်း ပူးပေါင်း ပါဝင်ထားကြောင်း သိရသည်။

  • ညောင်လေးပင်မြို့နယ် အစုလိုက်အပြုလိုက်သတ်ဖြတ်မှု ဓါတ်ပုံတွေ KNU ထုတ်ပြန်လာ

    ညောင်လေးပင်မြို့နယ် အစုလိုက်အပြုလိုက်သတ်ဖြတ်မှု ဓါတ်ပုံတွေ KNU ထုတ်ပြန်လာ

    ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်ရေးနယ်မြေဖြစ်တဲ့ ညောင်လေးပင်မြို့အတွင်း စစ်ကော်မရှင်တပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာပြီး အရပ်သားပြည်သူ ၁၆၀ ခန့်ကို ဖမ်းဆီးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

    KNU ရဲ့ ထုတ်ပြန်ချက်အရ မတ်လ ၅ ရက်နေ့မှာ ခမရ-၂၀၊ ခလရ-၂၆၄ နဲ့ ခမရ-၄၃၉ တပ်ရင်းတွေ ပါဝင်တဲ့ စစ်ကော်မရှင် ပူးပေါင်းစစ်ကြောင်းဟာ ရေတွင်းကုန်းကျေးရွာအုပ်စုအတွင်း ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံအရပ်သား ၁၆၀ ဝန်းကျင်ကို အကြောင်းမဲ့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

    648980715 940532678476400 2892353862438310002 N

    မတ်လ ၇ ရက်နေ့မှာတော့ စစ်ကော်မရှင်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်က ဒရုန်းနဲ့ ဂျက်ဖိုက်တာအသုံးပြုကာ ရေတွင်းကုန်းကျေးရွာအုပ်စုအတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်တွေ ဖမ်းဆီးထားတဲ့ အရပ်သားပြည်သူ ၂၅ ဦးခန့် ထိခိုက်သေဆုံးခဲ့ပြီး အခြား ၅ ဦးကိုလည်း စစ်ကော်မရှင်တပ်တွေက သတ်ဖြတ်ခဲ့တယ်လို့ KNU က ပြောပါတယ်။

    647546777 940532695143065 7801622999073245263 N

    KNU ကတော့ စစ်ကော်မရှင်တပ်တွေဟာ အာဏာတည်မြဲရေးအတွက် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို မြန်မာနိုင်ငံအနှံ့ ဆက်တိုက် ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် နိုင်ငံရေးထွက်ပေါက်အဖြစ် အတုအယောင်ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးပမ်းနေချိန်မှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုမိုကျူးလွန်နေတယ်လို့ KNU က ထောက်ပြထားပါတယ်။

    လက်ရှိမှာ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်တဲ့ အသေးစိတ်စာရင်းတွေကို KNU က ဆက်လက် စိစစ်အတည်ပြုနေဆဲဖြစ်ပြီး အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။

  • စက်သုံးဆီရောင်းချပေးခြင်းမရှိပါက ဖုန်းဖြင့် ဆက်သွယ်တိုင်ကြားနိုင်ပြီး ရောင်းချမှုမရှိကြောင်း စိစစ်တွေ့ရှိရသည့် အရောင်းဆိုင်ကို ပိတ်သိမ်းအရေးယူမည်

    စက်သုံးဆီရောင်းချပေးခြင်းမရှိပါက ဖုန်းဖြင့် ဆက်သွယ်တိုင်ကြားနိုင်ပြီး ရောင်းချမှုမရှိကြောင်း စိစစ်တွေ့ရှိရသည့် အရောင်းဆိုင်ကို ပိတ်သိမ်းအရေးယူမည်

    စက်သုံးဆီရောင်းချပေးခြင်းမရှိပါက ဖုန်းဖြင့် ဆက်သွယ်တိုင်ကြားနိုင်ပြီး ရောင်းချမှုမရှိကြောင်း စိစစ်တွေ့ရှိရသည့် အရောင်းဆိုင်ကို ပိတ်သိမ်းအရေးယူမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

    စွမ်းအင်ဝန်ကြီးဌာနမှ စက်သုံးဆီဖူလုံမှုရှိစေရေးအစီအမံဖြင့် ဆောင်ရွက်ထားရှိသည့်အတွက်ရက် ၄၀ ခန့်စာ တင်သွင်းသိုလှောင်ထားရှိပြီး စက်သုံးဆီများကို သီလဝါမှ နိုင်ငံတစ်ဝန်းသို့ ဆီတင်ယာဉ်များဖြင့် ဖြည့်တင်းဖြန့်ဖြူးပေးလျက်ရှိရာ

    ရန်ကုန်မြို့၊ သီလဝါရှိ Terminal များမှ စက်သုံးဆီများကို ပုံမှန်ခွင့်ပြုထုတ်ပေးလျက်ရှိပြီး ရောင်းအားမြင့်တက်သည့် အရောင်းဆိုင်များကိုလည်း Urgent Po များကိုလည်း ထပ်မံခွင့်ပြုထုတ်ပေးလျက်ရှိသဖြင့် စက်သုံးဆီပုံမှန်ရောင်းချပေးနိုင်ကြောင်း၊ မလိုအပ်ဘဲ ဝယ်ယူခြင်းမပြုရန် မေတ္တာရပ်ခံကြောင်း၊

    စက်သုံးဆီရောင်းချပေးခြင်းမရှိပါက ဖုန်းဖြင့်ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် ရောင်းချမှုမရှိကြောင်းစိစစ်တွေ့ရှိရပါက အရောင်းဆိုင်အား ပိတ်သိမ်းအရေးယူသွားမည်ဖြစ်ကြောင်းကို တာဝန်ရှိသူများမှ စက်သုံးဆီအရောင်းဆိုင်များတွင် နှိုးဆော်အသိပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    စွမ်းအင်ဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဦးဆောင်၍ နေပြည်တော်ရှိ Real Time စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီ အမှန်တကယ်ရောက်ရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး

    စက်သုံးဆီ ထပ်မံဖြည့်ဆည်းပေးရန်လိုအပ်သည့် စက်သုံးဆီအရောင်းဆိုင်များကိုလည်း အမြန်ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပြီး

    သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များရှိ ကြီးကြပ်စစ်ဆေးရေးအရာရှိများမှလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စက်သုံးဆီအရောင်းဆိုင်များ အမှန်တကယ်ရောင်းချမှု ရှိ/မရှိ၊

    စက်သုံးဆီရောက်ရှိမှု ရှိ/မရှိတို့အား စက်သုံးဆီလက်ကျန်များ တိုင်းတာစစ်ဆေးခြင်း၊

    Auto Tank Gauge (ATG)များအား စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကာ စက်သုံးဆီများ အချိန်မီထုတ်ယူ သယ်ဆောင်ရောင်းချနိုင်ရေးနှင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် ကြီးကြပ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    တိုင်ကြားရန် – 067 – 3411048