Category: News

  • အသက်ငယ်ငယ်နဲ့ ရာထူးအတက်ကြမ်းနေတဲ့ မြန်မာစစ်တပ်

    အသက်ငယ်ငယ်နဲ့ ရာထူးအတက်ကြမ်းနေတဲ့ မြန်မာစစ်တပ်

    စစ်ကောင်စီတပ်ထဲမှာ အခုတလော ရာထူးတွေ အရမ်းတက်နေပါတယ်။

    ဒါပေမယ့် အသက်ရှင်နေတုန်း ရာထူးတက်တာမဟုတ်ဘဲ သေမှ တက်တဲ့ရာထူးတွေပါ။

    ရာထူးတက်သလောက် အသက်ထွက်တာကလည်း မြန်ပါတယ်။

    641576729 881562988037259 505476651914548002 N

    အာရက္ခတပ်တော် (AA) ထိုးစစ်ဆင်နေတဲ့ ကျောက်ဖြူစစ်မျက်နှာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က စစ်ကောင်စီတပ်က သက်ထွန်းအောင် (ကြည်း-၇၇၆၈၂) ဆိုသူ သေဆုံးသွားခဲ့ပါတယ်။

    အံ့သြစရာကောင်းတာက သူ့အသက်ဟာ (၂၅) နှစ်သာ ရှိသေးတာပါ။

    တကယ်တော့ သူဟာ အသက်ရှင်လျက်နဲ့ ဗိုလ်မှူးဖြစ်သွားတာ မဟုတ်ပါဘူး။

    မြေပြင်တိုက်ပွဲမှာ အသေဆိုးနဲ့ သေဆုံးသွားပြီးမှသာ စစ်ကောင်စီက ဗိုလ်မှူး အပွင့်ရာထူးကို ပေးလိုက်တာပဲ ဖြစ်ပါတယ်။

    642789219 881562971370594 4841737905435554193 N

    အသက်ရှင်တုန်းကတော့ ရှေ့တန်းမှာ အသေခံခိုင်းပြီး သေမှ ရာထူးတိုးပေး၊ ဂူလုပ်ပေးတဲ့ စစ်တပ်ရဲ့ ထုံးစံအတိုင်းပါပဲ။

    မယားဖြစ်သူကတောင် TikTok ကနေ “စစ်သားမပီသပြနဲ့ သဲကမပျော်ကဘူး” ဆိုပြီး သိပ်မစွန့်စားဖို့ တားရှာပါတယ်။

    ဒါပေမယ့် လက်သံပြောင်တဲ့ အကိုချေတို့ (AA) နဲ့ အတွေ့မှာတော့ ဇနီးသည်စကားနားမထောင်ဘဲ အသက် (၂၅) နှစ်နဲ့ပဲ ဇာတ်သိမ်းသွားခဲ့ရပြီး၊ သေမှပဲ ဗိုလ်မှူးဖြစ်သွားရှာပါတယ်။

    အခုရက်ပိုင်းမှာလည်း ကျောက်ဖြူဘက်ကို စစ်ကောင်စီက အင်အားတွေ ထပ်ဖြည့်နေပါတယ်။

    ဒါပေမယ့် မြေပြင်မှာ အသေအပျောက်များနေတဲ့ ခွေးတပ်အတွက်ကတော့ ဒီလိုအင်အားဖြည့်တာဟာ ထပ်ပြီး ကုန်ဖို့နဲ့ နောက်ထပ် သေမှ ရာထူးတက်မယ့်သူတွေ ထပ်များလာဖို့ပဲ ရှိပါတယ်။

  • မနက် ၂ နာရီခွဲကြီး ထလောင်တဲ့ မန္တလေး မီး

    မနက် ၂ နာရီခွဲကြီး ထလောင်တဲ့ မန္တလေး မီး

    28-2-2026 မန္တလေး ချမ်းမြသာစည်မြို့နယ်

    65-လမ်း 106-107 လမ်းကြား မီးလောင်မူ သတင်းရ

    Level (1)

    Mm News.xyz 2026 02 28 023807

    Mm News.xyz 2026 02 28 023821

    Mm News.xyz 2026 02 28 023828

    Mm News.xyz 2026 02 28 023839

    Mm News.xyz 2026 02 28 023848

    ၂၈.၂.၂၀၂၆ ရက်နေ့၊ ၀၂ ၁၅အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၅လမ်း၊ (၁၀၆)×(၁၀၇)ကြား၊ မြို့သစ်(၁)ရပ်ကွက်၊ ရိမ်းဘိုး(မြို့သစ်)ဆိုင်ကယ်အပိုပစ္စည်းဆိုင်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ Level 1 ယာဉ် အုပ်စုများထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။

    Update

    ၀၃ ၀၂ အချိန် မီးထိန်းပါသည်။

    ရေခဲ

  • ဧရာဝတီစစ်မျက်နှာတွင် ဒုဗိုလ်မှူးကြီးအဆင့်ရှိသူများ အရေးပေါ်ကုသနေရ

    ဧရာဝတီစစ်မျက်နှာတွင် ဒုဗိုလ်မှူးကြီးအဆင့်ရှိသူများ အရေးပေါ်ကုသနေရ

    ဧရာဝတီစစ်မျက်နှာတွင် ဒုဗိုလ်မှူးကြီးအဆင့်ရှိသူများ အရေးပေါ်ကုသနေရပြီး ဗိုလ်ကြီးအဆင့်ရှိသူများ သေဆုံး၍ တပ်သားသစ်များလည်း အစုလိုက်ထွက်ပြေးနေ

    ဧရာဝတီတိုင်းအတွင်း နယ်မြေသုံးခုထက်မနည်း၌ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကော် မရှင်ဘက်မှ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူများအပါအဝင် အရာရှိနှင့် တပ်သားအများအပြား သေဆုံး၊ ထိခိုက် ဒဏ်ရာ ရရှိနေကြောင်း သိရသည်။

    ရှေ့တန်းမှ ရောက်ရှိလာသည့် ဒဏ်ရာရတပ်ဖွဲ့ဝင်များကို ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ)၊ စစ်မြေပြင်ဆေးတပ်ရင်း (မဆရ ၄) တွင် ကုသပေးနေရပြီး ဝန်ထမ်းအင်အား မလောက်ငသဖြင့် အခက်တွေ့နေကြောင်း သိရသည်။

    “မဆရ ၄ ထဲမှ လူနာတွေတအားများလာလို့ ဝန်ထမ်းအင်အား မလောက်ဘဲခက်ခဲနေတယ်။ ခြေပြတ် လက်ပြတ် တပ်သားတွေကိုတောင် မကုနိုင်ဘဲ သေကုန်လို့ ရင်ခွဲရုံမှာ သွားပုံထားရတယ်”ဟု ပုသိမ်သတင်းရင်းမြစ်က ပြောသည်။

    စစ်ကော်မရှင်၏ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူ နှစ် ဦးအပါအဝင် အရေးပေါ်ဆေးကုသနေရသည့် တပ်ဖွဲ့ဝင်များ ဆေးကုသဆောင် ၃ ဆောင်တွင် လူနာအပြည့်ဖြစ်နေပြီး ကိုယ်အင်္ဂါပြတ်တောက်သူ များပြားကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

    ထို့ပြင် သေဆုံးတပ်ဖွဲ့ဝင်များကို ရင်ခွဲရုံတွင် ပုံထပ်ထားရပြီး အချို့ကို ရွှေမြင်တင်မီးသင်္ဂြိုဟ်စက်သို့ ပို့ဆောင် ၍ သင်္ဂြိုဟ်ပေးနေသည်ဟု သတင်းအထူးတပ်ဖွဲ့ ပုသိမ်ထံမှ သိရသည်။

    မဆရ ၄ တွင် ဆေးကုသမှုခံယူရင်း သေဆုံးသွားသည့် ဗိုလ်ကြီးနှစ်ဦးကို ယမန်နေ့ ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၁၀ နာရီဝန်း ကျင်က အချိန်ခြား၍ ရွှေမြင်တင်မီးသင်္ဂြိုဟ်စက်တွင် ကား ခုနစ် စီးဖြင့် ပို့ဆောင်မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

    လက်ရှိတွင် ရေကြည် (ငါးသိုင်းချောင်း)၊ သာပေါင်း၊ အင်္ဂပူနှင့် လေးမျက်နှာမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်နေပြီး တပ်တွင်းမှ ထွက်ပြေးသူလည်း များပြားလာနေသည်။

    ဖေဖော်ဝါရီ ၂၃ နှင့် ၂၄ ရက်များအတွင်း ရွှေမြင်တင် စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ-၆) မှ စစ်မှုထမ်း တပ်သားသစ် လေးဦး၊ သာပေါင်းဘက်တွင် တပ်ကြပ်ကြီးတစ်ဦးအပါအဝင် ရှစ် ဦး၊ ငါးသိုင်းချောင်း အမြောက်တပ် အမတ-၃၄၄ မှ လေး ဦးနှင့် ယင်းဇယ်ဘက်တွင် ခုနစ်ဦးတို့ ထွက်ပြေးခဲ့ကြသည်။

    ထိုသို့ ထွက်ပြေးသွားသူများအနက် တပ်သား ငါး ဦးကို ယင်းဇယ်ပြည်သူ့စစ်များ၏ ဖမ်းဆီးပေးမှုကြောင့် ပြန်လည်ဖမ်းဆီး ရမိသွားကြောင်း သိရသည်။

  • 📢 အောင်ဇမ္ဗူဇာတ်သဘင် ပွဲကပြခွင့် (၁) နှစ် ပိတ်ပင်ခံရ! လက်မှတ်ဝယ်ယူထားသူများ ငွေပြန်ထုတ်ယူနိုင်ပြီ 🎭

    📢 အောင်ဇမ္ဗူဇာတ်သဘင် ပွဲကပြခွင့် (၁) နှစ် ပိတ်ပင်ခံရ! လက်မှတ်ဝယ်ယူထားသူများ ငွေပြန်ထုတ်ယူနိုင်ပြီ 🎭

    သဘင်ချစ်ပရိသတ်ကြီးအတွက် စိတ်မကောင်းစရာ သတင်းတစ်ခုကို အသိပေးချင်ပါတယ်။

    အောင်ဇမ္ဗူဇာတ်အဖွဲ့ရဲ့ မန်နေဂျာဖြစ်သူ ကိုကျော်ဇေယျ ရဲ့ လူမှုကွန်ရက်ကတစ်ဆင့် တရားဝင်အသိပေးချက်အရ မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) ရဲ့ ညွှန်ကြားချက်ဖြင့် အောင်ဇမ္ဗူဇာတ်သဘင်ကို ယနေ့မှစတင်ကာ (၁) နှစ်တိတိ ပွဲကပြခွင့် ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

    အဆိုပါ ပိတ်ပင်မှုကြောင့် ယနေ့ည ကပြဖျော်ဖြေဖို့ စီစဉ်ထားတဲ့ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်မျိုးအောင်ဘုရားပွဲမှ ပွဲစဉ်များလည်း ဖျက်သိမ်းလိုက်ရပြီ ဖြစ်ပါတယ်။

    📍 လက်မှတ်ဝယ်ယူထားသူများအတွက် အရေးကြီးအချက်အလက်

    လက်မှတ်ငွေပြန်အမ်းခြင်း: သင်္ဃန်းကျွန်း ရန်မျိုးအောင်ဘုရားပွဲအတွက် ဖျာ/ထိုင်ခုံ လက်မှတ်များကို ကြိုတင်ဝယ်ယူထားသူများအနေဖြင့် စိတ်ပူစရာမလိုဘဲ ငွေပြန်လည်ထုတ်ယူနိုင်ပါတယ်။

    နေရာနှင့်အချိန်: ယနေ့ည (၇) နာရီမှစတင်ကာ ဇာတ်ရုံတည်ရှိရာနေရာမှာ လက်မှတ်များကို ပြန်လည်ပြသပြီး ငွေသားများကို လာရောက်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း မန်နေဂျာ ကိုကျော်ဇေယျက အသိပေးထားပါတယ်။

    ပွဲကြည့်ပရိသတ်များအနေဖြင့် အခက်အခဲမရှိစေရန်အတွက် အောင်ဇမ္ဗူဇာတ်အဖွဲ့မှ အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါတယ်။

    643923413 2154110522069497 1105346542308042127 N

    642396432 2154107098736506 7685303524404636674 N

  • ဗိုလ်နဂါး ထွက်ပြေးနိုင်ရန် ကူညီခဲ့သည့် ကံကြီးဆရာတော်အား ဆက်လက်စစ်ဆေးနေ

    ဗိုလ်နဂါး ထွက်ပြေးနိုင်ရန် ကူညီခဲ့သည့် ကံကြီးဆရာတော်အား ဆက်လက်စစ်ဆေးနေ

    ဗိုလ်နဂါး စစ်ကောင်စီထံ ထွက်ပြေးနိုင်အောင် ကူညီခဲ့တဲ့ ဆရာတော်အမှုကို ဒေသ ပြည်သူ့လုံခြုံရေးအဖွဲ့နဲ့ တရားရေးအဖွဲ့တို့က ဆက်လက်ကိုင်တွယ် စစ်ဆေးနေပါတယ်။

    ဖေဖော်ဝါရီ ၁၈ ရက် ညပိုင်းမှာ စစ်ကိုင်းတိုင်း၊ ပုလဲနယ်၊ ကံကြီးရွာ၊ ဒက္ခိဏာရုံ ရွှေကျင်ကျောင်းတိုက် ဆရာတော် ဦးအရိယာဝံသကို ဒေသကာကွယ်ရေးအဖွဲ့တွေက ထိန်းသိမ်းခဲ့တာပါ။

    ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ခေါင်းဆောင် ဗိုလ်နဂါး စစ်ကောင်စီတပ်ဆီ လက်နက်ချ ဘက်ပြောင်းရာမှာ ကူညီပေးခဲ့တဲ့အတွက် သက်တော် ၄၅ နှစ်အရွယ် ကံကြီးဆရာတော်ကို ထိန်းသိမ်းခဲ့တာလို့ ဒေသကာကွယ်ရေးအဖွဲ့တွေက အစောပိုင်းမှာ ပြောဆိုထားပါတယ်။

    ဒေသကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တယောက်က “သက်ဆိုင်ရာကနေ ထုတ်ပြန်ပါလိမ့်မယ်ဗျ၊ သူတို့ သက်ဆိုင်ရာကနေ စစ်ဆေးနေတဲ့အပိုင်းတွေမှာ စစ်ဆေးနေဆဲဖြစ်တယ်ပေါ့နော်၊ ဒီအပိုင်းကျ ကျနော်တို့ စစ်ဆေးရတာ မဟုတ်တဲ့အတွက် သူတို့ သက်ဆိုင်ရာ ပလဖနဲ့ တရားရေးဘက်က နေပြီးတော့ ပြစ်မှုရှိတယ်ဆိုလို့ရှိရင် ပလဖဘက်ကနေ တရားရေးဘက်ကို ဦးတိုက်လျှောက်မှာ ဖြစ်တယ်ပေါ့နော်။ အဲဒါကတော့ ကျနော်တို့နဲ့ မသက်ဆိုင်တဲ့အတွက် ကျနော်တို့မသိရပါဘူးဗျ” လို့ ပြောပါတယ်။

    ကံကြီးဆရာတော်ဟာ ဗိုလ်နဂါးကိုဖမ်းဖို့ ပုလဲနယ် ပကဖအဖွဲ့တွေက ပိတ်ဆို့ရှာဖွေချိန်မှာ အကာအကွယ်ပေး ခေါ်ထုတ်တာအပြင် BNRA အဖွဲ့ပိုင် ပစ္စည်းနဲ့စာရင်းတွေကိုလည်း ထိန်းသိမ်းသူ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

    ဆရာတော်ကို ပြန်လွှတ်ပေးဖို့ ကံကြီးရွာဒေသခံတွေက ပကဖဆီကို တောင်းဆိုနေပေမဲ့ ကာကွယ်ရေးအဖွဲ့တွေဆီက တုံ့ပြန်မှု မရှိသေးပါဘူး။

    ကံကြီးရွာသူတယောက်က “ည ၁၀ နာရီဝန်းကျင်ကလာပြီး ညကြီးဖမ်းသွားတယ်၊ ခုထိလည်း မလွှတ်သေးဘူး၊ ဘယ်ထားမှန်းလည်း မသိဘူး။ ဒါပေမဲ့ ရွာသူရွာသားတွေက စိတ်ပူနေတယ်ပေါ့၊ ဘုန်းကြီးလေး ဘယ်ထားမှန်းလည်း မသိတော့ပေါ့နော်။ ဘုန်းကြီးကျောင်းထဲလည်း ဝင်လို့မရဘူး၊ အဝင်မခံဘူး၊ အတွင်းထဲမှာလည်း သူတို့ ဘာလုပ်ထားမှန်း မသိရဘူးပေါ့နော်။ ဘယ်လိုလုပ် စိတ်ကောင်းနိုင်မှာတုန်း။ ကိုယ့်ရဲ့ကျောင်းထိုင်ဘုန်းကြီးကို ဒီလိုလုပ်သွားတဲ့အခါကျတော့။ အထက်လူကြီးတွေ ဘုန်းကြီးလေးကို ပြန်လွှတ်ပေးပါ၊ တောင်းပန်ပါတယ်။ ကျမတို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

    လတ်တလောမှာ ပုလဲမြို့နယ်ထဲက ဗိုလ်နဂါးရဲ့ဇာတိရွာဖြစ်တဲ့ ကြောင်သန်းရွာ အပါအဝင် ကျေးရွာပေါင်း ၂၀ လောက်မှာ စစ်ကောင်စီက အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်း ၂ ခုခွဲပြီး ရွာစဉ်လှည့်နေတာပါ။

    လတ်တလောမှာ တိုက်ပွဲတွေ မပြင်းထန်သေးပေမဲ့ အချိန်မရွေး ဖြစ်လာနိုင်တဲ့ အခြေအနေတွေကြောင့် ဒေသခံတွေဟာ စိုးရိမ်ကြောင့်ကြနေရတယ်လို့ ဆိုပါတယ်။

    ပုလဲဒေသခံတယောက်က “နဂါးရွာမှာတော့ ဘာမှမလုပ်ဘူးဗျ၊ ပုလဲကနေ ပြည်သူဆီက ထော်လာဂျီကားလေးတွေ ငှားပြီးတော့ သူတို့ပစ္စည်းရိက္ခာ သယ်တာတော့ တွေ့ရတယ်ဗျ။ နဂါးလည်း မရှိတော့ဘူးဆိုတဲ့ ပုံစံမျိုးလေးတွေနဲ့ နည်းနည်းတော့ အားငယ်ကြတယ်။ မယုံနိုင်လောက်အောင် ဖြစ်သွားကြတာလေ၊ တော်တော်လေးကို စိတ်ထိခိုက်သွားကြတယ်။ ခုလိုမျိုး သူတို့ စစ်ကြောင်းလှည့်နေတုန်းကတော့ ချင်ပြစ်ကျင်းရွာတဝိုက်ကတော့ အကုန်လုံး ပြေးလွှားနေကြရတာပေါ့ဗျာ” လို့ ပြောပါတယ်။

    ဖေဖော်ဝါရီ ၁၈ ရက်မှာ ဗိုလ်နဂါး စစ်ကောင်စီထံ လက်နက်ချသွားပြီး ဒေသတွင်းမှာ မတည်ငြိမ်မှုတွေ ဆက်လက်ဖြစ်ပေါ်နေတာပါ။

    စစ်တပ်ဘက်က အင်အားဖြည့်တင်းနေသလို ဒေသကာကွယ်ရေးအဖွဲ့တွေကလည်း ဗိုလ်နဂါးရဲ့ လက်ကျန်တပ်ဖွဲ့ဝင်တွေကို ထိန်းသိမ်းဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

    လက်နက်မကိုင်ပေမဲ့ ဗိုလ်နဂါးကို ထောက်ခံခဲ့တဲ့ပြည်သူတွေ ဒေသတွင်းမှာ ကျန်နေတာ ဖြစ်တဲ့အတွက် စစ်ကောင်စီက စည်းရုံးရေးနည်းလမ်းနဲ့ ဒေသခံတွေကြားမှာ သွေးခွဲတဲ့လုပ်ရပ်တချို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

    အင်း ဘုန်းဘုန်းလည်း အကောင်းပကတိပါပဲ

    သူ့ကို စစ်စရာတွေလည်း ပုံလို့ပါပဲ။

    စစ်ဆေးမှုရလာဒ်အချို့ကတော့ ထုတ်ဖော်တောင်မပြောရက်ပါ။

    တချို့ချုံးပွဲချငိုချင်လိမ့်မယ်။

    ထားပါ။

    ဥပဒေ အထက်တော့ မည်သူမျှမရှိရပေ။

    ဥပဒေအဆုံးအမအတိုင်းသာ ရှိပါမည်။

    အဆင့်ဆင့်သို့ ဆက်လက်ဆောင်ရွက်စေလိုက်ပြီ။

    ဟုတ် ဥပဒေ ထက်ကျော်၍ ကျနော်တို့ဘာမှမလုပ်ပါ။

    Pale Thar