Category: News
-

ယှဉ်ပြိုင်သူ ၂ဦးတည်းရှိသည့် တိုက်ကွမ်ဒို အမျိုးသမီး(၆၂-၆၇)ကီလိုတန်းတွင် မြန်မာ ငွေတံဆိပ်ဆွတ်ခူး
ယှဉ်ပြိုင်သူ ၂ ဦးတည်းရှိသည့် တိုက်ကွမ်ဒို အမျိုးသမီး(၆၂-၆၇)ကီလိုတန်းတွင် မြန်မာ ငွေတံဆိပ်ဆွတ်ခူး ထိုင်းနိုင်ငံတွင် ကျင်းပနေသော (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ ဒီဇင်ဘာလ (၁၁)ရက်က ကျင်းပခဲ့သော တိုက်ကွမ်ဒိုအားကစားနည်း၏ အမျိုးသမီး(၆၂-၆၇)ကီလိုတန်းပွဲစဉ် ဗိုလ်လုပွဲတွင် မြန်မာကိုယ်စားပြု ကေသွယ်မွန်လင်းက အိမ်ရှင်ထိုင်းကစားသမား Chareewan Piyachutrutai ကို (၂-၀)ဖြင့် ရှုံးနိမ့်ပြီး ငွေတံဆိပ်ဆွတ်ခူးခဲ့သည်။ အဆိုပါပွဲစဉ်မှာ မူလက ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသူ (၃)ဦးရှိပြီး ကမ္ဘောဒီးယားမှာ BYE ဖြင့် ဗိုလ်လုပွဲမှ အသင့်စောင့်ကာ မြန်မာနှင့်ထိုင်း ဆီမီးဖိုင်နယ်ပွဲစဉ်မှ အနိုင်ရသူနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း နုတ်ထွက်သွားသောကြောင့် မြန်မာနှင့်ထိုင်းကစားသမားနှစ်ဦးတည်းသာ ဗိုလ်လုပွဲယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်သည်။
-

ဗင်နီဇွဲလားမြေပေါ် စစ်ဆင်ရေး စပြီဟု သမ္မတထရမ့် ကြေညာ
“မူးယစ်စခန်းများကို မြေလှန်ချေမှုန်းမည်” ဗင်နီဇွဲလားနိုင်ငံအတွင်းရှိ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးနေသူများကို ပစ်မှတ်ထားပြီး အမေရိကန်စစ်တပ်က “ကုန်းမြေစစ်ဆင်ရေး” (Land Strikes) စတင်တော့မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က အတိအလင်း ထုတ်ဖော်ပြောကြားလိုက်ရာ နှစ်နိုင်ငံအကြား စစ်ရေးတင်းမာမှု အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ “သူတို့ ဘယ်မှာနေလဲ ကျွန်တော်တို့ သိတယ်” ပင်လယ်ပြင်တွင် မူးယစ်မှောင်ခိုလှေများကို နှိမ်နင်းနေရသည်မှာ ခက်ခဲသော်လည်း ကုန်းမြေပေါ်တွင် ရှင်းလင်းရသည်မှာ ပိုမိုလွယ်ကူကြောင်း သမ္မတထရမ့်က ဆိုပါတယ်။ “ကုန်းမြေပေါ်က စစ်ဆင်ရေးတွေ မကြာခင် စတော့မယ်။ ကုန်းမြေက ပိုလွယ်တယ်။ သူတို့ ဘယ်လမ်းကြောင်းတွေ သုံးလဲ၊ ဘယ်မှာနေလဲ၊ လူဆိုးတွေ ဘယ်နေရာမှာ ပုန်းနေလဲဆိုတာ ကျွန်တော်တို့ အကုန်သိထားပြီးပြီ” ဟု ထရမ့်က သတိပေး ပြောကြားခဲ့ပါတယ်။ ဤကြေညာချက်သည် ကာရစ်ဘီယံပင်လယ်ပြင်၌ “Operation…
-

လက်ပံတောင်းတောင် တရုတ်ကြေးနီစက်ရုံတွေ လုပ်ငန်းရပ်နားထားပြီး နှစ်လကြာ နားမယ်လို့ဆို
တရုတ်စီမံကိန်းအနီး စစ်အုပ်စုက စစ်ကြောင်းထိုး၊ လူသတ်၊ မီးရှို့တာတွေ ဆက်လက် ကျူးလွန် စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးနယ်ထဲရှိ မြေယာတွေ အဓမ္မသိမ်းယူကာ တောင်တွေဖြိုပြီး ကြေးနီတူးနေတဲ့ တရုတ်ပိုင် ကြေးနီစက်ရုံတွေ ဒီဇင်ဘာ ၆ ရက်က စတင်ကာ လုပ်ငန်းရပ်နားထားပြီး နောက်ထပ် နှစ်လကျော်ကြာ ဆက်လက် ရပ်နားထားမယ်လို့ သတင်းထွက်နေကြောင်း ဒေသခံ သတင်းအရင်းမြစ်တွေက ပြောပါတယ်။ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင်ကို ဖြိုကာ ကြေးနီတူးနေတဲ့ တရုတ်ပိုင် မြန်မာဝမ်ပေါင် ကုမ္ပဏီရဲ့ ကြေးနီတူးဖော်တဲ့ လုပ်ငန်းတွေ အားလုံး ဒီဇင်ဘာ ၆ ရက်က စတင်ကာ ရပ်ဆိုင်းခဲ့တာ ဖြစ်ပြီး ဝန်ထမ်းတွေကိုတော့ အိမ်မပြန်ခိုင်းဘဲ စက်ရုံထဲမှာပဲ ဆက်လက် နေထိုင်ခိုင်းထားတယ်လို့ ဆိုပါတယ်။ လက်ပံတောင်းတောင် ကြေးနီတူးဖော်ရေး စီမံကိန်းအတွင်းမှာ ရှိတဲ့…
-

ဘယ်လိုမိဘတွေပါလိမ့်
ချက်ကြိုးတောင် မဖြတ်ရသေးတဲ့ မွေးကင်းစ လူမမယ်လေးကို အမေကိုယ်တိုင်ပြန်သတ်တဲ့ဖြစ်ရပ် ဒီအဖြစ်ပျတ်လေးကတော့ 8 လပိုင်းကဖြစ်သွားပါ ထိုင်းနိုင်ငံ ခွန်ကန်ပြည်နယ်မှာ မီးဖို တည်ရှိတဲ့မြေပိုင်ရှင်ဟာ သူ့ခြံထဲ အသွား မီးဖိုမှာ မီးခိုးရှိနေတာ တွေ့တာကြောင့် သွားရောက်ကြည့်ချိန်မှာတော့ ကလေးရဲ့ချက်ကြိုးတန်းလန်းလေးက မီးလောင်မကုန်ပဲ ကျန်ခဲ့တာတွေ့သောကြောင့် တာဝန်ရှိရဲကိုတိုင်ကြားလိုက်ပါတယ် တာဝန်ရှိများ လာရောက်ကြည့်ရှူစစ်ဆေးကြပြီး တရားခံဖြစ်တဲ့ အဖေနဲ့အမေကို သွားရောက်စစ်ဆေးချိန်မှာ စစတော့ အမေဖြစ်သူက ဝန်မခံပါဘူး ကလေးကိုနို့တိုက်နေရင်းအိပ်ပျော်သွားလို့ သူ့ကိုယ်လုံးနဲ့ ဖိမိပြီး သူနိုးလာတော့ သူ့ကလေးအသက်မရှိတော့ဘူး သေနေပြီးမို့လို့ မီးဖိုထဲသွားထည့်ပြီး မီးရှို့လိုက်တယ်လို့လိမ်ပါတယ် စစ်ဆေးချက်အရကလေးရဲ့ ကိုယ်လုံးမှာ ဘာညိုမဲဒဏ်ရာမှမရှိ ဦးခေါင်းအနှောက်ဖက်မှာ ပြင်းထန်တဲ့ ဒဏ်ရာကြောင့် သေဆုံးတာမို့လို့ ရဲ အရာရှိများက မယုံကြည်ပဲ စစ်ဆေးပြုလုပ်မှုတွေ ထပ်လုပ်မှ ဝန်ခံပါတော့တယ် အမေဖြစ်သူဟာ ကလေးကို ကိုယ့်ဘာကို အိမ်မှာပဲမွေးပါတယ်…
-

မြောက်ဦးဆေးရုံဗုံးကြဲခံရမှုအတွင်း သေဆုံး၊ ဒဏ်ရာရသူများ၏စာရင်း AA ထုတ်ပြန်
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအား အကြမ်းဖက်စစ်တပ်က လေကြောင်းမှ ဗုံးကြဲမှုအတွင်း သေဆုံး၊ ဒဏ်ရာရသွားသူများ၏ အမည်၊ အသက်၊ နေရပ်လိပ်စာစသည့် အသေးစိတ်စာရင်းအား အာရက္ခတပ်တော်(AA)က ယမန်နေ့ညတွင် ထုတ်ပြန်သည်။ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီး ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း သေဆုံးသူ ၃၃ ဦးနှင့် ဒဏ်ရာရသူ ၇၇ ဦးရှိခဲ့ကြောင်း ယခုစာရင်းတွင် ဖော်ပြထားသည်။