ယှဉ်ပြိုင်သူ ၂ ဦးတည်းရှိသည့် တိုက်ကွမ်ဒို အမျိုးသမီး(၆၂-၆၇)ကီလိုတန်းတွင် မြန်မာ ငွေတံဆိပ်ဆွတ်ခူး

ထိုင်းနိုင်ငံတွင် ကျင်းပနေသော (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ ဒီဇင်ဘာလ (၁၁)ရက်က ကျင်းပခဲ့သော တိုက်ကွမ်ဒိုအားကစားနည်း၏ အမျိုးသမီး(၆၂-၆၇)ကီလိုတန်းပွဲစဉ် ဗိုလ်လုပွဲတွင် မြန်မာကိုယ်စားပြု ကေသွယ်မွန်လင်းက အိမ်ရှင်ထိုင်းကစားသမား Chareewan Piyachutrutai ကို (၂-၀)ဖြင့် ရှုံးနိမ့်ပြီး ငွေတံဆိပ်ဆွတ်ခူးခဲ့သည်။

အဆိုပါပွဲစဉ်မှာ မူလက ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသူ (၃)ဦးရှိပြီး ကမ္ဘောဒီးယားမှာ BYE ဖြင့် ဗိုလ်လုပွဲမှ အသင့်စောင့်ကာ မြန်မာနှင့်ထိုင်း ဆီမီးဖိုင်နယ်ပွဲစဉ်မှ အနိုင်ရသူနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း နုတ်ထွက်သွား‌သောကြောင့် မြန်မာနှင့်ထိုင်းကစားသမားနှစ်ဦးတည်းသာ ဗိုလ်လုပွဲယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်သည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *