Category: News
-

မိုးကုတ်ကို စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ ဦးဆောင်ပြီး ဆက်လက်တိုက်ပွဲဝင်နေဟု NUG ပြော
စစ်ကောင်စီတပ်တွေ ပြန်လည်ဝင်ရောက်နေတဲ့ မိုးကုတ်မြို့ကို မိုးကုတ်-မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့က ဦးဆောင်တိုက်ခိုက်နေပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်၊ မိုးကုတ်မြို့ထဲကို စစ်ကောင်စီတပ်တွေ စတင်ဝင်ရောက်ခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်ကစပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။ နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၆ ရက်အထိ ဒေသတွင်းမှာ တိုက်ပွဲကြီးငယ်ပေါင်း ၉ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အရေးပါတဲ့ ရန်သူ့စခန်းကုန်းတခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို စစ်ကောင်စီလက်ထဲ ပြန်လွှဲပေးမယ်လို့ အောက်တိုဘာ ၂၉ ရက်မှာ ထုတ်ပြန်ပြီးနောက် နိုဝင်ဘာ ၉ ရက်မှာ NUG ကာကွယ်ရေးဝန်ကြီးဌာန၊…
-

NUG ပြည်ထဲရေးအတွင်းဝန် ပျောက်ဆုံးနေ၍ ရာထူးမှရပ်ဆိုင်းထား
စစ်တပ်အလိုအရှိဆုံး စာရင်းဝင် NUG စစ်ရေးခေါင်းဆောင်ပျောက်ဆုံးနေပြီး ဖမ်းခံထားရဟု သံသယရှိနေ NUG ၏ စစ်ရေးလှုပ်ရှားမှုများတွင် အရေးပါသည့် ပြည်ထဲရေးအတွင်းဝန်ပျောက်ဆုံးနေပြီး သူ့အားစစ်တပ်ကဖမ်းမိထားသည်ဟု တော်လှန်ရေးတပ်ဖွဲ့များက သံသယရှိနေကြသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ စစ်ရေးလှုပ်ရှားမှုများတွင် အရေးပါသည့် ပြည်ထဲရေးနှင့် လ.ဝ.က အမြဲတမ်းအတွင်းဝန် ဦးကွန်မင်းပျောက်ဆုံးနေပြီး သူ့အားစစ်တပ်ကဖမ်းမိထားသည်ဟု တော်လှန်ရေးတပ်ဖွဲ့များက သံသယရှိနေကြသည်။ ဦးကွန်မင်းသည် လူမြင်ကွင်းရှေ့ထွက်လေ့မရှိဘဲ လူသိနည်းသော်လည်း မြေပြင်စစ်ရေး လှုပ်ရှားမှုများတွင် အဓိကကျသူတစ်ယောက်ဖြစ်ပြီး စစ်တပ်၏အလိုအရှိဆုံးစာရင်းတွင် ထိပ်ဆုံးမှပါဝင်သည်။ ဦးကွန်မင်းသည် နိုဝင်ဘာလ၊ လကုန်ပိုင်း (သို့မဟုတ်) ဒီဇင်ဘာလ အစောပိုင်းတွင် ခရီးသွားနေစဉ် ပျောက်ဆုံးသွားသည်ဟု NUG ပြည်ထဲရေးဌာနမှ သတင်းအရင်းအမြစ်ကဆိုသည်။ သီတင်းတစ်ပတ်ကြာမြင့်သည့် ဒီဇင်ဘာလ ၇ ရက်နေ့အထိ အဆက်အသွယ်မရသေးကြောင်းလည်း ၎င်းကဆိုသည်။ စစ်တပ်က ဦးကွန်မင်းကို မြန်မာမြန်မာပြည်မြောက်ပိုင်း တစ်နေရာတွင်ဖမ်းဆီးခဲ့ခြင်းဖြစ်နိုင်ကြောင်း…
-
နတ်ရေကန်ဗျူဟာကို တပ်ကူနှင့် ရိက္ခာ ဆက်တိုက်ပို့၊ ရိုးမပေါ်တွင် တိုက်ပွဲဆက်နေ
စစ်ကောင်စီက နတ်ရေကန်ဗျူဟာဘက်ကို တပ်ကူနဲ့ရိက္ခာ ဆက်တိုက်ပို့နေပြီး တော် လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တာကြောင့် ဒီဇင်ဘာလဆန်းပိုင်းထဲ ရိုးမပေါ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်ဗျူဟာကုန်းပေါ်မှာ ပိတ်မိနေတဲ့ စစ်ကောင်စီတပ်သားတွေဆီ ပဒါန်း အခြေစိုက် မစခ-၉၀၅ ကနေ တပ်ကူတွေ ပေးပို့နေတာကြောင့် ဒီဇင်ဘာလဆန်းပိုင်းထဲ ရိုးမပေါ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ စစ်ရေးရင်းမြစ်နဲ့ ဒေသခံက ပြောပါတယ်။ စစ်တပ်က နိုဝင်ဘာ ၃၀ ရက်မှာ စစ်ကား ၂ စီး၊ ဒီဇင်ဘာ ၄ ရက်နေ့လောက်မှာတော့ လမ်းဟောင်း ဘက်ကို ကား ၃ စီး၊ လမ်းသစ်ဘက်ကို ကား ၅ စီး စုစုပေါင်း ကား ၁၀ စီးထပ်မနည်းသုံးပြီး တပ်ကူ၊ ရိက္ခာနဲ့…
-

ကမ္ဘောဒီးယားကို ထိုင်းက လေကြောင်းမှ လက်တုံ့ပြန်တိုက်ခိုက်
ကမ္ဘောဒီးယား စစ်ရေးပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း ထိုင်းစစ်တပ်က ဒီဇင်ဘာ ၈ ရက်မှာ အတည်ပြုလိုက်ပါတယ်။ နယ်စပ်မှာ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ထိုင်းစစ်သားတယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရခဲ့အပြီးမှာ အခုလို တုံ့ပြန်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကြားဝင်ညှိနှိုင်းပေးထားတဲ့ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တယ်လို့ ၂ နိုင်ငံစလုံးက အပြန်အလှန် စွပ်စွဲနေကြပါတယ်။ “ထိုင်းဘက်က အခုချိန်မှာ လေကြောင်းအင်အားသုံးပြီး နေရာတော်တော်များများက စစ်ရေးပစ်မှတ်တွေကို စတင်တိုက်ခိုက်နေပါပြီ” လို့ ထိုင်းစစ်တပ်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကမ္ဘောဒီးယားဘက်ကတော့ ထိုင်းစစ်တပ်ဟာ မနက်အရုဏ်တက်အချိန်မှာ နေရာ ၂ ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မိမိတို့ဘက်က လက်တုံ့ပြန်တာမျိုး မရှိသေးကြောင်း ပြောဆိုထားပါတယ်။ နယ်စပ်တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ခြမ်း နယ်စပ်ခရိုင် ၄ ခုက…
-

ဘုန်းကြီးတစ်ပါးက ၅ တန်းကျောင်းသူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်၊ ကိုယ်ဝန် ၅ လကျော်ချိန် အတင်းဖြတ်ချခိုင်းလို့ ဆေးရုံရောက်
ဘုန်းကြီးတစ်ပါးက ၅ တန်းကျောင်းသူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်၊ ကိုယ်ဝန် ၅ လကျော်ချိန် အတင်းဖြတ်ချခိုင်းလို့ ဆေးရုံရောက် ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ အသက် (၅၆) ရှိနေပြီဖြစ်တဲ့ ဘုန်းကြီးတစ်ပါးက ကျောင်းတိုက်အတွင်း လာရောက်မှီခိုနေထိုင်နေရသူ ၅ တန်းကျောင်းသူ ကလေးငယ်ကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ပြီး ကိုယ်ဝန် ၅ လကျော်ချိန်မှ အတင်းဖြတ်ချခိုင်းလို့ ကလေးငယ်ဟာ ဆေးရုံမှာ တက်ရောက်ကုသနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မြောင်းမြမြို့၊ ဘုရားငုတ်တိုရှမ်းစုကျေးရွာရှိ ငွေဟင်္သာတောရကျောင်းမှ အသက် (၅၆) နှစ်၊ ဝါတော် (၁၅) ဝါရှိ ရဟန်းဘွဲ့ ဦးဥတ္တမ၊ လူအမည် ဦးအေးလွင်ဆိုသူ ဘုန်းကြီးတစ်ပါးက ကျောင်းတိုက်တွင် မှီခိုနေထိုင်နေရသူ ၅ တန်းကျောင်းသူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “ကလေးမိသားစုက…