Category: News

  • ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ

    စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို အာရက္ခတပ်တော် (AA)က ချေမှုန်းတိုက်ခိုက်ခဲ့ရာတွင်စစ်တပ်ဘက်က သေဆုံးမှုတချို့ရှိပြီးလက်နက်ခဲယမ်းများနှင့်သုံ့ပန့်းအချိုကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု သတင်းရရှိသည်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “မနေ့ညက ၄ နာရီကျော်ခန့်က ပွိုင့် ၆၆၆ ကုန်းကထွက်လာတာပါ။အင်အား ၁၀၀ ကျော်ပါတယ်။စခန်းနဲ့ ၁ မိုင်လောက်အရောက်မှာ တိုက်ခိုက်ခံရတာပါ”ဟုပြောသည်။ ထိုသို့ တိုက်ခိုက်ခံရသဖြင့် အကြမ်းဖက် စစ်တပ်ဘက်က ထိခိုက်အကျအဆုံးများပြီးထွက်ပြေးသွားခဲ့ကြသည်ဟု၎င်းက ပြောဆိုသည်။ “ တချို့လည်း ပွိုင့်ကုန်းဖက်ထွက်ပြေးသလို တချို့မှာလည်း တောထဲမှာထွက်ပြေးပုန်းရှောင်နေကြတယ်။ အလောင်းတချို့၊သုံ့ပန်းတချို့နဲ့လက်နက်ခဲယမ်းတွေကို တပ်တော်ကသိမ်းဆည်းရမိခဲ့တယ်။ထွက်ပြေးသွားတဲ့စစ်သားတွေကိုလိုက်လံချေမှုန်းပြီးတိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့တာတွေရှိပါတယ်”ဟု ၎င်းက ပြောသည်။ အာရက္ခတပ်တော်မှ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာ တောင်ဘက်၊ (၉) ကီလိုမီတာအကွာအဝေး၌ရှိသော ပွိုင့် ၆၆၆ စခန်းကုန်းကို၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၄ ရက်နေ့က…

  • လက်ဖက်ရည်ဆိုင် မီးလောင်မှု ပိတ်မိနေသူတစ်ဦးကို မီးသတ်ကယ်တင်

    လက်ဖက်ရည်ဆိုင် မီးလောင်မှု ပိတ်မိနေသူတစ်ဦးကို မီးသတ်ကယ်တင်

    မန္တလေးမြို့က လက်ဖက်ရည်ဆိုင် မီးလောင်မှုမှာ ဘေးအိမ်ကအမျိုးသမီးတစ်ဦး နေအိမ်ထဲမှာပိတ်မိနေတာကြောင့် မီးသတ်တပ်ဖွဲ့က ကယ်တင်ပေးခဲ့တယ်လို့ သီရိမာလာအရှေ့အရန်မီးသတ် ကထုတ်ပြန်ပါတယ်။ ပိတ်မိနေတဲ့အမျိုးသမီးကိုအပေါ်ထပ်ကနေ အရေးပေါ်လှေခါးတွေနဲ့ မီးသတ်က ကယ်တင်ပေးနေတာကို ဗီဒီယိုဖိုင်မှာ တွေ့ရပါတယ်။ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်က ပေါက်ကျိုင်း လက်ဖက်ရည်ဆိုင်မှာ ဒီနေ့ (ဒီဇင်ဘာ၄) မနက်က မီးလောင်မှုဖြစ်ခဲ့တာပါ။ မီးလောင်မှုကို Level 1 အဆင့်မီးငြှိမ်းသတ်ယာဉ်တွေနဲ့ မိနစ်နှစ်ဆယ်လောက် ငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်ကသတင်းထုတ်ပြန်ထားပါတယ်။ ဂက်စ်ယိုစိမ့်ရာကမီးလောင်မှုဖြစ်ပြီး လက်ဖက်ရည်ဆိုင်နဲ့နေအိမ် ၂ လုံးပျက်စီး မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင် ရပ်ကွက်၊ ၅၈ လမ်း၊ ၄၃ နဲ့ သိပ္ပံလမ်းကြားရှိ ‘ပေါက်ကျိုင်း’လက်ဖက်ရည်ဆိုင် မီးလောင်ပြီး ဆိုင်ဝန်ထမ်း ၁ ဦးမီးလောင်ဒဏ်ရာရတယ်လို့ မီးလောင်မှုမှာကူညီလုပ်ဆောင်ပေးခဲ့သူတွေဆီက သိရပါတယ်။ ဒီဇင်ဘာ ၄ ရက် ဒီမနက် ၇…

  • Hazard

    Hazard

    Hazard (2024) ဘဝမှာ အကြိမ်ကြိမ်ပြိုလဲပြီး ပြန်ထနိုင်သူတွေဟာ သူရဲကောင်းတွေဆိုရင် ချောက်ကမ်းပါးထက်နက်တဲ့ မူးယစ်ဆေးသံသရာကနေ လွတ်မြောက်ဖို့ ကြိုးစားရုန်းကန်နေသူတွေဟာလည်း ချီးကျူးထိုက်သင့်သူတွေပါပဲ။ ဒီ Hazard ဆိုတဲ့ ရုပ်ရှင်မှာ Sara နဲ့ Will တို့ဟာ သူတို့သားလေး Morgan အတွက် မူးယစ်ဆေးနွံထဲက လွတ်မြောက်အောင် ရုန်းကန်ကြပုံကို ပုံဖော်ရိုက်ကူးထားတာပါ။ Sara က ဆေးဖြတ်ထားတာ တစ်နှစ်ကျော်နေပြီး သားဖြစ်သူ Morgan ကို သန့်ရှင်းရေးအလုပ် လုပ်ပြီး တစ်ကိုယ်တည်း ထိန်းကျောင်းနေတာပါ။ Will ကတော့ သားနဲ့ အမျိုးသမီးဖြစ်သူဆီ မကြာခဏ လာလည်ပါတယ်။ သူကိုယ်တိုင်ကတော့ ဆေးအရောင်းအဝယ်လုပ်ရင်း တစ်ရက်မှာ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်ကို ဆေးရောင်းမိသွားပါတယ်။ အဲ့ဒီမိန်းကလေး ဆေးလွန်ပြီး သေဆုံးသွားတဲ့အခါ Sara ရဲ့ အစ်ကိုဖြစ်သူ…

  • ယာယီသမ္မတ(ဟောင်း) ဦးမြင့်ဆွေပိုင် မြေကွက် သားမက် ရောင်းစား၍ အမှုဖြစ်

    ယာယီသမ္မတ(ဟောင်း) ဦးမြင့်ဆွေပိုင် မြေကွက် သားမက် ရောင်းစား၍ အမှုဖြစ်

    ယာယီသမ္မတ(ဟောင်း) ဦးမြင့်ဆွေပိုင် မြေကွက် သားမက် ရောင်းစား၍ အမှုဖြစ် စစ်တပ် အာဏာသိမ်းရာတွင် အရေးပေါ်အခြေအနေ ကြေညာနိုင်ရေး လုပ်ဆောင်ပေးခဲ့သည့် ကွယ်လွန်သူ ယာယီသမ္မတ ဦးမြင့်ဆွေပိုင် မြေကွက်ကို သားမက်ဖြစ်သူက ရောင်းစားသဖြင့် လာရောက်ဖြေရှင်းရန် ဦးမြင့်ဆွေဇနီးဖြစ်သူ ဒေါ်ခင်သက်ဌေးက အများသိစေရန်ကြေညာချက်တစောင် ယနေ့ထုတ်သတင်းစာများတွင် ထည့်သွင်းဖော်ပြသည်။ ယာယီသမ္မတ ဦးမြင့်ဆွေပိုင် မြေကွက်မှာ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အကွက်အမှတ်(မ-၅၉)၊ ဦးပိုင်အမှတ် ၃၁၊ ဧရိယာ ၀ ဒသမ ၁၁၀၂ အကျယ်ရှိ မြေကွက်ဖြစ်ပြီး သမီး ခင်သက်ထားဆွေ၏ ယောကျ်ား တာယာမြင့်ဆွေက ရောင်းစားခဲ့ခြင်းဟု သိရသည်။ ယင်းမြေကွက်မှာ ယာယီသမ္မတ ဦးမြင့်ဆွေ အမည်ပေါက်ပိုင်ဆိုင်ပြီး တဦးတယောက်ကိုမျှ အမွေစားအမွေခံ ပေးကမ်းခြင်း၊ လွှဲပြောင်းပေးခြင်း မရှိဘဲ ဂရန်သက်တမ်းကုန်ဆုံးမှုကို သက်တမ်းတိုးဆောင်ရွက်နိုင်ရန်အတွက် ဦးတာယာမြင့်ဆွေကို…

  • ကုသိုလ်တော်ဘုရား ပရိဝုဏ်အတွင်း လွန်ခဲ့သည့်နှစ်ပေါင်း(၁၁၀)ကျော်က အရိုးအိုး

    ကုသိုလ်တော်ဘုရား ပရိဝုဏ်အတွင်း လွန်ခဲ့သည့်နှစ်ပေါင်း(၁၁၀)ကျော်က အရိုးအိုး

    ကုသိုလ်တော်ဘုရား ပရိဝုဏ်အတွင်း လွန်ခဲ့သည့်နှစ်ပေါင်း(၁၁၀)ကျော်က အရိုးအိုးတစ်အိုး တူးဖော်တွေ့ရှိ မန္တလေးမြို့၊မန္တလေးတောင်ခြေအနီးရှိ ကုသိုလ်တော်ဘုရား ပရိဝုဏ်အတွင်းမှာ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၁၀) ကျော်က အရိုးအိုးတစ်အိုးကို နိုဝင်ဘာလ (၃၀)ရက်ညနေပိုင်းက တူးဖော်တွေ့ရှိခဲ့ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။ အရိုးစများပါသည့် ငွေဖြင့်ပြုလုပ်ထားသည့် ဖရုံသီးပုံ သဏ္ဌာန် အဖုံးအပိတ်ပါအိုးတစ်လုံးဖြစ်ပြီးအောက်တွက် ဖန်ကလပ်ပါရှိကာ အထဲ၌ အရိုးအပိုင်းအစငယ်များနှင့် အံသွားတစ်ချောင်းပါရှိကာအရိုးအိုးကို ဘုရားဂေါပကအဖွဲ့မှ ကုသိုလ်တော်ဘုရား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နေစဥ် တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။ အရိုးအိုးထဲပါရှိသည့် အရိုးများကို DNAစစ်ဆေးနိုင်ဖို့အတွက် သက်ဆိုင်ရာဌာနကို ပေးပို့ထားပြီး ဖြစ် ကြောင်း သိရသည်။ တွေ့ရှိခဲ့သည့် အရိုးအိုးတွင် မြန်မာသက္ကရာဇ် ၁၂၇၅ ခုနှစ် ကဆုန်လဆန်း(၂)ရက်ဟု ကမ္ဗည်းထိုးထားသဖြင့် အရိုးအိုးသက်တမ်းသည် နှစ်ပေါင်း(၁၁၂)နှစ်ရှိပြီဖြစ်ကာ သီပေါမင်းပါတော်မူပြီး နှစ်ပေါင်း(၂၈)နှစ်ကြာက အရိုးအိုးဖြစ်ကြောင်း သိရသည်။ ကုသိုလ်တော်ဘုရား၌တွေ့ရှိသည့်အရိုးအိုးကို စစ်ဆေးနေ မန္တလေးမြို့၊…