📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ

စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို အာရက္ခတပ်တော် (AA)က ချေမှုန်းတိုက်ခိုက်ခဲ့ရာတွင်စစ်တပ်ဘက်က သေဆုံးမှုတချို့ရှိပြီးလက်နက်ခဲယမ်းများနှင့်သုံ့ပန့်းအချိုကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု သတင်းရရှိသည်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “မနေ့ညက ၄ နာရီကျော်ခန့်က ပွိုင့် ၆၆၆ ကုန်းကထွက်လာတာပါ။အင်အား ၁၀၀ ကျော်ပါတယ်။စခန်းနဲ့ ၁ မိုင်လောက်အရောက်မှာ တိုက်ခိုက်ခံရတာပါ”ဟုပြောသည်။

ထိုသို့ တိုက်ခိုက်ခံရသဖြင့် အကြမ်းဖက် စစ်တပ်ဘက်က ထိခိုက်အကျအဆုံးများပြီးထွက်ပြေးသွားခဲ့ကြသည်ဟု၎င်းက ပြောဆိုသည်။

“ တချို့လည်း ပွိုင့်ကုန်းဖက်ထွက်ပြေးသလို တချို့မှာလည်း တောထဲမှာထွက်ပြေးပုန်းရှောင်နေကြတယ်။ အလောင်းတချို့၊သုံ့ပန်းတချို့နဲ့လက်နက်ခဲယမ်းတွေကို တပ်တော်ကသိမ်းဆည်းရမိခဲ့တယ်။ထွက်ပြေးသွားတဲ့စစ်သားတွေကိုလိုက်လံချေမှုန်းပြီးတိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့တာတွေရှိပါတယ်”ဟု ၎င်းက ပြောသည်။

အာရက္ခတပ်တော်မှ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာ တောင်ဘက်၊ (၉) ကီလိုမီတာအကွာအဝေး၌ရှိသော ပွိုင့် ၆၆၆ စခန်းကုန်းကို၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၄ ရက်နေ့က သိမ်းပိုက်ခဲ့ပြီးနောက် စခန်းကုန်းတစ်ခုလုံးကို ရှင်းလင်းနိုင်ခဲ့သည်။

၎င်းနောက် လေယာဉ်အန္တရာယ်ရှိသဖြင့် စခန်းမှ နောက်ဆုတ်ထားစဉ် ရက်အနည်းငယ်အကြာတွင် အကြမ်းဖက် စစ်တပ် အင်အား ၃၀၀ခန့်ဖြင့် အဆိုပါ စခန်းကို ပြန်လည် ဝင်ရောက်တပ်စွဲလာသည်ဟု သိရသည်။

၎င်းနောက်အာရက္ခတပ်တော်မှ ပွိုင့် ၆၆၆ စခန်းကုန်းကိုဝိုင်းဝန်းပိတ်ဆို့ပြီး ထောက်ပို့ လမ်းကြောင်းများကို ဖြတ်တောက်ထားရာ အဆိုပါ စခန်းကုန်းရှိ အင်အား ၃၀၀ ခန့်မှာစားနပ်ရိက္ခာများ ပြတ်တောက်လာခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

“ သူတို့ ပိတ်ဆို့ ခံထားရတာ တစ်လကျော်ကြာလာတော့စားနပ်ရိက္ခာတွေ ပြတ်လပ်လာတယ်။ အောက်ကနေ တက်လာတဲ့ထောက်ပို့ စစ်ကြောင်းတွေကိုလည်း အေအေကဖြတ်တောက်တိုက်ခိုက်တော့ ရိက္ခာတွေက မရောက်နိုင်တော့ဘူး။ အခုလို အခြေအနေမှာ အေအေက စနိုက်ဘာနဲ့ရော၊ လက်နက်ကြီးနဲ့ပါ ပစ်တာရှိတော့ အဲဒီမှာလည်း ထိခိုက်ကျဆုံးမှုတွေရှိနေတယ်။ ဒီတော့ မနေ့ညကအင်အား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းတစ်ကြောင်းကပစ ၁၆ ဘက်ကို ထိုးဖောက်ထွက်တယ်။ AA ကအသင့်စောင့်ပြီးတိုက်ခိုက်တာ။ သေဆုံးသူများပြားပြီး လက်နက်ခဲယမ်းနဲ့စစ်သုံ့ပန်းအချို့ဖမ်းဆီးရမိခဲ့တယ်” ဟု ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ဆင်လန်၊လေလာတောင်ခြေ၊ညောင်ခြေထောက်၊ပွိုင့် ၆၆၆ စခန်းအနီးဝန်းကျင်ကို လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများကိုအလွန်အကျွံသုံးပြီး ထိုးစစ်ဆင်နေသော်လည်းအကျဆုံးများပြီး ဆင်လန်၊လေလာတောင်နှင့်ပွိုင့် ၆၆၆ ကုန်းအားလုံးမှာ AA နှင့်မဟာမိတ်တပ်ဖွဲ့များ၏ ဝိုင်းဝန်းပိတ်ဆို့မူကို ခံနေရဆဲဟုတစ်ခြား AA နှင့် နီးစပ်သည့် ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

“ပိတ်မိထားတဲ့စခန်းတွေကို စားနပ်ရိက္ခာလာပို့လည်းဖြတ်တိုက်ခံရတယ်။အခုက ဆင်လန်စခန်းကိုလည်း ထောက်ပို့စစ်ကြောင်းမရောက်နိုင်ဖြစ်နေတယ်။ဖြတ်နေတိုက်ခံနေရတော့အထိနာပြီး ရှေ့ကို မတိုးနိုင်ဖြစ်နေတယ်။ နောက်ထပ်ညောင်ခြေထောက်ဖက်ကတက်လာတဲ့စစ်ကြောင်းနဲ့တိုက်ပွဲကဆက်ဖြစ်နေတယ်”ဟုပြောသည်။

ဆင်လန်နှင့်လေလာတောင်ကို ထောက်ပို့လမ်းကြောင်းများ ဖြတ်တောက်ခံထားရသဖြင့် ရိက္ခာပြတ်လပ်လာရာမှ ယမန်နေ့ နေ့လယ်ပိုင်းကရိက္ခာပို့ဆောင်ရန် ညောင်ခြေထောက်မှအင်အား ၂၀၀ ခန့်ဖြင့်စစ်ကြောင်းတစ်ကြောင်းထပ်တက်လာရာ AA နှင့်ဆက်လက်တိုက်ပွဲဖြစ်ပွားနေသည်ဟု၎င်းက ပြောဆိုသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်