Category: News
-
ကျောက်ဖြူ သိုင်းချောင်းဆည်နှင့် မင်းပြင်ကာကင်းကုန်းများကို AA က ထိုးစစ်ဆင်သိမ်းပိုက်လိုက်ပြီဟု သတင်းထွက်နေ
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ ရေဒါစခန်းကိုကာထားသည့် ကာကင်းကုန်းများကို ယမန်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ပြီး အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ အကြမ်းဖက်စစ်တပ်အခြေချတပ်စွဲနေရာယူထားသည့် သိုင်းချောင်းဆည် ဘေးပတ်ဝန်းကျင်က အဓိကကျသည့် ကာကင်းစခန်းကုန်းကို AA က ယမန်နေ့ ဒီဇင်ဘာ ၁ ရက်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ကာကင်းစခန်းတချို့ကို သိမ်းပိုက်ခဲ့သည်ဟု ဆိုသည်။ “သိုင်းချောင်းဆည်ရဲ့ အဓိကကျတဲ့နေရာ ကာကင်းကုန်းတွေပေါ့။ AA က ထိုးစစ်ဆင်ပြီးသိမ်းတာ။ လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရမိတယ်။ စစ်တပ်က အထိနာပြီး ဆည်ဖက်ကို ဝရုန်းသုန်းကားနဲ့ နောက်ဆုတ်သွားကြတယ်။ စစ်တပ်ကတော့ လက်နက်ကြီး၊ ဒရုန်းကတော့ တရစပ်ပစ်တယ်” ဟု ပြောသည်။ အလားတူ မင်းပြင်ရှိ မိုးလေဝသရေဒါစခန်းအနီးအနားဝန်းကျင်တွင် တပ်စွဲထားသည့် ကာကင်း…
-

သံဃနာယကအုပ်စုအား လှန်ပြနေသလိုပဲ
ပရဟိတ မလုပ်ရဘူးမဆိုလိုပါဘူး။ လမ်းပေါ် အိမ်ကြိုအိမ်ကြားတွေဆီ လူ့ကျွန်ပမာ မလုပ်အပ် မလုပ်သင့်သလိုသာသနာမှာ တကယ် မအပ်စပ် မသင့်မြတ်တဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။ မော်လမြိုင် သံဃနာယကအုပ်စုအား လှန်ပြနေသလိုပဲနော် သာသနာနဲ့ လုံးဝ ဆန့်ကျင် ကန့်လန့် မအပ်စပ် မသင့်မြတ်ကြောင်း ထောက်ပြရှင်းပြ ပြီးသလို မြို့နယ်သံဃနာယက ရုံးမှာပါ ဆရာတော်ကြီးများက သြဝါဒပေးထားပါလျှက်နဲ့ နားမလိုလို ဟန်ရေးပြတဲ့ ပရဟိတအမည်ခံ ကိုယ်တော်ဖြစ်ပါတယ်။ ယခုလို လုပ်နေတဲ့ကိစ္စတွေအား သာသနာအသိုင်းအဝိုင်းမှ ဝေဖန်ရှုတ်ချ
-

ရန်ကုန်တွင် ပျော်ပွဲရွှင်ပွဲများကျင်းပရန် စစ်ခေါင်းဆောင် ညွှန်ကြား
ရန်ကုန်မှာ ဒီဇင်ဘာလအတွင်း မြို့နယ်အလိုက် လူထုလမ်းလျှောက်ပွဲနဲ့ လွတ်လပ်ရေးအကြို ပျော်ပွဲရွှင်ပွဲတွေ လုပ်ဖို့ နိုဝင်ဘာ ၃၀ ရက်မှာ စစ်ခေါင်းဆောင်က ညွှန်ကြားထားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။ မနေ့က စစ်ခေါင်းဆောင်က ရန်ကုန်ရောက်ရှိချိန် စစ်ကောင်စီလက်အောက်ခံ တိုင်းအစိုးရအဖွဲ့ကို ပြောဆိုခဲ့တာဖြစ်ပြီး တိုင်းရုံးကတဆင့် ခရိုင်နဲ့ မြို့နယ်ကို ညွှန်ကြားတာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ “ဒီဇင်ဘာက နှစ်တိုင်းလုပ်နေကျ။ ဒါပေမဲ့ ဒီနှစ်က အရင်နှစ်နဲ့မတူဘူး၊ လွတ်လပ်ရေးအကြိုပွဲတွေ လူထုလမ်းလျှောက်ပွဲတွေ လုပ်ခိုင်းတာ။ ဦးဆောင်လုပ်မယ့်သူရှိရင်လည်း လုံခြုံရေးအပြည့်ပေးဖို့၊ လူစည်ကားတဲ့နေရာ ရွေးပေးဖို့၊ လုပ်သမျှ မှတ်တမ်းတင် ဓာတ်ပုံရိုက်ပို့ပြီး တိုင်းအစိုးရကို အချိန်နဲ့တပြေးညီ ပို့ဖို့ ညွှန်ကြားတာ။ ဓာတ်ပုံရိုက်ဖို့ အခက်အခဲရှိရင် ပြန်/ဆက်ကို အကူအညီ တောင်းဖို့ ညွှန်ကြားတာ။” မြို့နယ်မှာပါဝင်တဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက…
-

မိုးကုတ်၊ မိုးမိတ်အရေး TNLA ဗိုလ်ချုပ် တောင်းပန်
မိုးကုတ်နှင့် မိုးမိတ်မြို့အား အာဏာသိမ်းစစ်တပ်ထံ ပြန်ပေးခဲ့ရသည့်အတွက် ပေးဆပ်နစ်နာခဲ့သူများအပေါ် တောင်းပန်ချင် ကြောင်း ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တာဘုန်းကျော်က ၎င်း၏ Mai Tea Land Facebook စာမျက်နှာမှတဆင့် ယမန်နေ့ညပိုင်းတွင် ရေးသားခဲ့သည်။ မိုးကုတ်-မိုးမိတ် ပြန်ပေးလိုက်ရသည့်အပေါ် နိုင်ငံရေးဖျာခင်းသူများနှင့် ဘာမှန်းမသိ ဆဲချင်သူများအား ရှင်းချင်ကြောင်း အစချီထားသည့် ၎င်း၏ရေးသားချက်တွင် ထည့်သွင်းတောင်းပန်ခဲ့ခြင်း ဖြစ်သည်။ TNLA ၏ နိုင်ငံရေးရည်မှန်းချက်တွင် မိုးကုတ်မြို့အား တအာင်းလူမျိုးလက်ထဲ ပြန်လည်ရောက်ရှိရေးပါဝင်ပြီး ကံမကုန်သေး ပါက ကြိုးစားသူအတွက် ရလဒ်ရှိစမြဲဟု ယုံကြည်ထားကြောင်းလည်း ၎င်းက ဆိုသည်။ ၎င်းက “အခုတော့ လက်ထဲရောက်တဲ့ ကိတ်မုန့်ကို မစားရဘဲ ပုတ်ချခံလိုက်ရသလိုမျိုး အသည်းကွဲရပါတယ်” ဟု ပြောသည်။ နွေဦးတော်လှန်ရေး ၃/၄…
-

ပိုင်တံခွန်အား မိသားစုစာရင်းထဲတောင် မထည့်တော့ကြောင်း အသိပေးလာတဲ့ မိခင်ဒေါ်ကြူကြူ
မိဘကို မတန်သလိုဆက်ဆံလို့ ပိုင်တံခွန်အား မိသားစုစာရင်းထဲတောင် မထည့်တော့ကြောင်း အသိပေးလာတဲ့ မိခင်ဒေါ်ကြူကြူ အစက ပိုင်တံခွန်အမေကြီး ဒီလိုတွေရေးနေတာ ပိုင်တံခွန်ရဲ့ တစ်ခြား ညီကိုမောင်နှမ တစ်ယောက်ယောက်ဖြစ်မယ် ထင်နေခဲ့တာ မိသားစုဓာတ်ပုံတင်တော့ ပိုင်တံခွန်မပါတော့မှ သူမှန်းသိတော့တယ်…မထင်ရဘူး ပိုင်တံခွန်ရယ် မိဘကျမကသားသမီးကို ပိုးကိုက်မှာလဲကြောက်တယ် ခြင်ကိုက်မှာလဲ့ကြောက်တယ်။ ကြီးလါရင်သားတွေကဘါဖြစ်ရမယ်ဆိုပြီးအရာရာကြိုစားခဲ့တယ်တကယ်တကယ်ဖြစ်လါတော့ရိုင်းဆိုင်းလိုက်တာ။ ကျမကသားသမီးတွေကို။ အကောင်းဆုံးတွေးပြီးလုပ်ပေးပါတယ်ကွယ်။ ငယ်ငယ်တုံးကလဲ့ပိုးကိုက်ခခြင်ကိုက်မှာစိုးရိမ်လို့ အထိမခံဘူးကြီးလါရင် ကျမသားသမီးတွေပါဖြစ်ရမယ်ဆိုပြီးကြိုးစားခဲ့တယ်ဖြစ်လါတော့ရိုင်းဆိုင်းပြီးမိဘကိုမတန်သလိုဆက်ဆံတယ်ဘါမှမပြောခြင်လိုထိုင်ကြည့်နေပါတယ်ကွယ်သူအကြိုးသူခံပါစေ။ ကြူကြူဘဝမှာဘာပိုင်မှူ့ရှိလဲ့မေးရင်။ ဒါဘဲ့ပိုင်တယ် အရာရာနင့်မလဲ့ဘူး။ အသဲတွေအချစ်တွေပုံအောခဲ့တာပါ။ အသက်ရှင်ရတာလဲသူ့တို့တွေကြောင့် ရဲ့ရင့်ခဲ့တာလဲ့သူတို့တွေကြောင့်ပေးဆပ်ရတာလဲ့ကျေနပ်ခဲ့ပါတယ်ကွယ်။ Kyu Kyu