Category: News
-

ဗင်နီဇွဲလားသမ္မတ တိုင်းပြည်မှ ထွက်ပြေးရန် ထရမ့်ပ် ရာဇသံပေးထားဟု သတင်းထွက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရို ရာထူးစွန့်ပြီးတော့ တိုင်းပြည်က ချက်ချင်းထွက်ပြေးဖို့ ရာဇသံပေးခဲ့တယ်လို့ Miami Herald သတင်းစာရဲ့ ဖော်ပြချက်ကို ကိုးကားပြီး Fox News နဲ့ တခြားသတင်းဌာနတွေက ဖော်ပြကြပါတယ်။ ဗင်နီဇွဲလား လေပိုင်နက်ကို ပိတ်ထားသင့်ကြောင်း မကြေညာမီမှာ အခုလို တိုက်တွန်းခဲ့တာလို့ ဆိုပါတယ်။ သမ္မတထရမ့်ပ် ကတော့ မာဒူရိုနဲ့ ဖုန်းပြောခဲ့တယ်ဆိုတာ မှန်ကန်ကြောင်း နိုဝင်ဘာ ၃၀ ရက်က အတည်ပြုခဲ့ပေမဲ့ ဆွေးနွေးမှု အဆိုးအကောင်းကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။ ဖုန်းပြောဆိုမှုအတွင်းမှာ မာဒူရိုသာ ချက်ချင်း ရာထူးကဆင်းမယ်ဆိုရင် သူ့ဇနီးနဲ့ သား အပါအဝင် မိသားစုလိုက် ဘေးကင်းလုံခြုံစွာ ထွက်ခွာခွင့်ပြုမယ်လို့ ကမ်းလှမ်းခဲ့ကြောင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဒါပေမဲ့ မာဒူရိုဘက်က သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက်…
-

နတ်တလင်းတွင် ကြံ့ခိုင်ရေးပါတီဆိုင်းဘုတ် ဖျက်ဆီးမှုဖြင့် ပြည်သူ ၃၀ ခန့် ဖမ်းဆီးခံရ
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်က ကျေးရွာ ၂၀ ကျော်မှာ ကြံ့ခိုင်ရေးပါတီဆိုင်းဘုတ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့အတွက် ပြည်သူ ၃၀ ဝန်းကျင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နတ်တလင်းမြို့ရဲ့ အနောက်ခြမ်းမှာရှိတဲ့ ထိပ်ပိတ်ရွာ၊ ကွက်ကြီးရွာ၊ ရွှေကြာပင်ရွာ၊ အောင်ပင်သာရွာ၊ လှပခြင်းရွာ၊ ပွတ်စုရွာ၊ နွယ်ခွေရွာ၊ လဲတောရွာ၊ တောင်ယာတောရွာ၊ ရေမွေးရွာ၊ ချောက်ခမ်းရွာ၊ ကုလားတက်တွင်းရွာ၊ တောင်ရေကန်ရွာ၊ အောင်ချမ်းသာရွာ၊ ချင်းကုန်းကံရွာ၊ ပွဲသာရွာ၊ ကြာကံရွာ၊ လှေကြပ်ကုန်းရွာ၊ ဂွေးကြီးရွာနဲ့ ဂွေးလေးရွာတွေက ပြည်သူတွေက စစ်ကောင်စီတပ် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ ကြံ့ခိုင်ရေးပါတီ ဆိုင်းဘုတ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ပါတီဆိုင်းဘုတ်တွေ မီးရှို့ခဲ့တယ်လို့ သံသယရှိသူ အမျိုးသား အယောက် ၃၀ ဝန်းကျင်ကို…
-

နေပြည်တော် PDF ဒုရင်းမှူးက ရဲဘော်တစ်ဦးကို အပြစ်ပေးရိုက်နှက်၍ သေဆုံး
နေပြည်တော် PDF ဒုရင်းမှူးက ရဲဘော်တစ်ဦးကို အပြစ်ပေးရိုက်နှက်၍ သေဆုံး ရုပ်အလောင်းကို မြေမြုပ်အစဖျောက်ခဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ နေပြည်တော်တိုင်းစစ်ဌာန (နေပြည်တော် PDF) တပ်ရင်း (၈၀၂) ဒုတပ်ရင်းမှူးက ရဲဘော်တစ်ဦးကို အပြစ်ပေး ရိုက်နှက်ခဲ့ခြင်းကြောင့် သေဆုံးခဲ့ရကြောင်း (၈၀၂) ရဲဘော်ဟောင်းတစ်ဦးက ပြောသည်။ အဆိုပါ ရုပ်အလောင်းကို (၈၀၂)တပ်ရင်း ရဲဘော်ဟောင်းတစ်ဦး၏ တိုင်ကြားချက်အရ ကရင်နီပြည်ရဲဌာန(KSP) အပါအဝင် ဆရာဝန်၊ ကျေးရွာတာဝန်ရှိသူများ၊ နယ်မြေခံတော်လှန်ရေးအဖွဲ့အစည်းများက နိုဝင်ဘာ ၂၂ရက်နေ့ကသွားရောက်တူးဖော်ခဲ့သည်။ ထိုသို့ တူးဖော်ရာတွင် နေပြည်တော် PDF (၈၀၂)တပ်ရင်းစခန်းဟောင်း တောင်ဘက် ပေ (၃၀၀)ခန့်အကွာ၌ စောင်ဖြင့် ပတ်ကာ မြုပ်နှံထားသည့် လူငယ် ရုပ်အလောင်းတစ်ခု တွေ့ရှိခဲ့သည်။ ဖြစ်စဥ်မှာ ပြီးခဲ့သည့် ဧပြီလပိုင်းက ထို စခန်းအတွင်း (၈၀၂)…
-

The Wedding Rule
The Wedding Rule (2023) The Wedding Rule ဇာတ်ကားကတော့ anyone but you လိုဟာသအချစ်ဇာတ်လမ်းလေးကြည့်ချင်တဲ့သူတွေအတွက် နောက်ထပ်ကြည့်ရမယ့် Rom-Com ဇာတ်ကားလေးဖြစ်ပြီး ဟင်းတွေကိတ်အမျိုးစားတွေတော်တော်များများတွေ့ရမှာမလို့ အစားသောက်ချစ်သူတွေလဲကြည့်သင့်တဲ့ကားလေးပါ။ ဇာတ်လမ်းအကျဥ်း မက်စ်နဲ့ ဂျန်မာတို့ဟာ ဟင်းလျာချက်ပြုတ်ရတာကိုစိတ်အားထက်သန်တဲ့သူတွေဖြစ်ကြပြီး ငယ်ငယ်ကတည်းက သူတို့ကိုဟင်းချက်နည်းတွေသင်ပေးတဲ့အဘွားရိုဆာရဲ့ ဆိုင်မှာအလုပ်လုပ်တူတူလုပ်ကြပြီး နှစ်ယောက်လုံးကတစ်ယောက်အပေါ်တစ်ယောက် ခံစားချက်ရှိပေမယ့် မက်စ်မှာ ဂျိုလီဆိုတဲ့ရည်းစားရှိတာကြောင့် သူငယ်ချင်းအဆင့်ကနေ မတက်ဘဲ မက်စ်က ကောလိပ်တက်ဖို့ နယူးယောက်ခ်ကိုပြောင်းသွားတော့ သူတို့ကအဆက်သွယ်ပြတ်သွားကြပါတယ်။ အဘွားရိုဆာ ကွယ်လွန်ပြီးနောက် သူရဲ့သေတမ်းစာမှာ သူတို့နှစ်ယောက်ထဲတစ်ယောက်က အိမ်ထောင်ရှိတဲ့လူကဆိုင်ကိုအမွေရမှာဖြစ်ပြီး မရှိရင်တော့ ၃ပတ်အတွင်း လက်ထပ်နိုင်မယ့်လူရှာရမှာဖြစ်ပါတယ်။ မရှာနိုင်ရင်တော့ဆန်တိုလ်ဆိုတဲ့ရိုဆာရဲ့တူကို ပေးအပ်ရမှာဖြစ်ပါတယ်။ ဆန်တိုလ်ကဆိုင်ကိုဖျက်ကာ စီးပွားရေးလုပ်ချင်တာကြောင့် ရိုဆာရဲ့ ဆိုင်ကို တန်ဖိုးထားတဲ့မက်စ်နဲ့ဂျန်မာတို့ဟာ လူများစွာနဲ့ဒိတ်လုပ်ပေမယ့် တစ်ယောက်အပေါ်တစ်ယောက်ခံစားချက်ရှိတာမို့ အဆင်မပြေဖြစ်ပြီး အဲ့ဒီခံစားချက်တွေ ဘယ်လိုပေါ်ထွက်လာမလဲဆိုတာကတော့ သူတို့ရဲ့…
-

ဝက်လက်နှင့် ရွှေဘိုတွင် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး အယောက် ၃၀ ကျော်သေ
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ လက်နက်ခဲယမ်းများစွာ ရရှိ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နဲ့ ရွှေဘိုမြို့နယ်တွေထဲမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ စစ်တပ်ထောက်ပို့စစ်ကြောင်းတွေကို တိုက်ခိုက်ရာ စစ်သား အယောက် ၃၀ ကျော် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း Shwe Bo Battalion 15 ထံက သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက် မနက် ၆နာရီလောက်မှာ ဝက်လက်မြို့နယ် စိုင်နိုင်လေးရွာမှာ အင်အား ၁၀၀ ဝန်းကျင်တဲ့ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်သား ၄ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တဲ့အတွက် ရွှေဘို တပ်မ (၄၂) ကနေ ဟောင်ဝှစ်ဇာတွေနဲ့ ၁၉ ကြိမ် ပစ်ကူပေးခဲ့သလို မုံရွာ နမခကနေလည်း…