Category: News

  • စခွက်မပြောင်သင့်တာကို သွားပြောင်လိုက်တဲ့ ဖြူဖြူထွေး
  • အာဏာရှင်နဲ့ ရန်ငါစည်း ပြတ်တယ်လို့ တိုက်စစ်မှူး ကောင်းဆက်နိုင် ပြော

    အာဏာရှင်နဲ့ ရန်ငါစည်း ပြတ်တယ်လို့ တိုက်စစ်မှူး ကောင်းဆက်နိုင် ပြော

    အာဏာရှင်နဲ့ ရန်ငါစည်း ပြတ်တယ်လို့ တိုက်စစ်မှူး ကောင်းဆက်နိုင် ပြော မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးတစ်ဦးဖြစ်သူ ကောင်းဆက်နိုင်က စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးကာလအတွင်း ၎င်း၏ ခိုင်မာသော ခံယူချက်နှင့် “ရန်ငါစည်း” ကို မည်သို့ပြတ်သားစွာ ကျင့်သုံးနေကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ ကောင်းဆက်နိုင်သည် တော်လှန်ရေးစတင်ကတည်းက မြန်မာ့ဘောလုံးလောကနှင့် လက်ရွေးစင်အသင်းကို စွန့်ခွာခဲ့သူဖြစ်ပြီး၊ လက်ရှိတွင်လည်း တော်လှန်ရေးဘက်တော်သားများနှင့်သာ ထိတွေ့ဆက်ဆံကာ စစ်ကောင်စီနှင့် ပတ်သက်သမျှကို ထိရောက်စွာ သပိတ်မှောက် (Boycott) နေကြောင်း သိရသည်။ ကောင်းဆက်နိုင် က သူ့ရဲ့ လူမှုကွန်ရက်မှာ အခုလိုရေးသားထားပါတယ်။ “တော်လှန်ရေးမှာအဓိက ခံယူချက်ပါပဲ ကျွန်တော်တို့ဆို တော်လှန်ရေးစထဲက တော်လှန်ရေးဘက်က လူတွေကိုပဲ အဓိကဆက်ဆံတယ် BC တွေကိုထိထိရောက်ရောက်ဖြစ်အောင် သီချင်းနားထောင်ရင်တောင် တော်လှန်ရေး ဘက်က လူတွေရဲ့ သီချင်း ရုပ်ရှင်အားလုံးကိုပဲခံစားတယ်။ အားပေးတယ်…

  • ဧရာ၀တီကိုစတေးပြီး သူခိုးဓားရိုးကမ်းတဲ့အဖြစ်

    ဧရာ၀တီကိုစတေးပြီး သူခိုးဓားရိုးကမ်းတဲ့အဖြစ်

    ဧရာ၀တီမြစ်ဆုံစီမံကိန်းကို အာဏာသိမ်းစစ်တပ်က ပြန်လည် စတင်ရန် လုပ်ဆောင်နေမှုတွင် ပြည်သူလူထု၏ဆန္ဒကို အဓိက အလေးအနက်ထားရန် အရေးတကြီးလိုအပ်ဟု KIO/KIA က သတိပေး ပြည်သူလူထု၏ ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းထားခဲ့သော မြစ်ဆုံစီမံကိန်းကို အာဏာသိမ်းအကြမ်းဖက်စစ်တပ်က ပြန်လည် စတင်ရန် လုပ် ဆောင်နေရာတွင် လူထု၏ဆန္ဒသဘောထားကို အဓိက အလေးအနက်ထားရန် အရေးတကြီးလိုအပ်နေကြောင်း KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက သတိပေးပြောဆိုသည်။ အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းပြီးနောက် သမ္မတသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်ကတည်းက ရပ်ဆိုင်းထားခဲ့သော ဧရာ၀တီမြစ်ဆုံစီမံကိန်းကို မင်းအောင်လှိုင်က ပြန်လည် စတင်ရန် လုပ်ဆောင်လျက်ရှိပြီး ဒုစစ်ခေါင်းဆောင်စိုးဝင်းကလည်း မြစ်ဆုံစီမံကိန်းအတွက် တည်ဆောက်မည့် ဆည်တာတမံဒီဇိုင်းကို နှစ်နိုင်ငံ ရွေးချယ်ပြီးစီးပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ KIO/KIA အနေဖြင့် ကချင်ပြည်နယ်၊ ဧရာ၀တီမြစ်ဆုံတွင် ပြန်လည် တည်ဆောက်ရန် လုပ်ဆောင်နေသော မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး…

  • ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖို့ နိုင်ငံတကာသဘောတူညီချက် ရရှိ

    ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖို့ နိုင်ငံတကာသဘောတူညီချက် ရရှိ

    ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖို့ နိုင်ငံတကာသဘောတူညီချက် ရရှိ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ တိုက်ဖျက်ရေးကို ထိပ်တန်းဦးစားပေး လုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ အရှိန်မြှင့် ပူးပေါင်း လုပ်ဆောင်သွားဖို့ နိုင်ငံပေါင်း ၆၀ ဝန်းကျင်က သဘောတူခဲ့ကြတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဒီဇင်ဘာ ၁၇ နဲ့ ၁၈ ရက်နေ့တွေက ကျင်းပခဲ့တဲ့ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး နိုင်ငံတကာညီလာခံ (International Conference on the Global Partnership against Online Scams) ညီလာခံ အပြီးမှာ “၂၀၂၅ ဘန်ကောက် ပူးတွဲကြေညာချက်” အဖြစ် ဒီဇင်ဘာ ၁၈ ရက်နေ့က အခုလို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ တစ်နေ့တခြား ပိုမိုပျံ့နှံ့လာတဲ့ အွန်လိုင်းလိမ်လည်မှု ကွန်ရက်တွေကို တုံ့ပြန်နိုင်ဖို့၊ ပြည်တွင်းဥပဒေတွေကို…

  • “ဘောနပ်စ်”

    “ဘောနပ်စ်”

    သူ့နာမည်က ဇွဲ .. ။ နာမည်အရင်းက ဇွဲနေအောင် ဖြစ်သော်လည်း နေအောင်ဆိုသည်က သူ့အဖေနာမည် ဖြစ်သဖြင့် သူ့ကိုယ်သူ ဇွဲဟုသာ ခေါ်ဝေါ်သုံးစွဲခဲ့သည်။ အများကလည်း သူပြောသလို သူ့ကို ဇွဲဟုသာ ခေါ်ခဲ့သဖြင့် အပေါင်းအသင်းများကြားတွင် သူ့နာမည်အရင်း ဇွဲနေအောင်ကို သိသည့်သူတောင် ရှားပါးလှသည်။ ဇွဲသည် ခေတ်လူငယ် တစ်ယောက် .. တိတိကျကျ ပြောရလျှင် တက္ကသိုလ်ကျောင်းပြီးခါစ အသက်၂၄နှစ်အရွယ် တက်သစ်စ လူငယ်တစ်ယောက်။ ဘယ်နေရာတွင် အသုံးတည့်မည်မှန်း သေချာမသိသော ဘွဲ့တစ်ခုကို ရန်ကုန်မြို့စွန်ရှိ တက္ကသိုလ်တစ်ခုမှရရှိပိုင်ဆိုင်ထားသော လူငယ်ယောက်ျားလေးတစ်ယောက်ဟုလည်း ထပ်မံ၍ ဖြည့်စွက်ဆိုလို့ရသည်။ ဇွဲသည် ရန်ကုန်ဇာတိတော့ မဟုတ်။ အထက်အညာရှိ မြို့တစ်မြို ့မှ နေ၍ ရန်ကုန်လာပြီး ကျောင်းတက်ခြင်း ဖြစ်သည်။ အညာသားဟု ဆိုလို့ရသော်လည်း ဇွဲက…