Category: News
-

ဘောမ ဆိုသည်မှာ
ယောက်ျားတွေရဲ့ ဝှေးစေ့နှစ်လုံးဟာ ကပ္ပါယ်အိတ်ထဲမှာရှိပါတယ်။ ကပ္ပါယ်အိတ် ဆိုတာ မမြင်ဘူးသူများအတွက် ပြောပြရရင် သူက သားရေနဲ့ ချုပ်ထားတဲ့ အိပ်ရှုံ့လေးကို ချိတ်ထားသလို အောက်မှာတိုးလိုးတန်းလန်းလေးနဲ့ပေါ့။ အဲဒီထဲမှာတော့ ယောက်ျားတွေအတွက် အလွန်တရာမှ အရေးကြီးတဲ့ ဝှေးစေ့နှစ်လုံးရှိပါတယ်။ ဝှေးစေ့က ဘာလို့အရေးကြီး ရသလဲဆိုတော့ ဝှေးစေ့က မျိုးပွားရေးမှာ မရှိမဖြစ်တဲ့ သုက်ပိုးတွေ မွေးပေးတဲ့အရာပဲ ဖြစ်နေလို့ပါပဲ။ ဒီလောက်အရေးကြီးတဲ့ ဥနှစ်လုံးကို အသည်းတို့ နှလုံးတို့လိုမျိုး ကိုယ်ခန္ဓာရဲ့ အတွင်းထဲမှာ ထည့်မထားပဲ ဘာဖြစ်လို့ သဘာ၀က အပြင်မှာ အဝတ်လှမ်းသလိုမျိုး ထုတ်ပြီး ချိတ်ထားရသလဲ။ ဘာဖြစ်လို့လဲဆိုတော့ သုက်ပိုးထုတ်ဖို့အတွက်က သိပ်မပူ သိပ်မအေးတဲ့ အပူချိန်လိုအပ်လို့ပါ။ သိပ်ပူ သိပ်အေးနေရင် သုက်ပိုးတွေမဖြစ်တာနဲ့။ ဖြစ်ပြီးသား သုက်ပိုးတွေ သေရတာနဲ့ ဖြစ်တတ်လို့ပါ။ ဝှေးစေ့တွေကို အပူအအေး ညီညွတ်ရအောင်…
-

တိုက်ပွဲအတွင်း လက်နက်ချရန် လုပ်ဆောင်နေသည့် စစ်သားများကိုလည်း အချင်းချင်း ပစ်သတ်
တောင်သာမြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၃၀ ဦးသေဆုံး တိုက်ပွဲအတွင်း လက်နက်ချရန် လုပ်ဆောင်နေသည့် စစ်သားများကိုလည်း အချင်းချင်း ပစ်သတ် မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၃၀ ဦးသေဆုံးပြီး တိုက်ပွဲအတွင်း လက်နက်ချရန် လုပ်ဆောင်နေသည့် စစ်သားများကိုလည်း အချင်းချင်း ပစ်သတ်ခဲ့ကြောင်း Taung Tha People Defense Force မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဒီဇင်ဘာလ ၂ ရက်နေ့တွင် တောင်သာမြို့နယ် တောင်ခြမ်းကို စစ်တပ် စစ်ကြောင်းက သုံးဖွဲ့ခွဲ၍ တတ်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက အသင့်စောင့်ဆိုင်း တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုသည် ၃…
-

ခရိုင် နှစ်ခုကို အခြေပြုကာ ပဲခူးရိုးမကို စစ်ကြောင်းထိုးရန် စစ်တပ် ပြင်ဆင်
တော်လှန်ရေးအဖွဲ့များ ခြေကုပ်ယူလှုပ်ရှားရာ ပဲခူးရိုးမအနီး စစ်ကော်မရှင်တပ်က ယခုလဆန်းမှ စတင်ကာ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးရန် ပြင်ဆင်နေပြီး ထိုအထဲမှ ပဲခူးတိုင်း သာယာဝတီခရိုင်တွင် စစ်ကြောင်းများရောက်နေကာ နတ်တလင်းခရိုင်နှစ်ခုတွင် စစ်ရေးပြင်းထန်နေသဖြင့် ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရသည်။ ပဲခူးရိုးမ အနောက်ဘက်တောင်ခြေတကြော တဆက်စပ်တည်းရှိသော နတ်တလင်းခရိုင် နတ်တလင်းမြို့နယ် ၊ တောင်ဘက် ကပ်လျက် သာယာဝတီခရိုင် ဇီးကုန်း၊ အုတ်ဖို၊ မင်းလှမြို့နယ်တို့တွင် ယခုလဆန်းမှစပြီး စစ်တပ်က မြို့အဝင်လမ်းများ ပိတ်ဆို့လိုက်သည်။ ထို့နောက် နတ်တလင်းမြို့နယ်ကို ဗဟိုပြု၍ တော်လှန်ရေးတပ်များ ခြေကုပ်ယူထားသည့် ပဲခူးရိုးမပေါ်ဦးတည် စစ်ကြောင်းထိုးနေပြီး တောင်ဘက် သာယာဝတီခရိုင် သုံးမြို့နယ်နှင့် မြောက်ဘက်ရှိ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားရန် ကြိုးစားနေကြောင်း ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ များထံက သိရသည်။ ပြီးခဲ့သည့်…
-

မိုးကုတ်မြို့နယ်တွင် စစ်တပ် တပ်စွဲထားသည့် နေရာသို့ တော်လှန်ရေးတပ်ပေါင်းစုက ဒရုန်းဖြင့် ဗုံးကျဲ
မန္တလေးတိုင်း မိုးကုတ်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ် တပ်စွဲထားသည့် ဗျူဟာကုန်း အနီးကုလားကျောင်းပေါ်သို့ တော်လှန်ရေးတပ်ပေါင်းစုက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်က ပြောကြားသည်။ ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ဝန်းကျင်မှ စ၍ တော်လှန်ရေး တပ်ပေါင်းစုက ဒရုန်းဖြင့် ဗုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ယနေ့ နံနက်ခင်းအစောပိုင်းတွင်လည်း အ.ထ.က ၄ ကျောင်းဝင်းထဲတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်ကိုလည်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။ “ခွေးတွေက တပ်စွဲထားတာဗျ။ ကုလားကျောင်းပေါ်အရှေ့ပိုင်းဗျ။ PDF ချတာ ။ မွန်းလွဲ ၁ နာရီ ၄၂ မိနစ်မှာလည်း ဒရုန်းနဲ့ ဗုံး ၃ လုံး၊ ၂ နာရီ ၅ မိနစ်မှာ…
-

မြစ်ဆုံစီမံကိန်းကို ကန့်ကွက်သူများအား အရေးယူမည်ဟု စစ်ကော်မရှင် ပြော
ပြည်ထောင်စုအဆင့်အပါအဝင် တိုင်းနှင့်ပြည်နယ်များမှ လုပ်ကိုင်ခွင့်ပြုထားပြီးအကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများကို အထောက်အထားခိုင်လုံမှုမရှိဘဲ ကန့်ကွက်လာလျှင် ကန့်ကွက်သူများကို အရေးယူရန် အမိန့်ကြော်ငြာစာများကို စစ်ခေါင်းဆောင်ဦးဆောင်သည့် ကာလုံရုံးမှ ပြီးခဲ့သည့် (ဒီဇင်ဘာ ၁၆ ရက်) ရက်စွဲဖြင့် ယနေ့ (ဒီဇင် ဘာလ ၁၉ ရက်)တွင် ထုတ်ပြန်ထားသည်။ “ရပ်တန့်နေတဲ့ ဆက်မလုပ်ဖြစ်တဲ့ စီမံကိန်းတွေ ဆက်လုပ်ဖြစ်ဖို့ အမိန့်ကြော်ငြာစာထုတ်ပေးလိုက်တဲ့စာပါ။ ကန့်ကွက်သူတွေရှိလို့ အခုလိုထုတ်လိုက်တာ”ဟု နေပြည်တော်စစ်တပ် အရင်းအမြစ်ကပြောသည်။ ကြော်ငြာစာထဲတွင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည် နယ်အစိုးရအဖွဲ့များအပါအဝင် နေပြည်တော်ကောင်စီဆိုသည့် စကားရပ်ပါပြီး ထို အခွင့်အာဏာအရ လုပ်ကိုင်ခွင့်ပြုသည့် လုပ်ငန်းများ၊ စာချုပ်စာတမ်း မှတ်ပုံတင်ခြင်းလုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများနှင့် အခြားသက်ဆိုင်သောကိစ္စရပ်များအားလုံးကို အထောက်အထားခိုင်လုံမှုမရှိ၊ ပတ်သက်ဆက်နွယ်မှုမရှိဘဲ ကန့် ကွက်ခြင်းများ ဖြစ်ပေါ်နေခြင်းကြောင့်ဟု စစ်ကော်မရှင်ဘက်က…