Category: News

  • လက်ပံတန်းတွင် စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီး  ဒုရဲအုပ်အပါအဝင် ၁၉ ဦး သေဆုံး

    လက်ပံတန်းတွင် စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီး ဒုရဲအုပ်အပါအဝင် ၁၉ ဦး သေဆုံး

    ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ဆင်တလင်းရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲအတွက် တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး ဒုရဲအုပ် တယောက်အပါအဝင် စစ်ကောင်စီတပ်သား ၁၉ ယောက် သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃ ဆီကနေ သိရပါတယ်။ ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်းကစပြီး ဆင်တလင်းရွာက စစ်ကောင်စီတပ်သား အင်အား ၃၀ လောက်ရှိတဲ့ အထိုင်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။ စခန်းစီးနင်းပြီးတဲ့နောက် စစ်ကောင်စီတပ်သားအင်အား ၈၀ လောက်က စစ်ကြောင်းထိုးလာလို့ အဲ့ဒီစစ်ကြောင်းနဲ့ တောင်တန်းမြိုင်ရွာမှာ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲမှာ ဒုရဲအုပ် ရဲလွင်၊ တပ်ကြပ်ကြီး တယောက်၊ ဒုတပ်ကြပ် ၂ ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၁၈ ယောက်သေဆုံးပြီး ၆ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။…

  • နတ်မောက်မြို့အဝင်ဂိတ်အနီး စစ်သားများ တိုက်ခိုက်ခံရပြီး ၅ ဦး ထိခိုက်ဟုဆို

    နတ်မောက်မြို့အဝင်ဂိတ်အနီး စစ်သားများ တိုက်ခိုက်ခံရပြီး ၅ ဦး ထိခိုက်ဟုဆို

    မကွေးတိုင်း ၊ နတ်မောက်မြို့ အဝင်ဂိတ်အနီးတွင် စစ်သားများ တိုက်ခိုက်ခံရပြီး ၅ ဦး ထိခိုက်မှုရှိကြောင်း သိရသည်။ ဒီဇင်ဘာ ၁၇ ရက်၊ ညနေ ၅ နာရီခွဲခန့်တွင် နတ်မောက်-စိုင်ကောင်း လမ်းပိုင်း၌ ကင်းပုန်းဝပ်ပြီး ပြန်လာသည့် စစ်သား ၁၇ ဦးခန့်ကို နတ်မောက်မြို့တောင်ဘက်၊ မြို့အဝင်ဂိတ်နှင့် ၃ ဖာလုံခန့်အကွာ ၌ တိုက်ခိုက်ခဲ့ရာ နတ်မောက်မြို့တွင်းမှ စစ်ကူများ ထပ်မံရောက်လာကာ ထိတွေ့တိုက်ပွဲ တစ်နာရီခွဲခန့် ဖြစ်ပွားခဲ့ရာ စစ်သား ၅ ဦး မျက်မြင် လဲကျသွားကြောင်း ငါးပြေမပြောက်ကျားတပ်ဖွဲ့မှ ယနေ့(ဒီဇင်ဘာ ၁၈ ရက်) မွန်းလွဲပိုင်းက သတင်းထုတ်ပြန်သည်။ “ကင်းပုန်းယူထားပြီးအပြန် နတ်မောက်တောင်ဂိတ်အနီးမှာဖြစ်တာပါဗျ။ နတ်မောက်-စိုင်ကောင်း လမ်းပေါ်မှာပဲဖြစ်တာဗျ။ နတ်မောက်တောင်ဂိတ်ကို စစ်ကူကားတစ်စီး လာချသွားတယ်ဗျ။ တိုက်ပွဲ ဖြစ်ပြီး…

  • မြန်မာ့အရေး ကုလစုံစမ်းရေးယန္တရားနှင့် ပူးပေါင်းဆောင်ရွက်မည်

    မြန်မာ့အရေး ကုလစုံစမ်းရေးယန္တရားနှင့် ပူးပေါင်းဆောင်ရွက်မည်

    မြန်မာ့အရေး ကုလစုံစမ်းရေးယန္တရားနှင့် ပူးပေါင်းဆောင်ရွက်မည့်ဥပဒေကို ပြင်သစ်အောက်လွှတ်တော် တညီတညွတ်တည်း အတည်ပြု မြန်မာနိုင်ငံအတွင်း ကျူးလွန်ခဲ့သည့် ပြင်းထန်သော နိုင်ငံတကာရာဇဝတ်မှုများကို အရေးယူနိုင်ရန်အတွက် ပြင်သစ်အစိုးရနှင့် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အကြား ချုပ်ဆိုထားသည့် တရားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို ပြင်သစ်အောက်လွှတ်တော်က ဒီဇင်ဘာ ၁၇ ရက်နေ့တွင် တညီတညွတ်တည်း အတည်ပြုလိုက်သည်။ ဤသဘောတူညီချက်သည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ရာဇဝတ်မှုဆိုင်ရာ အထောက်အထားများကို စုဆောင်းခြင်း၊ မျှဝေခြင်းနှင့် တရားစွဲဆိုနိုင်ခြင်းတို့အတွက် ခိုင်မာသော တရားရေးအခြေခံဘောင်တစ်ခု ဖြစ်လာစေမည်ဖြစ်သည်။ အဆိုပါ သဘောတူညီချက်ကို ၂၀၂၄ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ဂျနီဗာမြို့၌ စတင်လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။ ဥပဒေရေးဆွဲသူ ကိုယ်စားလှယ် မာဇောရီ (Mr. Mazaury) က ဤဥပဒေသည်…

  • မဲရလဒ်ကို စစ်တပ် လက်မခံပါက ငြိမ်ခံနေမည်မဟုတ်ဟု ပြည်သူ့ပါတီ အမတ်လောင်း လူမှုကွန်ရက်၌ ကြွေးကြော်နေ

    မဲရလဒ်ကို စစ်တပ် လက်မခံပါက ငြိမ်ခံနေမည်မဟုတ်ဟု ပြည်သူ့ပါတီ အမတ်လောင်း လူမှုကွန်ရက်၌ ကြွေးကြော်နေ

    အတုအယောင် ရွေးကောက်ပွဲတွင် မဲရလဒ်ကို စစ်တပ်က လက်မခံပါက ငြိမ်ခံနေမည် မဟုတ်ဟု ပြည်သူ့ပါတီ အမတ်လောင်း ဦးစိန်သောင်းက လူမှုကွန်ရက်ပေါ်၌ ကြွေးကြော်နေကြောင်း သိရသည်။ ဦးစိန်သောင်းသည် အာဏာသိမ်းစစ်တပ် ဝါဒဖြန့်ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက စစ်ခေါင်းဆောင် သမ္မတ လုပ်နိုင်ချေ ရှိကြောင်း ပြောအပြီးတွင် သမ္မတကို လွှတ်တော်က ရွေးရခြင်း ဖြစ်သဖြင့် ဒီမိုကရက်တစ်ဟု နာမည်ခံထားသော ၄င်းတို့ပါတီများ အနိုင်ရရန် လိုသည်ဟု ယမန်နေ့( ဒီဇင်ဘာ ၁၅ ရက်) က လူမှုကွန်ရက်တွင် တင်ရှိခဲ့သည်ကို တွေ့ရသည်။ အဆိုပါ ပို့စ်အောက်တွင် ပြည်သူတစ်ဦးက မဲဆွယ်သည်ကို နားလည်ပေးသော်လည်း မဲရလဒ်ကို စစ်တပ်က လက်မခံပါက မည်သို့ လုပ်မည်နည်းဟု မေးခွန်း ထုတ်ခဲ့သည်။ အဆိုပါ မေးခွန်းအား ဦးစိန်သောင်းက”…

  • သမိုင်းဝင် ပင်လုံမြို့နဲ့ ၃မိုင်အကွာမှာ ရှိတဲ့  ဧကသိန်းနဲ့ချီ လျှို့ဝှက်ဘိန်းစိုက်ခင်းကြီး

    သမိုင်းဝင် ပင်လုံမြို့နဲ့ ၃မိုင်အကွာမှာ ရှိတဲ့ ဧကသိန်းနဲ့ချီ လျှို့ဝှက်ဘိန်းစိုက်ခင်းကြီး

    ပင်လုံညီလာခံကျင်းပခဲ့ပြီး ပင်လုံစာချုပ်ချုပ်ဆိုခဲ့တဲ့ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ဟာ မြန်မာနိုင်ငံအတွက် သမိုင်းဝင်မြို့တစ်မြို့ဖြစ်ခဲ့ပြီး အခုတော့ အဲပင်လုံမြို့နဲ့ ၃မိုင်အကွာမှာ ဧကသိန်းနဲ့ချီတဲ့ ဘိန်းစိုက်ခင်းတွေ ဝေဝေဆာဆာဖူးပွင့်လျက်ရှိနေပါတယ်။ နေရာအတိအကျပြောရရင် ပင်လုံကနေ ဟိုပုံးမြို့အနီးကို တိုက်ရိုက်ပေါက်ရောက်တဲ့ ဖြတ်လမ်းပေါ်မှာတည်ရှိပြီး ကျောက်တန်းလို့ခေါ်တဲ့ ရွာကြီးကို ဖြတ်သန်းသွားလာရတဲ့အတွက် ကျောက်တန်းလမ်းလို့လည်း အများက ခေါ်ဝေါ်ကြပါတယ်။ ကျောက်တန်းရွာနဲ့ပင်လုံမြို့ဟာ မိုင်အားဖြင့် ၄၄မိုင်ရှိပြီး အဲ၄၄မိုင်ထဲက မိုင်၂ဝလောက်ဟာ ပတ်ပတ်လည် ဘိန်းစိုက်ခင်းတွေနဲ့ ဝိုင်းရံထားပြီး ဘိန်းစိုက်ခင်းတွေဟာ မျက်စိတစ်ဆုံးထိ တွေ့မြင်ရလျက်ရှိနေပါတယ်။ “အရင်ကတော့ ဘိန်းစိုက်ခင်းတွေ မြင်ဖူးပါတယ်။ ဒါပေမယ့် ဒီလောက် များတဲ့ ဘိန်းခြံမမြင်ဖူးဘူး။ ဘယ်နားရပ်ရပ် မျက်စိတစ်ဆုံးကို မြင်ရတယ်။ အနည်းဆုံး ဧက ၁သိန်းကျော်ရှိမယ်လို့ ခန့်မှန်းရတယ်”လို့ အဲလမ်းပေါ် ဖြတ်သန်းသွားလာတဲ့ ကားသမားတစ်ဦးက မှတ်ချက်ပြုပါတယ်။ အဲဧက သိန်းနဲ့ချီတဲ့ ဘိန်းစိုက်ခင်းတည်ရှိရာဟာ…