Category: News

  • ပြည်သူ့ စစ် တပ်ဖွဲ့ဝင်များ အစာအဆိပ်သင့်ကာ ၁၀ ဦး သေဆုံး

    ပြည်သူ့ စစ် တပ်ဖွဲ့ဝင်များ အစာအဆိပ်သင့်ကာ ၁၀ ဦး သေဆုံး

    ခေါင်လန်ဖူးမြို့နယ်တွင် ထိုးစစ်ဆင်လာသော စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ အစာအဆိပ်သင့်ကာ ၁၀ ဦး သေဆုံး တော်လှန်ရေးတပ်များက အလောင်းများကို မြေမြှုပ်သဂြိုလ်ပေးရ ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်၊ လာဟီဆင်ဒေသသို့ ထိုးစစ်ဆင်လာသော စစ်တပ်လက် အောက် ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ အစာအဆိပ်သင့်ပြီး တပ်သား ၁၀ ဦး သေဆုံးသွားကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ပြောကြားသည်။ အောက်တိုဘာလ ၂၄ ရက်နေ့က ခေါင်လန်ဖူးမြို့နယ်နှင့် ဆော့လော်မြို့နယ်အစပ်ရှိ လာဟီဆင် စစ်တပ် စခန်းကို KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ထိန်းချုပ်ပြီးနောက် ယင်းစခန်းကို ပြန် လည်ရရှိရေးအတွက် ဒီဇင်ဘာလဆန်းပိုင်းတွင် အကြမ်းဖက်စစ်တပ် လက်အောက်ခံ ခေါင်လန်ဖူးပြည် သူ့စစ်တပ်ဖွဲ့မှ အင်အား ၃၀ ကျော်ဖြင့် ပြန်လည် စစ်ကြောင်းထိုးလာခဲ့ကြောင်း သိရသည်။…

  • KIO က စစ်တပ်၏ ရွေးကောက်ပွဲကို အသိအမှတ်ပြုမည်မဟုတ်

    KIO က စစ်တပ်၏ ရွေးကောက်ပွဲကို အသိအမှတ်ပြုမည်မဟုတ်

    KIO က စစ်တပ်၏ ရွေးကောက်ပွဲကို အသိအမှတ်ပြုမည်မဟုတ်ဘဲ KIA ထိန်းချုပ်ဒေသများတွင် ရွေးကောက်ပွဲကျင်းပခွင့်မပြုဟု ဗိုလ်မှူးကြီးနော်ဘူ ပြောဆို ကချင်လွတ်လပ်ရေးအဖွဲ့ KIO က စစ်တပ်၏ရွေး ကောက်ပွဲကို အသိ အမှတ် ပြုမည်မဟုတ်ဘဲ KIA ထိန်းချုပ်ဒေသများတွင်လည်း ရွေးကောက်ပွဲများကို ပြု လုပ် ခွင့်ပြုမည် မဟုတ်ကြောင်း KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုလိုက်သည်။ အကြမ်းဖက်စစ်တပ်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ ရွေး ကောက်ပွဲကို စတင်ပြုလုပ်မည်ဖြစ်ပြီး ဇန်နဝါရီလအထိ ရွေးကောက်ပွဲကို ၃ ကြိမ်ခွဲ၍ ပြုလုပ်မည်ဖြစ်သည်။ “ရွေးကောက်ပွဲနဲ့ပတ်သက်လို့ကတော့ KIO/KIA အနေနဲ့ မထောက်ခံဘူး။ အသိအမှတ်မပြုဘူး။ KIA/KIA ထိန်းချုပ်ဒေသတွေမှာ ရွေးကောက်ပွဲကို ကျင်းပခွင့်ပြုမှာမဟုတ်ပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။ လက်ရှိတွင်…

  • MNDAA က အထူးဒေသ ၁ အလံတော်ဥပဒေကို ပြဋ္ဌာန်း

    MNDAA က အထူးဒေသ ၁ အလံတော်ဥပဒေကို ပြဋ္ဌာန်း

    စစ်တပ်နှင့် အပစ်ရပ်ထားသော ကိုးကန့် MNDAA က အထူးဒေသ ၁ အလံတော်ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီး အောက်ခံ အနီ၊ အပြာနှင့် ကြယ်ဖြူ ၃ လုံး အလံကို တရားဝင် အထူးဒေသ အလံတော်အဖြစ် စတင်သုံးစွဲ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နယ်မြေအများစုကို သိမ်းပိုက်ထားသော ကိုးကန့် MNDAA က အထူးဒေသ ၁ အလံတော်ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီး တရားဝင်လံကို စတင်သုံးစွဲမည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန် ကြေညာသည်။ ယခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် ကျင်းပသော အထူးဒေသ ၁ အုပ်ချုပ်ရေးကော်မတီအစည်းအဝေးက “ပြည်ထောင်စု မြန် မာနိုင်ငံ အထူးဒေသ ၁ ဒေသအလံတော်ဥပဒေ” အတည်ပြုခဲ့ပြီး တရားဝင်အလံတော်ကို စတင်သုံးစွဲခြင်းဖြစ်ကြောင်း သိရှိရသည်။ ပြည်ထောင်စု မြန်မာနိုင်ငံ…

  • စစ်အုပ်စု၏ လုပ်ရပ်က မြန်မာနိုင်ငံကို ကျရှုံးနိုင်ငံအဖြစ်သို့  တွန်းပို့နေဟု အပစ်ရပ် TNLA နှင့် MNDAA က ကြေညာ

    စစ်အုပ်စု၏ လုပ်ရပ်က မြန်မာနိုင်ငံကို ကျရှုံးနိုင်ငံအဖြစ်သို့ တွန်းပို့နေဟု အပစ်ရပ် TNLA နှင့် MNDAA က ကြေညာ

    AA ထိန်းချုပ်ထားသော မြောက်ဦးဆေးရုံကို လေကြောင်းတိုက်ခိုက်မှုအပေါ် ကန့်ကွက်ရှုတ်ချလိုက်ပြီး စစ်အုပ်စု၏ လုပ်ရပ်က မြန်မာနိုင်ငံကို ကျရှုံးနိုင်ငံအဖြစ်သို့ တွန်းပို့နေဟု အပစ်ရပ် TNLA နှင့် MNDAA က ကြေညာ ရခိုင်ပြည်တွင် AA က ထိန်းချုပ်ထားသော မြောက်ဦးဆေးရုံကို လေကြောင်းတိုက်ခိုက်မှုကို ရှုတ်ချလိုက်ပြီး စစ်အုပ်စု၏ လုပ် ရပ်က မြန်မာနိုင်ငံကို ကျရှုံးနိုင်ငံအဖြစ်သို့ တွန်းပို့နေကြောင်း စစ်တပ်နှင့် ယာယီ အပစ်ရပ်ထားသည့် တအာင်း TNLA နှင့် ကိုးကန့် MNDAA က ကြေညာချက်ထုတ်ပြန်လိုက်သည်။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ပြည်သူ့ဆေးရုံကြီးအပါအဝင် ရက္ခိုင်ပြည်တစ်ဝန်းလုံးအား အကြမ်း ဖက် စစ်တပ်က လေကြောင်းဖြင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့သည့် စစ်ရာဇဝတ်မှုလုပ်ရပ်အပေါ် ကန့် ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ရာတွင် TNLA နှင့်…

  • ဖမ်းဆီးခံထားရသည့် မန္တလေးသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင်၏ အသက်အန္တရာယ် စိုးရိမ်ရ

    ဖမ်းဆီးခံထားရသည့် မန္တလေးသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင်၏ အသက်အန္တရာယ် စိုးရိမ်ရ

    မန္တလေးမြို့မှာ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ မန္တလေး လူထုသပိတ်လှုပ်ရှားမှုခေါင်းဆောင်တယောက် ဖြစ်တဲ့ ကိုထက်မြတ်အောင်ဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးတာခံထားရလို့ အသက်အန္တရာယ် အထူးစိုးရိမ်နေရတယ်လို့ သိရပါတယ်။ အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက် ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC-MDY)၊ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရ.တ.က.သ)နဲ့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)တို့က ဒီဇင်ဘာ ၁၇ ရက် ညမှာ အရေးပေါ် ပူးတွဲသတင်း ထုတ်ပြန်လာတာပါ။ GSCB အဖွဲ့ဝင် မအေးမြင့်အောင်အောင်က “ကျနော်တို့ နောက်ဆုံး သူနဲ့ အဆက်အသွယ်ရတာက ဒီဇင်ဘာ ၁၄ ရက်နေ့ပေါ့နော်။ ၁၄ ရက်နေ့ ညကတည်းက သူနဲ့ တောက်လျှောက် အဆက်အသွယ် ပြတ်တောက်သွားတယ်။ အဲဒီကတည်းက ကျနော်တို့ ကိုထက်မြတ်အောင် ဖမ်းခံရတယ်ဆိုတာကို နည်းမျိုးစုံနဲ့ လိုက်ပြီးတော့ အတည်ပြုတယ်။…