Category: News
-

မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှု ခွင့်လွှတ်၍မရဟု နွေဦးတပ်ပေါင်းစု SRA ပြော
ရခိုင်တစ်ပြည်လုံးနီးပါး အားကိုးအားပြုနေရသည့် မြောက်ဦးမြို့ပြည်သူ့ဆေးရုံကြီးကို ဒီဇင်ဘာလ ၁၀ ရက်နေ့ညက အာဏာသိမ်း စစ်ကောင်စီမှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအပေါ် ခွင့်လွှတ်၍ မရကြောင်း နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်း SRA က ပြောသည်။ စစ်ကောင်စီ ဗုံးကြဲမှုကြောင့် မြောက်ဦးမြို့ပြည်သူ့ဆေးရုံကြီးမှာ အားလုံးနီးပါး ပျက်စီးသွားသလို ကျန်းမာရေးဝန်ထမ်းများအပါအဝင် ဆေးကုသနေသော လူနာများ ၃၃ ဦးသေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၇၇ ဦးရှိခဲ့ကြောင်း အာရက္ခတပ်တော် AA က ပြောသည်။ မြောက်ဦးဆေးရုံကြီးကို ဗုံးကြဲခြင်းသည် စစ်ကောင်စီက စစ်ရာဇဝတ်မှုကို ကြီးကြီးမားမား မျက်မြင်ကိုယ်တွေ့ ကျူးလွန်ခြင်းဖြစ်ကြောင်း နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA ပြောရေးဆိုခွင့်ရှိသူ ကိုမင်းဟန်ထက်က ပြောကြားခဲ့သည်။ “ဒီလို စစ်ရာဇဝတ်မှုကို စစ်တပ်က ကျူးလွန်တာဟာ အခုမှ မဟုတ်ဘူး။ တောက်လျှောက်ပြုလုပ်နေတာဖြစ်တယ်။ ဒါ မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှု ဖြစ်စဉ်ဟာ…
-

ဒေါ်အောင်ဆန်းစုကြည် အသက်အန္တရာယ်စိုးရိမ်ရ
သတင်းအမှောင်ချထားဟု ဒေါက်တာမျိုးညွန့် ပြော ကင်မ်ရစ်ရဲ့ ပြောဆိုချက်အတိုင်း ဒေါ်အောင်ဆန်းစုကြည် အသက်အန္တရာယ် စိုးရိမ်ရပြီး ပြည်တွင်းမှာ ဘာသတင်းအချက်အလက်မှ မရဘူးလို့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောပါတယ်။ စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ လုံးဝမရတော့တာကြောင့် အသက်ရှင်လျက်ရှိတာ မသေချာတော့ဘူးလို့ သားဖြစ်သူ ကိုထိန်လင်း(ခ)ကင်မ်အဲရစ်က ဒီဇင်ဘာ ၁၄ ရက်နေ့က ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့တာပါ။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ပြုလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လည်လွတ်မြောက်ရေး တောင်းဆိုတဲ့ All In One Piece Movement မှာ ကိုထိန်လင်း ကိုယ်တိုင်ပါဝင်ခဲ့ပြီး အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ပြည်တွင်းမှာရှိနေတဲ့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က…
-

ဝိတိုရိယဆေးရုံကြီး အနံ့တွေ ထွက်လာပြီ
ဝိတိုရိယဆေးရုံ ငွေရှင်းကောင်တာမှာ ပိုက်ဆံရှင်းတော့ မှန်းထားတာထက် ငွေအမောက်ပိုများနေလို့ အိမ်ကနေ kpay လှမ်းတောင်းလိုက်ရပါတယ် ငွေရှင်းကောင်တာမှာ ကျမက ငွေသားတဝက် Kpay တဝက်ရှင်းမယ်နော်လို့ပြောတာကို ကောင်တာက အမည် သန္တာမိုးဆိုတဲ့တယောက်က မျက်နာ မကြည်မသာနဲ့ ရုပ်ပျက်နေပီး Kpay နဲ့ ရှင်းရင်လဲ အကုန်လုံး kpay နဲ့ရှင်း ငွေသားနဲ့ရှင်းချင်လဲ ငွေသားနဲ့ပဲ အကုန်ရှင်းဆိုပီး လူကြားထဲမှာအရှက်ရအောင်ပြောပါတယ်။ 😪 ကျမတို့လဲ ချမ်းသာနေတာမဟုတ်ပါဘူး ရောဂါပျောက်ချင်လွန်းလို့ ဝိတိုရိယဆေးရုံမှာထိုင်တဲ့ ဆရာဝန်က တော်တယ် ပြောကြတာနဲ့ သွားပြခဲ့တာပါ။ Kpay နဲ့ချည်းပဲရှင်းရအောင်လဲ အိမ်က အပြည့်မပေးနိုင်လို့ပါ ဘောင်ချာဖြတ်ရတာ အဆင်မပြေဘူး ဘာညာနဲ့ပြောနေတာပါ။ ကျမရှက်လဲ တကယ်ရှက်ရပါတယ် ကျမက အက်လိုရှင်းဖို့မပါဘူး ငွေသားတဝက် Kpay တဝက်ပဲရှိတယ်လို့ထပ်ပြောမှ မျက်နာကြောတင်းပီး စိတ်ပျက်တဲ့ပုံစံနဲ့ ဘောင်ချာဖြတ်ပေးခဲ့တာပါ…
-

ဒီလူကိုတွေ့ရင် မိန်းကလေးတွေ သတိထား ဆင်ခြင်နိုင်ဖို့
အလုပ်သွားရင် ကားဂိတ်ထိအမေကလိုက်ပို့ပေးနေကျပါ ဒီနေ့တရက်လေးအမေလိုက်မပို့လို့ ကိုယ့်ဘာသာ ၁ ယောက်ထဲ ၅၆ ထိပ်ဂိတ်မှာကားစောင့်နေတာ😔 ကားဂိတ်မှာ ကားစောင့်နေတဲ့လူတွေလည်းရှိတယ် နေရာကလည်း အကျယ်ကြီးကို အသက်ကြီးပြီးအချိန်မစီးတဲ့အကောင်တကောင် အနားကပ်လာပြီး ကိုယ့်ပါးကိုလာနမ်းဖို့လုပ်လို့ ဆောင့်တွန်းပြီး တခြားလူတွေရှိတဲ့ဘက်မှာ သွားရပ်နေလိုက်တယ် ။ ကားပေါ်ရောက်တော့လည်း ကားကမထွက်သေးဘူး ခဏရပ်ထားတုန်း ကားလည်းအရမ်းမကြပ်နေဘူး ကားပေါ်ထိရောက်လာပြီး မသိရင်လူကြပ်သလိုလိုနဲ့ ကိုယ့်အနားပဲ အတင်းလာတိုးပြီး ကိုယ့်ပါးကိုလာနမ်းမလိုလုပ်တော့ ကိုယ်ကလည်းအစထဲက အငြိမ်မခံဘဲ အရှက်အကြောက်မရှိ လူကြားထဲ ထအော်ရဲတဲ့သတ္တိရှိတော့ အော်ပေးလိုက်တယ် အကိုတစ်ယောက်က သူနဲ့နေရာချင်းလဲပြီး ကိုယ့်ကိုကာထားပေးလို့ ကျေးဇူးတင်ပါတယ် ဖုန်းထုတ်ပြီးသူ့မျက်နှာကိုပုံရိုက်တော့မှ နင့်ကိုဘာလုပ်လို့လဲ ဆိုပြီး အရူးကွက်နင်းပြီး ဘုန်းကြီးကျောင်းကွေ့ရောက်တော့ဆင်းပြေးသွားပါတယ် မိန်းကလေးတွေ အပြင်တယောက်ထဲသွားလာရင် သတ္တိထားကြပါနော် ❗️ ဒီလူကိုတွေ့ရင် မိန်းကလေးတွေ သတိထား ဆင်ခြင်နိုင်အောင် များများရှယ်ပေးသွားကြပါဦး။ ပုံက အဲ့လူပုံပါ
-

BBC မီဒီယာ လုပ်ငန်းစုကို အသရေဖျက်မှုနဲ့ ထရမ့် တရားစွဲ
ဗြိတိန် မီဒီယာ လုပ်ငန်းစုကြီး BBCကို အသရေဖျက်မှုနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တရားစွဲဆိုလိုက်ပါတယ်။ BBCရဲ့ မှတ်တမ်းရုပ်ရှင်တွေ ဖန်တီးထုတ်လုပ်တဲ့ Panorama အစီအစဉ်မှာ ထရမ့်ရဲ့ မိန့်ခွန်းတစ်ခုကို မူရင်း အဓိပ္ပါယ်နဲ့ အရမ်းလွဲချော်အောင် တည်းဖြတ် ပြင်ဆင်ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သမ္မတရဲ့ ရှေ့နေတွေက တရားစွဲခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နေ့တုန်းက ထရမ့်ကို ထောက်ခံသူတွေက အမေရိကန် လွှတ်တော်ထဲ အင်အားသုံး စီးနင်းခဲ့တဲ့ ဖြစ်စဉ်မတိုင်ခင် ထရမ့်ပြောကြားခဲ့တဲ့ မိန့်ခွန်းကို BBCက ပြုပြင် တည်းဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ တည်းဖြတ်မှုရဲ့ ရလဒ်က ထရမ့်ဟာ မင်းမဲ့စရိုက်ဆန်ဆန် ဆူပူမှုတွေ ကျူးလွန်ကြဖို့ ထောက်ခံသူတွေကို တိုက်တွန်းတောင်းဆိုသလို ဖြစ်သွားပါတယ်။…