Category: News

  • မြန်မာပြည်သူ​တွေက ​အောင်ပွဲရတဲ့အထိ တိုက်ခိုက်​နေမယ်လို့ ဂျိုရှူအာဗန်​ပြော

    မြန်မာပြည်သူ​တွေက ​အောင်ပွဲရတဲ့အထိ တိုက်ခိုက်​နေမယ်လို့ ဂျိုရှူအာဗန်​ပြော

    စစ်တပ်အာဏာသိမ်းမှုက နိုင်ငံကိုပျက်စီး​စေခဲ့​ပြီး မြန်မာပြည်သူ​တွေက ​အောင်ပွဲရတဲ့အထိ တိုက်ခိုက်​နေမယ်လို့ ဂျိုရှူအာဗန်​ပြော မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုဟာအရာ အားလုံးကို ပျက်စီးကိန်းကြုံစေခဲ့ပေမဲ့ မြန်မာပြည်သူတွေဟာ ဆက်ပြီး တိုက်ပွဲဝင်နေပြီးအောင်ပွဲရတဲ့ထိ ဆက်ပြီးတိုက်ခိုက်နေမှာဖြစ်တယ်လို့ ဂျိုရှူအာဗန်က​ပြောပါတယ် ။ စင်ကာပူအ​ခြေစိုက် Straits Times သတင်းဌာနနဲ့ ၂၀၂၅ ဇွန်လဆန်း အင်တာဗျူးမှာ ဗန်က​ပြောကြားခဲ့တာဖြစ်ပါတယ်။ “အဲ့ဒါက(စစ်အာဏာသိမ်းတာက) ကျွန်တော်တို့အားလုံးအတွက် အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ တိုက်နေဆဲပဲ… ပြီးတော့ ကျွန်တော်တို့ အောင်ပွဲရတဲ့အထိ တိုက်ပွဲဝင်သွားမယ်”လို့ ဗန်က​ပြောခဲ့ပါတယ် ။ မြန်မာပြည်သူ​တွေရဲ့အဲဒီရုန်းကန် ကြိုးစားမှုမှာသူဟာ ဥပမာတစ်ခုလို့ သတ်မှတ်နိုင်ပြီး သူ့အနေနဲ့ ရှုံးခဲ့တဲ့တိုင် ပြန်ရုန်းထပြီး ရှေ့ဆက်ခဲ့ကြောင်းလည်း ဗန်ကဆက်ပြောခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းယူမှု မခံရခင်ထိ မြန်မာဟာ အားကောင်းပြီးလွတ်လပ်တဲ့နိုင်ငံတစ်ခုအဖြစ် ရပ်တည်ခဲ့တယ် ဆိုတာကို လူတွေသိစေချင်ကြောင်း လည်းသူကပြောခဲ့ပါတယ်။ စင်ကာပူအခြေစိုက်…

  • လူတစ်ယောက်ကို Social Punishment လုပ်ဖို့ပြောလိုက်ပြီဆိုရင်

    လူတစ်ယောက်ကို Social Punishment လုပ်ဖို့ပြောလိုက်ပြီဆိုရင်

    လူတစ်ယောက်ကို Social Punishment လုပ်ဖို့ပြောလိုက်ပြီဆိုရင် ဘာလို့ Social Punishment အဆင့်အထိရောက်သွားလဲဆိုတာကို အရင်လေ့လာပါ။ နားလည်ပေးပါလို့ ပြောကြေးဆိုရင် ‌မင်းအောင်လှိုင်က ငါတောင်းပန်ပါတယ်လို့ပြောရင်ရော နားလည်ပေးကြမှာလား? အမေကိုဖမ်းမမိရင်သားကိုဖမ်းတယ်။ သားကို ဖမ်းမရရင် အဘိုး၊အဘွားကို ဖမ်းတယ်။ အဘိုး၊အဘွားကို ဖမ်းမရရင် အိမ်မှာရှိတဲ့သူတွေကို မတရားဖမ်းဆီးထောင်ချပစ်ပါတယ်။ စစ်အုပ်စုဟာ ဘက်ပေါင်းစုံကနေ စိတ်ဓာတ်စစ်ဆင်ရေးတွေလုပ်နေပါတယ်။ အခု ဗရော်နီကာလို လူမျိုးတောင် စစ်အုပ်စု ကိုယ်စားပြု ကစား‌သမားတွေနဲ့တွဲမြင်ရတာက လူတစ်‌ယောက်ရဲ့ ရပ်တည်ချက်ဘာလဲ ဆို‌တဲ့ မေးခွန်းထွက်လာပါတယ်။ တစ်ဖက်ကလဲ ကျနော်တို့ Boycott & Social Punishment ကို ကျရှုံးအောင် ဘာစကားနဲ့ ဝါဒဖြန့်စစ်‌ဆင်ရေးလုပ်သလဲ ဆိုရင် “ငါနဲ့မတူ ငါ့ရန်သူ ” ဘလာ ဘလာ အစရှိတဲ့စကားလုံးတွေနဲ့ပါ။ ငါနဲ့မတူ ငါ့ရန်သူ…

  • စစ်​ကောင်စီကိုယ်စားပြု အားကစားသမားတွေနဲ့ ဓါတ်ပုံရိုက်တင်တဲ့ဘရော်နီကာ ​​လူမှူရေးပြစ်ဒဏ်ခတ်​ခံရ

    စစ်​ကောင်စီကိုယ်စားပြု အားကစားသမားတွေနဲ့ ဓါတ်ပုံရိုက်တင်တဲ့ဘရော်နီကာ ​​လူမှူရေးပြစ်ဒဏ်ခတ်​ခံရ

    ဆီးဂိမ်းပြိုင်ပွဲဝင်တဲ့ စစ်ကောင်စီလက်​ရွေးစဥ်အားကစားသမားတွေနဲ့ ဓါတ်ပုံတင်ခဲ့တဲ့လက်ဝှေ့မယ် ဘရော်နီကာဟာ ​တော်လှန်ပြည်သူတွေရဲ့ လူမှုရေးပြစ်ဒဏ်ခတ်မှုခံနေရပြီဖြစ်ပါတယ်။ ဘရော်နီကာက ဒီဇင်ဘာ ၁၅ ရက်က ဆီးဂိမ်းပြိုင်ပွဲဝင်တဲ့ စစ်​ကောင်စီ လက်​ရွေးစဥ်အားကစားသမား ၂ ဦးနဲ့ သူငယ်ချင်းတွေဆိုပြီး ဓါတ်ပုံတွဲရိုက်ပြီး “ဒီရက် အား​ပေးရကျိုးနပ်” လို့​ရေးပြီးဓါတ်ပုံနဲ့တင်ခဲ့‌တာကြောင့် ​တော်လှန်ပြည်သူ​တွေ၊​တော်လှန်​ရေးလုပ်​နေသူ​တွေက ပြင်းထန်စွာ ဝေဖန်​နေပြီး လူမှု​ရေးပြစ်ဒဏ်ခတ်ကြဖို့ ​တိုက်တွန်း​နေကြပါတယ်။ အားကစားသမားချင်းရင်းနှီးလို့အား​ပေးချင်ရင်​တောင် ကိုယ့်ဘာသာအား​ပေးပြီး ဓါတ်ပုံမတင် ၊ပိုစ်မ​ရေးရင် ပရိတ်သတ်​တွေအ​နေနဲ့ နားလည်ခွင့်လွတ်​ပေးနိုင်​ပေမယ့် အခုလို ပို့စ်တင်တဲ့အတွက် လူမှု​ရေးပြစ်ဒဏ်ခတ်ကြတာလို့​​ရေးသား​နေကြပါတယ်။ အာဏာသိမ်းစစ်တပ် ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်မှာအာဏာသိမ်းပြီး ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူ​တွေကို အကြမ်းဖက်သတ်ဖြတ်ခဲ့သလို ယ​နေ့အထိလည်း အကြမ်းဖက်သတ်ဖြတ်​နေဆဲဖြစ်ပါတယ်။ တဖက်မှာ စစ်အုပ်စုက နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု နဲ့ တရားဝင်မှုရ​အောင် နိုင်ငံဟာ တည်ငြိမ်​နေသ​ရောင်၊ပုံမှန်လည်ပါတ်​နေသ​ယောင် ​ဖျော်​ဖြေ​ရေးပွဲ​တွေ ၊အားကစားပွဲ​​တွေ နဲ့…

  • နွေဦးတော်လှန်ရေးမဟာမိတ်တပ်​ပေါင်းစု-SRA ကို တော်လှန်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့နဲ့ စတင်ဖွဲ့စည်း

    နွေဦးတော်လှန်ရေးမဟာမိတ်တပ်​ပေါင်းစု-SRA ကို တော်လှန်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့နဲ့ စတင်ဖွဲ့စည်း

    နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု – SRAကို တော်လှန်ရေးတပ်ဖွဲ့ ၁၉ဖွဲ့နဲ့ စတင်ဖွဲ့စည်းကြောင်း အဆိုပါ SRAက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)မှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)​၊ ချင်းညီနောင်၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ယောတပ်တော်(YA)၊ ယောကာကွယ်ရေးတပ်(YDF)၊ 96 Soldiers PDF၊ ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF)၊ ဗမာ့တပ်တော် (BA)အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့နဲ့ ဖွဲ့စည်းထားတာဖြစ်တယ်လို့​ဖော်ပြထားပါတယ်။ ဒါ​ကြောင့် SRA မှာ အာဏာသိမ်းစစ်တပ်ကို ​တော်လှန်တိုက်ခိုက်​နေတဲ့ အဖွဲ့​တွေ များစွာပါဝင်​နေတာဖြစ်ပါတယ် ။ နွေဦးတော်လှန်ရေးမဟာမိတ် – SRAကို ခိုင်မာကျယ်ပြန့်တဲ့ နွေဦးတော်လှန်ရေးတပ်ပေါင်းစုတရပ် ပေါ်ပေါက်လာစေဖို့ ရည်ရွယ်ပြီး တော်လှန်ရေးတပ်ဖွဲ့ (၇) ဖွဲ့ဟာ ၂ဝ၂၅ မေလမှာ စတင်ညှိနှိုင်းဆောင်ရွက်ခဲ့ကြပြီး နိုဝင်ဘာ ပထမအပတ်မှာ တပ်ဖွဲ့ (၁၄) ဖွဲ့နဲ့…

  • ဗီရိုနီကာ သင်ခန်းစာ

    ဗီရိုနီကာ သင်ခန်းစာ

    မြန်မာ့နွေဦးတော်လှန်ရေး ကာလတစ်လျှောက်လုံးတွင် ပြည်သူလူထု၏ သဘောထားမှာ အလွန်ရှင်းလင်းပြတ်သားပါသည်။ ထိုပြတ်သားမှုမှာ “အာဏာရှင်နှင့် ပတ်သက်လျှင် ကြားနေမရှိ၊ ခွင့်လွှတ်ခြင်းမရှိ” ဟူသော အချက်ပင်ဖြစ်သည်။ ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာများထက်တွင် ရေပန်းစားနေသည့် နာမည်ကျော် ဖိုက်တာ ဗီရိုနီကာ ၏ ဖြစ်စဉ်က ထိုအချက်ကို ထပ်မံသက်သေပြလိုက်ခြင်း ဖြစ်သည်။ ဗီရိုနီကာသည် One Championship ကြိုးဝိုင်းအတွင်း နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့မှုကြောင့် ပြည်သူများ၏ ချစ်ခင်အားပေးမှုကို တခဲနက် ရရှိခဲ့သူဖြစ်သည်။ သို့သော် စစ်ကော်မရှင်၏ စီမံခန့်ခွဲမှုအောက်တွင် စေလွှတ်မည့် ဆီးဂိမ်း အားကစားသမားများကို သွားရောက်အားပေးခဲ့သည့် လုပ်ရပ်တစ်ခုတည်းက သူမအား “ပြည်သူ့ချစ်တော်” ဘဝမှ “ဝေဖန်ရှုတ်ချခံရသူ” ဘဝသို့ ချက်ချင်း ပြောင်းလဲသွားစေခဲ့သည်။ ဤအပြောင်းအလဲသည် ပြည်သူလူထုအနေဖြင့် ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲ၊ အောင်မြင်မှုစွဲတို့ထက် “မူဝါဒနှင့် တရားမျှတမှု” ကိုသာ…