Category: News

  • မင်းတပ်မြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်း ခလရ ၂၇၄ တပ်ကို တိုက်ခိုက်သိမ်းပိုက်

    မင်းတပ်မြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်း ခလရ ၂၇၄ တပ်ကို တိုက်ခိုက်သိမ်းပိုက်

    မင်းတပ်မြို့နယ်တွင် စစ်တပ်လုံး၀ ကင်းစင်သွားပြီး ချင်းညီနောင်တပ်ဖွဲ့များက အလုံးစုံ ထိန်းချုပ်

    ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော ခလရ ၂၇၄ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မင်းတပ်မြို့နယ်တစ်ခုလုံးတွင် စစ်တပ်ကင်းစင်သွားပြီဖြစ်ကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်တစ်ခုက အတည်ပြုပြောဆိုသည်။

    ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်စခန်းဖြစ်သော ခလရ ၂၇၄ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း၊ ချင်းညီနောင်တပ်ဖွဲ့က မကြာမီ တရားဝင် အများပြည်သူသို့ ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း သိရှိရသည်။

    နိုဝင်ဘာလ ၉ ရက်နေ့မှစတင်၍ ချင်းညီနောင် စစ်ဆင်ရေးအဖြစ် မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ကို မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်ခဲ့ကြောင်း၊ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးတွင် မြို့ပေါ်ရှိ စစ်ကောင်စီ၏ စံမင်းသီရိစေတီကုန်း၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း(စံပြရပ်ကွက်)၊ ခရိုင်ဆောင်လုပ်ရေးဝင်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ်(မင်းတပ်)၊ မြလေးပွင့်စေတီကုန်း၊ ၄ မိုင်ကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ မင်းတပ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်းနှင့် ခလရ ၂၇၄ တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ ဒီဇင်ဘာလ ၁၅ ရက်နေ့ မင်းတပ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်းမှ စစ်သားနှင့်ရဲ စုစုပေါင်း ၁၂၃ ဦးနှင့်အတူ ၎င်းတို့၏ မိသားစုဝင်များ လက်နက်ချ အညံ့ခံလာကြောင်း သိရှိရသည်။

    “ခလရ ၂၇၄ တပ်ရင်းတစ်ခုပဲ ကျန်တော့တာ။ အဲဒါကို အခုသိမ်းလိုက်တာ” ဟု ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    ချင်းညီနောင်တပ်ဖွဲ့ထံသို့ ဆက်သွယ်မေးမြန်းရာ မင်းတပ်မြို့သိမ်းအောင်ပွဲကို မကြာမီ တရားဝင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း ပြန်လည်ဖြေဆိုထားသည်။

    ဓာတ်ပုံ- ယမန်နေ့ ထုတ်ပြန်သော မင်းတပ်မြို့သိမ်း စစ်ဆင်ရေးမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။

  • ပုသိမ်ကကုန်ကားများ ယနေ့ကစပြီး ထွက်ခွင့်ပိတ်

    ပုသိမ်ကကုန်ကားများ ယနေ့ကစပြီး ထွက်ခွင့်ပိတ်

    ပုသိမ်မြို့က ကုန်ကားတွေကို ဒီဇင်ဘာ ၂၁ ရက် ဒီနေ့ကစလို့ မြို့ကနေထွက်ခွင့် ပိတ်လိုက်တယ်လို့ ပုသိမ်ကုန်ကားလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

    ပုသိမ်မြို့ကုန်ကားသမားတယောက်က “အရင်ရက်က ကုန်ကားတွေစစ်တာ တိုးပြီးလုပ်တယ်။ ကုန်ကား အမိုးမအုပ်ဖို့ မှာတယ်။ ဒီနေ့ မနက်က ကုန်ကားတွေချောဆွဲမယ်ကြားပြီးတော့ ရန်ကုန်ဘက်အထွက် ကုန်ကားတွေ ပိတ်လိုက်တာ” လို့ ပြောပါတယ်။

    ပုသိမ်မြို့ကနေ ကုန်ကားတွေထွက်ခွင့်ပိတ်လိုက်တာကြောင့် ကုန်စည်ပို့ဆောင်တာတွေ ရပ်တန့်သွားနိုင်တယ်လို့ ဒေသခံတွေကပြောပြီး ရန်ကုန်ဘက်အထွက်ကို ကုန်ကားတွေ ဘာကြောင့်ပိတ်တာ၊ ဘယ်လောက်ကြာကြာပိတ်မယ်ဆိုတာ အခုထိ တိတိကျကျ မသိရသေးဘူးလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

    ရခိုင်ပြည်နယ်၊ ဂွမြို့ကို AA က ထိုးစစ်ဆင်နေချိန် ဧရာဝတီတိုင်းမှာ စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်နေသလို ဒီဇင်ဘာ တတိယပတ်ထဲမှာ လူငယ်တွေကိုပေါ်တာဆွဲတာလည်း ဆက်တိုက်လုပ်နေတယ်လို့ သိရပါတယ်။

    ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်က ဗေဒါစစ်ဆေးရေးဂိတ်ကို AA က သိမ်းယူထားပြီး စစ်ကောင်စီကတော့ ငါးသိုင်းချောင်းမှာ ခံစစ်ပြင်ဆင်ထားတယ်လို့ ရေကြည်မြို့နယ် ဒေသခံတွေဆီက သိရပါတယ်။

  • အရပ်သား ရခိုင်ပြည်သူတွေကို မတရား ဖမ်းဆီးပြီး ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ကြတဲ့ ရုပ်သံမှတ်တမ်း

    အရပ်သား ရခိုင်ပြည်သူတွေကို မတရား ဖမ်းဆီးပြီး ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ကြတဲ့ ရုပ်သံမှတ်တမ်း

    နပခ (အမ်း) မကျဆုံးမီ အချိန်က မင်းအောင်လှိုင်ရဲ့ ကျွန်သပေါက် အကြမ်းဖက် ဖက်ဆစ်ခွေးတွေက အရပ်သား ရခိုင်ပြည်သူတွေကို မတရား ဖမ်းဆီးပြီး ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ကြတဲ့ ရုပ်သံမှတ်တမ်း

  • ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ အတွင်း ဝင်ရောက်၍ တော်လှန်ရေး တပ်ဖွဲ့များ ထောင်ထားသည့်မိုင်းများ စစ်သားများနင်းမိပြီး ၃ ဦးသေဆုံး

    ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ အတွင်း ဝင်ရောက်၍ တော်လှန်ရေး တပ်ဖွဲ့များ ထောင်ထားသည့်မိုင်းများ စစ်သားများနင်းမိပြီး ၃ ဦးသေဆုံး

    စစ်တပ်က အနီးအနားရှိ ရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

    မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ အတွင်း ဝင်ရောက်၍ ထောင်ထားသည့်မိုင်းများ စစ်သားများနင်းမိပြီး ၃ ဦးသေဆုံးခဲ့ကြောင်း Young Revolution Front အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဒီဇင်ဘာလ ၁၉ ရက်နေ့ ညပိုင်းတွင် ဆိပ်ဖြူမြို့နယ်၊ ကပစ.၂၂ ဝင်းအတွင်းရှိ F စက်ရုံ အနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ပေ ၁၀၀ အကွာအဝေးထိ ထိချက်ပြင်းသော တိုက်မိုင်း အမျိုးစား ၃ လုံးကို ထောင်ထားခဲ့ကြောင်း သိရသည်။

    ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် နံနက်ပိုင်းတွင် မိုင်း ၃ လုံး စလုံးကို ပေါက်ကွဲပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးကာ ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ထို့သို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ညနေပိုင်းတွင် ကပစ ၂၂ အနီးနားရှိ ဖက်ကနားကျေးရွာတောတိုက်ကို ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး ၂ လုံးပေါက်ကွဲပြီး ၁ လုံးက ပေါက်ကွဲမှုမရှိကြောင်း၊ ဒေသပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

    ” ၁၉ ရက်နေ့ ညပိုင်းက ကျနော်တို့ ကပစ ၂၂ အတွင်းထဲထိ ဝင်ပြီး တိုက်မိုင်းနင်းမိုင်း ၃ လုံး ထောင်ထားခဲ့တာ ၂၀ ရက်နေ့ မနက်အစောပိုင်း ၆ နာရီ ၂၇ မိနစ်မှာ ပထမ ၁ လုံးကွဲတယ်။ နေမြင့်တော့ နောက်ထပ် ဒုတိယ ၁ လုံးကွဲတာ မွန်းလွဲပိုင်းမှာတော့ ၃ လုံးမြောက်အလုံး ထပ်ကွဲတယ်။ ညနေပိုင်း ရောက်တော့ စစ်ခွေးဘက်က အထိနာပြီး ကပစ ၂၂ တောင်ဘက်ရှိ ဖက်ကနားရွာဘက်ကို ဒရုန်းနဲ့ ဗုံးသီး ၃ လုံးလာချသွားသေးတယ်။ ပြည်သူတွေတော့ထိခိုက်မှုမရှိဘူး။ ၃ လုံးလာကျဲချတာ ၂ လုံးပဲ ကွဲတယ်။ အဲ ဖက်ကနားရွာမှာ ဘယ်အဖွဲ့စည်းမှ မပါရှိဘူး။ စစ်ခွေးတွေ ရမ်းသမ်းပြီး ကျဲသွားတာ” ဟု Young Revolution Front အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို Y.R.F ပကဖ တပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များနှင့် အတူ ဆိပ်ဖြူနယ် တကိုယ်တော် ကိုကျားဇိုး အဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

  • ရန်ကုန် – မန္တလေးအမြန်လမ်းမကြီးပေါ်တွင် စစ်ဆေးရေး ထပ်မံတင်းကျပ်နေ

    ရန်ကုန် – မန္တလေးအမြန်လမ်းမကြီးပေါ်တွင် စစ်ဆေးရေး ထပ်မံတင်းကျပ်နေ

    စစ်ကောင်စီက ရန်ကုန် – မန္တလေးအမြန်လမ်းမကြီးပေါ်တွင် စစ်ဆေးရေး ထပ်မံတင်းကျပ်နေပြီး ရန်ကုန်အဝင် နာရီနှင့်ချီစောင့်ဆိုင်းရ

    ယခုနှစ်ကုန်ပိုင်းတွင် ရန်ကုန် – မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ စစ်ကောင်စီ၏ စစ်ဆေးရေး ဂိတ်များ၌ စစ်ဆေးမှုများ ထပ်မံတင်းကျပ်နေပြီး ရန်ကုန်အဝင် သုည (၀) မိုင်ဂိတ်တွင် နာရီနှင့်ချီစောင့်ရကြောင်း သိရသည်။

    စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များသည် အဝေးပြေးမော်တော်ယာဉ်များ‌ကို စစ်ဆေးရာတွင် ယခုနှစ် ကုန်ပိုင်းမှစ၍ ပြန်လည်တင်းကျပ်လာကာ ယခင်လပိုင်းက ယာဉ်ပေါ်ရှိ လူစာရင်းများသာပေးရပြီး ယခုအခါတွင် စစ်ကောင်စီတပ်သားများက ယာဉ်‌ပေါ်သို့တက်ရောက်စစ်ဆေးခြင်း၊ ပစ္စည်းထည့်သည့် နေရာအနှံ့အပြားစစ်ဆေးခြင်းများကို ပြန် လည်ပြုလုပ်လာကြောင်း သိရသည်။

    လက်ရှိတွင် မန္တလေးမှ ရန်ကုန်အမြန်လမ်းအဝင် ၁ မိုင်မှစတင်ကာ နံနက် ၁ နာရီမှ ၃ နာရီအထိ ပိတ်ထားဆဲဖြစ်ပြီး ယခင် COVID -19 ရောဂါစစ်ဆေးစခန်းနေရာသုည (၀) မိုင်တွင် စစ်ကောင်စီက စစ်ဆေးဂိတ်ထပ်မံဖွင့်လိုက်သဖြင့် ၃ နာရီမှ ၄ နာရီကြားစောင့်ဆိုင်းရကြောင်း ခရီးသွားများထံက သိရသည်။

    စစ်ကောင်စီသည် ယခင်က ရန်ကုန် – ပြည်လမ်းပေါ်ရှိ သုည (၀) မိုင်တွင် စစ်ဆေးရာတွင် ဖုန်းအသုံး မပြုရန်တားမြစ်ထားပြီး မှတ်ပုံတင်စစ် ဆေးခြင်းတို့ပြုလုပ်သည်။

    ” ရန်ကုန်အဝင်ကို နှစ်ခါစစ်သလိုဖြစ်သွားတယ်။ အရင်က အမြန်လမ်းဆုံး ဇီးရိုး (၀) မိုင်ဂိတ်ရောက် မှစစ်တယ်။ ရန်ကုန် – မန္တလေးတစ်လျှောက် စစ်ဆေးရေးဂိတ်ကြီးတွေမှာ မှတ်ပုံတင်ကိုင်ပြထားရတာ ပုံမှန်စစ်ဆေးရေးကိုဖြစ်နေပြီ” ခရီးသွားအမျိုးသမီးတစ်ဦးက ပြောသည်။

    အမြန်လမ်းတစ်လျှောက်တွင် လမ်းအသုံးပြုခံကောက်ခံသည့် တိုးဂိတ်နှင့်တွဲပြီး စစ်ကောင်စီ စစ်ဆေးရေး ဂိတ်တဲများဖွင့်ထားပြီး ရန်ကုန် – မန္တလေးအမြန်လမ်းတွင် ဝ မိုင်တိုးဂိတ်၊ ဖြူးတိုးဂိတ်၊ နေပြည်တော်တိုးဂိတ်၊ မိတ္ထီလာတိုးဂိတ်နှင့် စကားအင်းတိုးဂိတ်များတွင် စစ်ကောင်စီစစ်ဆေးရေး ဂိတ်များတွဲလျက်ရှိသည်။

    ထို့ပြင် ကုန်စိမ်းယာဉ်များက ဟင်းသီးဟင်းရွက်များပေးရခြင်းနှင့် ငွေကြေးတစိုး လက်ဆောင်ပေးရ ကြောင်း သိရသည်။

    စစ်ကောင်စီအာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်၌ အမြန်လမ်းတစ်လျှောက်တွင် စစ်ဆေးရေးဂိတ် ၂၀ ကျော်ရှိကြောင်းသိရသည်။

    နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ရန်ကုန်- မန္တလေးအမြန်လမ်းပေါ် မိုင်တိုင် ၃၁၈ နှင့် ၃၁၉ အကြားရှိ စစ်ကောင်စီလုံခြုံရေးရဲကင်းစခန်းတစ်ခုကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်နေ့က တိုက်ခိုက်ခဲ့သည်။