Category: News

  • မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ကသာမြို့ခံအမျိုးသားတစ်ဦး အသတ်ခံရ

    မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ကသာမြို့ခံအမျိုးသားတစ်ဦး အသတ်ခံရ

    မလေးရှားနိုင်ငံ၊ ဘီဒိုးမြို့က မျက်နှာကြက်လုပ်ငန်းစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦး အသတ်ခံခဲ့ရပြီး မိသားစုဝင်တွေက အမှုမှန်ပေါ်ပေါက်ဖို့လိုလားကြောင်း ပြောပါတယ်။

    သေဆုံးသူဟာ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့က အသက် ၃၈ နှစ်အရွယ် ကိုရဲဝင်းလှိုင်ဖြစ်တယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

    ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့ ညနေ ၅ နာရီလောက်မှာ မိသားစုနဲ့ နောက်ဆုံးအဆက်သွယ်ရခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၃၁ ရက်နေ့မှာ မလေးရှားရဲတွေက အလောင်းကိုရှာဖွေတွေ့ရှိခဲ့တာဖြစ်ကြောင်း မိသားစုဝင်က ဆိုပါတယ်။

    “ရဲတစ်ယောက်က သူဌေးစက်ရုံကိုလာပြီး သူဌေးကို နင့်စက်ရုံက အရှည်ကြီး အသတ်ခံရကြောင်း လာပြောသွားတာပါတဲ့။ ကျွန်မက ကိုရဲဝင်းလှိုင်နဲ့ တစ်ရက်မှမပျက် အဆက်သွယ်ရနေတဲ့သူပါ။ ကိုရဲဝင်းပျောက်ဆုံးနေတယ်လို့သိရကတည်းက ဆက်တိုက်ပဲစုံစမ်းနေခဲ့တာ”

    စက်ရုံသူဌေးက သေဆုံးသူမိသားစုဝင်တွေကို ကိုရဲဝင်းလှိုင်သေဆုံးမှုကို အသိပေးအကြောင်းကြားခြင်း မရှိခဲ့တာကြောင့် မိသားစုဝင်တွေက ခက်ခက်ခဲခဲစုံစမ်းခဲ့ရပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာမှ ကိုရဲဝင်းလှိုင် သေဆုံးသွားပြီဖြစ်ကြောင်း သိရှိခဲ့ရတယ်လို့ ပြောပါတယ်။

    “ကိုရဲဝင်းလှိုင်အသတ်ခံရလို့ သေသွားပြီဆိုတာကို ကျွန်မဘာသာစုံစမ်းလို့သိရတာပါ။ စုံစမ်းရတာလဲ မလေးရှားနိုင်ငံ၊ မလေးရှားဘာသာစကားနဲ့စုံစမ်းရတာ။ အရမ်းအခက်ခဲဖြစ်ပါတယ်။ ဆွမ်းတောင်မှ သူသေပြီး ၂ လပြည့်မှ လုပ်ပေးရတဲ့အဖြစ်ပါ။”လို့ ဆိုပါတယ်။

    ကိုရဲဝင်းလှိုင်ဟာ မလေးရှားနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကျော် တရားဝင်နေထိုင်သူအဖြစ်နဲ့ အလုပ်လုပ်ကိုင်သူဖြစ်ပေမယ့် ၎င်းရဲ့သေဆုံးမှုကို အမှုမှန်ပေါ်ပေါက်အောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေက စုံစမ်းပေးခြင်းလည်း မရှိကြောင်း မိသားစုဝင်ကပဲ ဆက်ပြောပါတယ်။

    “မလေးရှားနိုင်ငံဘက်က ဘာဆိုဘာမှ မလုပ်ပေးပါဘူး။ ကိုရဲဝင်းလှိုင်က မလေးရှားနိုင်ငံမှာ တရားဝင်နဲ့နေလာတာ နှစ်ပေါင်း ၂၀ တိတိရှိပြီး။ Dead body က ရပါတယ်။ ရဲစခန်းကတွေ့တာ။ ဘယ်နေရာမှာအသတ်ခံရတယ်။ ဘယ်လိုတွေ့ပြီး ဘယ်လိုအသတ်ခံရလဲတောင် မပြောသွားပါဘူး။ ဓာတ်ပုံတွေပို့ပေးတာလဲ မရှိပါဘူး။”လို့ ဆိုပါတယ်။

    သေဆုံးသူ ကိုရဲဝင်းလှိုင်မှာ အသက်မပြည့်သေးတဲ့ သားတစ်ယောက်နဲ့ သမီးတယောက် ကျန်ရစ်ခဲ့ကြောင်းသိရပါတယ်။

    ပုံ – သေဆုံးသူကိုရဲဝင်းလှိုင် (ယာ) စက်ရုံသူဌေး (ဝဲ)

  • ကြောက်ရွံ့တုန်လှုပ်စွာ ငိုကြွေးနေတဲ့ ကွန်မန်ဒိုစစ်သားကို နှစ်သိမ့်ပေးနေရတဲ့ KIA ပူးပေါင်းတပ်က ရဲဘော်တွေ (ရုပ်သံ)

    ကြောက်ရွံ့တုန်လှုပ်စွာ ငိုကြွေးနေတဲ့ ကွန်မန်ဒိုစစ်သားကို နှစ်သိမ့်ပေးနေရတဲ့ KIA ပူးပေါင်းတပ်က ရဲဘော်တွေ (ရုပ်သံ)

    ဝိုင်းမော် တိုက်ပွဲအတွင်း ဖမ်းဆီးရမိချိန်မှာ ကြောက်ရွံ့တုန်လှုပ်စွာ ငိုကြွေးနေတဲ့ ကွန်မန်ဒိုစစ်သားကို နှစ်သိမ့်ပေးနေရတဲ့ KIA ပူးပေါင်းတပ်က ရဲဘော်တွေ

    ကချင်ပြည်နယ်၊ဝိုင်းမော်မြို့တိုက်ပွဲမှာ ဖမ်းမိတဲ့ စစ်ကောင်စီတပ်က ကွန်မန်ဒိုစစ်သား စစ်သုံ့ပန်းတဦးရဲ့ ရုပ်သံကိုကချင်စစ်ရေးသတင်းရင်းမြစ်တွေဖက်ကထုတ်ပြန်လာပါတယ်။

    အဲ့ဒီ့ရုပ်သံမှတ်တမ်းထဲမှာ ဖမ်းမိစစ်သုံ့ပမ်းဟာ သေမှာကြောက်ရွံ့လို့ ငိုကြွေးတောင်းပန်နေတာတွေ့ရပြီး KIA ပူးပေါင်းတပ်ဖွဲ့တွေက “ မင်းကို သတ်မလို့မဟုတ်ဘူး သဘောပေါက်လား။ မင်းဘာလို့ ငိုနေတာလဲ။ လမ်းကြောင်း သိသွားမှာစိုးလို့။ အေးအေးဆေးဆေးပဲ။ မင်းကို ဘယ်သူမှ မသတ်ဘူး။ ငါမေးတာကိုပဲ ကောင်းကောင်းဖြေ ငါးကြင်းမှီးနဲ့ဘယ်ကပစ်တာလဲ”ဆိုပြီးပြောဆိုနေတာကိုတွေ့ရပါတယ်။

    ဒါ့အပြင်ကြောက်ရွံ့တုန်လှုပ်စွာငိုကြွေးနေတဲ့စစ်သုံ့ပန်းကိုလဲသတ်မှာမဟုတ်တဲ့အကြောင်း KIA ပူးပေါင်းတပ်ရဲဘော်တွေဖက်ကအာမခံပြောဆိုနေတာကိုလဲတွေ့ရပါတယ်။

    ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေဟာ အခုလထဲမှာပဲ ဝိုင်းမော်မြို့က စစ်ကောင်စီ တပ်စွဲရာနေရာတွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်စစ်ကောင်စီဖက်ကလဲလက်နက်ကြီး၊လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပြန်လည်ခုခံနေတယ်လို့သိရပါတယ်။

    ဒါ့အပြင် ကချင်ပြည်နယ် ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့်မြို့နယ်တွေနဲ့ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွေမှာ အခုလထဲမှာပဲ KIA တေယ်လှန်ရေးပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။

  • ဖူးခက်မှာ တရွာလုံးအိပ်မရအောင် ညလုံးပေါက် အော်ဟစ် လိင်ဆက်ဆံသည့် နိုင်ငံခြားသားစုံတွဲ အတိုင်ခံရ

    ဖူးခက်မှာ တရွာလုံးအိပ်မရအောင် ညလုံးပေါက် အော်ဟစ် လိင်ဆက်ဆံသည့် နိုင်ငံခြားသားစုံတွဲ အတိုင်ခံရ

    ​ဖူးခက် (Phuket) ဒေသခံများသည် ညဉ့်နက်ပိုင်းတွင် အသံကျယ်လောင်စွာ လိင်ဆက်ဆံလေ့ရှိသည့် ၎င်းတို့၏ နိုင်ငံခြားသား အိမ်နီးချင်း စုံတွဲတစ်တွဲအား ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးများထံ တိုင်ကြားခဲ့ကြောင်း သိရသည်။

    ​ဒေသခံများ၏ တိုင်ကြားချက်အရ အဆိုပါ စုံတွဲသည် ည ၁၀ နာရီမှ မနက် ၄ နာရီအထိ ညတိုင်း ကျယ်လောင်သည့် ညည်းညူသံများ ပြုလုပ်လေ့ရှိပြီး ယင်းကဲ့သို့ ဆူညံသံများကြောင့် အနီးအနားတွင် နေထိုင်သူများမှာ အိပ်စက်ရာတွင် အနှောင့်အယှက် ဖြစ်ခဲ့ရသည်ဟု ဆိုသည်။

    ​ထို့ကြောင့် မနေ့က ဒေသဆိုင်ရာ အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများသည် အဆိုပါ ရွာသို့ သွားရောက် စစ်ဆေးခဲ့ရာတွင် အသက်လတ်ပိုင်း နိုင်ငံခြားသား အမျိုးသားတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။

    ​၎င်းအမျိုးသားသည် ဆူညံသံတိုင်ကြားချက် မှန်ကန်ကြောင်း ဝန်ခံခဲ့ပြီး ယခင်ကလည်း ရဲတပ်ဖွဲ့၏ သတိပေးမှုကို တစ်ကြိမ် ခံခဲ့ရဖူးကြောင်း၊ သို့သော် ယခုကဲ့သို့ ထပ်မံ တိုင်ကြားခံရမည်ဟု မထင်မှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

    ​တာဝန်ရှိသူများက ၎င်းအား နောက်တစ်ကြိမ် သတိထပ်ပေးခဲ့ပြီးနောက် အဆိုပါအမျိုးသားက အသံလျှော့ချမည်ဟု ကတိပေးခဲ့ကာ ၎င်း၏ အိမ်နီးချင်းများကိုလည်း သွားရောက် တောင်းပန်ခဲ့ကြောင်း Phuket Andaman News Agency ၏ သတင်းတွင် ဖော်ပြထားသည်။

    ​စိတ်ဝင်စားဖွယ် ဆင်ခြေတစ်ခုမှာ ထိုအမျိုးသားက မိမိသည် နေ့တိုင်းနီးပါး လေ့ကျင့်ခန်းလုပ်ကာ ပြိုင်ပွဲဝင်နေရသည့် ဘောလုံးအားကစားသမားတစ်ဦး ဖြစ်ကြောင်း၊ ၎င်း၏ ကိုယ်ခန္ဓာကြံ့ခိုင်မှု သန်မာလွန်းခြင်းကြောင့် လိင်ပိုင်းဆိုင်ရာတွင် ခွန်အားတွေ အရမ်းပြည့်ဝနေခြင်း ဖြစ်ကြောင်း ရှင်းပြခဲ့ခြင်း ဖြစ်သည်။

    ​မည်သို့ပင်ဆိုစေကာမူ ၎င်းအနေဖြင့် အခြားသူများကို အနှောင့်အယှက် မဖြစ်စေရန် နောင်တွင် အသံကို ထိန်းချုပ်သွားမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်ဟု သိရသည်။

    ​Ref : Thethaiger

  • စစ်ကိုင်းတိုင်းထိ ခြေဆန့်ထားသည့် AA စစ်ရေးအရွှေ့

    စစ်ကိုင်းတိုင်းထိ ခြေဆန့်ထားသည့် AA စစ်ရေးအရွှေ့

    အာရက္ခတပ်တော် (AA) သည် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်အနှံ့ ဒေသတိုင်းတွင် တပ်အင်အား ဖြန့်ကျက်ထားပြီး မဟာမိတ်တပ်များနှင့် မြေ‌ပြင်စစ်ဆင်ရေး ဆင်နွှဲနေသည်။

    ပြီခဲ့သည့် ရက်ပိုင်းကလည် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်း စစ်ကောင်စီ၏ တပ်စခန်း ၄ ခုကို NUG လက်အောက်ခံ ဒေသကာကွယ်ရေးတပ် PDF နှင့် ပူးပေါင်းပြီး သိမ်းပိုက်လိုက်သည်။

    ထိုသို့ စစ်ကိုင်းတိုင်းတွင် NUG၊ AA နှင့် နွေဦး ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းပြီး တိုက်ပွဲဝင်နေခြင်းသည် မြန်မာ့တော်လှန်ရေးအရွေ့ကို မြန်ဆန်စေသည်ဟု စစ်ရေး၊ နိုင်ငံရေး အကဲခတ်များက ပြောဆိုကြသည်။

    “ကန့်ဘလူ ခရိုင်အတွင်းမှာ ဒီအောင်ပွဲအရွေ့က စိတ်ဓာတ် တက်ကြွတက်စေတာ တွေ့ရတယ်။ ERO အဖွဲ့တွေနဲ့ ပူးပေါင်းပြီး တိုက်မယ်ဆိုရင် ရက်ပေါင်း ၆၀ အတွင်း ဒီလောက်ရရင် ဒီဟာက ခရိုင်တစ်ခုပဲ ရှိသေးတယ်။ ကျန်တဲ့ မြန်မာပြည်မှာ ရှိနေတဲ့ ခရိုင်တွေမှာလည်း ဒီလိုမျိုး တိုက်ပွဲ ဖော်နိုင်မယ်ဆိုရင် ‌တော်လှန်ရေးအရွေ့ဟာ ကြာမှာ မဟုတ်ဘူး။ ဒါက ရှိနေတဲ့ ကာကွယ်ရေးတပ်တွေရဲ့ စုပေါင်းအားနဲ့ ERO တွေရဲ့ အကူအညီ လမ်းညွှန်မှုတွေနဲ့ တိုက်ခိုက်သွားနိုင်တာ ဖြစ်တယ်။ ERO တွေရဲ့ ဦးဆောင်မှုက အရေးပါနေဆဲ ဖြစ်တယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

    ကန့်ဘလူခရိုင်အတွင်းရှိ စစ်ကောင်စီ၏ ကိုးတောင်ဘို့စခန်း၊ ရွှေဘို-မြစ်ကြီးနားလမ်းရှိ ပေကြီးရွာစခန်း၊ ငှက်ပျောတိုင်စခန်းနှင့် ကျွန်းလှမြို့နယ်ရှိ အင်တိုင်း ရွာစခန်းနှင့် ကောလင်းမြို့မှ ထွက်လာသည့် လှုပ်ရှားစစ်ကြောင်းကို NUG အမှတ်(၁) စစ်ဒေသ လက်အောက်ခံတပ်များ၊ ပကဖနှင့် အာရက္ခတပ်တော်တို့ ဒီဇင်ဘာလနှင့် ဇန်နဝါရီလ အတွင်းမှာ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်ဟု NUG အမှတ်(၁) စစ်ဒေသက ဖေဖော်ဝါရီလ ၁၁ ရက်က ထုတ်ပြန်ခဲ့သည်။

    ပူးပေါင်းတပ်များ သိမ်းဆည်းရမိသည့် စစ်လက်နက်များတွင် ရှော့တိုက်ဒုံးထက် အဆင့်မြင့်သည့် ၁၂၂ မမ ကျည်များအပါဝင် အဆင့်မြင့် စစ်လက်နက်အချို့ ပါဝင်သည်ကို တွေ့ရကြောင်း ဗိုလ်ကြီးဇင်ယော်က ဆက်ပြောသည်။

    ကိုးတောင်ဘို့ရွာတွင် ခလရ-၃၀၅ က ဗိုလ်ကြီး နောင်သူရ ဦးစီးပြီး ပျူစောထီး ပူးပေါင်းအင်အား (၁၀၀)ရှိ စခန်းအား ဇန်နဝါရီလ ၃၁ ရက်၊ ပေကြီးရွာနှင့် ငှက်ပျောတိုင်းရွာရှိ ဒု-ဗိုလ်မှူးကြီး အောင်မျိုးဦး ဦးစီးသည့် စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းအင်အား (၁၀၅) ဦးရှိသည့် စခန်း ၂ ခုကို ဒီဇင်ဘာ ၂၁ ရက်၊ အင်တိုင်းရွာရှိ တပ်ကြပ်ကြီး အောင်အောင်သည့် ခမရ-၃၆၁ နှင့် ပျူစောထီး ပူးပေါင်းအင်အား (၁၀၈) ဦးရှိသည့် ရွှေပေါ်ကုန်းစခန်းနှင့် Power House စခန်းအား ဒီဇင်ဘာ (၂၁)ရက်နေ့တို့တွင် ပူးပေါင်းတပ်များက အသီးသီးသိမ်း ပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။

    ယင်းအပြင် ကောလင်းမြို့က စစ်ကောင်စီ ထိုးလာသည့် စစ်ကောင်စီ စစ်ကြောင်းကိုလည်း ဖေဖော်ဝါရီလ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် တိုက်ခိုက်နိုင်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

    ကန့်ဘလူခရိုင်အတွင်း စစ်ကောင်စီနှင့် ပူးပေါင်းတပ်များအကြား ဖေဖော်ဝါရီလ ၁၂ ရက်နေ့ အထိလည်း တိုက်ပွဲများ ရှိနေဆဲဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

    အာရက္ခတပ်တော်အနေဖြင့် စစ်ကိုင်းတိုင်းအထိ စစ်ရေးချဲ့ထွင်ပြီး ဖော်ဆောင်လာခြင်းက သူတို့၏ မဟာမိတ်ဆံဆက်ရေးမှာ နောက်ထပ် အမှတ် တက်လာခြင်းဖြစ်သည်ဟု ရခိုင်နိုင်ငံရေးသမား တစ်ဦးဖြစ်သည့် ဦးမျိုးကျော်က ပြောသည်။

    “တော်လှန်ရေးမှာ အဓိက ဘုံရန်သူဟာ စစ်အုပ်စု စစ်အာဏာရှင်ဖြစ်တယ်။ စစ်အာဏာရှင်ကို သူတို့(AA) ထိန်းချုပ်နယ်မြေသာမကဘဲ စစ်ကိုင်းတိုင်း မြောက်ပိုင်းအထိ မောင်းထုတ်နိုင်တယ်ဆိုတာကတော့ AA ရဲ့ မဟာမိတ် ဆက်ဆံရေး အင်အားဟာ အောင်မြင်မှုမှာ နောက်ထပ်အမှတ်တစ်ခု တက်လာလို့ ပြောလို့ရမယ်။ စစ်ကိုင်းဆိုတာကလည်း အခုဖြစ်လာမယ့် နိုင်ငံရေး အခင်းအကျင်းအရ အနောက်ဖက် စုဖွဲ့မှုအရ စစ်ရေးမှာ အရေးကြီးတဲ့ သဘောသဘာဝမှာ ရှိတယ်” ဟုပြောသည်။

    လက်ရှိ စစ်ကိုင်းဖက်တွင် NUG လက်အောက်ခံတပ်များနှင့် AA အကြား ပူးပေါင်းတိုက်ခိုက်နေပြီး စစ်ကောင်စီ အာဏာ အပြုတ်တိုက်ရေးအတွက်လည်း မဟာမိတ်တပ်ပေါင်းစုအဖြစ် ဖယ်ဒရယ်တပ်ဖွဲ့စည်းရန် လိုအပ်ကြောင်း ဦးမျိုးကျော်က ထောက်ပြသည်။

    အာရက္ခတပ်တော်သည် စစ်ကိုင်းတိုင်းတွင် ၂၀၂၅ ခုနှစ်တွင် မဟာမိတ်များနှင့် ပူးပေါင်းပြီး လှုပ်ရှားနေပြီး ၂၀၂၃ ခုနှစ်ကလည်း ထီးချိုင့်မြို့နယ်အတွင် စစ်ရေးဖော်ဆောင်မှု အချို့ရှိခဲ့သည်။

    ယင်းအပြင် အာရက္ခတပ်တော်သည် ရခိုင်ပြည်အပြင် မကွေး၊ ပဲခူး၊ ဧရာဝတီ၊ ချင်းပြည်နယ်၊ စစ်ကိုင်း တိုင်းနှင့် ကချင်ပြည်နယ်တို့တွင် စစ်ရေးဖော်ဆောင်နေသည်။

  • အမျိုးသမီးတဦးသေဆုံးတဲ့အထိ အက်ဆစ်နဲ့ပက်ခဲ့သူကို သေဒဏ်ချမှတ်

    အမျိုးသမီးတဦးသေဆုံးတဲ့အထိ အက်ဆစ်နဲ့ပက်ခဲ့သူကို သေဒဏ်ချမှတ်

    ပဲခူးတိုင်း၊ တောင်ငူမြို့မှာ အမျိုးသမီးတဦးကို သေဆုံးအောင် အက်ဆစ်နဲ့ပက်ခဲ့သူကို တောင်ငူ တရားရုံးက သေဒဏ်အမိန့်ချခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    ဇွန် ၃၀ ရက်မှာ အသက် ၆၀ ကျော်အရွယ် အောင်ဆွေလတ် (ခ) အီစာဆိုသူကို တောင်ငူခရိုင် တရားရုံးကနေ ရာဇသတ်ကြီးပုဒ်မ-၃၀၂(၁)(ခ)အရ မသေမချင်းလည်ပင်းကြိုးကွင်းစွပ်သတ်စေရန် သေဒဏ်ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

    “အမိန်ချလိုက်တယ်လို့တော့ သိရတယ်။ ဖြစ်တုန်းကတော့ လမ်းပေါ်မှာဘဲ။ လူမှုရေးကိစ္စကြောင့်လို့ သိရတယ်။ အက်ဆစ်များပြီးတော့သေသွားတာ။ “လို့ ဒေသခံတဦးကပြောပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၂ ရက်ညပိုင်းမှာ အမှတ် ၁၉ ရပ်ကွက် ညောင်ပင်စျေးနားမှာ တောင်ငူမြို့၊ (၁၂)ရပ်ကွက်၊ ဘုရားလမ်းမှာ နေထိုင်တဲ့ ဒေါ်အေးမြစန္ဒာမြင့်ကို အမှတ် (၄)ရပ်ကွက်၊ ဦးပန်းဖြူလမ်းနေ အောင်ဆွေလတ် (ခ) အီစာဆိုသူက အက်ဆစ်နဲ့ပက်ခဲ့တယ်လို့ သိရပါတယ်။

    အက်ဆစ်နဲ့ပက်ခံရတာကြောင့် အသက် ၄၀ ကျော်အရွယ် ဒေါ်အေးမြစန္ဒာမြင့်မှာ မျက်နှာ၊ လက်မောင်း ၂ ဖက်၊ ရင်ဘတ်နဲ့ ဝမ်းဗိုက် အရေပြားများ လောင်ကျွမ်းဒဏ်ရာတွေနဲ့ မျက်လုံးနှစ်ဖက်မှာ ဒဏ်ရာရခဲ့ပြီး တောင်ငူခရိုင်ပြည်သူဆေးရုံမှာ ဆေးကုနေချိန် အောက်တိုဘာ ၂၃ ရက်မနက်မှာ သေဆုံးခဲ့တာပါ။

    အောင်ဆွေလတ် (ခ) အီစာဆိုသူကိုတော့ ရဲကနေ သူနေထိုင်ရာနေအိမ်ကနေ အောက်တိုဘာ ၂၃ ရက် မနက်အစောပိုင်းမှာ ဖမ်းဆီးခဲ့ပြီးနောက် ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ တောင်ငူမြို့မရဲ့စခန်းကနေ အမှုဖွင့်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

    ဇွန် ၂၇ ရက်ကလည်း ၅ နှစ်အရွယ်မိန်းကလေးငယ်သေဆုံးအောင် အဓမ္မပြုကျင့်ညှင်းပန်း နှိပ်စက်ခဲ့သူ လင်မယားကို တောင်ငူခရိုင်တရားရုံးက ထောင်ဒဏ်တသက်အပါအဝင် ထောင်ဒဏ် ၂၇ နှစ်ပါချမှတ်ခဲ့တယ်လို့ သိရပါတယ်။

    တောင်ငူမြို့တွင် အမျိုးသမီးတစ်ဦးအား သေဆုံးသည်အထိ အက်ဆစ်နဲ့ ပက်ခဲ့သူ အမျိုးသားကို မသေမချင်း လည်ပင်းကြိုးကွင်းစွပ်သတ်စေရန် အမိန့်ချ

    ပဲခူးတိုင်း ၊ တောင်ငူမြို့တွင် အမျိုးသမီးတစ်ဦးကို သေဆုံးသည်အထိ အက်ဆစ်နဲ့ ပက်ခဲ့သူ အမျိုး သားကို မသေမချင်း လည်ပင်းကြိုးကွင်းစွပ်သတ်စေရန် တောင်ငူခရိုင် တရားရုံးမှ အမိန့်ချမှတ် လိုက်ပါတယ်။

    ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၂)ရက် ညနေ (၆)နာရီကျော်အချိန်က တောင်ငူမြို့(၁၂)ရပ်ကွက် ဘုရားလမ်း အမှတ်(၃၁)တွင် နေထိုင်သူ ကိုဇော်လင်းထိုက်နဲ့ ဇနီးဖြစ်သူ ဒေါ်အေးမြစန္ဒာမြင့် သည် နေအိမ်မှ အတူထွက်လာကာ ကိုဇော်လင်းထိုက် မှာSky Star စားသောက်ဆိုင် တွင်ကျန်နေ ခဲ့ကာ ဒေါ်အေးမြစန္ဒာမြင့်မှာ ပိုက်ဆံသိမ်းရန်ရှိသဖြင့် (၁၉)ရပ်ကွက် ညောင်ပင်ဈေးသို့ဆက် လက် ထွက်သွားခဲ့ပါတယ်။

    ညနေ (၇)နာရီကျော်အချိန်တွင် ကိုဇော်လင်းထိုက်မှ ဇနီးဖြစ်သူ ဒေါ်အေးစန္ဒာမြင့်အား ဖုန်းဆက် သွယ်ခဲ့ရာတွင် ဇနီးအသံမဟုတ်ဘဲ အမည်မသိ အမျိုးသားတစ်ဦးမှ ဖုန်းကိုင်ခဲ့ပြီး ဒေါ်အေးမြစန္ဒာ မြင့် မှာအက်ဆစ်ဖြင့်အပက်ခံရသဖြင့် တောင်ငူဆေးရုံကြီးသို့ ရောက်ရှိနေကြောင်း ပြောပြခဲ့တဲ့ အတွက် သူငယ်ချင်းများနှင့် အတူတောင်ငူဆေးရုံကြီးသို့ သွားရောက်ခဲ့ပါတယ်။

    တောင်ငူဆေးရုံကြီးသို့ ရောက်ရှိချိန်တွင် ဒေါ်အေးမြစန္ဒာမြင့်အား ပြင်ပလူနာဌာနတွင် မျက်နှာ လက်မောင်း ရင်ဘတ်နဲ့ ဝမ်းဗိုက်တို့တွင် အရေပြားများ လောင်ကျွမ်းဒဏ်ရာများနှင့် မျက်လုံး (၂)ဖက်မှာလည်း ကောင်းစွာမမြင်ရကြောင်း တွေ့ရှိခဲ့ရပြီး ရရှိဒဏ်ရာများဖြင့် အောက်တိုဘာလ (၂၃)ရက် ညနေ (၃)နာရီခွဲ အချိန်တွင် ကွယ်လွန်သွားခဲ့တဲ့ အမှုဖြစ်ပါတယ်။

    ကိုဇော်လင်းထိုက်မှ ဇနီးဖြစ်သူအား အက်စစ်ဖြင့် ပက်ခဲ့သူကို စုံစမ်းဖော်ထုတ်ပေးရန် တိုင်တန်း ခဲ့သဖြင့် တောင်ငူမြို့မ ရဲစခန်းက အမှုဖွင့်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။

    စစ်ဆေးမှုများ ပြုလုပ်ရာတွင် တောင်ငူမြို့ (၄)ရပ်ကွက် ဦးပန်းဖြူလမ်း အမှတ် (၉၄) ဧည့်ရိပ် သာလုပ်ငန်း လုပ်ကိုင်သူ အသက် (၆၂)နှစ်အရွယ် ပြစ်မှုကျူးလွန်သူ တရားခံ အောင်ဆွေလတ် (ခ) အီစာ ကို သက်သေခံ ပစ္စည်းများနဲ့အတူ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

    အမှုတွင် တရားလိုနှင့် သက်သေများ ထွက်ဆိုချက် တရားခံစစ်ဆေးချက်၊ သက်သေခံ အထောက် အထား CCTVမှတ်တမ်းအထောက်အထား ဆေးစာပြန်ကြားချက် ဓာတုဗေဒဝန်ရုံး ပြန်းကြားချက် အခင်းဖြစ်မြေပုံကြမ်းနှင့် မှတ်တမ်းဓာတ်ပုံ အထောက်အထားတို့အရ တရားခံ အောင်ဆွေလတ် (ခ) အီစာသည် ဒေါ်အေးမြစန္ဒာမြင့်အား အက်ဆစ်ဖြင့် ပက်သဖြင့် သေဆုံးခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ပါတယ်။

    ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂၀)ရက်တွင် တောင်ငူခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ပြီး တရားရုံးမှ ၂၀၂၅ခုနှစ် ဇွန်လ (၃၀)ရက်တွင် တရားခံ အောင်ဆွေလတ် (ခ) အီစာအား ရာဇသတ်ကြီးပုဒ်မ-၃၀၂(၁)(ခ)အရ မသေမချင်း လည်ပင်းကြိုးကွင်းစွပ်သတ်စေရန် သေဒဏ် ချမှတ်ခဲ့ပါတယ်။

    အမှုဖြစ်စဥ်မှာ ၂၂-၁၀-၂၀၂၄ ရက်ညနေ၆နာရီ၂၀ မိနစ်အချိန်ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊တောင်ငူမြို့နယ်နေသူကိုဇော်လင်းထိုက်က၎င်းသည်ဇနီးဖြစ်သူဒေါ်အေးမြစန္ဒာမြင့်နှင့်နေအိမ်မှထွက်လာခဲ့ပြီးကိုဇော်လင်းထိုက်မှာ ၎င်း၏SkyStar စားသောက်ဆိုင်တွင်ကျန်နေခဲ့ကာဒေါ်အေးမြစန္ဒာမြင့်မှ ပိုက်ဆံသိမ်းရန်ရှိသဖြင့်(၁၉)ရပ်ကွက် ညောင်ပင်ဈေးသို့ဆက်လက်ထွက်ခွာသွားပြီးည၇နာရီအချိန်ကျော်ခန့်တွင်ကိုဇော်လင်းထိုက်က၎င်း၏ဇနီးဖြစ်သူဖုန်းအားဆက်သွယ်ခဲ့ရာဇနီး၏အသံမဟုတ်ဘဲ အမည်မသိအမျိုးသမီးတစ်ဦးမှ ဖုန်းကိုင်ခဲ့ပြီးဒေါ်အေးမြစန္ဒာမြင့်မှာအက်ဆစ်ဖြင့်အပက်ခံရသဖြင့်တောင်ငူဆေးရုံကြီးသို့ရောက်ရှိနေကြောင်းပြောကြားခဲ့သဖြင့်ကိုဇော်လင်းထိုက်ကသူငယ်ချင်းဖြစ်သူ စံကြီးနှင့်အတူ ဆေးရုံကြီးသို့သွားရောက်ခဲ့ရာ ဒေါ်အေးမြစန္ဒာမြင့်အား ပြင်ပလူနာဌာနတွင် မျက်နှာ၊ လက်မောင်း(၂)ဖက်၊ ရင်ဘတ်နှင့်ဝမ်းဗိုက်တို့တွင်အရေပြားများ လောင်ကျွမ်းဒဏ်ရာများနှင့်မျက်လုံး(၂)ဖက်မှလည်း ကောင်းစွာမမြင်ရကြောင်း တွေ့ရှိခဲ့ရသဖြင့် ဒေါ်အေးမြစန္ဒာမြင့်အား ဒဏ်ရာများရရှိအောင် အက်ဆစ်နှင့်ပက်သူအား စုံစမ်းဖေါ်ထုတ်ရေးယူပေးပါရန် တိုင်တန်းခဲ့ရာတောင်ငူမြိ့မရဲစခန်း(ပ)၂၂၄/ ၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့်ခဲ့ကြောင်းသိရသည်။

    ဒေါ်အေးမြစန္ဒာမြင့်မှာရရှိသောဒဏ်ရာဖြင့် ၂၃-၁၀-၂၄ ရက်ညနေ၃နာရီခွဲအချိန်တွင် ကွယ်လွန်သွားသောကြောင့် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ သို့ပြောင်းလဲစစ်ဆေး​ကာCCTVမှတ်တမ်းကြည့်ရှုရှာဖွေရာCCTVမှတ်တမ်းတွင် ပုဆိုးအပြာရောင်ဝတ်ဆင်ထားပြီးအနက်ရောင်တွင် အနီစင်းပါဆိုင်ကယ်ဦးထုပ်ဆောင်းထားသောအမျိုးသားကြီး(၁)ဦးမှ နံပါတ်မပါဖင်ပြားဆိုင်ကယ်အား ရန်-မန်းလမ်မှ ကန်လမ်းသို့စီးနင်းလာကာကန်လမ်းထောင့်တွင်ရပ်၍ ဆိုင်ကယ်ပေါ်မှဆင်းကာ လှုပ်ရှားမှုပြုနေကြောင်း၊ (၂)မိနစ်ခန့်အကြာ ဒေါ်အေးမြစန္ဒာမြင့်မှ ရန်-မန်းလမ်းမှ ဆိုင်ကယ်အားဖြေးညှင်းစွာမောင်းကာ ကန်လမ်းဘက်သို့ကွေ့လာရာပထမရောက်ရှိရပ်နားနေသောအမျိုးသားကြီးတစ်ဦးမှ ဒေါ်အေးမြစန္ဒာမြင့်အားအက်ဆစ်နှင့်ပက်လိုက်၍ ဆိုင်ကယ်လဲကျသွားသော CCTV မှတ်တမ်းအား ရရှိခဲ့ရာမှပြစ်မှုကျူးလွန်သူတရားခံအားဖမ်းဆီးရမိရေးအတွက် သတင်းစုံစမ်းရာ သေဆုံးသူ ဒေါ်အေးမြစန္ဒာမြင့်၏ အမအရင်းဖြစ်သူ ဒေါ်ဆွေဇင်မြင့်သည် အောင်ဆွေလတ်(ခ)အီစာဆိုသူနှင့် ပေါင်းသင်းနေထိုင်နေကြောင်း၊ အောင်ဆွေလတ်(ခ)အီစာမှာ ဘာသာခြားဖြစ်သဖြင့် ဒေါ်အေးမြစန္ဒာမြင့်သည် သဘောမကျသောကြောင့် ၎င်းတို့အားပြောဆိုခြင်းများရှိကြောင်း၊

    အောင်ဆွေလတ်(ခ)အီစာသည်ဒေါ်အေးမြစန္ဒာမြင့် အားကြံစည်နေကြောင်း၊ ဒေါ်အေးမြစန္ဒာမြင့်မှ အီစာအားကြည့်မရသလို အီစာမှလည်း ဒေါ်အေးမြစန္ဒာမြင့်အားအငြိုးထားနေကြောင်းသိရသည်။

    မသင်္ကာတရားခံထိန်းသိမ်းတောင်ငူမြို့၊(၄)ရပ်ကွက်ရှိရွှေတြိဂံတည်းခိုခန်းသို့သွားရောက်ပြီးစုံစမ်းမေးမြန်းရှာဖွေရာ အောင်ဆွေလတ်(ခ)အီစာအားပုဆိုးအပြာရောင်ဝတ်ဆင်ထားသည်ကိုမြင်တွေ့ ရပြီးဦးအောင်ဆွေလတ်(ခ)အီစာအား စီးနင်းမောင်းနှင်သည့် ဖင်ပြားဆိုင်ကယ်အား တည်းခိုခန်းအောက်ထပ်တွင်တွေ့ရှိသဖြင့် ကြည့်ရှုစစ်ဆေးရာဆိုင်ကယ်ရှေ့ဘီးဖုံးတွင် အက်ဆစ်ရည်ကျသဖြင့်ဆေးကြွနေသည့်ပုံစံဖြင့်ရှေ့ဘီးဖုံးတွင်တွေ့ရှိရသောကြောင့်လည်းကောင်း၊ CCTVမှတ်တမ်းပါဆိုင်ကယ်စီးဦးထုပ်နှင့် ပုံစံတူသည့် အနက်ရောင်တွင်အနီစင်းပါဆိုင်ကယ်ဦးထုပ်အား ရှေ့လေကာမှန်တွင်အစွန်းများပေလျှက် နေအိမ်အောက်ထပ် ဧည့်ခန်းရှိ ဘီဒိုပေါ်တွင်လည်းကောင်း တွေ့ရှိသဖြင့် အခင်းဖြစ်ရပ် CCTVမှတ်တမ်းမှ အထောက်အထားများနှင့် တူညီနေသောကြောင့် မှတ်တမ်းဓာတ်ပုံရိုက်ကူးထားရှိပြီး ဦးအောင်ဆွေလတ်(ခ) အီစာအားမသင်္ကာစစ်ဆေးမေးမြန်းနိုင်ရန်အတွက်ရဲစခန်းသို့ ထိန်းသိမ်းခေါ်ဆောင်ခဲ့ပြီး ပစ္စည်းတွေ့ရှိမှုများအားသက်သေခံပစ္စည်ထိန်းသိမ်းခဲ့ကြောင်းသိရသည်။

    အမှုမှအောင်ဆွေလတ်(ခ)အီစာအားစစ်မေးရာ၎င်းသည်ပြစ်မှုကျူးလွန်ရန်အတွက် မိလ္လာကန်ဆေးရန်ဝယ်ယူထားသော အက်ဆစ်ဘူးအားယူကာလက်ကိုင်းကော်ခွက်အတွင်းပြောင်းထည့်ပြီးဘူးခွံနှင့်အပေါ်အင်္ကျီတို့အား(၅)လမ်းနှင့် ဗိုလ်မှူးဖိုးကွန်းလမ်းထောင့်ရှိအမှိုက်ပုံအဟောင်းတွင် လွှတ်ပစ်ကြောင်းထွက်ဆိုသဖြင့် သက်သေများနှင့်အတူသွားရောက်ရှာဖွေရာအမြင့်(၆. ၅)လက်မခန်ရှိအကြည်ရောင်တွင်အဖြူရောင်အဖုံးပါရှိသော ဘူးခွံ(၁) ခုအားတွေ့ရှိသဖြင့် အောင်ဆွေလတ်(ခ)အီစာမှ၎င်းအသုံးပြုခဲ့သောအက်ဆစ်ဘူးခွံဖြစ် ကြောင်းပြောဆိုသဖြင့်သက်သေများရှေ့တွင်အောင်ဆွေလတ်(ခ)အီစာထံမှ ရှာဖွေပုံစံဖြင့် သိမ်းဆည်းကာဒေါ်အေးမြစန္ဒာမြင့်အားပက်ကာကော်ခွက်အား တည်းခိုခန်းရှေ့မီးစက်အနီးထားရှိကြောင်းထွက်ဆိုသဖြင့် သွားရောက်ရှာဖွေရာအမြင့်(၈)လက်မခန့် ရှိ လက်ကိုင်ပါ ပန်းရောင်ကော်ခွက်(၁)လုံးအား တွေ့ရှိသဖြင့်သက်သေများရှေ့တွင်အောင်ဆွေလတ်(ခ) အီစာထံမှ ရှာဖွေပုံစံဖြင့် သိမ်းဆည်းထားခဲ့ကြောင်းသိရသည်။

    အမှုမှအောင်ဆွေလတ်(ခ)အီစာမှာဒေါ်အေးမြစန္ဒာမြင့်ကိုအက်စစ်နှင့်ပက်ခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်သဖြင့် ၂၀-၁၁-၂၀၂၄ ရက်နေ့တွင် တောင်ငူခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ရာကြီး ၁၄၅/၂၄ ဖြင့်လက်ခံပြီးဒုခရိုင်တရားသူကြီး(၁)မှ စစ်ဆေးကာ ၃၀-၆-၂၀၂၅ ရက်နေ့တွင်တရားခံအားရာဇသတ်ကြီးပုဒ်မ-၃၀၂(၁)(ခ)အရမသေမချင်းလည်ပင်းကြိုကွင်းစွပ်သတ်စေရန် သေဒဏ်ချမှတ်ခဲ့ကြောင်းသိရသည်။