ပဲခူးတိုင်း၊ တောင်ငူမြို့မှာ အမျိုးသမီးတဦးကို သေဆုံးအောင် အက်ဆစ်နဲ့ပက်ခဲ့သူကို တောင်ငူ တရားရုံးက သေဒဏ်အမိန့်ချခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၃၀ ရက်မှာ အသက် ၆၀ ကျော်အရွယ် အောင်ဆွေလတ် (ခ) အီစာဆိုသူကို တောင်ငူခရိုင် တရားရုံးကနေ ရာဇသတ်ကြီးပုဒ်မ-၃၀၂(၁)(ခ)အရ မသေမချင်းလည်ပင်းကြိုးကွင်းစွပ်သတ်စေရန် သေဒဏ်ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။
“အမိန်ချလိုက်တယ်လို့တော့ သိရတယ်။ ဖြစ်တုန်းကတော့ လမ်းပေါ်မှာဘဲ။ လူမှုရေးကိစ္စကြောင့်လို့ သိရတယ်။ အက်ဆစ်များပြီးတော့သေသွားတာ။ “လို့ ဒေသခံတဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၂ ရက်ညပိုင်းမှာ အမှတ် ၁၉ ရပ်ကွက် ညောင်ပင်စျေးနားမှာ တောင်ငူမြို့၊ (၁၂)ရပ်ကွက်၊ ဘုရားလမ်းမှာ နေထိုင်တဲ့ ဒေါ်အေးမြစန္ဒာမြင့်ကို အမှတ် (၄)ရပ်ကွက်၊ ဦးပန်းဖြူလမ်းနေ အောင်ဆွေလတ် (ခ) အီစာဆိုသူက အက်ဆစ်နဲ့ပက်ခဲ့တယ်လို့ သိရပါတယ်။
အက်ဆစ်နဲ့ပက်ခံရတာကြောင့် အသက် ၄၀ ကျော်အရွယ် ဒေါ်အေးမြစန္ဒာမြင့်မှာ မျက်နှာ၊ လက်မောင်း ၂ ဖက်၊ ရင်ဘတ်နဲ့ ဝမ်းဗိုက် အရေပြားများ လောင်ကျွမ်းဒဏ်ရာတွေနဲ့ မျက်လုံးနှစ်ဖက်မှာ ဒဏ်ရာရခဲ့ပြီး တောင်ငူခရိုင်ပြည်သူဆေးရုံမှာ ဆေးကုနေချိန် အောက်တိုဘာ ၂၃ ရက်မနက်မှာ သေဆုံးခဲ့တာပါ။
အောင်ဆွေလတ် (ခ) အီစာဆိုသူကိုတော့ ရဲကနေ သူနေထိုင်ရာနေအိမ်ကနေ အောက်တိုဘာ ၂၃ ရက် မနက်အစောပိုင်းမှာ ဖမ်းဆီးခဲ့ပြီးနောက် ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ တောင်ငူမြို့မရဲ့စခန်းကနေ အမှုဖွင့်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဇွန် ၂၇ ရက်ကလည်း ၅ နှစ်အရွယ်မိန်းကလေးငယ်သေဆုံးအောင် အဓမ္မပြုကျင့်ညှင်းပန်း နှိပ်စက်ခဲ့သူ လင်မယားကို တောင်ငူခရိုင်တရားရုံးက ထောင်ဒဏ်တသက်အပါအဝင် ထောင်ဒဏ် ၂၇ နှစ်ပါချမှတ်ခဲ့တယ်လို့ သိရပါတယ်။
တောင်ငူမြို့တွင် အမျိုးသမီးတစ်ဦးအား သေဆုံးသည်အထိ အက်ဆစ်နဲ့ ပက်ခဲ့သူ အမျိုးသားကို မသေမချင်း လည်ပင်းကြိုးကွင်းစွပ်သတ်စေရန် အမိန့်ချ
ပဲခူးတိုင်း ၊ တောင်ငူမြို့တွင် အမျိုးသမီးတစ်ဦးကို သေဆုံးသည်အထိ အက်ဆစ်နဲ့ ပက်ခဲ့သူ အမျိုး သားကို မသေမချင်း လည်ပင်းကြိုးကွင်းစွပ်သတ်စေရန် တောင်ငူခရိုင် တရားရုံးမှ အမိန့်ချမှတ် လိုက်ပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၂)ရက် ညနေ (၆)နာရီကျော်အချိန်က တောင်ငူမြို့(၁၂)ရပ်ကွက် ဘုရားလမ်း အမှတ်(၃၁)တွင် နေထိုင်သူ ကိုဇော်လင်းထိုက်နဲ့ ဇနီးဖြစ်သူ ဒေါ်အေးမြစန္ဒာမြင့် သည် နေအိမ်မှ အတူထွက်လာကာ ကိုဇော်လင်းထိုက် မှာSky Star စားသောက်ဆိုင် တွင်ကျန်နေ ခဲ့ကာ ဒေါ်အေးမြစန္ဒာမြင့်မှာ ပိုက်ဆံသိမ်းရန်ရှိသဖြင့် (၁၉)ရပ်ကွက် ညောင်ပင်ဈေးသို့ဆက် လက် ထွက်သွားခဲ့ပါတယ်။
ညနေ (၇)နာရီကျော်အချိန်တွင် ကိုဇော်လင်းထိုက်မှ ဇနီးဖြစ်သူ ဒေါ်အေးစန္ဒာမြင့်အား ဖုန်းဆက် သွယ်ခဲ့ရာတွင် ဇနီးအသံမဟုတ်ဘဲ အမည်မသိ အမျိုးသားတစ်ဦးမှ ဖုန်းကိုင်ခဲ့ပြီး ဒေါ်အေးမြစန္ဒာ မြင့် မှာအက်ဆစ်ဖြင့်အပက်ခံရသဖြင့် တောင်ငူဆေးရုံကြီးသို့ ရောက်ရှိနေကြောင်း ပြောပြခဲ့တဲ့ အတွက် သူငယ်ချင်းများနှင့် အတူတောင်ငူဆေးရုံကြီးသို့ သွားရောက်ခဲ့ပါတယ်။
တောင်ငူဆေးရုံကြီးသို့ ရောက်ရှိချိန်တွင် ဒေါ်အေးမြစန္ဒာမြင့်အား ပြင်ပလူနာဌာနတွင် မျက်နှာ လက်မောင်း ရင်ဘတ်နဲ့ ဝမ်းဗိုက်တို့တွင် အရေပြားများ လောင်ကျွမ်းဒဏ်ရာများနှင့် မျက်လုံး (၂)ဖက်မှာလည်း ကောင်းစွာမမြင်ရကြောင်း တွေ့ရှိခဲ့ရပြီး ရရှိဒဏ်ရာများဖြင့် အောက်တိုဘာလ (၂၃)ရက် ညနေ (၃)နာရီခွဲ အချိန်တွင် ကွယ်လွန်သွားခဲ့တဲ့ အမှုဖြစ်ပါတယ်။
ကိုဇော်လင်းထိုက်မှ ဇနီးဖြစ်သူအား အက်စစ်ဖြင့် ပက်ခဲ့သူကို စုံစမ်းဖော်ထုတ်ပေးရန် တိုင်တန်း ခဲ့သဖြင့် တောင်ငူမြို့မ ရဲစခန်းက အမှုဖွင့်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။
စစ်ဆေးမှုများ ပြုလုပ်ရာတွင် တောင်ငူမြို့ (၄)ရပ်ကွက် ဦးပန်းဖြူလမ်း အမှတ် (၉၄) ဧည့်ရိပ် သာလုပ်ငန်း လုပ်ကိုင်သူ အသက် (၆၂)နှစ်အရွယ် ပြစ်မှုကျူးလွန်သူ တရားခံ အောင်ဆွေလတ် (ခ) အီစာ ကို သက်သေခံ ပစ္စည်းများနဲ့အတူ ဖမ်းဆီးနိုင်ခဲ့ပါတယ်။
အမှုတွင် တရားလိုနှင့် သက်သေများ ထွက်ဆိုချက် တရားခံစစ်ဆေးချက်၊ သက်သေခံ အထောက် အထား CCTVမှတ်တမ်းအထောက်အထား ဆေးစာပြန်ကြားချက် ဓာတုဗေဒဝန်ရုံး ပြန်းကြားချက် အခင်းဖြစ်မြေပုံကြမ်းနှင့် မှတ်တမ်းဓာတ်ပုံ အထောက်အထားတို့အရ တရားခံ အောင်ဆွေလတ် (ခ) အီစာသည် ဒေါ်အေးမြစန္ဒာမြင့်အား အက်ဆစ်ဖြင့် ပက်သဖြင့် သေဆုံးခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂၀)ရက်တွင် တောင်ငူခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ပြီး တရားရုံးမှ ၂၀၂၅ခုနှစ် ဇွန်လ (၃၀)ရက်တွင် တရားခံ အောင်ဆွေလတ် (ခ) အီစာအား ရာဇသတ်ကြီးပုဒ်မ-၃၀၂(၁)(ခ)အရ မသေမချင်း လည်ပင်းကြိုးကွင်းစွပ်သတ်စေရန် သေဒဏ် ချမှတ်ခဲ့ပါတယ်။
အမှုဖြစ်စဥ်မှာ ၂၂-၁၀-၂၀၂၄ ရက်ညနေ၆နာရီ၂၀ မိနစ်အချိန်ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊တောင်ငူမြို့နယ်နေသူကိုဇော်လင်းထိုက်က၎င်းသည်ဇနီးဖြစ်သူဒေါ်အေးမြစန္ဒာမြင့်နှင့်နေအိမ်မှထွက်လာခဲ့ပြီးကိုဇော်လင်းထိုက်မှာ ၎င်း၏SkyStar စားသောက်ဆိုင်တွင်ကျန်နေခဲ့ကာဒေါ်အေးမြစန္ဒာမြင့်မှ ပိုက်ဆံသိမ်းရန်ရှိသဖြင့်(၁၉)ရပ်ကွက် ညောင်ပင်ဈေးသို့ဆက်လက်ထွက်ခွာသွားပြီးည၇နာရီအချိန်ကျော်ခန့်တွင်ကိုဇော်လင်းထိုက်က၎င်း၏ဇနီးဖြစ်သူဖုန်းအားဆက်သွယ်ခဲ့ရာဇနီး၏အသံမဟုတ်ဘဲ အမည်မသိအမျိုးသမီးတစ်ဦးမှ ဖုန်းကိုင်ခဲ့ပြီးဒေါ်အေးမြစန္ဒာမြင့်မှာအက်ဆစ်ဖြင့်အပက်ခံရသဖြင့်တောင်ငူဆေးရုံကြီးသို့ရောက်ရှိနေကြောင်းပြောကြားခဲ့သဖြင့်ကိုဇော်လင်းထိုက်ကသူငယ်ချင်းဖြစ်သူ စံကြီးနှင့်အတူ ဆေးရုံကြီးသို့သွားရောက်ခဲ့ရာ ဒေါ်အေးမြစန္ဒာမြင့်အား ပြင်ပလူနာဌာနတွင် မျက်နှာ၊ လက်မောင်း(၂)ဖက်၊ ရင်ဘတ်နှင့်ဝမ်းဗိုက်တို့တွင်အရေပြားများ လောင်ကျွမ်းဒဏ်ရာများနှင့်မျက်လုံး(၂)ဖက်မှလည်း ကောင်းစွာမမြင်ရကြောင်း တွေ့ရှိခဲ့ရသဖြင့် ဒေါ်အေးမြစန္ဒာမြင့်အား ဒဏ်ရာများရရှိအောင် အက်ဆစ်နှင့်ပက်သူအား စုံစမ်းဖေါ်ထုတ်ရေးယူပေးပါရန် တိုင်တန်းခဲ့ရာတောင်ငူမြိ့မရဲစခန်း(ပ)၂၂၄/ ၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့်ခဲ့ကြောင်းသိရသည်။
ဒေါ်အေးမြစန္ဒာမြင့်မှာရရှိသောဒဏ်ရာဖြင့် ၂၃-၁၀-၂၄ ရက်ညနေ၃နာရီခွဲအချိန်တွင် ကွယ်လွန်သွားသောကြောင့် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ သို့ပြောင်းလဲစစ်ဆေးကာCCTVမှတ်တမ်းကြည့်ရှုရှာဖွေရာCCTVမှတ်တမ်းတွင် ပုဆိုးအပြာရောင်ဝတ်ဆင်ထားပြီးအနက်ရောင်တွင် အနီစင်းပါဆိုင်ကယ်ဦးထုပ်ဆောင်းထားသောအမျိုးသားကြီး(၁)ဦးမှ နံပါတ်မပါဖင်ပြားဆိုင်ကယ်အား ရန်-မန်းလမ်မှ ကန်လမ်းသို့စီးနင်းလာကာကန်လမ်းထောင့်တွင်ရပ်၍ ဆိုင်ကယ်ပေါ်မှဆင်းကာ လှုပ်ရှားမှုပြုနေကြောင်း၊ (၂)မိနစ်ခန့်အကြာ ဒေါ်အေးမြစန္ဒာမြင့်မှ ရန်-မန်းလမ်းမှ ဆိုင်ကယ်အားဖြေးညှင်းစွာမောင်းကာ ကန်လမ်းဘက်သို့ကွေ့လာရာပထမရောက်ရှိရပ်နားနေသောအမျိုးသားကြီးတစ်ဦးမှ ဒေါ်အေးမြစန္ဒာမြင့်အားအက်ဆစ်နှင့်ပက်လိုက်၍ ဆိုင်ကယ်လဲကျသွားသော CCTV မှတ်တမ်းအား ရရှိခဲ့ရာမှပြစ်မှုကျူးလွန်သူတရားခံအားဖမ်းဆီးရမိရေးအတွက် သတင်းစုံစမ်းရာ သေဆုံးသူ ဒေါ်အေးမြစန္ဒာမြင့်၏ အမအရင်းဖြစ်သူ ဒေါ်ဆွေဇင်မြင့်သည် အောင်ဆွေလတ်(ခ)အီစာဆိုသူနှင့် ပေါင်းသင်းနေထိုင်နေကြောင်း၊ အောင်ဆွေလတ်(ခ)အီစာမှာ ဘာသာခြားဖြစ်သဖြင့် ဒေါ်အေးမြစန္ဒာမြင့်သည် သဘောမကျသောကြောင့် ၎င်းတို့အားပြောဆိုခြင်းများရှိကြောင်း၊
အောင်ဆွေလတ်(ခ)အီစာသည်ဒေါ်အေးမြစန္ဒာမြင့် အားကြံစည်နေကြောင်း၊ ဒေါ်အေးမြစန္ဒာမြင့်မှ အီစာအားကြည့်မရသလို အီစာမှလည်း ဒေါ်အေးမြစန္ဒာမြင့်အားအငြိုးထားနေကြောင်းသိရသည်။
မသင်္ကာတရားခံထိန်းသိမ်းတောင်ငူမြို့၊(၄)ရပ်ကွက်ရှိရွှေတြိဂံတည်းခိုခန်းသို့သွားရောက်ပြီးစုံစမ်းမေးမြန်းရှာဖွေရာ အောင်ဆွေလတ်(ခ)အီစာအားပုဆိုးအပြာရောင်ဝတ်ဆင်ထားသည်ကိုမြင်တွေ့ ရပြီးဦးအောင်ဆွေလတ်(ခ)အီစာအား စီးနင်းမောင်းနှင်သည့် ဖင်ပြားဆိုင်ကယ်အား တည်းခိုခန်းအောက်ထပ်တွင်တွေ့ရှိသဖြင့် ကြည့်ရှုစစ်ဆေးရာဆိုင်ကယ်ရှေ့ဘီးဖုံးတွင် အက်ဆစ်ရည်ကျသဖြင့်ဆေးကြွနေသည့်ပုံစံဖြင့်ရှေ့ဘီးဖုံးတွင်တွေ့ရှိရသောကြောင့်လည်းကောင်း၊ CCTVမှတ်တမ်းပါဆိုင်ကယ်စီးဦးထုပ်နှင့် ပုံစံတူသည့် အနက်ရောင်တွင်အနီစင်းပါဆိုင်ကယ်ဦးထုပ်အား ရှေ့လေကာမှန်တွင်အစွန်းများပေလျှက် နေအိမ်အောက်ထပ် ဧည့်ခန်းရှိ ဘီဒိုပေါ်တွင်လည်းကောင်း တွေ့ရှိသဖြင့် အခင်းဖြစ်ရပ် CCTVမှတ်တမ်းမှ အထောက်အထားများနှင့် တူညီနေသောကြောင့် မှတ်တမ်းဓာတ်ပုံရိုက်ကူးထားရှိပြီး ဦးအောင်ဆွေလတ်(ခ) အီစာအားမသင်္ကာစစ်ဆေးမေးမြန်းနိုင်ရန်အတွက်ရဲစခန်းသို့ ထိန်းသိမ်းခေါ်ဆောင်ခဲ့ပြီး ပစ္စည်းတွေ့ရှိမှုများအားသက်သေခံပစ္စည်ထိန်းသိမ်းခဲ့ကြောင်းသိရသည်။
အမှုမှအောင်ဆွေလတ်(ခ)အီစာအားစစ်မေးရာ၎င်းသည်ပြစ်မှုကျူးလွန်ရန်အတွက် မိလ္လာကန်ဆေးရန်ဝယ်ယူထားသော အက်ဆစ်ဘူးအားယူကာလက်ကိုင်းကော်ခွက်အတွင်းပြောင်းထည့်ပြီးဘူးခွံနှင့်အပေါ်အင်္ကျီတို့အား(၅)လမ်းနှင့် ဗိုလ်မှူးဖိုးကွန်းလမ်းထောင့်ရှိအမှိုက်ပုံအဟောင်းတွင် လွှတ်ပစ်ကြောင်းထွက်ဆိုသဖြင့် သက်သေများနှင့်အတူသွားရောက်ရှာဖွေရာအမြင့်(၆. ၅)လက်မခန်ရှိအကြည်ရောင်တွင်အဖြူရောင်အဖုံးပါရှိသော ဘူးခွံ(၁) ခုအားတွေ့ရှိသဖြင့် အောင်ဆွေလတ်(ခ)အီစာမှ၎င်းအသုံးပြုခဲ့သောအက်ဆစ်ဘူးခွံဖြစ် ကြောင်းပြောဆိုသဖြင့်သက်သေများရှေ့တွင်အောင်ဆွေလတ်(ခ)အီစာထံမှ ရှာဖွေပုံစံဖြင့် သိမ်းဆည်းကာဒေါ်အေးမြစန္ဒာမြင့်အားပက်ကာကော်ခွက်အား တည်းခိုခန်းရှေ့မီးစက်အနီးထားရှိကြောင်းထွက်ဆိုသဖြင့် သွားရောက်ရှာဖွေရာအမြင့်(၈)လက်မခန့် ရှိ လက်ကိုင်ပါ ပန်းရောင်ကော်ခွက်(၁)လုံးအား တွေ့ရှိသဖြင့်သက်သေများရှေ့တွင်အောင်ဆွေလတ်(ခ) အီစာထံမှ ရှာဖွေပုံစံဖြင့် သိမ်းဆည်းထားခဲ့ကြောင်းသိရသည်။
အမှုမှအောင်ဆွေလတ်(ခ)အီစာမှာဒေါ်အေးမြစန္ဒာမြင့်ကိုအက်စစ်နှင့်ပက်ခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်သဖြင့် ၂၀-၁၁-၂၀၂၄ ရက်နေ့တွင် တောင်ငူခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ရာကြီး ၁၄၅/၂၄ ဖြင့်လက်ခံပြီးဒုခရိုင်တရားသူကြီး(၁)မှ စစ်ဆေးကာ ၃၀-၆-၂၀၂၅ ရက်နေ့တွင်တရားခံအားရာဇသတ်ကြီးပုဒ်မ-၃၀၂(၁)(ခ)အရမသေမချင်းလည်ပင်းကြိုကွင်းစွပ်သတ်စေရန် သေဒဏ်ချမှတ်ခဲ့ကြောင်းသိရသည်။


Leave a Reply